ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label Utility. Show all posts
Showing posts with label Utility. Show all posts

Nov 28, 2008

Killing and Removing Brastk.exe Malware

"Brastk.exe" (this link will open Google search with brastk.exe keyword) is a malware program and it stay in the following directories, and many paths of the registry.
C:Windows\
C:Windows\System32\
When a PC is infected with this malware,
- it appear in system tray with red icon with X,
- frequently display of a message, that The system is infected with a virus ... .
- if we click that message, then it tries to install "XP Antispyware 2009" (also a fake antispyware).
So it is very annoyed to infected PC and user.
To remove this malware from the infected pc, I used the following tools and techniques.

Tools

  1. TCPView (this link to SysInternal and will open in new window) to check all the open ports.
  2. Revo Uninstaller (this link to Revo Uninstaller Download page and will open in new window) to check and remove all "Auto Run" files and other unnecessary files.
  3. Hijackthis (this is direct download link to HijackThis and will open in new window) to check the contents of key areas of the Registry and hard drive--areas that are used by both legitimate programmers and hijackers.
  4. Malwarebytes' Anti-Malware program (this link to MBAM Download page and will open in new window) to check all malware finally.

Techniques

  1. Disable network connection.
  2. Run the Registry and look for the “brastk.exe”, all its paths and keys, and delete all.
  3. Find and delete the “brastk.exe” under C:\Windows\directory
  4. Used the tool “TCPView” to check all the open ports of infected PC. This “Brastk.exe” used, UDP port 1025. Then selected the process of “brastk.exe”, and use “End Process…” command from Process menu of the TCPView. This “brastk.exe” program run away at once from system tray.
After Killing the “brastk.exe” with TCPView,
  1. Delete the “brastk.exe” under C:\Windows\system32\ directory.
  2. Clean all temp files from %tmp%, %temp% and %prefetch%.
  3. Run Revo Uninstaller to check all start up files and unwanted files.
  4. Run Hijackthis and check all key areas of the Registry and hard drive again.
  5. Use Malwarebytes' Anti-Malware program to recheck all the rest of malware threats.
  6. Finally, Restart the infected PC and check again.
Now everything will be OK on the infected PC.
Any new ways and comments for this solutions are welcome.

Jan 23, 2008

Portable Applications

အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများ
မည်သည့် အိပ်ဆောင် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်း (Portable Memory Devices) အတွင်းသို့မဆို သယ်ဆောင် သွားနိုင်ပြီး၊ မည်သည့် ကွန်ပျုတာတွင်မဆို ၄င်းကွန်ပျုတာအတွင်းသို့ Installation ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်သော အသုံးချ ဆော့ဖ်ဝဲများ အားလုံးကို အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများဟု ခေါ်နိုင်သည်။ အသုံးပြုသူ အနေဖြင့် ဆောင်ရွက်လိုက်သမျှ လုပ်ငန်းများ အားလုံးကို အဆိုပါ ဆော့ဖ်ဝဲများ၏ တည်နေရာတွင် တစ်ခါတည်း မှတ်သား ပေးထားနိုင်သည်။

ဤအဓိပ္ပါယ်မှာ ဤဆော့ဖ်ဝဲများကို ကွန်ပျုတာ မောင်းနှင်လည်ပတ်မှု စနစ် (Operating System) အမျိုးမျိုး၊ မတူညီသော ပလက်ဖောင်း အမျိုးမျိုးနှင့် မတူညီသော အမာထည် (Hardware) အမျိုးမျိုးတွင် အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများသည် ကွန်ပျုတာဆော့ဖ်ဝဲများနှင့် ၄င်းတို့၏ အပြင်အဆင် (Configuration) များကို တစ်နေရာတည်းတွင် အသုံးပြုနိုင်၊ မှတ်သားထားနိုင် စေရန် ဆောင်ရွက်ပေးထားသည့် ဆော့ဖ်ဝဲ ပရိုဂရမ်များ ဖြစ်ကြသည်။

