ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label ကျွန်တော်နှင့် အီလက်ထရောနစ်. Show all posts
Showing posts with label ကျွန်တော်နှင့် အီလက်ထရောနစ်. Show all posts

Sep 2, 2007

အီးဘွတ်ခ် - ဒီဂျစ်တယ် အခြေခံများ


"ဒီဂျစ်တယ် အခြေခံများ" ဆိုတဲ့ "သောမတ်စ် အယ်လ် ဖလွိုက်" ရေးထားတဲ့ စာအုပ်ကို မှတ်စုပြန်ထုတ်ထားတဲ့ ပါဝါပွိုင့် ဖိုင်များဖြစ်ပါတယ်..
ရှစ်ကြိမ်မြောက် ထုတ်ဝေတဲ့ စာအုပ် ဖြစ်ပါတယ်...
ဒီဘာသာရပ်ဟာ အီလက်ထရောနစ် ကျောင်းသားတွေနဲ့ အိုင်တီကျောင်းသားတွေ မလွဲမသွေ လေ့လာ သင်ယူကြရတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်...
ဖိုင်တွေကိုတော့ "တိုင်ဝမ် - ယွန်ဇီ တက္ကသိုလ်" ကနေ ယူပြီး ပြန်တင်ထားတာ ဖြစ်ပါတယ်...
အခန်းပေါင်း (၁၅)ခန်း၊ ဆလိုက်ပေါင်း ၁၂၉၉+၃၇ ခု ပါရှိပါတယ်....
အဲဒီကျောင်းမှာ ရက်သတ္တပတ် (၁၆) ပတ်၊ ဆီမက်စတာ (၂) ခု သင်တဲ့ ဘာသာရပ် တစ်ခုလည်း ဖြစ်ပါတယ်...

အချက်အလက်များ - ဇစ်ဖိုင် ၊၄၉ မီဂါဘိုက်၊ ရယူရန်

Thanks for my great friend: Google for this post. ;) =)) ...

Aug 24, 2007

eBook:Electronic Devices and Circuits


Theory & Problems of Electronic Devices & Circuits
အီလက်ထရောနစ်ကျောင်းသားတွေ ဘယ်လိုမှ ရှောင်လို့မရတဲ့ Electronic Device ဘာသာရပ် အတွက် စာအုပ်ဖြစ်ပါတယ်

  1. Theory & Problems of Electronic Devices & Circuits; 2nd Edition,
  2. Jimmy J.Cathey, Ph.D
  3. Professor of Electrical Engineering, Ui of Kentucky
  4. File info: PDF, 318 pages,
  5. Download: SEDCircuits 4.35MB, Zip file, (Accelerators OK)
ညီအကို မောင်နှမ သူငယ်ချင်းများအားလုံး
အခုထက်ပိုပြီး ပညာဗဟုသုတများ ရရှိ အသုံးချ နိုင်ကြပါစေဗျာ...

Aug 23, 2007

eBook:Electrical Engineering Collection (1)


အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ စာအုပ်တွေပါ...

ကျွန်တော်ကျောင်းတက်တုန်းက
ရည်ညွှန်းကိုးကားစရာ နောက်ဆုံးပေါ် စာအုပ်တွေ အတော် ရှားပါးတဲ့ အခြေအနေမျိုး၊
ကိုယ်က သိချင်ပေမယ့် ရှာဖတ်လို့မရတဲ့ အခြေ အနေမျိုး ကြုံခဲ့ ရတဲ့ အတွက်
အခုလို ရှာဖွေ စုဆောင်း တင်ပေးလိုက်တာ ဖြစ်ပါတယ် ...

  • Download တဲ့အခါအဆင်ပြေအောင် တိုက်ရိုက် (Hot linking) လုပ်နိုင်တဲ့ FileDen.com ကနေ တင်ထားပေးပါတယ် ...
  • Download Manager / Accelerator များလည်းသုံးနိုင်ပါတယ် ...
  • 1. Illustrated Dictionary of Electronics
  • STAN GIBILISCO - The Illustrate Dictionary of Electronics
  • 2001 ခုနှစ်ထုတ် 8 th Edition ဖြစ်ပါတယ်
  • အီလက်ထရောနစ် နဲ့ ဆိုင်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ပုံတွေနဲ့ ရှင်းလင်း ဖော်ပြပေးထားတဲ့ အဘိဓါန် ဖြစ်ပါတယ် ...
  • အရုပ်၊ အသံ၊ ကြိုးမဲ့ နဲ့ Consumer electronics ဘာသာရပ်တွေ အားလုံးအတွက် ထည့်သွင်း ဖော်ပြထားပါတယ် ...
  • Download [5022KB]

