ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jul 7, 2009

“အရှင် ကောဝိဒ” ၏ မွေးနေ့ပွဲ


စစ်ကိုင်းတောင်တွင် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် အခမဲ့ ကွန်ပျူတာ သင်တန်းများကို ဦးဆောင်ဖွင့်လှစ် သင်ကြားပေးနေသည့် “အရှင် ကောဝိဒ” ၏ မွေးနေ့ပွဲကို “၉-၇-၂၀၀၉” တွင် “စစ်ကိုင်း” မြို့၌ ကျင်းပမည် ဖြစ်ပါသည်။
မွေးနေ့တွင် စစ်ကိုင်းတောင်တွင် ဆွမ်းခံကြွသော သံဃာတော် အပါး ၂၀၀ အား ဆွမ်းဆက်ကပ်လှူဒါန်းမည် Multiply မှ ဦးပဇင်း၏ ဒါယကာ၊ ဒါယိကာမများနှင့်လည်း တွေ့ဆုံပွဲတစ်ခု ပြုလုပ်လိုပါသဖြင့် မည်သူမဆို လာရောက်နိုင်ကြောင်း - ကိုလည်း အရှင်ကောဝိဒမှ ဖိတ်ကြားထားပါသည်။
ဦးပဇင်း၏ ကွန်ပျူတာပညာဒါန သင်တန်းများသည် - ဦးပဇင်း၏ အားသွန်ခွန်စိုက် ဦးစီးဆောင်ရွက်မှု၊ ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ ပညာဒါန ပြုသူများ၏ ၀ိုင်းဝန်းကြိုးပန်းမှုဖြင့် ယခုအခါ အမှတ်စဉ် (၃) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ရည်ညွှန်း
http://kovida.multiply.com/journal/item/103