ခရီးဆောင် အိပ်ဆောင် မှတ်ဥာဏ် ပစ္စည်းများ (Portable Memory Devices) ဟု ဆိုရာတွင် အလွယ်တကူ ရွှေ့ပြောင်း သယ်ယူ သွားနိုင်သည့် စီဒီရွမ် (CD-ROM)၊ USB ဖြင့်တွဲဖက် အသုံးပြုနိုင်သော Drive များ (USB flash drive) flash card သို့မဟုတ် Floppy disk စသည့် ကိရိယာများ ပါဝင်သည်။ ထို့ကြောင့် မည်သည့်နေရာ သို့မဆို သယ်ယူသွားနိုင်ပြီး မည်သည့် ကွန်ပျူတာ တွင်မဆို အသုံးပြုနိုင်သည်။

Properties of a Portable Application
ဆော့ဖ်ဝဲ ပရိုဂရမ် တစ်ခုကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် အဆိုပါဆော့ဖ်ဝဲသည် -

  1. မည်သည့် ကွန်ပျုတာတွင်မဆို အသုံးမပြုမီ အချိန်တွင် အသုံးပြုနိုင်ရန်အတွက် တပ်ဆင် ထည့်သွင်းရခြင်း (Installation) မျိုး ဆောင်ရွက်ရန် မလိုအပ်ခြင်း။ ဆော့ဖ်ဝဲကို အသုံးပြုမည့် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ အလွယ်တကူ ပြန်ဖွ (Unzip) လိုက်ရန်သာ လိုအပ်ခြင်း။ အကယ်၍ ပထမဆုံး အကြိမ်တွင် တပ်ဆင် ထည့်သွင်းရပြီး၊ နောက်မှ လိုအပ်သော ဖိုင်များကို ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ ကူးယူ ရွှေ့ပြောင်း ထည့်သွင်း အသုံးပြုရပါက ထိုဆော့ဖ်ဝဲမျိုးကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မခေါ်နိုင်ပေ။

  2. အပြင်အဆင်များကို ဆော့ဖ်ဝဲနှင့်အတူ သိမ်းဆည်းထားနိုင်ရမည်။ အတူ သယ်ဆောင်သွားနိုင်ရမည်။ တနည်းအားဖြင့် USB Drive ကဲ့သို့သော ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းများတွင် ရေးသွင်း မှတ်သားထားနိုင်ရမည်။ အကယ်၍ အပြင်အဆင်များကို မှတ်သားနိုင်ရန် အတွက် ကွန်ပျုတာ၏ မှတ်တမ်းစနစ် (Registry) ကို အသုံးပြုရမည် ဆိုပါက အဆိုပါ ဆော့ဖ်ဝဲ ပရိုဂရမ်ကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မဆိုနိုင်ပေ။ ၄င်းဆော့ဖ်ဝဲကို အသုံးပြုမည့် မည်သည့် ကွန်ပျုတာတွင် မဆို ထပ်မံ တပ်ဆင် ထည့်သွင်းပေးရန် လိုအပ်မည် ဖြစ်သည်။

  3. အသုံးပြုခဲ့သည့် မည်သည့် ကွန်ပျုတာတွင် မဆို မည်သည့် ခြေရာလက်ရာ အစအနမျိုးမဆို ကျန်ရစ်ခဲ့ခြင်းမျိုး မရှိစေရ။ ဥပမာ - ယာယီ မှတ်သား အသုံးပြုသော ဖိုင်များ နှင့် Registry အပြင်အဆင်များ အားလုံးသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို ပိတ်လိုက်၊ အဆုံးသတ်လိုက် သည်နှင့်တပြိုင်နက်တည်း အသုံးပြုနေသော ကွန်ပျုတာမှ ဖယ်ရှားလိုက်ပြီး ဖြစ်နေရမည်။ အသုံးပြုသူမှ ဖန်တီးလိုက်သော ဖိုင်များသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို သိုမှီး သိမ်းဆည်းထားသော ခရီးဆောင် မှတ်ဥာဏ်ပစ္စည်း အတွင်း တစ်ခါတည်း သိမ်းဆည်းလိုက်ပြီး ဖြစ်နေရမည်။