  • 2. Electrical Engineering Dictionary
    1. Electrical Engineering Dictionary. - by Ed. Phillip A. Laplante
    2. Boca Raton: CRC Press LLC, 2000
    3. PDF format - 751 pages
    4. Download [3MB]

    3. PLC for Beginners
    1. PLC Control & Programming for Beginners
    2. Total 9 Chapters & Appendix
    3. PDF file - 255 pages
    4. Download [3.41 MB]
    4. The Electrical Engineering Handbook (AP Series in Engineering)

    မြန်မာပြည်က အင်ဂျင်နီယာ တွေနဲ့ ကျောင်းသားတွေ အတွက်
    အတော်လေး အသုံးတည့်မယ့် စာအုပ်လေးတစ်အုပ်ပါ ...
  • Publisher: Academic Press (October 27, 2004)
  • Language: English
  • ISBN-10: 0121709604
  • ISBN-13: 978-0121709600
  • 1228 Pages , PDF file
  • Download EEHB.rar (12.36 MB)
    1. Mediafire link
    2. Fileden link
    3. Rapidshare link
    4. Sample Image

  • ဒီနေရာလေးကို နှိပ်ပြီးကြည့်လို့ရပါတယ် ...

    ညီအကို မောင်နှမ သူငယ်ချင်းများအားလုံး
    အခုထက်ပိုပြီး ပညာဗဟုသုတများ ရရှိ အသုံးချ နိုင်ကြပါစေဗျာ...

    Jun 6, 2007

    ပိုလီမာ အလင်းဖိုင်ဘာ

    ဆီးမင်းကုမ္ပဏီက သုတေသနပညာရှင်တွေဟာ ပိုလီမာ အလင်းဖိုင်ဘာ (Polymer optical fibre – POF) ကနေတဆင့် တစ်စက္ကန့်မှာ အချက်အလက်ပေါင်း 1 Gb (1073,741,824) ပမာဏကို ထုတ်လွှင့် ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ စက်ရုံတွေမှာရှိတဲ့ အလိုအလျောက်လုပ်ဆောင်မှုစနစ်တွေ၊ အလွယ်တကူတည်ဆောက် နိုင်တဲ့ အိမ်သုံး ပီစီ ကွန်ရက်တွေနဲ့ အဆင့်မြင့် တီဗီတွေ အပြင် မော်တော်ကားတွင်းက ကွန်ရက်တွေ အတွက် အခွင့်အလမ်း အသစ်တစ်ရပ် ပေါ်ထွက်လာခြင်းပါပဲ။

    ပိုလီမာ အလင်းဖိုင်ဘာ (Polymer optical fibre – POF) ကို အသုံးပြုမယ့်သူကိုတိုင် တပ်ဆင်အသုံးပြုနိုင်တယ် လို့ ပရောဂျက်မန်နေဂျာ Sebastian Randel ကပြောပါတယ်။ ဖန်သားကနေပြုလုပ်ထားတဲ့ အလင်းဖန်မျှင် (Opitcal fibre) လိုမဟုတ်ဘဲ၊ ပျော့ပျောင်းပြီး အလွယ်တကူဖြတ်တောက်နိုင် Connector တွေမှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    Randel ရဲ့ အဆိုအရ ဒီကေဘယ်လ်ဟာ 1 မီလီမီတာအထူ ရှိပြီး အလွယ်တကူမပြတ်တောက်နိုင်ပါဘူး။ ဖြတ်ချင်ရင်တော့ ဘလိတ်ဒါးနဲ့လည်းဖြတ်လို့ ရတယ်လို့ သိရပါတယ်။ ဒီကေဘယ်လ်ရဲ့ Transmission loss (ထုတ်လွှင့်နေစဉ် ဆုံးရှုံးသွားတဲ့အချက်အလက်ပမာဏ) ဟာ အလင်းဖန်မျှင်မှာထက် များနေသေးတဲ့အတွက် လောလောဆယ် မှာတော့ Fast Ethernet 100 Mbps အမြန်နှုန်းမှာပဲ ကောင်းကောင်းသုံးလို့ ရပါသေးတယ်။

