ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...
... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...
Aug 29, 2007
ချက်ပြုတ်နည်း အခြေခံများ
အမှန်ကတော့ Googling to EDU domains ဆိုတဲ့ အကြောင်းပြောချင်လို့ အင်တာနက်မှာ ရှာလိုက်တာ အမေရိကန် အချက်အပြုတ်ဆိုင်ရာ အသင်းကြီးက ထုတ်တဲ့ "ချက်ပြုတ်နည်း အခြေခံများ" ဆိုတဲ့ စာအုပ်ကနေ ပါဝါပွိုင့် ပြန်ထုတ်ထားတဲ့ ဖိုင်တွေကို အင်တာနက်ကနေ ရလိုက်တဲ့ အတွက် ပြန်ဝေမျှပေးလိုက်ပါတယ် ...
ဟိုတယ်အဆင့် စားဖိုမှုးတွေအတွက် ရည်ရွယ်ရေးသားထားတာ ဖြစ်ပြီး အားလုံးအတွက် သိထားသင့်တဲ့ အကြောင်းအရာတွေပါ...
စာအုပ်ထဲမှာ-
"ကျွမ်းကျင် စားဖိုမှုး၊ အာဟာရများ၊ သန့်ရှင်းမှု၊ အစားအသောက်ဆိုင်ရာ သိပ္ပံအခြေခံ၊ ဟင်းလျာအတွဲ အစပ်၊ ဟင်းပွဲများနှင့် အစားအစာစရိတ်၊ ကိရိယာများ၊ အခြေခံ ဒါးစွမ်းရည်၊ နို့ ဥများနှင့် အစာခြောက်များ၊ အသားများ၊ ငါး နှင့် ငါးများ၏ ဖွဲ့စည်းပုံ၊ လတ်ဆတ်သော အစားအစာများ - သစ်သီးများ ဟင်းသီးဟင်းရွက်များနှင့် လတ်ဆတ်သော ဟင်းခတ် အမွှေးအကြိုင်များ၊ ထားသိုမှု၊ ကြိုတင် ပြင်ဆင်မှု အခြေခံများ၊ စားမြိန်ရည် (အချဉ်များ)၊ စွပ်ပြုတ်များ၊ ဆီပူထိုးခြင်း၊ ကြော်လှော်ခြင်း၊ ကင်ခြင်း၊ အသားကင်ခြင်း၊ အပူရှိန် ပြင်းပြင်းကင်ခြင်း နှင့် လောင်ကျွမ်းခြင်း၊ ပြုတ်ခြင်း၊ ပြုတ်ခြင်းနှင့် မီးအေးအေးဖြင့် နှပ်ထားခြင်း၊ ဟင်းသီးဟင်းရွက်များ၊ ကော်ရည်၊ နံနက်စာ၊ အသုပ်အတွက် ပြင်ဆင်ခြင်းနှင့် အသုပ်သုပ်ခြင်း၊ အသားညှပ်၊ ဧည့်သည်များ၏ ကနဦး အထင်ကြီးမှု၊ အဆင့်အတန်း၊ ပေါင်မုန့်ဖုတ်ခြင်း၊ အနံ့ အရသာ တည်ဆောက်မှု၊ ပန်းကန်ပြားတွင် ထည့်သွင်းခြင်းနှင့် အတင်အပြ၊ မြေထဲပင်လယ် ဒေသ ဟင်းလျာများ၊ အာရှ ဟင်းလျာများ၊ အမေရိက ဟင်းလျာများ"
ဆိုပြီး အခန်းပေါင်း ၃၇ ခန်း ၊ ဆလိုက်ပေါင်း ၇၅၀ ပါရှိပါတယ် ...
လူတိုင်း အသက်ရှင်ဖို့ အတွက် နေ့စဉ် ချက်ပြုတ် စားသောက်နေရတဲ့ အခါမှာ အထိုက်အလျောက် ဗဟုသုတဖြစ်ဖွယ် သိမှတ်ဖွယ်ရာလေးတွေ ပါရှိတဲ့ အတွက် လက်ဆင့်ကမ်းပေးလိုက်ရတာ ဖြစ်ပါတယ် ...
ဖိုင်အချက်အလက်- ဇစ်ဖိုင်၊ ၃၄ မီဂါဘိုက်၊ တိုက်ရိုက်လမ်းကြာင်း၊ ဒေါင်းလုဒ်မန်နေဂျာများ သုံးနိုင်သည်...
ရယူရန်- ဤနေရာမှ ယူပါလေ...
ညီအကို မောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်ဝ ပျော်ရွှင်ကြပါစေ...
Aug 27, 2007
အနှစ်ကိုးပါး - Nine Best Values
ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ အင်္ဂါနေ့ ဖြစ်ပါတယ်...
ဒီလို နေ့ထူးနေ့မြတ်တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
အနှစ်ကိုးပါး” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...
တရားတော်မှ ထုတ်နှုတ်ဖော်ပြချက် အချို့
အနှစ်ကိုးပါးဆိုတာ "သုံးရတနာ၊ သုံးသိက္ခာ၊ သုံးဖြာလက္ခဏာ"
မြန်မာပြည်သည် အနှစ်ရှိတဲ့ တိုင်းပြည်၊ အနှစ်ရှိတဲ့ လူမျိုးတို့နေရာ အဖိုးတန်တဲ့ နေရာဖြစ်
ပထမ အနှစ်သုံးပါး "ဘုရား တရား သံဃာ" ရတနာသုံးပါး တိုင်းပြည်မှာရှိသည်
ဒုတိယ အနှစ်သုံးပါး "သီလ သမာဓိ ပညာ" သိက္ခာသုံးပါး တိုင်းပြည်နဲ့ လူမျိုးမှာ ရှိသည်
တတိယ အနှစ်သုံးပါး "အနိစ္စ ဒုက္ခ အနတ္တ" လက္ခဏာ သုံးပါး အားလုံးစိတ်ထဲမှာ သိရှိ နားလည်ထားသည်...
ပိဋကတ်သုံးပုံ၏အနှစ်သည် ရတနာသုံးပါး
ဝိနည်းပိဋကတ်၏ အဆီအနှစ်သည် သီလ...
သုတ္တန်ပိဋကတ်၏ အဆီအနှစ်သည် သမာဓိ...
အဘိဓမ္မာ ၇ ကျမ်း၏ အဆီအနှစ်သည် ပညာ...
လက္ခဏာသုံးပါး
သစ္စာတရားမှ လွတ်သော တရားတော်ဟူသည်မရှိ..
ရတနာသုံးပါးဟူသော အနှစ်သည်ကား ကိုးကွယ်ရာ တစ်ခုဖြစ်သည်...
သဒ္ဒါတရားကောင်းရုံနှင့် မပြီး...
ဆရာသမားကောင်းလည်း ရှိဖို့လိုသည်...
အနှစ်တွေ့ရန် ကြိုးစားသော သူငယ်ချင်းနှစ်ဦး...
စာအုပ်ကိုင်ဖတ်ပြီး တရားဟောတဲ့ ဘုန်းကြီးများ...
အရသာပေါ်အောင် တရားမနာရသော ပုဂ္ဂိုလ်များ...
တရားနာချင်ရဲ့နဲ့ မနာရတဲ့ ပုဂ္ဂိုလ်များ ကမ္ဘာအနှံ့မှာရှိနေတယ်...
အနှစ်ကိုရှာနိုင်ရဲ့နဲ့ ရှာမရတဲ့ ပုဂ္ဂိုလ်များ နေရာအနှံ့မှာရှိနေတယ်...
ရတနာသုံးပါးဆိုတဲ့ အနှစ်၊
သိက္ခာသုံးပါးဆိုတဲ့ အနှစ်၊ လက္ခဏာသုံးပါးဆိုတဲ့ အနှစ် မြန်မာပြည်မှာ ကောင်းကောင်းရှိနေသည်...
အနိစ္စ၊ ဒုက္ခရှိပြီး အနတ္တကို လက်မခံတဲ့ တိုင်းပြည်...
လုဗ္ဗိနီမှာ တစ်လနေတဲ၊့ သားကောင်းရတနာရချင်တဲ့ လင်မယား...
တောင်တိုင်းမှာ ပတ္တမြားမရှိ၊ တောတိုင်းမှာ စန္ဒကူးမရှိ၊ နေရာတိုင်းမှာ အနှစ်မရှိ...
မြန်မာပြည်မှာတော့ အနှစ်များ အားလုံးရှိနေသည်...
မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာတော်သည် အတွေးအကြံသမားတို့ရဲ့ အခွင့်အရာ မဟုတ်
(သစ္စာတရားကို တွေးတော ကြံဆ၍မသိနိုင်ဟု ဆိုလိုသည်...)
ဥာဏ်ရှိသူတို့ ကျင့်ကြံ အားထုတ်ကြည့်မှ သိနိုင်သည့်တရား ...
မှန်ကန်သော အတွေးအကြံ၊ မှန်ကန်သော အသိနှင့် မှန်ကန်သော အကျင့်များ ပေါင်းစပ်နိုင်မှ သစ္စာတရား အနှစ်ကို ရရှိမည်...
ဖီလော်ဆော်ဖီ ဆိုသည်မှာ တွေးခေါ်ကြံဆ၍ သိလာသောအရာမျှသာ
ဖီလော်ဆော်ဖီမှာ အကျင့်မပါ .... မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဖီလော်ဆော်ဖီမဟုတ်...
အိန္ဒိယတိုင်းပြည်က ဗုဒ္ဓဘာသာ ကွယ်သွားရတဲ့ အကြောင်းရင်း
၁) ဇတ်နိမ့် ဇတ်မြင့် ခွဲခြားမှုအလွန် ပြင်းထန်ခြင်း...
၂) အတ္တ၀ါဒ အလွန်ပြင်းထန်သောနေရာတွင် အနတ္တ၀ါဒ မနေနိုင်ခြင်း...
လင်ယောင်္ကျားထံတွင် နှစ်စဉ်ကြေး ရွှေငွေပေး၍ နေကြရသည့် အမျိုးသမီးများ ရှိနေသော တိုင်းပြည် အခုထိ ရှိသေးသည်...
ဘုရားသာသနာတွင် ၀ါ၊ သိက္ခာသာရှိသည်၊ ဇတ်နိမ့်ဇတ်မြင့် မရှိ
ဘုရားသာသနာတွင် အနတ္တသာရှိသည်၊ အတ္တလုံးဝ မရှိ
ပတိရူပဒေသဟုခေါ်သော အနှစ်ရှိသော အရပ် အမိမြန်မာပြည်တွင် နေထိုင်ကြရသည့် မြန်မာနိုင်ငံသားများ၊ ရရှိလာသည့် အဖိုးတန်လူ့ဘ၀မှာ လူ့ဘ၀၏ အနှစ်ကိုးပါးကို ရအောင် ယူကြရမည် ...
အားကိုးစရာကို အပြည့်အ၀အားကိုး
ကျင့်စရာကို အပြည့်အ၀ကျင့်
ရှုမှတ်စရာကို အပြည့်အ၀ ရှုမှတ်မယ်ဆိုရင် အနှစ်ကိုးပါးကို ရမည်
-"အနှစ်ကိုးပါး တရားတော်" - ရယူနာကြားနိုင်ရန်
File Info:46.48 MB, 01:53 hour, Can Use Download Accelerators/Managers
မှတ်ချက်-
ဤတရားတော်ကို နာကြား ရေးမှတ်နေရင်း
အမိမြန်မာပြည်တွင် လူဖြစ်ခွင့်ရခြင်း၊ နေထိုင်ခွင့်ရခြင်း၊ ရတနာသုံးပါးကို စိတ်ရှိတိုင်း ကြည်ညို ကိုးကွယ်ခွင့် ရရှိခြင်းများ အတွက် ဖော်ပြ၍မရနိုင်သည့် ၀မ်းသာပီတိ တစ်မျိုး ခံစားရရှိမိပါကြောင်း ....။
(အနှစ်ကိုးပါးကို Nine Best Values ဆိုပြီး အင်္ဂလိပ်ဘာသာ ပြန်ထားတာ မှားနေရင် သိတဲ့သူ ပြင်ပေးသွားကြပါ..။)
သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက် သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့
Aug 26, 2007
ကျွန်တော်သိသမျှGoogle - Googling into Rapidshare Folders
Rapidshare ဟာ အသုံးပြုသူတွေအတွက် သူတို့ တင်ထားတဲ့ ဖိုင်တွေကို သိမ်းဆည်းဖို့ နေရာတွေ သတ်မှတ် ပေးထားတာ ရှိပါတယ် ... အဲဒီအတွက် Rapidshare မှာရှိတဲ့ Folder တွေရဲ့ တည်ဆာက်ပုံကို နည်းနည်း လေ့လာ နိုင်တာနဲ့ ကိုယ်လိုချင်တဲ့ အချက်အလက်တေ၊ွ ဖိုင်တွေ ၊ ရုပ်ပုံတွေ၊ ဆော့ဖ်ဝဲတွေ ကို Rapidshare ကနေ အလွယ်တကူ ဆွဲချလို့ရသွားမှာပါ ...