Included Applications
ပါရှိသော အသုံးချ ဆော့ဖ်ဝဲများ

ခရီဆောင် ဆော့ဖ်ဝဲများတွင် Standard Edition၊ Lite Edition နှင့် Base Edition ဟူ၍ အမျိုးအစား သုံးမျိုး ရှိသည်။
  1. Standard Edition တွင် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲ ClamWin၊ အင်တာနက်ကြည့် ဆော့ဖ်ဝဲ Mozilla Firefox၊ အမြန်စာတိုပို့ ဆော့ဖ်ဝဲ Gaim၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် OpenOffice.org၊ ဆော့ကစားရန် Sudoku၊ အချိန်ဇယား ရေးဆွဲရန်နှင့် ပြက္ခဒိန်အတွက် Mozilla Sunbird နှင့် အီးမေးလ် အတွက် Mozilla Thunderbird တို့ ပါရှိသည်။ ဤ Standard Edition ကို ခရီးဆောင် မှတ်ဥာဏ်တစ်ခု အတွင်း Install ပြုလုပ်လိုက်ပါက 300 MB မျှအထိ နေရာယူ သဖြင့် 512 MB အနည်းဆုံး ရှိသော ခရီးဆောင်မှတ်ဥာဏ်များဖြင့်သာ ကောင်းစွာ အလုပ်လုပ်နိုင်သည်။

  2. Lite Edition တွင် OpenOffice.org တစ်ခုလုံး အစား၊ စာစီစာရိုက် ပြုလုပ်နိုင်ရန် အတွက် AbiWord တစ်ခုတည်းသာ ပါရှိလာသည်။ ထို့ကြောင့် 256MB မျှအထိ ရှိသော ခရီးဆောင်မှတ်ဥာဏ်များတွင် ကောင်းစွာ အလုပ်လုပ်နိုင်သည်။

  3. အကယ်၍ မိမိအတွက် လိုအပ်သော ဆော့ဖ်ဝဲကိုသာ အတိအကျရွေးချယ် အသုံးပြုလိုပါ Base Edition ကို အသုံးပြုနိုင်သည်။ ၄င်းတွင် PortableApps Menu, PortableApps Backup utility နှင့် လိုအပ်သော Folder များ၊ အိုင်ကွန်များနှင့် Autorun ဖိုင်တစ်ခုသာ ပါရှိမည် ဖြစ်သည်။ အရွယ်အစားမှာ 1MB ထက်ပင် လျော့နည်းသောကြောင့် ပမာဏ နည်းပါးသော ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းများ အတွက် အလွန်ကောင်းသည့် ရွေးချယ်မှု ဖြစ်သည်။

Ref:
http://portableapps.com/suite
http://en.wikipedia.org/wiki/Portable_application

Oct 13, 2007

Utilities On Web (5) - PDFCreator


အင်တာနက်ထဲမှာ လေ့လာဆည်းပူးရင်း ကျွန်တော်တို့နှစ်သက်တဲ့ အကြောင်းအရာ တွေကို သိမ်းထားချင်တာမျိုး ဖြစ်ဖူးကြမှာပါ... အဲဒီလို အခါမျိုးမှာ သာမန်အားဖြင့် အလွယ်တကူ လုပ်နိုင်တာ တစ်ခုကတော့ သုံးနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲမှာ -

  • IE ဆိုရင် File -> Save As ကနေ Save As Type: မှာ Web Page, Complete (*.htm,*.html) ကိုရွေးပြီး၊
  • Firefox မှာဆိုရင် File -> Save Page As ကနေ Save As Type: မှာ Web page complete ကို ရွေးပြီး
ရိုးရိုး အင်တာနက် စာမျက်နှာ တစ်ခု အနေနဲ့သိမ်းလို့ ရပါတယ်..

အပြင်မှာ ဖတ်ချင်ရင်တော့ Print လုပ်ပြီး ဖတ်လို့ရပါတယ်..
တကယ်လို့ ပီဒီအက်ဖ် (PDF) ဖိုင်တစ်ခု အနေနဲ့ သပ်သပ်ယပ်ယပ်လေး သိမ်းထားချင်တယ် ဆိုရင်တော့
PDFCreator ဆိုတဲ့ အစွမ်းထက်တဲ့ အခမဲ့ရတဲ့ Open Source ဆော့ဖ်ဝဲလေး တစ်ခုကို အသုံးပြုနိုင်ပါတယ်