    နှိုင်းယှဉ်ချက်များအရ ဖန်မျှင်ကြိုးဟာ အချက်အလက်အများအပြားကို အလွန်မြန်တဲ့နှုန်းနဲ့ သယ်ဆေင်နိုင်တယ်။ အပေါ်မှာ အကာအကွယ်တွေအုပ်ထားတဲ့အတွက် ပိုထူပါတယ်။ တကယ်လို့ အများကြီးကွေးလိုက်မယ်ဆိုရင် ပြတ်တောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ဖြတ်တောက်ခြင်း၊ connector များမှာ ချိတ်ဆက်ခြင်းများ လုပ်ဆောင်နိုင်ဖို့ အတွက် စိန်နဲ့ပြုလုပ်ထားတဲ့ ဖြတ်စက်တွေ လိုပါတယ်။

    POF ကတော့က ဈေးချိုတယ်။ အကြမ်းလဲခံတဲ့အတွက် အိမ်သုံးနဲ့ မော်တော်ယာဉ်အတွင်းမှာသုံးတဲ့ ကွန်ရက်ဆက်သွယ်မှု (Automotive Networking) မှာအသုံးတွင်ကျယ်လာနိုင်ပါတယ်။


    ဆီးမင်းကုမ္ပဏီက သုတေသနပညာရှင်တွေဟာ 100 မီတာအရှည်ရှိတဲ့ စမ်းသပ်ကွန်ရက်မှာ 1008Mbit/s အမြန်နှုံးနဲ့ တီဗွီထုတ်လွှင့်ခဲ့တာ အမှားအယွင်းမရှိ အောင်မြင်ခဲ့ပါတယ်။



    ဈေးသက်သာပြီး၊ အကြမ်းခံတဲ့ POF cable တွေ ကို စက်ရုံတွေ၊ မီးရထားတွေနဲ့ မော်တော်ကားအတွင်းပိုင်း ကွန်ရက်တွေမှာလည်း တွင်တွင်ကျယ်ကျယ်သုံးလာနိုင်မှာဖြစ်ပါတယ်…။

    ရည်ညွှန်း-
    http://www.techworld.com/networking/...gtype=samechan

    ညီအကိုမောင်နှမများအားလုံး ပညာဗဟုသုတနဲ့ ပြည့်ဝ၊ အသုံးချနိုင်ကြပါစေဗျာ...

    May 26, 2007

    ကျွန်တော်နှင့် အီလက်ထရောနစ်


    အမှန်အတိုင်းပြောရရင်တော့ ကျနော် အီလက်ထရောနစ်နဲ့ ကျောင်းပြီးခဲ့တာပါ..
    မရှက်တန်း ၀န်ခံရမယ်ဆိုရင်တော့ ဘာမှသိပ်မသိ၊ မတတ်ခဲ့ပါဘူး.. အဲဒီအချိန်က Computer ကိုဘဲ အသည်းအသန်လုပ်နေခဲ့ပြီး.. မေဂျာဘာသာမှာတော့ စာမေးပွဲအောင်ရုံလောက်ပဲ လုပ်ခဲ့ပါတယ်..

    ကျောင်းတုံးကမကြေညက်ခဲ့သော မေဂျာဘာသာတွေကို ပြန်လေ့လာမယ်လို့ စဉ်းစားတဲ့အချိန်မှာတော့ တော်တော်များများကို မေ့သွားပါပြီ၊ အဲဒါနဲ့ပဲ ထုံးစံအတိုင်း အင်တာနက်ထဲမွှေမိပါတယ်။

    ဘာသွားတွေ့လည်းဆိုတော့ မက်ဆာချုးဆက်နည်းပညာတက္ကသိုလ်ရဲ့ OpenCourseWare site ဖြစ်တဲ့ http://ocw.mit.edu/index.html ကိုသွားတွေ့ပါတယ်။ အဲဒီမှာက သူတို့ဆီမှာသင်တဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို free လေ့လာသင်ယူခွင့် သင်ခန်းစာတွေကို Download ခွင့်ပေးထားပါတယ်။ ( ဒီဆိုက်အကြောင်းကို သီးခြားရေးပါဦးမယ်.)

    အခုတော့ကျနော်ကျောင်းပြန်တက်ပါတော့မယ်၊ အင်တာနက်ကျောင်းထဲက MIT-OCWစာသင်ခန်းထဲမှာပါ .. ပြန်လေ့လာတဲ့ သင်ခန်းစာတွေကီုဖိုရမ်မှာရော၊ ဘလော့မှာပါတင်သွားမယ် လို့စဉ်းစားထားပါတယ်..