Rapidshare ရဲ့ ဖိုင်တည်ဆောက်ပုံမှာ-
-Users ဆိုတဲ့ စကားလုံး အမြဲတမ်းပါဝင်ပါတယ် ....
-အဲဒီနောက်ကမှ User ရဲ့ ကုဒ် အမှတ်အသား ပါရှိပါတယ် ...
ဥပမာ - rapidshare.com/users/ABCdEF
ထုံးစံအတိုင်း Google ကနေ Rapidshare မှာဘာတွေရှိနေသလဲ ရှာကြည့်တဲ့အခါ
အရင်ကလို မရှာတော့ဘဲနဲ့ ပိုမိုတိကျအောင် ကိုယ်ရှာတဲ့ အရာတွေအပြင် ဆက်စပ်နေတဲ့ အခြားအရာတွေလည်းရရှိအောင် Folder တွေထဲအထိ လိုက်ရှာကြည့်တာ ဖြစ်ပါတယ် ...
ဥပမာ အနေနဲ့ Windows XP ဆိုတဲ့ စာသားပါတဲ့ နေရာတွေကို ရှာကြည့်မယ်ဆိုရင် -
Google မှာ အခုလိုရှာကြည့်လိုက်တော့ ...
"Windows XP" site:rapidshare.com/users/
Windows XP ဆိုတဲ့ စကားလုံးတွေပါနေတဲ့ Rapidshare Folder တွေ (၄၅) ခု ထွက်ပေါ်လာတာ မြင်ရပါတယ် .. (အခြေအနေအရ အရေအတွက် ပြောင်းနေ နိုင်ပါတယ်)
ပုံမှန်အတိုင်းရိုးရိုးရှာမယ်ဆိုရင်တော့ ...
"windows xp" site:rapidshare.com
အဖြေဟာ (၅၂) ခု ထွက်လာပါတယ် ...
(အခြေအနေအရ အရေအတွက် ပြောင်းနေ နိုင်ပါတယ်)
အခုဆိုရင် Google ကနေ နမူနာ အဖြစ်ဖော်ပြထားတဲ့ အဖြေလေးတွေကို လိုက်ဖတ်ရင်း သိချင်တဲ့အကြောင်းအရာ သို့မဟုတ် Folder ကို သွားလို့ရပါပြီ ....
အကျိုးများ-
Rapidshare Folder တွေထဲကို ၀င်ရှာနိုင်မယ်ဆိုရင်
၁) တခြားသူတွေ စုဆောင်းသိမ်းဆည်းထားတဲ့ ဆော့ဖ်ဝဲတွေ၊ စာအုပ်တွေနဲ့ သီချင်း၊ ရုပ်ရှင် စတာတွေကို အလွယ်တကူ ရရှိနိုင်ပါတယ် ...
၂) မိမိလိုချင်တဲ့ ဆော့ဖ်ဝဲ၊ စာအုပ်တွေကို စုစုစည်းစည်း တွေ့နိုင်ပါတယ် ...
၃) အဲဒီစာအုပ်တွေနဲ့ ဆက်စပ်နေတဲ့
အခြား အဖိုးတန်၊ ဆော့ဖ်ဝဲတွေ စာအုပ်တွေကိုလည်း ရရှိနိုင်ပါတယ် ...
၎) Folder အများစုက အများအတွက် ကြည့်လို့ရအောင်
Share လုပ်ထားတဲ့ နေရာတွေ ဖြစ်တဲ့ အတွက် အဆင်ပြေပါတယ် ...
၅) တခါတရံမှာ နောက်ဆုံးထုတ် ဆော့ဖ်ဝဲတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေ ပါ ရတတ်ပါတယ် ...
Rapidshare ရဲ့ ဒေါင်းလုဒ်ကန့်သတ်ချက်ကို
web-based cgi-proxy
တွေနဲ့ ကျော်နိုင်ဖို့ အတွက်
ရေးပေးထားတာရှိပါတယ် ... ဒီနေရာကနေ သွားလို့ရပါတယ်...
(web-based cgi-proxy တွေကို Google ကနေ ရှာဖွေ အသုံးပြုတဲ့ နည်းဟာ နည်းနည်းလက်ဝင်ပေမယ့် တကယ်အလုပ် ဖြစ်ပါတယ် ... တကယ် အလုပ်လုပ်နေတဲ့ cgi-proxy တွေကို ရှာပေးတဲ့ အတွက် ဖြစ်ပါတယ်.. proxy ရှာပေးတဲ့ ၀က်ဘ်ဆိုဒ်တွေရှိနေပေမယ့် အများစုက cgi နဲ့ php ရောထည့်ပေးထားတာ များပါတယ်.. PHP proxy တွေနဲ့တော့ Rapidshare ကနေဒေါင်းလုဒ်ချလို့ မရပါဘူး ... ဘာကြောင့်လည်း မသိသေးပါ.. လေ့လာရဦးမှာပါ ...)
ပိုကောင်းတဲ့ အကြံဥာဏ်များလည်း ဖိတ်ခေါ်ပါတယ် ....
သူငယ်ချင်း ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ ...
Aug 24, 2007
eBook:Electronic Devices and Circuits
Theory & Problems of Electronic Devices & Circuits
အီလက်ထရောနစ်ကျောင်းသားတွေ ဘယ်လိုမှ ရှောင်လို့မရတဲ့ Electronic Device ဘာသာရပ် အတွက် စာအုပ်ဖြစ်ပါတယ်
  1. Theory & Problems of Electronic Devices & Circuits; 2nd Edition,
  2. Jimmy J.Cathey, Ph.D
  3. Professor of Electrical Engineering, Ui of Kentucky
  4. File info: PDF, 318 pages,
  5. Download: SEDCircuits 4.35MB, Zip file, (Accelerators OK)
ညီအကို မောင်နှမ သူငယ်ချင်းများအားလုံး
အခုထက်ပိုပြီး ပညာဗဟုသုတများ ရရှိ အသုံးချ နိုင်ကြပါစေဗျာ...
Aug 23, 2007
eBook:Electrical Engineering Collection (1)
အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ စာအုပ်တွေပါ...
ကျွန်တော်ကျောင်းတက်တုန်းက
ရည်ညွှန်းကိုးကားစရာ နောက်ဆုံးပေါ် စာအုပ်တွေ အတော် ရှားပါးတဲ့ အခြေအနေမျိုး၊
ကိုယ်က သိချင်ပေမယ့် ရှာဖတ်လို့မရတဲ့ အခြေ အနေမျိုး ကြုံခဲ့ ရတဲ့ အတွက်
အခုလို ရှာဖွေ စုဆောင်း တင်ပေးလိုက်တာ ဖြစ်ပါတယ် ...
  • Download တဲ့အခါအဆင်ပြေအောင် တိုက်ရိုက် (Hot linking) လုပ်နိုင်တဲ့ FileDen.com ကနေ တင်ထားပေးပါတယ် ...
  • Download Manager / Accelerator များလည်းသုံးနိုင်ပါတယ် ...
  • 1. Illustrated Dictionary of Electronics
  • STAN GIBILISCO - The Illustrate Dictionary of Electronics
  • 2001 ခုနှစ်ထုတ် 8 th Edition ဖြစ်ပါတယ်
  • အီလက်ထရောနစ် နဲ့ ဆိုင်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ပုံတွေနဲ့ ရှင်းလင်း ဖော်ပြပေးထားတဲ့ အဘိဓါန် ဖြစ်ပါတယ် ...
  • အရုပ်၊ အသံ၊ ကြိုးမဲ့ နဲ့ Consumer electronics ဘာသာရပ်တွေ အားလုံးအတွက် ထည့်သွင်း ဖော်ပြထားပါတယ် ...
  • Download [5022KB]
  • 2. Electrical Engineering Dictionary
    1. Electrical Engineering Dictionary. - by Ed. Phillip A. Laplante
    2. Boca Raton: CRC Press LLC, 2000
    3. PDF format - 751 pages
    4. Download [3MB]
    3. PLC for Beginners
    1. PLC Control & Programming for Beginners
    2. Total 9 Chapters & Appendix
    3. PDF file - 255 pages
    4. Download [3.41 MB]
    4. The Electrical Engineering Handbook (AP Series in Engineering)
    မြန်မာပြည်က အင်ဂျင်နီယာ တွေနဲ့ ကျောင်းသားတွေ အတွက်
    အတော်လေး အသုံးတည့်မယ့် စာအုပ်လေးတစ်အုပ်ပါ ...
  • Publisher: Academic Press (October 27, 2004)
  • Language: English
  • ISBN-10: 0121709604
  • ISBN-13: 978-0121709600
  • 1228 Pages , PDF file
  • Download EEHB.rar (12.36 MB)
    1. Mediafire link
    2. Fileden link
    3. Rapidshare link
    4. Sample Image
  • ဒီနေရာလေးကို နှိပ်ပြီးကြည့်လို့ရပါတယ် ...
    ညီအကို မောင်နှမ သူငယ်ချင်းများအားလုံး
    အခုထက်ပိုပြီး ပညာဗဟုသုတများ ရရှိ အသုံးချ နိုင်ကြပါစေဗျာ...
    Aug 21, 2007
    ဘာပေးရင် ဘာရမလဲ - what we give, what we get
    ဒီနေ့က ၁၃၆၉ခုနှစ်၊ ၀ါခေါင်လဆန်း(၈)ရက်၊ တနင်္လာနေ့ပါ...
    သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
    သီတဂူဆရာတော် အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့ “ဘာပေးရင် ဘာရမလဲ” တရားတော်ဖြစ်ပါတယ် ...
    အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
    အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
    တရားတော်
    နတ်တွေက လူတွေကြားထဲမှာ တရားမနာနိုင် ...
    နတ်တွေတရားနာတာ မတ်တတ်နာတယ် ...
    ထိုင်ပြီးတရား နာစရာမလိုတဲ့ နတ်တွေ ...
    ခန္ဓာကိုယ် နုလွန်းတဲ့ နတ်များ ...
    သုဓမ္မာ နတ်သဘင်က ပြဿနာများ...
    ၁) ခွန်အားကောင်းအောင် ဘာလှူရမလဲ...
    ၂) ရုပ်ဆင်းအင်္ဂါကောင်းအောင် ဘာလှူရမလဲ...
    ၃) ခရီးသွားတဲ့အခါ ချမ်းသာသုခရအောင် ဘာလှူရမလဲ...
    ၄) အမြင်ကောင်း (မျက်စိကောင်းအောင်) ဘာလှူရမလဲ...
    ၅) အလုံးစုံသော အလှူဖြစ်ချင်ရင် အကောင်းတွေအားလုံးရချင်ရင် ဘာလှူရမလဲ...
    မြတ်ဗုဒ္ဓ၏ ဟောကြားချက်များ ...
    ၁) ခွန်အားကောင်းချင်ရင် အစာကောင်းကောင်းကိုလှူ...
    • ၀ိသာခါကျောင်းအမကြီးရဲ့ အလှူပေးပုံနည်းစနစ် ...
    • သလေးဆန်များသိုလှောင်ထားနည်းစနစ်...
    • ရေနဲ့ မချက်တဲ့ ထမင်း ...
    • ဘုရား၊ သံဃာ၊ လူ တွေအတွက် အစားကောင်း တစ်ခုခုလှူ...
    ၂) အဆင်းအင်္ဂါလှပချင်ရင် အ၀တ်အထည်လှူ ...
    • ဘယ်လောက်လှလှ အ၀တ်အထည်ကောင်းဝတ်ထားမှပေါ်လွင်...
    ၃) ခရီးသွားတဲ့ အခါချမ်းသာအောင် ယာဉ်ရထားလှု...
    • အပ်စပ်တဲ့ အလှု မော်တော်ကားတတ်နိုင်သူ မော်တော်ကားလှူ...
    • ယာဉ်စီးတဲ့ လက်မှတ်အလှူ၊ လမ်းအလှူ၊ လမ်းပြင်တဲ့ အလှု...
    • အနည်းဆုံး ဖိနပ်လှူ ...
    ၄) မျက်စိအမြင်ကောင်းချင်ရင် ဆီမီးလှူပါ...
    • အမှောင်ထဲမှာ ဘာမှ မမြင်နိုင်၊ အလင်းရောင်ရှိမှ မြင်နိုင်တာဖြစ်...
    • အလင်းရောင်လှူရင် အလင်းရောင်ထွက်နိုင်တဲ့ အရာများလှူနိုင်ရင် ဒိဗ္ဗစက္ခုအမြင်အထိရနိုင်...
    • လျှပ်စစ်မီး၊ ဆီမီး လှူနိုင်တာလှူပါ ...
    ၅) ကောင်းကျိုးအားလုံး ပြည့်စုံချင်ရင် အဆောက်အဦးကိုလှုပါ....
    • ဘုရားကျောင်း၊ သံဃာကျောင်း၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ...
    • တက္ကသိုလ် ကျောင်းလှူ၊ မိဘမဲ့ ကလေးဂေဟာ၊ ခရီးသွားများနားခိုရန် ဇရပ်...
    • အနည်းဆုံး ငှက်ကလေးများနေရန် ... ငှက်အိမ်လှူပါ...
    • ထို့ကဲ့သို့လှူဒါန်းတဲ့ အတွက် ...
    • အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ရုပ်ဆင်းအင်္ဂါကောင်းမွန်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း အားလုံးကိုရရှိနိုင် ....
    ၆) မြတ်ဗုဒ္ဓ၏ ဖြည့်စွက် တရား...
    လောကီအလှူများအထက် အမြတ်ဆုံးအလှူ...
    အကြင်သူသည် တရားဓမ္မကိုလှူနိုင်လျှင်၊ သင်ကြားပို့ချလျှင် ...
    တရားပွဲများဖြစ်မြောက်အောင် စီစဉ်လုပ်ဆောင်နိုင်လျှင် နိဗ္ဗာန်ကို ပေးလှူခြင်းဖြစ်၍ အမြတ်ဆုံးအလှူ...
    -``ဘာပေးရင်ဘာရမလဲ တရားတော် ´´ - ရယူနာကြားနိုင်ရန်
    - File Info: 21.16 MB / MP3/ Can UseDownload Accelerators/Managers
    သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
    အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
    ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့ ....
    Aug 20, 2007
    eBook: Advanced VB.Net
    Advanced VB.NET: Programming Web and Desktop Applications in ADO.NET and ASP.NET
    Visusl Basic.net အကြောင်း အသေအခြာရှင်းလင်းဖော်ပြ ဆွေးနွေးထားတဲ့ သင်ခန်းစာဖိုင်တွေ ဖြစ်ပါတယ် ...
    Powerpoint ဖိုင်တွေဖြစ်တဲ့ အတွက် မိမိတို့စက်တွေမှာ MS Office ရှိထားဖို့တော့ လိုမှာ ဖြစ်ပါတယ် ... စာအုပ်တစ်အုပ်လုံးဖတ်နေစရာမလိုတော့ဘဲ အရေးကြီး တာတွေကို အနှစ်ချုပ် ပြန်ထုတ်ပေးထားတဲ့ အတွက် လေ့လာ လိုသူတွေ အတွက် တနည်းတဖုံ အထောက်အကူ ဖြစ်မှာပါ ...
    1. Programming Web and Desktop Applications in ADO.NET and ASP.NET
    2. Review of Variables, Constants, Data Types, and More
    3. Arrays and Control Statements
    4. Detailed Look at Object Orientation
    5. Directories, Files, Paths, and Sequential File Access
    6. The Binary Access Method
    7. Graphics and Animation
    8. Multithreading
    9. Overview of Database Programming
    10. The Connected Layer Command and Data Reader Classes
    11. More on the Connected Layer
    12. The Disconnected Layer
    13. Multitable Data Sets
    14. A Review of Active Server Pages.NET
    15. Active Server Pages.NET and ActiveX Data Objects.NET
    16. Web Services
    စတဲ့ အခန်း(၁၆)ခန်းပါရှိပါတယ် ...
    စုစုပေါင်း ဆလိုက်အချပ်ရေ ၃၀၀ ကျော်ပါဝင်ပါတယ် ...
    Download 11.02MB
    Aug 18, 2007
    Myanmar IT Dictionary
    ဒီနေ့ ကျွန်တော် ဘလော့ခ် အသစ်တစ်ခု စတင်ဖန်တီးဖြစ်ခဲ့ ပါတယ် ...
    `` မြန်မာ အိုင်တီ အဘိဓါန် ´´ဆိုတဲ့ အမည်နဲ့ပါ
    ညီလေးတစ်ယောက်နဲ့ စကားပြောရင်း ရသွားတဲ့ စိတ်ကူးလေးတစ်ခုကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ် ...
    • အင်တာနက်ထဲမှာ လေ့လာသင်ယူစရာတွေများလှပေမယ့် အများစုက အင်္ဂလိပ်ဘာသာနဲ့ ဖြစ်နေတဲ့ အတွက် မြန်မာ အများစုအတွက် အခက်အခဲ ရှိနေမှာ သေချာပါတယ် ...
    • တကယ်တော့ အင်္ဂလိပ်လို လေ့လာရတာကတော့ ပိုကောင်းတာ အမှန်ပါ ...
    • ဒါပေမယ့် အဲဒီလို မလေ့လာ နိုင်သေးတဲ့ အခါမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရအောင်၊
    • အင်တာနက် အိုင်တီ နည်းပညာတွေကို အွန်လိုင်း ပေါ်မှာ မိခင်ဘာသာ စကားနဲ့ ရည်ညွှန်း ကိုးကားစရာ တစ်ခု အနေနဲ့ လေ့လာနိုင်အောင်၊ ဗဟုသုတ တိုးပွားအောင် ...
    • မြန်မာ အင်တာနက် သုံးသူတွေ အတွက် အကျိုးရှိတဲ့ နေရာတစ်ခု ပေါ်ထွက်လာအောင် စတဲ့ ရည်ရွယ်ချက်များစွာနဲ့ စတင်လိုက်ပါတယ် ...
    ဗီယက်နမ်လို တိုင်းပြည်တောင် အွန်လိုင်း အခမဲ့ စွယ်စုံကျမ်း (Wikipedia) မှာ သူတို့ ဘာသာစကားနဲ့ စတင်ရေးသားနေတာ တွေ့ရပါတယ် ကျွန်တော့် အနေနဲ့လည်း အခြေအနေပေးရင် အဲဒီလောက်အထိ ရောက်အောင် သွားချင်ပါတယ် အခုလောလောဆယ်မှာတော့ ကိုယ်နိုင်တဲ့ ဘက်ကနေ စလိုက်ပါပြီ ...
    စိတ်ပါဝင်စားတဲ့ ညီအကို မောင်နှမများ အားလုံးကို ၀ိုင်းဝန်း ပါဝင် လက်တွဲကြဖို့ ဖိတ်ခေါ်ပါတယ် ....
    ဒီနေရာမှာ အသေးစိတ် လေ့လာနိုင်ပါတယ် ...
    Aug 16, 2007
    Firefox Add-ons & Plug-ins (2)
    DOM Inspector
    DOM Inspector ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲ မီးမြေခွေး (Firefox) ရဲ့ Add-ons တစ်ခု ဖြစ်ပါတယ်... အတိုကောက် DOMi လို့ ခေါ်ကြပါတယ်
    DOM
    (Document Object Model) အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ
    ထည့်သွင်းမယ့် အရာဝတ္တုတွေကို ဘယ်လို နေရာ ချထားမလဲဆိုတဲ့ သတ်မှတ်ချက်များ
    Source-http://www.metromemetics.com/thelexicon/d.asp
    DOMi ကို ဘာအတွက် အသုံးပြုလို့ရသလဲ ဆိုရင် အင်တာနက် စာမျက်နှာတစ်ခု ရဲ့ နောက်ဘက် ကျွန်တော်တို့ မမြင်ရတဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ကြည့်ချင် မြင်ချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ် ... ဒါတင်မကသေးပါဘူး ကိုယ်တစ်ခါမှ မကြည့်ဖူးသေးတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကို ဒီအတိုင်းသွားကြည့်ဖို့ ၀န်လေး နေတယ်၊ အထဲမှာ ဘယ်လို အကြောင်း အရာတွေပါနေတယ် ဆိုတာသိချင်ရင်လည်း အဲဒီ ပရိုဂရမ်ရဲ့ File --> Inspect a URL ... ကနေတစ်ဆင့် သိချင်တဲ့ အင်တာနက် လိပ်စာလေးကို ထည့်လိုက်ရုံပါပဲ.. အဲဒီအခါမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ လိပ်စာဟာ DOMi ရဲ့ ကိုယ်ပိုင် Window ထဲက Window အသေးလေးတစ်ခု အနေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..
    DOM တစ်ခုအတွင်းမှာ ပါနေတဲ့ အကြောင်းအရာတွေကို Tree Structure အဖြစ်နဲ့ ကြည့်လို့ရပါတယ် ... ပိုရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကွန်ပျုတာထဲက ဖိုလ်ဒါ (Folder) တစ်ခုကို Right Click -> Explore ဆိုပြီးကြည့်တဲ့ အခါ မြင်ရတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ .. သက်ဆိုင်ရာ Node လေးတွေ (အပေါင်း+/အနှုတ် - လက္ခဏာနဲ့ မြင်တွေ့ ရပါတယ်) ကို ကလစ်လုပ်တဲ့ အခါတိုင်း အောက်ဘက်ခြမ်းက သက်ဆိုင်ရာနေရာမှာ အနီရောင် လေးထောင့်ကွက်နဲ့ မှိတ်ချီလင်းချီ ၃ ကြိမ်ပြနေမှာ ဖြစ်ပါတယ် ...
    ဒါတင်မကသေးပါဘူး Box Model, XBL bindings, CSS style rules, Computed styles နဲ့ JavaScript Objects တွေအဖြစ်နဲ့ လည်းရွေးချယ် ကြည့်ရှုနိုင်ပါသေးတယ် ..
    သူများတွေ ဘာလုပ်ထားသလဲ ကိုယ်လုပ်ထားတာတွေကရော ဘယ်လိုလဲ အားလုံးကို တစ်ပိုင်းစီ စိတ်ကြိုက် ပြန်လေ့လာလို့ရပါတယ် ... အောက်မှာ ကျွန်တော့် ဘလော့ခ်ကို DOMi ထဲမှာ ပြန်ပြီး မွှေကြည့်ထားတဲ့ ပုံလေးကို ကြည့်လို့ရပါတယ် ... ပုံရဲ့ အချို့နေရာလေးတွေမှာ အညွှန်းလေးတွေပါ ထည့်ပေးထား ပါသေးတယ် ...
    Firefox-https://addons.mozilla.org/firefox/addon/1806
    ဆက်လက် ဖော်ပြပါမည် ...
    REF-
    -http://www.mozilla.org/projects/inspector/faq.html
    -http://www.mozilla.org/projects/inspector/
    -http://en.wikipedia.org/wiki/DOM_Inspector
    -http://en.wikipedia.org/wiki/Document_Object_Model
    Can Learn How to Use DOMi More Detail at:
    -http://developer.mozilla.org/en/docs/Introduction_to_DOM_Inspector
    Aug 15, 2007
    Firefox Add-ons & Plug-ins(1)
    မနေ့က ကျွန်တော့်ကွန်ပျုတာကို အမြင်ကတ်လာတာနဲ့ Format လုပ်လိုက်တယ် ... ဒါပေမယ့် Drive C: တစ်ခုတည်းကို လုပ်တာပါ... ဒီနေ့မနက်ပိုင်းမှာ သုံးနေကြ ဆော့ဖ်ဝဲလေးတွေ ပြန်တင်ဖြစ်ပါတယ်။ မီးမြေခွေး အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Firefox) ကိုလည်းပြန်တင်ရင်း Plug-in လေးတွေ Add-ons လေးတွေကိုပါ ပြန်ထည့်ရင်း အသစ်တွေ့တဲ့ Firefox add on အမိုက်စားလေးတွေကို ပြန်ပြီး ဖောက်သည်ချလိုက်တာပါ ... (တခြားသူတွေ အတွက် တော့ ဟောင်းချင်လည်း ဟောင်းနေမှာပေါ့နော် )
    No Script
    ဒီ Add-on လေးက အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ ပါနေတဲ့ Java Scripts, Java နဲ့ အခြားသော အလုပ် လုပ်နိုင်တဲ့ Script တွေကို အလုပ်မလုပ်အောင် ကောင်း ကောင်းကြီး ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ... ဒီဟာလေးကို Firefox မှာ ထည့်လိုက်ပြီးတဲ့ အခါ အင်တာနက်စာမျက်နှာတွေကို ကြည့်ရတာ ပိုပြီး အဆင်ပြေလာတာကို တွေ့ရပါတယ် ... အထူးသဖြင့် ကြော်ငြာတွေ အရမ်းများတဲ့ အချို့ အင်တာနက်စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ မပါတော့တာ တွေ့ရ မှာပါ ... ကျွန်တော်လည်း XSS ဆိုတဲ့ Cross-site scripting အကြောင်းလေ့လာရင်း ဒီဟာလေးကို တွေ့ပြီး သုံးဖြစ်သွားတာပါ ... အဆင်ပြေတယ် ... စမ်းကြည့်ကြပါလား ..
    မူရင်းနေရာ -http://noscript.net/
    Firefox -https://addons.mozilla.org/firefox/722/
    Web Developer
    ဒီ နောက်ဆက်တွဲ (Extension) လေးကတော့ ကျွန်တော်တို့ကြည့်နေတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာပါဝင်နေတဲ့ Cache, Cookies, CSS Design, Form, Image, Informations, Comments, Outline, Tools, Source View စတာတွေကို အလွယ်တကူကြည့်လို့ရအောင် ဖန်တီးပေးပါတယ် ... သူ့ကို Firefox မှာ ထည့်လိုက်တဲ့ အခါ မီနူးတစ်ခု အနေနဲ့ Tools အောက်မှာ မြင်ရမှာပါ .. ၀က်ဘ်နည်းပညာကို စိတ်ဝင်စားသူတွေ၊ သူများရေးထားတာလေးတွေကို လေ့လာ ဆည်းပူး ချင်တဲ့သူတွေအနေနဲ့ အင်တာနက် စာမျက်နှာတစ်ခု အတွင်းမှာ ပါရှိနေတဲ့ မိမိလေ့လာချင်တဲ့ အပိုင်း လေး CSS, Form, Cookie စတာလေးတွေကို လိုချင်တဲ့ အပိုင်းလေးဘဲ ဆွဲယူပြီး ကြည့်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ် .... Web Designer တွေအတွက် အလွန်အထောက်အကူရတဲ့ Tool လေးပါပဲ ...
    မူရင်းနေရာ -http://chrispederick.com/work/web-developer/
    Firefox -https://addons.mozilla.org/firefox/60/
    UnPlug
    ဒါလေးကတော့ အင်တာနက် စာမျက်နှာတစ်ခုအတွင်းမှာ ထည့်သွင်းမြုတ်နှံထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေကို မိမိတို့ရဲ့U ကွန်ပျုတာထဲမှာ သိမ်းထားချင်တယ်ဆိုရင် သိမ်းထားပေးနိုင်တဲ့ နောက်ဆက်တွဲလေး ဖြစ်ပါတယ် ... ကိုယ်ကြည့်နေတဲ့ စာမျက်နှာမှာ သီချင်း၊ ဗီဒီယိုတွေ ပါလာတယ်ဆိုရင် ဒီ Extension လေးကို ကလစ်လုပ်လိုက်ရုံပါပဲ ... ဗီဒီယိုဖိုင်တွေ အတွက် Download Tool အနေနဲ့လည်း သုံးနိုင်ပါသေးတယ် ...အင်တာနက်စာမျက်နှာထဲက MediaPlayer ထဲကို အချက်အလက်တွေ စီးဝင်လာတဲ့ အခါမှာ UnPlug ကစစ်ဆေးပြီး ရိုးရိုး လင့်ခ်တစ်ခု အနေနဲ့ ဖော်ပြပေးပါတယ် ... အဲဒီလင့်ခ် ကနေ ဒေါင်းလုဒ် ရုံပါပဲ ... FlashGot လို နောက်ဆက်တွဲတွေ ထပ်ထည့်လိုက်မယ်ဆိုရင် Download Manager တွေနဲ့ပါ အမျိုးမျိုးတွဲဖက် လို့ရပါတယ် ...
    UnPlug ဟာ youtube.com, ifilm.com, current.tv, revver.com, peekvid.com, video.google.com, mobuzztv.com စတဲ့ မီဒီယာ Web Site မျိုးစုံကနေ ကိုယ့်စိတ်ကြိုက် ဒေါင်းလုဒ်ချလို့ရအောင် အကူအညီပေးမယ့် extension လေးတစ်ခုပါ...
    မူရင်းနေရာ -http://unplug.mozdev.org
    Firefox -https://addons.mozilla.org/firefox/2254/
    နမူနာပုံများ -https://addons.mozilla.org/en-US/firefox/addons/previews/2254
    FlashGot
    အင်တာနက်ထဲက ဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချတဲ့ အခါ အဆင်ပြေအောင် လုပ်ပေးတဲ့ ၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲနဲ့ Download Manager တွေကို ပေါင်းစည်းပေးတဲ့ နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်ပါတယ် ... အထူးသဖြင့် ဘယ်နည်းနဲ့ ဒေါင်းလုဒ် လုပ်ချင်သလဲ ရွေးချယ်ခွင့် ပေးပါတယ် ... RapidShare မှာဆိုရင် အခမဲ့ ဒေါင်းလုဒ် တဲ့သူတွေ အတွက် Download Manager သုံးခွင့် မရှိပါဘူး ... အဲဒီလို အခါမျိုးမှာ Save As နဲ့ မှ ဒေါင်းလုဒ်လို့ ရမှာ ဖြစ်ပါတယ် ... ဒီဟာလေးက တစ်ခုခု ကို ဒေါင်းလုဒ် ခါနီးတိုင်း ဘယ်နည်းနဲ့ လုပ်မှာလည်းမေးတဲ့ အတွက် အတော်လေး အဆင်ပြေတာ တွေ့ရမှာပါ ...
    မူရင်းနေရာ -http://flashgot.net/
    Firefox -https://addons.mozilla.org/firefox/addon/220
    ဆက်လက်ဖော်ပြပါမည် ...
    Aug 12, 2007
    နို့နှစ်လုံးဖိုးကျေပါတယ်
    ဒီနေ့ဟာ ၁၃၆၉ ခုနှစ် ဒုတိယ ၀ါဆိုလကွယ်နေ့ဖြစ်ပါတယ် ...
    သူငယ်ချင်းတွေကို ဖတ်ရှုထားတဲ့ တရားတော်တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ....
    ဒီတရားတော်ဟာ ကျွန်တော်တို့လို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်း
    အလေးအနက်ထား ဖတ်ရှုပြီး ကောင်းစွာမှတ်သားရင်း
    အခြားသူတွေကိုလည်း အမှားမှတ်နေတဲ့ အဖြစ်ကနေ လွတ်ကင်းစေချင်တဲ့ စေတနာလေးနဲ့
    ဝေမျှလိုက်တာ ဖြစ်ပါတယ် ...
    ဆရာတော် “ အရှင်ဆန္ဒာဓိက ” ဟောကြားထားတဲ့
    “ နို့နှစ်လုံးဖိုး ကြေပါတယ် ” တရားတော် ဖြစ်ပါတယ် ....
    သားသမီးတွေအပေါ်မှာ မိခင်ကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမဲ့ မိခင်ကို အမွှန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင် ကို ပုတ်ခတ် စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ ဘုရားတောင်မှ မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတယ် လို့ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ သာသနာဖျက်တဲ့သူ လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။
    “မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်၊
    မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝမကျန်တော့ပါဘူး”
    ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော် (ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှား ရှိပါ တယ်။
    “သစ္စာလေးပါး မြတ်တရား” ဆိုတဲ့ “ဓမ္မနို့ရည်” ကတော့ ဆာလောင်မွတ်သိပ်မှု တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက် ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာဖြစ်သွားပြီဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွတ်သိပ်မှု မရှိ တော့ပါဘူး။ အာရုံအားလုံး၊ ဘ၀အားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာအဆာဓာတ်အားလုံး အပြီးတိုင် ချုပ်ငြိမ်းပြေပျောက်သွားပါပြီ။
    “မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်” ဆိုတဲ့စကားဟာ တက်တက် စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊ ဘယ်ဗုဒ္ဓစာပေမှာမှ မပါပါဘူး။
    ဆရာတော်ရဲ့ ဟောကြားချက်များထဲက အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
    အသေးစိတ် အပြည့်အစုံကို အောက်မှာ ရယူနိုင်ပါတယ် ...
    နို့နှစ်လုံးဖိုးကျေပါတယ် တရားတော် - ရယူဖတ်ရှုရန်
    သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
    အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
    ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့
    Aug 10, 2007
    ဂျပန်ကာတွန်းရုပ်လေးများ - Anime in Photobucket
    Photobucket ဆိုတာ အင်တာနက်ထဲမှာ အတော်လေးလူသုံးများတဲ့
    ပုံတွေ ၊ ရုပ်ရှင်တွေ သိမ်းဆည်းပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
    အဲဒီက နေရာမှာ ပုံတွေသိမ်းချင်တယ်ဆိုရင် မှတ်ပုံတင် ပြီးမှ ၀င်ကြည့်လို့ရတာပါ ....
    အဲဒီမှာ Anime လို့ခေါ်တဲ့ ဂျပန် ကာတွန်းရုပ်လေးတွေ အများကြီး ရှိပါတယ် ...
    အဲဒီ အရုပ်လေးတွေက အတော်လေး ချစ်စရာ ကောင်းသလို
    ဖိုရမ်နဲ့ Social Website အတော်များများမှာလည်း Avator တွေအနေနဲ့၊
    Profile နောက်ခံ လေးတွေအနေနဲ့ သုံးလေ့ရှိကြပါတယ် ...
    အဲဒီအရုပ်လေးတွေကို Google ကနေ အခုလို အလွယ် ရှာကြည့်လို့ရပါတယ် ...
    intitle:anime site:photobucket.com
    Results 1 - 49 of 49 from photobucket.com for intitle:anime. (0.54 seconds)
    ဒါလေးတွေကတော့ Google ကရှာပေးတဲ့ အဖြေ ၄၉ ခုအနက်က ပထမဆုံး ၄ ခု ပါ ..
    ဒီ ၄ ခုနဲ့တင် အတော်လေး လုံလောက်နေပါပြီ စမ်းကြည့်ပါဦး ....
    photobucket.com/images/anime/
    smg.photobucket.com/albums/0603/anime/
    s45.photobucket.com/albums/f57/Anime-piper/anime/anime%20girls/
    photobucket.com/albums/b397/XOXOYou_And_I_CollideXOXO/Anime%20Girls/
    ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် သိမ်းထားချင်ရင်လည်း လွယ်ပါတယ် ..
    ပုံတိုင်းရဲ့ အောက်မှာ HTML tag ဆိုတာပါ ပါတယ် အဲဒီအထဲက အခုလို အနီရောင်နဲ့ ပြထားတာတွေက ပုံတိုင်းမှာ ပါတာ တွေ့ရမှာပါ ... အဲဒီဟာတွေကို ဖျက်ထုတ်လိုက်ရင် အဲဒီပုံအတွက် တိုက်ရိုက် လင့်ခ်ရပါပြီ ...
    < href="http://photobucket.com" target="_blank"> -http://img.photobucket.com/albums/0603/anime/girl.jpg" border="0" alt="Photo Sharing and Video Hosting at Photobucket" >< /a >
    ဖျက်ထုတ်အပြီး ကျန်ခဲ့တဲ့ တိုက်ရိုက်လင့်ခ် က အခုလို ဖြစ်သွားမှာပါ -
    -http://img.photobucket.com/albums/0603/anime/girl.jpg
    နမူနာပုံလေးပါ
    အဲဒီ လင့်ခ် လေးကို
    အင်တာနက် ကြည့်တဲ့ ဆော့ဖ်ဝဲမှာ ထည့်လိုက်ရင်
    ပုံကို အမြန်ဆုံး တွေ့ရမှာ ဖြစ်ပါတယ် ...
    မူရင်းဝက်ဘ်ဆိုဒ် ဖြစ်တဲ့ Photobucket မှာ
    ကြည့်ရတာထက် အဆများ စွာပိုမြန်ပါတယ် ...
    မလိုအပ်တဲ့ အခြား အဆင် အပြင်တွေ မပါတော့
    တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ...
    သိမ်းချင်တယ်ဆိုရင်လည်း ပုံပေါ်မှာ
    Right click -> Save Image As နဲ့
    သိမ်းထားနိုင်ပါပြီ ....
    သူငယ်ချင်းများ အားလုံး ပျော်ရွှင်ကြပါစေ ...
    တစ်ခုခုပြောချင်တယ်ဆိုရင်တော့ ...
    Aug 9, 2007
    Studying in MIT by Googling (1)
    မက်ဆာချုးဆက်နည်းပညာတက္ကသိုလ် (M.I.T) ဟာ နည်းပညာမှာ ရှေ့ဆောင် တက္ကသိုလ်ကြီးတစ်ခု အနေနဲ့ ကမ္ဘာမှာကျော်ကြားပါတယ် ...
    အဲဒီတက္ကသိုလ်ဟာ သူ့ကျောင်းက ကျောင်းသားတွေအတွက် အွန်လိုင်း ပေါ်ကနေ လေ့လာလို့ရအောင် စီစဉ်ပေးထားပါတယ် ဒီ့အပြင် Open Course Ware ဆိုပြီးတော့ လည်း ကမ္ဘာအရပ်ရပ်က ပညာရှာသူတွေ လေ့လာသူတွေ အတွက် အွန်လိုင်း စာသင်ခန်းတွေ ဖန်တီးပေးထား ပါသေးတယ် ..
    အဲဒီအကြောင်းကိုလည်း “အမ်အိုင်တီရဲ့ အပွင့်စာသင်ခန်း” ဆိုပြီး ဘလော့မှာ ရေးခဲ့ ဖူးပါတယ် ..
    အခုကျွန်တော်ဝေမျှပေးချင်တာလေးကတော့ အဲဒီတက္ကသိုလ်က သင်ခန်းစာတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကိုယ်လေ့လာချင်တဲ့ အမျိုးအစားအလိုက် ရှာဖွေ စုစည်းနိုင်တဲ့ နည်းလေး ဖြစ်ပါတယ် ... အသုံးပြုမယ့် အကူအညီကတော့ ထုံးစံအတိုင်း ကျွန်တော်တို့မိတ်ဆွေကြီး Google ပဲပေါ့ ...
    သူတို့ဆီမှာ သင်ခန်းစာတွေကို အနှစ်ချုပ်ပြီး ပါဝါပွိုင့် (Powerpoint) ဒါမှမဟုတ် ပီဒီအက်ဖ် (Acrobat PDF) ဖိုင်တွေ အနေနဲ့ စီစဉ်ထားပေးတာ တွေ့ရပါတယ် .. ရည်ညွှန်းစာအုပ်တွေကလည်း ပီဒီအက်ဖ် ဖိုင်တွေပါပဲ ... အဲဒါမှလည်း အွန်လိုင်းကနေ အချိန်မရွေး လေ့လာလို့ ရမှာ ဖြစ်ပါတယ် ... ဒီအချက်ကို အသုံးချပြီး Google ကနေတစ်ဆင့် ကျွန်တော်တို့ လိုချင်တဲ့ ဘာသာရပ်၊ သင်ခန်းစာ အနှစ်ချုပ်တွေကို စုစုစည်းစည်း တွေ့ရအောင် ရှာကြည့်နိုင်ပါတယ် ....
    အဲဒီအတွက် ကျွန်တော်က ဒီအတိုင်းလေး လုပ်ထားပါတယ် ...
    "ရှာလိုသည့် စကားလုံး" site:mit.edu filetype:လိုချင်တဲ့ ဖိုင်အမျိုးအစား
    "ရှာလိုသည့် စကားလုံး" ဆိုတဲ့ နေရာတွေမှာ အခုဖော်ပြထားတဲ့ စကားလုံးတွေကို တစ်လုံးခြင်း (သို့) ပေါင်းစပ်ပြီး ထည့်သွင်း ရှာဖွေခဲ့တာ ဖြစ်ပါတယ် ... စာလုံးတွေထည့်သွင်းတဲ့ အခါမှာ တစ်လုံးချင်းစီအတွက် ဆိုရင် မသိသာပေမယ့် တစ်လုံးထက် ပိုလာတဲ့အခါမှာ လိုချင်တဲ့ အဖြေကို အတိအကျရနိုင်ဖို့ မျက်တောင်ကွင်းတွေ ကြားမှာ ထည့်ပေးဖို့ လိုပါတယ် --
    (ဥပမာ - data, communication, data communication, "data communication" တွေက ထွက်လာတဲ့ အဖြေတွေဟာ တစ်မျိုးနဲ့ တစ်မျိုး တူမှာ မဟုတ်ပါဘူး ... )
    လိုချင်တဲ့ ဖိုင်အမျိုးအစား
    -
    စာသားဖိုင်များ ppt, doc, pdf, chm,
    အသံဖိုင်များ rtf; mp3, wma, wav;
    ဗီဒီိယို ဖိုင်များ avi, mov, dat, wmv
    စသဖြင့် လိုချင်တဲ့ အမျိုးအစားကို ထည့်ပေးရမှာပါ
    Google ကနေ ရလာတဲ့ အဖြေတွေထဲမှာ ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ စကားလုံးများပါရှိတဲ့ ဖော်ပြချက် အကြမ်းဖျင်းလေးတွေကို ဖတ်ရှုပြီး လိုချင်တယ်ဆိုရင် အောက်ဘက်မှာ အစိမ်းရောင်နဲ့ရေးပေးထားတဲ့ လင့်ခ်ကို ကူးပြီး ဒေါင်းလုဒ် နိုင်ပါတယ် .... အရေအတွက်များနိုင်တဲ့အတွက် လင့်ခ်တွေကို Notepad ထဲမှာ ကူးထည့်ထားပြီး
    များလာမှ IDM လိုဆော့ဖ်ဝဲမျိုးနဲ့ ဒေါင်းလုဒ် လုပ်နိုင်ရင် အကောင်းဆုံးပါပဲ ....
    ဒါလေးတွေကတော့ ကျွန်တော် ရှာကြည့်ထားတဲ့ စကားလုံးလေးတွေပါ .. တစ်လုံးချင်းစီရော အမျိုးမျိုးပေါင်းပြီးပါ ရှာကြည့်ထားပါတယ် ...
    data, communication, network , security, proxy, user security, systems, social engineering, electronics, circuit, analysis, dictionary, attack, hack, AutoCad, drawing, numerical, methods, Finite Element Methods, Environmental Engineering, Mathematics for Engineering , Human Interface, fundamentals of software engineering, Social Engineering, books, proxy servers, cgi-proxy, hacking, file sharing,
    ထည့်သွင်းရှာဖွေတဲ့ စကားလုံးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် တူမှာ မဟုတ်ကြပါဘူး ... နေထိုင်တဲ့ ၀န်းကျင်နဲ့ လေ့လာနေတဲ့ အကြောင်းအရာတွေ အပေါ်မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ် ... ဒါပေမယ့်လည်း သင်ခန်းစာ အမျိုးပေါင်း 8600 ကျော်ကို လေ့လာလို့ရအောင် ဖန်တီးပေးထားတဲ့ အထဲမှာ ကိုယ့် အတွက် အသုံးဝင်မယ့် အချက်အလက် တွေကို ရနိုင်မှာ အသေအချာပါပဲ ...
    Google မှာ ကျွန်တော်ရှာခဲ့တဲ့ နမူနာ အချို့နဲ့ ရလာတဲ့ အဖြေတွေကို လေ့လာ ကြည့်နိုင်ပါတယ် ....
    "data communication" site:mit.edu ppt
    Results 1 - 14 of 14 from mit.edu for "data communication" ppt. (0.44 seconds)
    "network security" site:mit.edu ppt
    Results 1 - 40 of 40 from mit.edu for "network security" ppt. (0.29 seconds)
    "data security" site:mit.edu ppt
    Results 1 - 17 of 17 from mit.edu for "data security" ppt. (0.30 seconds)
    "user security" site:mit.edu ppt OR pdf
    Results 1 - 28 of 28 from mit.edu for "user security" ppt OR pdf. (0.60 seconds)
    "user security" site:mit.edu ppt
    Results 1 - 6 of 6 from mit.edu for "user security" ppt. (0.31 seconds)
    "user level security" site:mit.edu ppt OR pdf
    Results 1 - 12 of 12 from mit.edu for "user level security" ppt OR pdf. (0.22 seconds)
    "communication systems" site:mit.edu filetype:ppt
    Results 1 - 15 of 15 from mit.edu for "communication systems" filetype:ppt. (0.23 seconds)
    "Social engineering" site:mit.edu filetype:ppt
    Results 1 - 4 of 4 from mit.edu for "Social engineering" filetype:ppt. (0.22 seconds)
    "dictionary attack" site:mit.edu filetype:ppt OR pdf
    Results 1 - 24 of 24 from mit.edu for "dictionary attack" filetype:ppt OR pdf. (0.29 seconds)
    "AutoCad Drawing" site:mit.edu filetype:ppt
    Results 1 - 1 of 1 from mit.edu for "AutoCad Drawing" filetype:ppt. (0.57 seconds)
    "autocad drawing" site:mit.edu filetype:ppt OR pdf
    Results 1 - 24 of 24 from mit.edu for "autocad drawing" filetype:ppt OR pdf. (0.46 seconds)
    "electronic circuit analysis" site:mit.edu filetype:ppt OR pdf OR doc OR chm
    Results 1 - 17 of 17 from mit.edu for "electronic circuit analysis" filetype:ppt OR pdf OR doc OR chm. (0.20 seconds)
    "numerical methods" site:mit.edu filetype:ppt OR pdf OR chm
    Results 1 - 100 of about 1,570 from mit.edu for "numerical methods" filetype:ppt OR pdf OR chm. (0.58 seconds)
    "Finite Element Methods" site:mit.edu filetype:ppt OR pdf OR chm OR doc
    Results 1 - 100 of about 275 from mit.edu for "Finite Element Methods" filetype:ppt OR pdf OR chm OR doc. (0.32 seconds)
    "Environmental engineering" site:mit.edu filetype:ppt OR pdf OR doc
    Results 1 - 100 of about 5,280 from mit.edu for "Environmental engineering" filetype:ppt OR pdf OR doc. (0.41 seconds)
    "electronics engineering" site:mit.edu filetype:ppt OR pdf OR doc
    Results 1 - 100 of about 156 from mit.edu for "electronics engineering" filetype:ppt OR pdf OR doc. (0.36 seconds)
    "mathematics for engineering" site:mit.edu filetype:ppt OR pdf OR doc
    Results 1 - 1 of 1 from mit.edu for "mathematics for engineering" filetype:ppt OR pdf OR doc. (0.18 seconds)
    "Human Interface" site:mit.edu filetype:ppt OR pdf OR doc
    Results 1 - 100 of about 324 from mit.edu for "Human Interface" filetype:ppt OR pdf OR doc. (0.25 seconds)
    "fundamentals of software engineering" site:mit.edu filetype:ppt OR pdf OR doc
    Results 1 - 2 of 2 from mit.edu for "fundamentals of software engineering" filetype:ppt OR pdf OR doc. (0.29 seconds)
    "Social engineering" site:mit.edu filetype:ppt OR pdf OR doc
    Results 1 - 100 of about 133 from mit.edu for "Social engineering" filetype:ppt OR pdf OR doc. (0.29 seconds)
    အများအားဖြင့် ရလာတဲ့ ဖိုင်တွေထဲမှာ အကြောင်းအရာတစ်ခုခုရဲ့
    အနှစ်ချုပ်တွေကို စုစည်းဖော်ပြထားတာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ် ...
    နောက်တစ်ခုအနေနဲ့
    -http://web.mit.edu/6.033/www/papers/Networks-2-LinkNet.ppt ဆိုတာလေးကို ဒေါင်းလုဒ် ကြည့်ပါ ...
    ရလာတဲ့ Powerpoint ဖိုင်လေးကို ဖွင့်ကြည့်လိုက်ရင် -
    "6.897: Selected Topics in Cryptography Lectures 9 and 10" ဆိုပြီး
    “Cryptography” အကြောင်းကို ရေးထားတာ တွေ့ရပါမယ် ...
    အဲဒါကြောင့် ကျန်နေတဲ့ ဖိုင်တွေကို ရလိုရငြား -http://web.mit.edu/6.033/www/papers/ ဆိုတာကို ယူပြီးတော့ အင်တာနက်ကြည့် ဆော့ဖ်ဝဲရဲ့ လိပ်စာနေရာမှာ ထည့်လိုက်တဲ့ အခါ
    - Index of /6.033/www/papers ဆိုပြီး မြင်ရပါမယ် ...
    ရှေ့မှာပြောခဲ့တဲ့ ဖိုင်နဲ့ ရှေ့နောက် ဆက်စပ်နေတဲ့ ဖိုင်တွေပါ ....
    အဲဒါတွေကို IDM လို Download Tools တွေသုံးပြီး အကုန်လုံးကို တပြိုင်တည်း ယူလိုက်လို့ ရပါတယ် ....
    ရလာတဲ့ အထဲက နံပါတ် (၁) -http://web.mit.edu/6.033/www/papers/Networks-1-Intro.ppt ကို ဖွင့်ကြည့်လိုက်တဲ့ အခါ An Introduction to Computer Networks - Prof. Dina Katabi ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ် ဆက်လေ့လာမယ်ဆိုရင် ကွန်ရက်တွေအတွက် အဓိက အချက်တွေကို ရွေးချယ် ဆွေးနွေးသွားတာ မြင်ရမှာပါ ... စမ်းသပ်ကြည့်နိုင်ကြပါစေဗျာ ...
    ဆက်ပါဦးမယ် ....
    ကျွန်တော့်ရဲ့ ညီအကို မောင်နှမများအားလုံး အခုထက်ပိုပြီး လေ့လာ သင်ယူ တတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ..
    ဆက်နွယ်နေသော အခြား အကြောင်းအရာများ -
    -အမ်အိုင်တီရဲ့ အပွင့်စာသင်ခန်း -blog post
    -Google မှာ ဘယ်လိုရှာလဲ -blog post
    -http://mit.ocw.edu
    Aug 8, 2007
    ကျွန်တော်တို့ ရဲ့ စကားဝှက် (၂)- Our Passwords (2)
    ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ နည်းအမျိုးမျိုးနဲ့ ခိုးယူခံရနိုင်ပါတယ် ...
    အဲဒီနည်းတွေ အနက်က အများဆုံး သုံးလေ့ရှိတဲ့ နည်းနှစ်ခုကတော့ “အဘိဓါန်” နည်းစနစ်နဲ့ “လူမှု အင်ဂျင်နီယာ” နည်းစနစ်တွေပဲ ဖြစ်ပါတယ်..
    အဘိဓါန် နည်းစနစ် (Dictionary attack)
    “ဟက်ကာ” အများစုက အားနည်းတဲ့ စကားဝှက်များကို ဖော်ထုတ်နိုင်ရန်အတွက် များပြားကျယ်ပြန့်စွာရရှိနိုင်သော စကားဝှက် ချိုးဖျက်နိုင်သည့် အဘိဓါန်များကို အသုံးပြုကြပါတယ်။ အဲဒီလို အဘိဓါန်တွေကို အသုံးပြုတိုက်ခိုက်တဲ့ နည်းစနစ်ဖြစ်တာမို့ “ အဘိဓါန် ” Dictionary Attack လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် မိမိတို့မှာ အန္တရာယ် ကြုံတွေ့လာနိုင်သည့် အခြေအနေများ၊ နည်းလမ်းများကို လျော့ချနိုင်ရန်အတွက် “အားကောင်း ခိုင်မာသော စကားဝှက်” များကို ဖန်တီး၊ အသုံးပြုကြရမှာ ဖြစ်ပါတယ် ...
    မှတ်ချက် -
    စကားဝှက်များကို အသုံးပြုထားခြင်းသည် ကွန်ပျုတာ လုံခြုံရေးစနစ် နယ်ပယ်တွင် အဓိကကျသော ပျော့ကွက် တစ်ခုဖြစ်သည်။ အကြောင်းမှာ အဘိဓါန်နည်းစနစ်ကို အသုံးပြုကာ အလိုအလျောက်စနစ်ဖြင့် အလုပ်လုပ်နေသော ပရိုဂရမ်များဖြင့် စကားဝှက်များကို ခန့်မှန်းရသည်မှာ လွယ်ကူကြောင်း မကြာခဏ လေ့လာတွေ့ရှိရခြင်းကြောင့် ဖြစ်သည်။
    လူမှု အင်ဂျင်နီယာ နည်းစနစ် (Social engineering attack)
    “ လူမှု အင်ဂျင်နီယာ ” လောကမှာ မကောင်းသတင်းဖြင့် အကျော်ကြားဆုံး ပုဂ္ဂိုလ် “ကီဗင်မင်နစ်ခ်” (Kevin Mitnick) ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ “ လူသားတွေဟာ အားအပျော့ဆုံးသော နေရာမှာ ရှိနေတယ်။ သင့်ထံတွင် အကောင်းဆုံးသော နည်းပညာများ ရှိကောင်း ရှိနေနိုင်တယ် ... ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ ၀န်ထမ်းတစ်ယောက်ယောက်ကို သံသယမရှိ ယုံကြည်လာအောင် လှည့်စားနိုင်လိုက်တာနဲ့ သူလိုချင်တဲ့ အချက်အလက် စတဲ့ လိုအပ်သည့် အရာများ အားလုံးကို ရရှိသွား နိုင်ပါတယ် ..”
    အဲဒါကြောင့် ရင်ဆိုင်လာရမည့် ဘေးရန်များကို လျော့ချနိုင်ရန်အတွက်
    • အမြဲတမ်း သတိဝိရိယရှိခြင်း ၊ အရာရာကို အမှတ်တမဲ့ မနေပဲ စူးစမ်းလေ့လာ စပ်စုခြင်း ...
    • မိမိ ရိုက်နှိပ်လိုက်သည့် စကားဝှက် ခလုတ်များကို အခြားသူများမှ စောင့်ကြည့်နေခြင်း ရှိမရှိ ဂရုစိုက်ခြင်း ...
    • မိမိထံမှ အရေးကြီးသော မည်သည့် သတင်းအချက်အလက်များကိုမဆို ပေးလိုက်ရတော့မည်ဆိုပါက လက်ခံသူမှာ အမှန်တကယ်ပေးရမည့်သူဖြစ်ကြောင်း မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ ယုံကြည်နိုင်ရသူဖြစ်ပါမှ ပေးခြင်း ... စတဲ့ အချက်လေးတွေကို အမြဲဂရုပြု နေဖို့လိုအပ်ပါတယ်။
    ကျွန်တော်တို့၏ အမှတ်အသားနှင့် လွတ်လပ်မှု
    စကားဝှက်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသားဖြစ်ပါတယ်။ လူချင်း တွေ့စရာမလိုဘဲ အလုပ်လုပ်နေကြတဲ့ အင်တာနက်ထဲမှာ ကျွန်တော်တို့ကို အခြားသူများနှင့် မတူညီအောင်၊ သီးခြားလွတ်လပ်မှု ရှိနေစေအောင် ဖန်တီး ပေးထားနိုင်စွမ်း ရှိနေတဲ့ တစ်ခုတည်းသော အရာဟာ စကားဝှက်တွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် စကားဝှက်ကို
    “ တစ်စုံတစ်ရာ၏ ကိုယ်ပိုင်အမှတ်အသား ဖြစ်ကြောင်း အတည်ပြုပေးနိုင်သော၊ ၄င်းတစ်စုံတစ်ရာနှင့်သက်ဆိုင်နေသည့် သတင်းအချက်အလက် အစုအဝေးတစ်ရပ်”
    လို့ ပြောနိုင်ပါတယ်။
    စကားဝှက်တွေကို ဘာကြောင့်သုံးရသလဲ ပြောရမယ်ဆိုရင်
    “ တစ်စုံတစ်ရာသည် ထိုတစ်စုံတစ်ရာ အစစ်အမှန်ဖြစ်ကြောင်း
    အတည်ြ့ပု (authentication) ရန်အတွက် အသုံးပြုလေ့ ရှိသည်..”
    လို့ ပြောရမှာ ဖြစ်ပါတယ်..
    လူချင်းတွေ့စရာမလိုဘဲ အလုပ်လုပ်နိုင်စေဖို့ အတွက် တစ်ဦးချင်းစီမှာ
    “ မည်သူနှင့်မှ မတူညီသော သီးခြားအမည် တစ်ခုစီ ” နဲ့ သက်ဆိုင်ရာ “ စကားဝှက် တစ်ခုစီ ”
    သတ်မှတ်ထားရှိပြီး သက်ဆိုင်ရာနေရာကို ၀င်ရောက်ရတဲ့ အခါတိုင်း၊ မှန်အောင်ထည့်သွင်းပြီး ၀င်ရောက် နေကြရတာဟာ အင်တာနက် သုံးနေသူတွေအတွက် အထူးပြောနေစရာ မလိုအောင်ကို လုပ်နေကြ အလုပ်တစ်ခုလို ဖြစ်လို့နေပါပြီ .. အဲဒီနေရာမှာ အချင်းချင်း ဆက်သွယ်နိုင်ဖို့ အတွက် အချို့သော စနစ်များမှာ “ ကိုယ်ပိုင်အမည် (Registration name, User name) ” နဲ့ အများကို ဖော်ပြပေးတဲ့ “ အများသိတဲ့ အမည် (Screen name)” ဆိုပြီး သီးခြားစီ ထားရှိကြတာ ကြုံဖူးကြမှာပါ ... ဒါမျိုးတွေဟာ လုံခြုံမှုစနစ်ကို ပိုကောင်းစေတဲ့ သဘောပဲ ဖြစ်ပါတယ်...
    ဒီလို ၀င်ရောက်ကြတဲ့ အခါမှာ ထည့်သွင်းလိုက်တဲ့ အမည်နဲ့ စကားဝှက် အပေါ်မူတည်ပြီး “ ဒါ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ” ဆိုတာကို သက်ဆိုင်ရာ စနစ်က သတ်မှတ် ဆုံးဖြတ်သွားတာ ဖြစ်ပါတယ် ... သက်ဆိုင်တဲ့သူ အစစ်အမှန် ဖြစ်မဖြစ် ဆိုတာကို စကားဝှက်လေး တစ်ခုတည်းနဲ့ ဆုံးဖြတ်သွားတာမို့ စကားဝှက်တွေဟာ အတော်လေး အရေးကြီးတာ သိသာပါတယ် .... အမည်တွေကတော့ အခြားသူတွေလည်း ကိုယ့်ရဲ့ အမည်ကို သိနေကြတာမို့ စကားဝှက်လေး တစ်ခုတည်းပဲ ထိန်းနေတာ ဖြစ်ပါတယ် ... မှန်အောင်ထည့်သွင်းလိုက်နိုင်တာနဲ့ သက်ဆိုင်ရာ စနစ်ထဲကို ၀င်ရောက်သွားနိုင်တာကို " Log In " လို့ပြောကြတာပါပဲ ...
    မှတ်ချက် -
    စကားဝှက်တွေမှာ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အားနည်းချက်တွေ အများကြီးရှိနေတာ သိထားကြပေမယ့်လည်း လူတစ်လောက်ကို မမြင်တွေ့ရဘဲ အဲဒီသူ အမှန်ဖြစ်ကြောင်း စစ်ဆေးဖို့အတွက် နည်းလမ်းတစ်ခု အဖြစ် အခုထိ အသုံးပြုနေရဆဲပဲ ဖြစ်ပါတယ် ...
    တိုက်ခိုက်ခံရလျှင်
    အကယ်၍ ကျွန်တော်တို့ မဟုတ်တဲ့ အခြားသူတစ်ဦးက ကျွန်တော်တို့ရဲ့ စကားဝှက်ကို သိသွားပြီး စနစ်တစ်ခုထဲကို ကျွန်တော်တို့ ဟန်ဆောင်ပြီး ၀င်ရောက်သွားခဲ့မယ်ဆိုရင် အဲဒီသူ အနေနဲ့ အဲဒီစနစ်ထဲ (ဥပမာ - web site, ဘဏ်စာရင်း စသည်) မှာ ရှိနေတဲ့
    • ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိခွင့်ရသွားပါပြီ ...
    • ဒါဟာ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ လွတ်လပ်မှု (Privacy) ပျက်စီးသွားတာပဲ ဖြစ်ပါတယ် ...
    • ဆက်လက်ပြီး မဟုတ်တာတွေ၊ ရာဇ၀တ်မှုတွေကို ဆက်လုပ်သွားမယ်ဆိုရင်
    • ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသား (Identity) ဟာလည်း ပျက်စီးသွားရပြီ ဖြစ်ပါတယ် ...
    မှတ်ချက် -
    အင်တာနက်ထဲမှာ အလုပ်လုပ်နေတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုမှာ အသုံးပြုနေတဲ့ စကားဝှက်စနစ်တစ်ခု လုံခြုံဖို့ဆိုတာဟာ အဲဒီစနစ်ကို အသုံးပြုနေကြတဲ့ သူတွေရဲ့ “ လုံခြုံရေးဆိုင်ရာအသိများနဲ့ သတိထား လုပ်ဆောင်မှုများ ” အပေါ်မှာ အတော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ် ...
    စကားဝှက်များနှင့် ပတ်သက်၍ မှတ်သားထားသင့်သည့် အချက်များ
    1. အခုလို သတင်းနည်းပညာ ခေတ်ထဲမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသား (Identity) နဲ့ တကိုယ်ရေ လွတ်လပ်မှု (Privacy) တွေကို အကာအကွယ် ပေးနိုင်ဖို့ ဆိုတာဟာ စကားဝှက်တွေရဲ့ အကြောင်းကို ကောင်းစွာ သိရှိနားလည် အသုံးချနိုင်မှုအပေါ် များစွာ မူတည်ပါတယ် ...
    2. အင်အားကောင်းတဲ့၊ ခိုင်မာတဲ့၊ အလွယ်တကူ သူတပါး မခန့်မှန်းနိုင်တဲ့ စကားဝှက်တွေကို မသုံးတဲ့သူ၊ သုံးတဲ့ အလေ့အကျင့် မရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး တိုက်ခိုက်နေသလို ဖြစ်နေမှာပါပဲ ...
    3. တကယ်လို့ ကိုယ့်မှာ မှတ်သားရမယ့် စကားဝှက်တွေ သိပ်များနေတယ်ဆိုရင်တော့ စကားဝှက်သိမ်းပေးတဲ့ ဆော့ဖ်ဝဲတွေကို သုံးနိုင်ပါတယ် ...
    4. တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တွေ့ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ကြိုတင်ကာကွယ်ချင်တယ် ဆိုရင်တော့ အင်အားကောင်းတဲ့ စကားဝှက်တွေကို ဖန်တီး အသုံးပြုတဲ့ အလေ့အကျင့်ကောင်းလေးတွေကို လိုက်နာ အသုံးပြုရမှာ ဖြစ်ပါတယ် ...
    ဆက်နွယ်နေသော အခြား အကြောင်းအရာများ -
    - ကျွန်တော်တို့ ရဲ့ စကားဝှက် (၁) - Our Passwords (1)
    - လူမှုအင်ဂျင်နီယာ Social Engineering
    - XSS, အင်တာနက် လုံခြုံရေး Internet Security - (စာညွှန်းများ)
    REF-
    -http://web.mit.edu/net-security/www/pw.html
    -http://www.umich.edu/~policies/pw-security.html
    -http://www-cgi.cs.cmu.edu/~help/security/pass_sec.html
    -http://en.wikipedia.org/wiki/Trojan_horse_(computing)
    -http://en.wikipedia.org/wiki/reset
    Aug 6, 2007
    ကျွန်တော် သိသမျှ Google - Hacking RapidShare via Google
    အင်တာနက်ထဲက နာမည်ကျော် ဖိုင်သိမ်းဆည်းရေး ၀က်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ RapidShare ဟာ 140 Gbps အမြန်နှုန်းအင်တာနက် အဆက်အသွယ်ရှိပြီး သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏ 3.5 PB ( “ ပီတာဘိုက် ” ) ရှိပါတယ်... ၀ယ်သုံးတဲ့ သူတွေအတွက် ပေးထားတဲ့ ၀န်ဆောင်မှု တွေကလည်း အများကြီးပါပဲ ...
    ဒီလောက်ခက်နေရတာတောင်မှ ဘာဖြစ်လို့ သုံးချင်နေရသေးတာလည်းဆိုပြီး မေးလာ စရာရှိပါတယ် ... အကြောင်းကတော့ RapidShare ထဲမှာ ဖိုင်အမျိုးအစားပေါင်းစုံ နောက်ဆုံးပေါ် ဆော့ဖ်ဝဲပေါင်းစုံကို တင်ထား၊ ဝေမျှထားကြလို့ပါပဲ ...
    အခုတော့ ကျွန်တော်တို့ မိတ်ဆွေ Google အကူအညီနဲ့ RapidShare ကို လှည့်စားနိုင်ပါပြီ ... ;;)
    RapidShare မှာ ကျွန်တော်တို့လိုချင်တဲ့ ဆော့ဖ်ဝဲ၊ အီးဘွတ်ခ်၊ သီချင်း အစရှိတဲ့ အရာတစ်ခုခုကို လိုချင်ရင် Google ကို အသုံးချပြီး အခုလိုလုပ်သွားလို့ ရပါတယ် ...
    1. +inurl:KEYWORD site:rapidshare.com FILETYPE တို့ဖြင့် လိုချင်သည့် ဖိုင် ရှိမရှိ နှင့် ဖိုင်၏တည်နေရာကို ရှာဖွေခြင်း
    2. လိုအပ်ချက်နှင့် ကိုက်ညီသော Download Link များကို စုဆောင်းမှတ်သားခြင်း
    3. +inurl:nph-proxy.cgi ဖြင့် Web-Based Proxy များကို ရှာဖွေခြင်း။
    4. www.~~~~.../~~~/~/cgi-proxy/ , www.~~~~.../~~~/~/nph.cgi-proxy/ စသည့် Web-based Proxy များကို စုဆောင်းမှတ်သားခြင်း
    5. မိမိ၏ အင်တာနက်ကြည့် ဆော့ဖ်ဝဲမှတဆင့် Web-based Proxy တစ်ခုအတွင်းသို့ ၀င်ရောက်ခြင်း
    6. Web-based proxy မှပေးသော လိပ်စာရိုက်ထဲ့ရမည့်နေရာတွင် အဆင့်(၂)မှ စုဆောင်းထားခဲ့သော Download Link များအနက်မှ တစ်ခုကို ထည့်သွင်းခြင်း
    7. RapidShare မှ Free User အတွက် ပေးသော Download Link အဆင်သင့်ရှိပါက Download လုပ်ခြင်း
    8. မရှိပါက အဆင့် (၅) သို့ပြန်သွားပြီး (အဆင့် (၄) တွင် စုဆောင်းထားခဲ့သော Web-based Proxy များအနက်မှ ) Proxy အသစ်တစ်ခုကို ပြန်လည်ထည့်သွင်းကာ ဒေါင်းလုဒ်လင့်ခ် ပြန်လည်ထည့်သွင်းခြင်း
    9. Download ခွင့်ပြုသည့် အခါ Save As ဖြင့် သိမ်းဆည်းခြင်း။
    10. အဆင့် (၈) (၉) အတိုင်း မိမိအလိုရှိသမျှ အကြိမ်ကြိမ် ပြန်လည် ဆောင်ရွက်ခြင်း ...
    ဒီမှာ အဓိက ကျတဲ့ အချက်က RapidShare က ကျွန်တော်တို့ကို မသိအောင် ... သူ့ဘက်ကနေ မြင်နေရတဲ့ Proxy ကို လှည့်စား လိုက်တာပဲ ဖြစ်ပါတယ် (အဆင့် - ၅) ... တစ်ဆင့်ခြင်း အသေးစိတ်ကို သိချင်သေးတယ် ဆိုရင်တော့ အောက်မှာ ဆက်ပြီး ဆွေးနွေးထားပါတယ် ... အကြံကောင်းဥာဏ်ကောင်းလေးများ ရှိခဲ့ရင်လည်း ရေးပေးခဲ့ကြပါ ....
    1. မိမိလိုချင်တဲ့ဖိုင်တစ်ခု RapidShare မှာ ရှိမရှိ သိချင်ရင်-
    (ဥပမာ - စာအုပ်ခေါင်းစဉ်မှာ network နဲ့ security ပါတာမျိုး/ PDF,CHM,DOC ဖိုင်တွေအနေနဲ့ rapidshare.com မှာ ရှိမရှိ သိချင်ရှာချင်ရင် -)
    +inurl:network security site:rapidshare.com (pdf|chm|doc) ကို Google ရဲ့ Search မှာ ထည့်ရှာပေးလိုက်ရပါမယ် -
    သတိထားရမှာက +inurl: နဲ့ network တို့ကြားမှာ နေရာလွတ်မရှိစေဖို့ ပါပဲ ... ထို့အတူပဲ site: နဲ့ rapidshare.com တို့ကြားမှာလည်း နေရာလွတ်မရှိရပါဘူး
    ကိုယ်ရှာချင်တဲ့ စကားလုံးတွေ/ နေရာတွေကို အခုလို သေသေချာချာ ကပ်ရထားမှာ ဖြစ်ပါတယ် ...
    ကျွန်တော်ရှာတာ အခုလို အဖြေထွက်လာပါတယ် -
    Results 1 - 6 of 6 from rapidshare.com for +inurl:network security (pdf|chm|doc). (0.24 seconds)
    ပေါ်လာတဲ့ အဖြေတွေထဲမှာ
    - ကျွန်တော်တို့ရှာနေတဲ့ စကားလုံးတွေကို အနက်ရောင်နဲ့ ရေးပြထားတာ တွေ့ရမှာပါ
    - စာလုံးအကြီးနဲ့ မျဉ်းတားပေးထားတဲ့ နေရာကို နှိပ်လိုက်မယ်ဆိုရင် အဲဒီနေရာတွေကို ရောက်သွားမှာ ဖြစ်ပါတယ် -
    - အောက်ဘက်က အစိမ်းရောင်စာသားတွေကတော့ Rapid Share ဆီက User Folder တွေဖြစ်ပါတယ် အဲဒါလေးတွေကို ကူးထားလိုက် ရမှာ ဖြစ်ပါတယ် .
    - ဥပမာ - rapidshare.com/users/SE6SA9 ,
    2.ကူးထားတဲ့ - www.rapidshare.com/users/CP2X8H, rapidshare.com/users/SE6SA9 စတာ တွေကို အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Address bar ထဲ တစ်ခုချင်းစီ ထည်.ကြည့်ပါ, firefox နဲ့ဆို Tab တစ်ခုချင်းစီထဲမှာ ဖွင့်ကြည့်သွားလို့ရတယ်လေ ... အခုဆိုရင် ကျွန်တော်တို့ဟာ Rapidshre.com ရဲ့ User Folder တွေကို ၀င်ကြည့်နေပါပြီ ... အထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာ၊ ခေါင်းစဉ်ကို Right click - Copy Link Location(firefox), Copy Shortcut (IE) နဲ့ ကူးထားရပါမယ်
    ဥပမာ - www.rapidshare.com/users/CP2X8H ထဲက “Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR” ဆိုတာကို တွေ့ရပါမယ် ..
    အဲဒါလေးကို Right click လုပ်ပြီး ပေါ်လာတဲ့ shortcut menu ထဲက " Copy Link Location " ကို နှိပ်ပြီး အဲဒီဖိုင်အတွက် Download link ကို ကူးလိုက်ပါ ... ပြီးတာနဲ့ notepad ပရိုဂရမ်လေးဖွင့်ပြီး Paste လုပ် သိမ်းထားလိုက်ပါ ... ဆက်ကြည့်သွားရင်းနဲ့ နောက်ထပ် လိုချင်စရာတွေ ပေါ်လာမှာပါပဲ ... အခုလိုပဲ ကူး/သိမ်း သွားလို့ ရပါတယ် ..
    ဥပမာ - -http://rapidshare.com/files/14484043/Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR
    3. အခု Web-based Proxy တွေရဲ့ လိပ်စာတွေ ရှာပါမယ် -
    ဒီစာကြောင်းလေးကို Google မှာ ထည့်ရှာပေးရမှာ ဖြစ်ပါတယ် ...
    +inurl:nph-proxy.cgi နေရာလွတ်တွေ မကျန်စေဖို့ သတိထားပါ
    Google ကပြန်ပေးလာတဲ့ အဖြေတွေထဲက www.----.--/---/nph-proxy.cgi/ သို့မဟုတ် www.----.--/---/cgi-proxy အဲဒီလို အစိမ်းရောင် စာလုံးလေးတွေကို ရသလောက် ကူးပြီး သိမ်းထားလိုက်ပါ များလေ Rapidshare ကို လှည့်စားနိုင်လေပါဘဲ ... :P
    ဥပမာ -
    www.proxygalaxy.com/nph-proxy.cgi
    , www.boyscorp.com/prx/nph-proxy.cgi/ , www.freeproxy.ru/en/free_proxy/cgi-proxy.htm,
    4.ရလာတဲ့ Web-proxy တွေထဲက တစ်ခုကို ကူးပြီး အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Address bar မှာ ရိုက်ထဲ့လိုက်ပါပြီ -
    ဥပမာ - www.proxygalaxy.com/nph-proxy.cgi , ဒီအခါမှာ ဆော့ဖ်ဝဲက -http://www.proxygalaxy.com/nph-proxy.cgi ဆိုပြီးပြောင်းပေးသွားပါလိမ့်မယ် အောက်ဘက်မှာလည်း URL ဆိုပြီး စာလုံးကြီးနဲ့ နေရာတစ်ခု ပေးထားတာ တွေ့ရပါမယ် ... အဲဒီအထဲကို အဆင့် - ၂ မှာ ရှာပြီး သိမ်းထားတဲ့ လိပ်စာတစ်ခု ထည့်ပေးလိုက်ပါပြီ ...
    ဥပမာ - URL -http://rapidshare.com/files/14484043/Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR ထဲ့လိုက်ပါတယ်
    ပြီးတာနဲ့ Enter နှိပ်လိုက်ရင် rapidshare ထဲကို ရောက်သွားမှာပါ
    ကျန်တာတွေကတော့ rapidshare မှာ free download လုပ်နေကြ အတိုင်းပါဘဲ ...
    အပေါ်က အဆင့်တွေမှာရေးပြထားခဲ့ သလိုပဲ free limit တွေကျော်သွားတိုင်း web-proxy လေးတွေ ပြောင်းပြောင်း သွားမယ်ဆိုရင် rapidshare လည်း မခံနိုင်ပါဘူး .. :D
    စမ်းကြည့်လိုက်ကြပါဦး အဆင်မပြေရင် CBOX ကနေ အော်ခဲ့ကြပါ အကျိုးအကြောင်း အဆိုးအကောင်းလေးတွေ ရေးပေးသွားစေချင်ပါတယ် proxy ပြောင်းနည်းကတော့ အရှင် ဖြစ်အောင် လုပ်ထားတာပါ တစ်ခုတည်းဆိုလည်း မလွယ်ဘူးလေ
    ဒီထက် ပိုကောင်းတဲ့ အကြံဥာဏ်များလည်း ဖိတ်ခေါ်ပါတယ် ....
    သူငယ်ချင်း ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ ...
    Aug 5, 2007
    ကျွန်တော် သိသမျှ Google - GTalk Gadget
    ဒီနေ့မနက် ကွန်ပျုတာဖွင့်လိုက်တော့ GTalk က တက်မလာတော့ပါဘူး ...
    အဲဒါနဲ့ နည်းပေါင်းစုံနဲ့ လျောက်စမ်းတာ ဘယ်လိုမှ အဆင်မပြေတော့ ...
    လူက အတော်လေး ညစ်လာတယ် ... အဲဒါနဲ့ နောက်ဆုံးမှာ -
    Google ထဲဝင်ပြီး ထုံးစံအတိုင်း ရိုက်ထည့်လိုက်တာပေါ့ ... GTalk ဆိုပြီးတော့လေ ....
    ပေါ်လာတာတွေထဲက Google ရဲ့ Help မှာ Gtalk နဲ့ ပတ်သက်တာတွေ ရှာဖတ်ကြည့်လိုက်တော့ GTalk ပရိုဂရမ်ကို သုံးစရာ မလိုဘဲ အင်တာနက် သုံးလို့ရနေတာနဲ့ GTalk ပြောလို့ရတဲ့ နည်းတွေ ရလာပါတယ် ....
    GTalk Gadget ဆိုတဲ့ ဟာလေးတွေ သွားတွေ့လိုက်တယ် ...
    “ Gadget ”လေးတွေက အမျိုးစုံ၊ အများကြီးရှိပြီး
    ကိုယ်ပိုင် ဘလော့ခ် တွေ၊ အင်တာနက် စာမျက်နှာတွေမှာ အလွယ်တကူ ထည့်သွင်းလို့ရတယ်လေ ...
    အဲဒီအတွက်လည်း ဘာပရိုဂရမ်ဘာသာ စကားကိုမှလည်း တတ်စရာမလိုပါဘူး ..
    လိုချင်တာလေးရွေးပြီး ကိုယ်ထည့်ချင်တဲ့ ဘလော့ခ် တွေ၊ အင်တာနက် စာမျက်နှာတွေမှာ ထည့်လိုက်ရုံပါဘဲ ...
    တချို့သူငယ်ချင်းတွေက အင်တာနက်တော့ သုံးလို့ရနေတယ် Gtalk ကို ဖွင့်လို့မရဘူးတဲ့ ..
    သူတို့တွေက GMail ကနေ Chat ကြတယ်လေ ..
    ကျွန်တော်ကတော့ တခြားနည်းတွေများရှိဦးမလားဆိုပြီး ရှာကြည့်လို့ တွေ့သွားတာပါ ...
    အခု ဆိုရင် ကျွန်တော့ ဘလော့ ဘယ်ဘက်ခြမ်းက
    . . ပြောချင်တာလေးများရှိရင် . . အောက်မှာ Online Gtalk ဆိုပြီး ထည့်ထားပြီးပါပြီ ...
    အဲဒီနေရာလေးကို နှိပ်လိုက်တာနဲ့
    နောက်ထပ် ၀င်းဒိုး အသေးလေးတစ်ခု ပေါ်လာပြီး GTalk တက်လာမှာပါ ...
    GMail Account ရှိတဲ့ ဘယ်သူမဆို Sign In လုပ်ပြီး သုံးလို့ ရပါတယ် ....
    ဘလော့ခ်မှာ ထည့်ထားတာမဟုတ်ဘဲ အခုလို သီးခြားဖြစ်နေတဲ့ အတွက် ကျွန်တော့် ဘလော့ခ်ကို ၀င်လာစရာမလိုဘဲ သုံးလို့ ရသလို ပြန်ထွက်သွားတဲ့ အခါမှာလဲ ကျန်နေခဲ့မှာဖြစ်ပါတယ် ....
    GTalk ပရိုဂရမ်နဲ့ တူတာတွေရှိသလို မတူတာတွေလည်း ရှိပါတယ် ...
    သူ့ထဲမှာ Smiles လေးတွေလည်း တစ်ခါတည်းထဲ့ထား ပေးတာ တွေ့ရမယ် ...
    သူငယ်ချင်းတွေ အများကြီးနဲ့ တပြိုင်တည်း အုပ်စုဖွဲ့ပြီး Group Chat လုပ်လို့လဲ ရပါတယ် ..
    Sing Out လုပ်မယ်ဆိုလည်း လွယ်ပါတယ် ...
    တြိဂံ ပြောင်းပြန်ပုံလေးကို နှိပ်လိုက်ရင် Sing out of Chat ဆိုတာလေး တွေ့ရမှာပါ ... နှိပ်လိုက်ရုံပါဘဲ..
    နောက်ထပ် အလွယ်ဆုံးနည်းကတော့ GTalk အတွက် သုံးနေတဲ့ ၀င်းဒိုးလေးကို ပိတ်လိုက်ရုံဘဲ ဖြစ်ပါတယ် ...
    GTalk Gadget ရဲ့ အကောင်းဆုံးအချက် ကတော့ အင်တာနက် သုံးလို့ရနေတာနဲ့ ဘာ ဆော့ဖ်ဝဲကိုမှ မလိုဘဲ GTalk လို့ရတာပါဘဲ ...
    စမ်းသွားကြပါဦး ...
    အကြံဥာဏ်လေးတွေလဲ ဒီကနေပြောလို့ရပါတယ် ဆိုတဲ့ နေရာကို နှိပ်ပြီး ပေါ်လာတဲ့ CBOX ကနေ ပြောသွားလို့ ရပါတယ် ...
    Aug 2, 2007
    ကျွန်တော်တို့ ရဲ့ စကားဝှက် (၁)- Our Passwords (1)
    အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
    • ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
    • စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
    ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
    • အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
    • အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
    • User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
    • တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
    • အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
    တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...
    အားနည်းသော စကားဝှက်များ
    အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
    1. အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း ...
      • ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
      • အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
      • စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
      • သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
    2. အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
    3. User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
    4. တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
    5. ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
    6. စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
    7. လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
    8. မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
    စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
    အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
    1. စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
    2. မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
    3. ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
    4. (အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
    5. စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
    6. စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
    မှတ်ချက် -
    • စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
    • စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
    အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
    အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
    1. အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
      • ကိန်းဂဏန်းများ (0..9)
      • စာလုံးများ (a..z..A...Z)
      • ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
      • Control Character (^s, Ctrl-s စသည်)
    2. ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
      - ဥပမာ - Man may come and man may go, But I go on forever,
      - => MMCAMMGBIGOF => M2C@M2GBIG0F
      - တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
    3. မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
    ဆောင်ရွက်ရမည့် အလေ့အကျင့်များ
    လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
    1. စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
    2. စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
    3. ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
    4. နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
    5. အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
      • မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
      • စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
      • လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
    6. မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
    7. စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
    8. မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
    9. ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
    10. လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်း
    ဆက်နွယ်နေသော အခြား အကြောင်းအရာများ -
    - ကျွန်တော်တို့ ရဲ့ စကားဝှက် (၂) - Our Passwords (2)
    - XSS, အင်တာနက် လုံခြုံရေး Internet Security - (စာညွှန်းများ)
    REF-
    -http://web.mit.edu/net-security/www/pw.html
    -http://www.umich.edu/~policies/pw-security.html
    -http://www-cgi.cs.cmu.edu/~help/security/pass_sec.html
    -http://en.wikipedia.org/wiki/Trojan_horse_(computing)
    -http://en.wikipedia.org/wiki/reset
    Aug 1, 2007
    ကျွန်တော် သိသမျှ Google - File Hosting Site များသို့ အတွင်းကျကျ ၀င်ကြည့်ခြင်း
    အင်တာနက်ထဲက
    တစ်ချို့နေရာတွေမှာ ပိုက်ဆံပေးပြီး ၀ယ်နေရတဲ့ အရာတွေကို
    တချို့နေရာတွေမှာ ပေးစရာမလိုဘဲ နည်းနည်းအားစိုက်လိုက်တာနဲ့ ရနိုင်တဲ့နေရာတွေ ရှိနေပါတယ် :P
    အချိန်နည်းနည်းပေးနိုင်မယ်...
    ရှာဖွေနည်းလေးတွေလည်း သိမယ်ဆိုရင် အတော်များများကို ၀ယ်စရာမလိုဘဲ ရနိုင်ပါတယ် ... အတော်များများနော် အားလုံးတော့ မဟုတ်ပါဘူး ...
    အဲဒီလိုလုပ်ဖို့ ကျွန်တော်ကတော့ Google ကိုပဲ သုံးပြီး ရှာပါတယ် ....
    အခုလို ပုံသေနည်းလေးအနေနဲ့ လုပ်ထားပြီး ရှာတာပါ ... (အပြည့်အစုံသိချင်ရင်တော့ Google Help မှာ ဖတ်နိုင်ပါတယ်)
    inurl:KEYWORD site:FILEHOSTING SITE TYPE
    ဒီနေရာမှာ-
    • inurl: ဆိုတာက “ အင်တာနက် လိပ်စာ တစ်ခုခု အတွင်းက ” - လို့ ပြောချင်တာပါ ..
    • site: ကတော့ အထက်က အင်တာနက်လိပ်စာတွေ ရည်ညွှန်းထားတဲ့ စကားလုံးပါ ..
    • +/- လိုအပ်သလို ရှေ့က ထည့်ပြီးဖြစ်စေ မထည့်ဘဲဖြစ်စေ ရှာနိုင်ပါတယ် +inurl:, -inurl:, inurl: စသည်ဖြင့်ပေါ့ ...
    • KEYWORD = ရှာလိုသောအရာ(အမည် တပိုင်းတစ) - Adobe, Macromedia, Flash, Windows, net, network, "Ma Ma", love, .. စသည် .. စသည် ...
    • FILEHOSTING SITE = အင်တာနက်ရှိ ဖိုင်များသိမ်းပေးသောနေရာများ - RapidShare.com, mediafire.com, sendspace.com, esnips.com, imeem.com, multiply.com, zorpia.com, ... စသည် (ကျွန်တော် သိသလောက် နေရာလေးတွေပါ ... )
    • TYPE = အမျိုးအစား - pdf, txt, ppt, pps, doc, mp3, wmv, wav, rtf, xls, swf စသည့် Google မှ တရားဝင်ကြေညာထားသော အမျိုးအစားများ၊ chm, zip, rar, dat, vob, mov, mpg, avi စသည့် အခြား အမျိုးအစားများ ဖြစ်ပါတယ် ...
    အခု အောက်မှာ နမူနာ စာကြောင်းလေးတွေ ပုံလေးတွေနဲ့ ရှာပြထားပါတယ် ...
    ရောင်းရင်းတို့လည်း အခုဖတ်နေရင်း လက်တွေ့ ရှာကြည့်ကြပါ ... လွယ်ပါတယ် ပျော်ဖို့လည်းကောင်းပါတယ် ...
    ကဲ ယခု KEYWORD=Adobe FILEHOSTING SITE = mediafire.com TYPE=zip ဆိုပြီးရေးပြထားတဲ့ စာကြောင်းကို Google မှာ ကူးထည့်ပြီး ရှာကြည့်ကြပါစို့ .....
    အပေါင်း အနှုတ် သင်္ကေတ တွေကိုလည်း ထည့်ပြထားပါတယ် အဖြေတွေ မတူတာ တွေ့မှာပါ ...
    ကျွန်တော် ရှာလို့တွေ့တာတွေကို Google ကဖော်ပြပေးတဲ့အတိုင်း ပြပေးထားပါတယ် ...
    -inurl:Adobe site:mediafire.com zip
    Results 1 - 100 of about 15,000 from mediafire.com for -inurl:Adobe zip. (0.26 seconds)
    inurl:Adobe site:mediafire.com zip
    Your search - inurl:Adobe site:mediafire.com zip - did not match any documents.
    +inurl:Adobe site:mediafire.com zip
    Results 1 - 1 of 1 from mediafire.com for +inurl:Adobe zip. (0.08 seconds)
    ဆက်လက်ပြီး အခြားသော KEYWORD , FILE HOSTING SITE နဲ့ TYPE တွေ အမျိုးမျိုးပြောင်းပြီး အောက်မှာ ရှာပြထားပါသေးတယ် .... စမ်းကြည့် ကြပါဦး ....
    • +inurl:2007 site:imeem.com wmv
    • Results 1 - 100 of about 648 from imeem.com for +inurl:2007 wmv. (0.42 seconds)
    • +inurl:2007 site:imeem.com mp3
    • Results 1 - 100 of about 3,300,000 from imeem.com for +inurl:2007 mp3. (0.42 seconds)
    • +inurl:mp3 site:mediafire.com zip
    • 25 results
    • +inurl:love site:mediafire.com zip
    • 23 results
    • +inurl:book site:mediafire.com zip
    • 5 results
    • +inurl:ebook site:mediafire.com zip
    • 3 results
    • +inurl:pdf site:mediafire.com zip 3
    • Results 1 - 100 of about 1,870 from mediafire.com for +inurl:pdf pdf. (0.29 seconds)
    • +inurl:ebook site:mediafire.com pdf 7 Results
    • 1 - 7 of 7 from mediafire.com for +inurl:ebook pdf. (0.17 seconds)
    • +inurl:2007 site:mediafire.com pdf
    • 1880 Results 1 - 100 of about 1,880 from mediafire.com for +inurl:2007 pdf. (0.26 seconds)
    • +inurl:2006 site:mediafire.com chm 3 Results
    • 1 - 3 of 3 from mediafire.com for +inurl:2006 chm. (0.10 seconds)
    • +inurl:"Ye Lay" site:multiply.com mp3
    • Results 1 - 3 of 3 from multiply.com for +inurl:"Ye Lay" mp3. (0.22 seconds)
    • +inurl:"Moe Hay Ko" site:multiply.com jpg
    • +inurl:"Moe Hay Ko" jpg
    • +inurl:network site:esnips.com (pdf|zip|chm)
    • Results 1 - 100 of about 332 from esnips.com for +inurl:network (pdf|zip|chm). (0.31 seconds)
    inurl: site: နဲ့ +/- တွေကို စိတ်ကြိုက် ပေါင်းစပ်ပြီး ရှာဖွေကြည့်လို့ ရပါတယ် ....
    ပျော်စရာကောင်းတဲ့ အဖြေတွေ ထွက်လာမှာပါ ....
    နောက်ထပ် ဆက်ပြီးဝေမျှချင်တာတွေ အများကြီးကျန်နေပါသေးတယ် ....
    REF-
    -http://www.google.com/help/operators.html
    -http://www.google.com/help/features.html
    -http://sharingtofrds.blogspot.com/2007/06/google-google.html - blog post