ပီဒီအက်ဖ် (PDF)
ပီဒီအက်ဖ် (PDF) ဆိုတာ Portable Document Format ရဲ့ အတိုကောက် စကားလုံး ဖြစ်ပြီး
မြန်မာလို ဘာသာပြန်ရမယ် ဆိုရင် "အလွယ်တကူ သယ်ယူသွားနိုင်တဲ့ စာရွက် ပုံစံ" လို့ပဲ အတိုဆုံး ပြောရမှာပါ
အသေးစိတ်ကိုတော့ အခမဲ့ စွယ်စုံကျမ်းရဲ့ ဒီနေရာမှာ သွားဖတ်လို့ ရပါတယ်..
ပုံအနေနဲ့ဆိုရင်တော့ အားလုံးမြင်ဖူးနေကြတဲ့ အတိုင်း ဒီလိုပုံ လေးပါ..

ပီဒီအက်ဖ် ဖန်တီးရှင် (PDFCreator)
ပီဒီအက်ဖ် ဖန်တီးရှင် ဆော့ဖ်ဝဲလေးဟာ
ဝင်းဒိုးမှာ ဖိုင်တွေကို ပုံနှိပ် (Print) ပေးနိုင်တဲ့ ဘယ်လိုဆော့ဖ်ဝဲမျိုးကနေပဲ ဖြစ်ဖြစ်
အပြင်ကို စာရွက် အနေနဲ့ မထုတ်တော့ဘဲ ကွန်ပျုတာထဲမှာပဲ
ပီဒီအက်ဖ်ဖိုင်အနေနဲ့ သိမ်းဆည်း ထားနိုင်အောင် ဖန်တီးပေးပါတယ်
တနည်းအားဖြင့် အပြင်ကို စာရွက်နဲ့ ထုတ်ဖို့ ပရင်တာ အမျိုးအစား ရွေးတဲ့ အခါမှာ
ပေါ်လာတဲ့ ပရင်တာ စာရင်းထဲက PDFCreator ကိုရွေးလိုက်ပြီး
ကွန်ပျုတာထဲမှာပဲ ပီဒီအက်ဖ် အဖြစ် ထုတ်လိုက်တာ ဖြစ်ပါတယ်...

အင်္ဂါရပ်များ
ဒီဆော့ဖ်ဝဲက ဆောင်ရွက်ပေးနိုင်တာတွေကတော့...
  • ၀င်းဒိုးပရင်တာ (Windows printers) တွေကို အသုံးပြုပြီး ပုံနှိပ်ပေးနိုင်တဲ့ မည်သည့် ပရိုဂရမ်ကနေမဆို ပီဒီအက်ဖ်များ ဖန်တီးနိုင်ပါတယ်...
  • ဖန်တီးပေးနိုင်တဲ့ ပုံစံအားလုံးကတော့ Portable Document Format (PDF), Postscript (PS) နဲ့ Encapsulated Postscript (EPS)၊ ရုပ်ပုံများ အနေနဲ့ PNG, JPEG, BMP, PCX နဲ့ TIFF တို့ ဖြစ်ပါတယ်
  • ပီဒီအက်ဖ်ဖိုင် အများကြီးကို တစ်ခုတည်းအဖြစ် ပေါင်းပေး နိုင်ပါတယ်
  • ဖန်တီးလိုက်တဲ့ ပီဒီအက်ဖိုင်ကို စကားဝှက် ပေးထားနိုင်ပြီး၊ 128 Bit Encryption အထိ လုံခြုံအောင် ဖန်တီးထား နိုင်ပါတယ်...
  • ကိုယ့်စိတ်ကြိုက် ပုံနှိပ်မယ့် အပြင်အဆင် (စာရွက်အရွယ်အစား စသည်) ကို ဖန်တီးထားပြီးပြီဆိုရင် နောင် ပီဒီအက်ဖ် ထုတ်တဲ့ အခါတိုင်း အဲဒီအပြင်အဆင် အတိုင်း အမြဲ ထုတ်ပေးပါတယ်
ဒီထက်မက ဆောင်ရွက်ပေးနိုင်တာတွေ အများကြီးပါရှိပါသေးတယ်
အသေးစိတ်သိချင်ရင် အသုံးပြုချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နေရာများ နဲ့
အဲဒီဆော့ဖ်ဝဲကို ကွန်ပျုတာထဲမှာ ထည့်သွင်းပြီးတဲ့အခါ အတူပါလာတဲ့ အကူအညီ (Help) မှာ အသေးစိတ် အပြည့်အစုံ ဖတ်နိုင်ပါတယ်
လောလောဆယ်မှာတော့ (32-bit မိုက္ကရိုဆော့ဖ် ၀င်းဒိုးများ -- 95/98/NT/2000/XP) မှာ ကောင်းကောင်း အလုပ်လုပ်ပြီးတော့ Vista အတွက်တော Vista ရဲ့ လုံခြုံရေးကန့်သတ်ချက်တွေ များလွန်းတာကြောင့် ဆော့ဖ်ဝဲဖန်တီးသူများ အနေနဲ့ ကြိုးစားနေဆဲဖြစ်ကြောင်းနဲ့ ဒီပြဿနာကို ပြေလည်အောင် ရှင်းပေးနိုင်တဲ့ ပထမဆုံးသူကို ဒေါ်လာ 150 ဆုကြေးပေးမည့် အကြောင်း Vista ပြဿနာမှာ တရားဝင် ကြေငြာထားပါတယ်...
ဆော့ဖ်ဝဲလေးက အသုံးပြုရတာ အတော်လွယ်ပါတယ်
ပုံမှန်အတိုင်း Print လုပ်နေတဲ့ နေရာမှာ -
ခါတိုင်းဆိုရင် ကိုယ့်ကွန်ပျုတာမှာ (သို့) ကွန်ရက်မှာ တပ်ဆင်ထားတဲ့ ပရင်တာကို ရွေးပေးရတာ
အခု ပီဒီအက်ဖ် ဖန်တီးချင်ရင် ပေါ်လာတဲ့ ပရင်တာ စာရင်းထဲကနေ PDFCreator ကို ရွေးပေးလိုက်ရုံပါပဲ..

စာရွက် အရွယ်အစားသတ်မှတ်ပေးတာ dpi သတ်မှတ်တာတွေကိုလည်း Properties ကနေ ရွေးပေးလိုက်လို့ ရပါတယ် ပုံမှန် ပရင်တာ တစ်လုံးကနေ ပရင့်လုပ်ရသလိုပါပဲ
စာရွက်တွေထုတ်ပေးတာနဲ့ ပီဒီအက်ဖ် ထုတ်ပေးတာပဲ ကွာပါတယ်
ဘလော့ရေးနေတဲ့ မိတ်ဆွေသူငယ်ချင်းများအနေနဲ့ ဇော်ဂျီစာလုံးသုံးပြီး ပီဒီအက်ဖ် ပြောင်းတဲ့ အခါမှာ Adobe ပီဒီအက်ဖ် ဆော့ဖ်ဝဲကို သုံးတဲ့ အခါမှာ တခါတရံ ကြုံတတ်တဲ့ "သဝေထိုး (ေ)" နေရာမှာ အင်္ဂလိပ်စာလုံး A ပုံ ပြောင်းပြီး ထွက်လာတာမျိုးကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး.. ဒီတစ်ချက်နဲ့တင် အသုံးပြုရတာ အတော်လေး ကောင်းနေပါပြီ
ဖိုင်အရွယ်အစားများ အနေနဲ့ ၁၂.၆၄ မီဂါဘိုက် တစ်မျိုးနဲ့ ၆.၆၅၄ မီဂါဘိုက် တစ်မျိုး နှစ်ခုပါရှိပါတယ် ကွာခြားချက်ကိုတော့ အောက်မှာဖော်ပြထားတဲ့ ဒေါင်းလုဒ် လင့်ကနေ သွားကြည့်နိုင်ပါတယ်


Download link from Source Forge
-http://sourceforge.net/project/showfiles.php?group_id=57796

စကားဝှက်တွေကို ဘယ်လို ဖန်တီးမလဲ
စကားဝှက်တွေရဲ့ အားနည်းချက် အားသာချက်များ အသေးစိတ်...
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Blog Post
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Blog Post

Ref:
-http://sourceforge.net/projects/pdfcreator/
-http://en.wikipedia.org/wiki/PDFCreator
မူလနေရာ -http://www.pdfforge.org/
Vista ပြဿနာ -http://www.pdfforge.org/node/1058

Credit to : pdfforge.org & all contributors in Open Source Community.

Oct 5, 2007

Utilities On Web (4) - Cam Studio


Cam Studio
တခါတရံမှာ ကျွန်တော်တို့ ကွန်ပျုတာတွေပေါ်မှာ မြင်နေရတဲ့ မြင်ကွင်းတွေကို
မှတ်တမ်းတင်ချင်တဲ့ အခါမျိုးတွေ ကြုံရတတ်ပါတယ်...
သာမန် ပုံရိပ် အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့
ကီးဘုတ်မှာ ပါတဲ့ PRINT SCREEN ခလုတ် တစ်ခုတည်း၊ ဒါမှမဟုတ်
ALT(Key)+PRINT SCREEN အတွဲကို နှိပ်ပြီး ပုံရိပ်ဖမ်း၊
ပြီးမှ Paint လို ဆော့ဖ်ဝဲ တစ်ခုမှာ Paste လုပ်ပြီး .jpeg ဖိုင်အနေနဲ့ သိမ်းထားလို့ ရပါတယ်...
ဒါပေမယ့် ပုံရိပ်တွေကို ဗီဒီယို ဖိုင်အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့
အောက်မှာဖော်ပြထားတဲ့ CAM STUDIO ဆိုတဲ့ ဆော့ဖ်ဝဲလေးက ကောင်းကောင်း အလုပ်လုပ်ပေးနိုင်ပါတယ်



ဒီဆော့ဖ်ဝဲလေးက ကျွန်တော်တို့ရဲ့ ကွန်ပျုတာ ဖန်သားပြင်မြင်ကွင်းမှာ လှုပ်ရှားနေတဲ့ မြင်ကွင်းတွေနဲ့ ဖွင့်ထားတဲ့ အသံတွေကို ပေါင်းစပ်ပြီး ဗီဒီယိုအဖြစ် ဖန်တီးပေးနိုင်ပါတယ်... ရလာမယ့် ဗီဒီယို ဖိုင်တွေကို AVI ဖိုင် (သို့မဟုတ်) SWF ဖိုင်အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်...

  • ကိုယ်တီထွင်ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလေးတွေ အကြောင်း ရှင်းပြချင်တဲ့ အခါ
  • မကြာခဏအမေးခံရတဲ့ မေးခွန်းလေးတွေကို စုစည်းပြီး ဗီဒီယိုအဖြစ် ဖန်တီးထားချင်တဲ့အခါ
  • ကျောင်းသင်ခန်းစာတွေကို ဗီဒီယိုဖိုင်တွေ အနေနဲ့ ပြုစုချင်တဲ့အခါ
  • ကိုယ့်ကွန်ပျုတာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပြင်ပေးမယ့်သူကို မြင်အောင်ပြဖို့ မှတ်တမ်းတင်ထားလိုတဲ့ အခါ
  • ကိုယ်ရောင်းချမယ့် ပစ္စည်းတွေကို ကြော်ငြာချင်တဲ့အခါ
  • သုံးနေတဲ့ ဆော့ဖ်ဝဲလေးတွေက အကြိုက်တွေ့တဲ့ လှည့်ကွက်အသစ်လေးတွေနဲ့ နည်းစနစ်အသစ်လေးတွေကို မေ့မသွားခင် မှတ်တမ်းတင်ထား လိုတဲ့အခါ
စသည်အားဖြင့် မိမိတို့အတွက် လိုအပ်သလို အသုံးချနိုင်ပါတယ်..

မိမိရဲ့ အသံနဲ့ မပြချင်ဘူးဆိုရင်လည်း စာတမ်းလေးတွေ လိုအပ်သလို ထိုးပြလို့ရပါတယ်

Free & Opensource
ဒီဆော့ဖ်ဝဲလေးဟာ OpenSource ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပြီး
အခမဲ့ ရယူနိုင်ပါတယ်

Home:http://www.camstudio.org/

CamStudio Version 2.0 - တိုက်ရိုက် ရယူရန်
CamStudio on SourceForge: http://sourceforge.net/projects/camstudio/
Lossless Codec: ရယူရန်

Credit:CamStudio.org - Free Streaming Video Desktop Capture Software

Sep 21, 2007

Utilities On Web (3) - Google Online Translator


အင်တာနက်ထဲမှာ တစ်ခုခု သိချင်တာ ရှာရင်းဖွေရင်း
ကိုယ်မသိတဲ့ ဘာသာစကားတွေ ပေါ်လာခဲ့ရင် Google က အလွယ်တကူ ဘာသာပြန်ပေးနိုင်ပါတယ်

အသေးစိတ်ကိုတော့ ပုံလေးတွေမှာ နမူနာ လေ့လာ နိုင်ပါတယ်
လက်တွေ့ ဘာသာပြန်ချင်တယ် ဆိုရင်တော့ အောက်ဘက်မှာ တိုက်ရိုက်လမ်းကြောင်းတွေ ရှိပါတယ် ..
သိထားပြီးသား ရောင်းရင်းတွေအတွက်တော့ သိပ်မထူးတော့ပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ အဆင်ပြေမှာပါ...

Google မှာ ကိုယ်က အင်္ဂလိပ်လိုရှာနေတာ ရလာတဲ့ အဖြေတွေက တခြားဘာသာတွေဖြစ်နေရင်လည်း Google က ဘာသာပြန်ပေးနိုင်တယ်ဆိုရင် [Translate this page]ဆိုပြီး ဘေးမှာ တွေ့နိုင်ပါတယ် အဲဒီစာလေးကို နှိပ်လိုက်တာနဲ့ ကျွန်တော်တို့ ရှာနေတဲ့ ဘာသာစကားနဲ့ (အများအားဖြင့် အင်္ဂလိပ်လို) ဘာသာပြန်ပေးထားတဲ့ စာမျက်နှာတွေကို မြင်ရမှာ ဖြစ်ပါတယ် ...

ရုရှားက အင်တာနက်ဆိုဒ်တွေနဲ့ အာရပ်ကမ္ဘာက အင်တာနက် ဆိုဒ်တွေအထဲမှာ ကျွန်တော်တို့ မသိသေးတဲ့ ဆိုဒ်တွေ အများကြီးကျန်နေပါသေးတယ် ဆော့ဖ်ဝဲတွေ နည်းပညာနဲ့ စာအုပ်စာတမ်းတွေကို ဝေမျှနေကြတာပါ... အဲဒီဆိုဒ် တွေထဲကို Google ကနေရှာရင်း ထွက်လာတဲ့ အဖြေတွေထဲက [Translate This Page], Cached စတဲ့ Google ရဲ့ အံ့မခန်း ၀န်ဆောင်မှုတွေကို အသုံးပြုပြီး အဲဒီဆိုဒ်တွေထဲကို Log in လုပ်နေစရာမလိုတော့ဘဲနဲ့ အမြန်ဝင်ကြည့်နိုင်ပါတယ် ကိုယ်လိုချင်တာတွေရှာနိုင်ပါတယ်... ဆော့ဖ်ဝဲ ဒေါင်းလုဒ်လင့်ခ် တွေကိုလည်း ရနိုင်ပါတယ်







သူငယ်ချင်း ညီအကိုမောင်နှများ အားလုံး
အင်တာနက်ကို အမြန်ဆုံးနဲ့ အကျိုးအများဆုံး ရအောင် အသုံးချနိုင်ကြပါစေ...

Sep 13, 2007

Utilities On Web (2) - CCleaner


CCleaner
CCleaner ဆိုတာ အင်တာနက်ထဲမှာ အခမဲ့ရပြီး အသုံးလည်းဝင်တဲ့ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်...
စက်တင်ဘာလ (၁၀) ရက်နေ့က အချက်အလက်များအရ ဒီဆော့ဖ်ဝဲလေးကို ဒေါင်းလုဒ်တဲ့ အကြိမ်ပေါင်း ၈၅ သန်း ရှိသွားပြီလို့ သိရပါတယ်...

စွမ်းဆောင်ရည်
ဒီဆော့ဖ်ဝဲလေးက ကျွန်တော်တို့ရဲ့ ကွန်ပျုတာစနစ်တွေကို စွမ်းဆောင်ရည် တက်လာအေင် တစ်ဖက်တစ်လမ်းက အကူအညီပေးပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ပျုတာတွေမှာ မလိုအပ်တော့တဲ့ ဖိုင်တွေကို အလိုအလျောက် ရှာဖွေဖျက်ဆီးပေးပါတယ်။ အဲဒါကြောင့် ၀င်းဒိုးစနစ် (Windows OS) ရဲ့ အလုပ်လုပ်ဆောင်မှုကို ပိုမို လျှင်မြန်စေပြီး ဟာ့ဒ်ဒစ်မှာလည်း အဖိုးတန် နေရာလွတ်တွေ ပိုများလာအောင် လုပ်ပေးနိုင်ပါတယ်..

တကိုယ်ရည် လွတ်လပ်ခွင့်
ပြီးတော့ ကျွန်တော်တို့ရဲ့ တကိုယ်ရည် လွတ်လပ်ခွင့် ကိုလည်း အကာအကွယ်ပေးပါတယ်။ ကျွန်တော်တို့တတွေ ကွန်ပျုတာ အသုံးပြုနေတဲ့ အချိန်မှာ ဘာတွေလုပ်ခဲ့တယ်.. ဘယ်ဖိုင်တွေကို ဖွင့်ခဲ့တယ်.. ဘယ်ဝက်ဘ်ဆိုဒ်တွေ ကြည့်ခဲ့တယ်.. စတဲ့ သူများ မသိစေချင်တဲ့ အချက်အလက်တွေ အားလုံးကို ဖယ်ရှား ရှင်းလင်း ပေးနိုင်ပါတယ်.. သူ့ရဲ့ အကောင်းဆုံး အချက်ကတော့ ခိုင်းလိုက်တာနဲ့ တစ်စက္ကန့်လောက် အတွင်းမှာ အလုပ် စလုပ်ပေးနိုင်တဲ့အထိ လျင်မြန်ပြီး အသုံးပြုသူတွေကို လျှို့ဝှက်ထောက်လှမ်းတဲ့ (Spyware/Adware)တွေ မပါရှိတာပဲ ဖြစ်ပါတယ်.. (သူတို့အပြောပေါ့နော :))

ဒါတွေကို ရှင်းပေးတယ်
အင်တာနက် အိတ်စ်ပလိုဝါ (Internet Explorer, IE)၊ မီးမြေခွေး (Firefox)၊ အော်ပရာ (Opera) စတဲ့ အင်တာနက် ကြည့်ဆော့ဖ်ဝဲ အသီးသီး ကနေ ယာယီ အသုံးပြုထားတဲ့ ဖိုင်တွေ (Temporary files)၊ အင်တာနက် လိပ်စာတွေ (URL History)၊ ကွတ်ကီးတွေ (Cookies)၊ အလိုအလျောက် ဖြည့်ပေးတဲ့ အချက်အလက်တွေ (Autocomplete form history) နဲ့ အညွှန်းဖိုင်တွေကို ရှင်းလင်း ဖယ်ရှားပေးပါတယ်...
Windows OS ကနေ ယာယီအသုံးပြုထားတဲ့ ဖိုင်တွေ၊ မှတ်တမ်း(Log) ဖိုင်တွေနဲ့မကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ အလုပ်တွေနဲ့ အမှိုက်ပုံးကို ရှင်းလင်းပေးပါတယ်။

Registry cleaner
ကွန်ပျုတာရဲ့ ရီဂျစ်စရီထဲမှာ ရှိနေတဲ့ အသုံးမပြုတော့တဲ့ အချက်အလက် ဟောင်းတွေ၊ Extension၊ ActiveX Controls, ClassIDs, ProgIDs, Uninstallers, Shared DLLs, Fonts, Help Files, Application Paths, Icons, Invalid Shortcuts စတာတွေကို တစ်ခါတည်း Backup လုပ်ပေးရင်း ရှင်းလင်း ဖယ်ရှားပေးပါတယ်
ဒါ့အပြင် Media Player, eMule, Kazaa, