ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Aug 16, 2007

Firefox Add-ons & Plug-ins (2)


DOM Inspector
DOM Inspector ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲ မီးမြေခွေး (Firefox) ရဲ့ Add-ons တစ်ခု ဖြစ်ပါတယ်... အတိုကောက် DOMi လို့ ခေါ်ကြပါတယ်

DOM
(Document Object Model) အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ
ထည့်သွင်းမယ့် အရာဝတ္တုတွေကို ဘယ်လို နေရာ ချထားမလဲဆိုတဲ့ သတ်မှတ်ချက်များ
Source-http://www.metromemetics.com/thelexicon/d.asp
DOMi ကို ဘာအတွက် အသုံးပြုလို့ရသလဲ ဆိုရင် အင်တာနက် စာမျက်နှာတစ်ခု ရဲ့ နောက်ဘက် ကျွန်တော်တို့ မမြင်ရတဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ကြည့်ချင် မြင်ချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ် ... ဒါတင်မကသေးပါဘူး ကိုယ်တစ်ခါမှ မကြည့်ဖူးသေးတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကို ဒီအတိုင်းသွားကြည့်ဖို့ ၀န်လေး နေတယ်၊ အထဲမှာ ဘယ်လို အကြောင်း အရာတွေပါနေတယ် ဆိုတာသိချင်ရင်လည်း အဲဒီ ပရိုဂရမ်ရဲ့ File --> Inspect a URL ... ကနေတစ်ဆင့် သိချင်တဲ့ အင်တာနက် လိပ်စာလေးကို ထည့်လိုက်ရုံပါပဲ.. အဲဒီအခါမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ လိပ်စာဟာ DOMi ရဲ့ ကိုယ်ပိုင် Window ထဲက Window အသေးလေးတစ်ခု အနေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..

DOM တစ်ခုအတွင်းမှာ ပါနေတဲ့ အကြောင်းအရာတွေကို Tree Structure အဖြစ်နဲ့ ကြည့်လို့ရပါတယ် ... ပိုရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကွန်ပျုတာထဲက ဖိုလ်ဒါ (Folder) တစ်ခုကို Right Click -> Explore ဆိုပြီးကြည့်တဲ့ အခါ မြင်ရတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ .. သက်ဆိုင်ရာ Node လေးတွေ (အပေါင်း+/အနှုတ် - လက္ခဏာနဲ့ မြင်တွေ့ ရပါတယ်) ကို ကလစ်လုပ်တဲ့ အခါတိုင်း အောက်ဘက်ခြမ်းက သက်ဆိုင်ရာနေရာမှာ အနီရောင် လေးထောင့်ကွက်နဲ့ မှိတ်ချီလင်းချီ ၃ ကြိမ်ပြနေမှာ ဖြစ်ပါတယ် ...
ဒါတင်မကသေးပါဘူး Box Model, XBL bindings, CSS style rules, Computed styles နဲ့ JavaScript Objects တွေအဖြစ်နဲ့ လည်းရွေးချယ် ကြည့်ရှုနိုင်ပါသေးတယ် ..
သူများတွေ ဘာလုပ်ထားသလဲ ကိုယ်လုပ်ထားတာတွေကရော ဘယ်လိုလဲ အားလုံးကို တစ်ပိုင်းစီ စိတ်ကြိုက် ပြန်လေ့လာလို့ရပါတယ် ... အောက်မှာ ကျွန်တော့် ဘလော့ခ်ကို DOMi ထဲမှာ ပြန်ပြီး မွှေကြည့်ထားတဲ့ ပုံလေးကို ကြည့်လို့ရပါတယ် ... ပုံရဲ့ အချို့နေရာလေးတွေမှာ အညွှန်းလေးတွေပါ ထည့်ပေးထား ပါသေးတယ် ...
Firefox-https://addons.mozilla.org/firefox/addon/1806

ဆက်လက် ဖော်ပြပါမည် ...
REF-
-http://www.mozilla.org/projects/inspector/faq.html
-http://www.mozilla.org/projects/inspector/
-http://en.wikipedia.org/wiki/DOM_Inspector
-http://en.wikipedia.org/wiki/Document_Object_Model
Can Learn How to Use DOMi More Detail at:
-http://developer.mozilla.org/en/docs/Introduction_to_DOM_Inspector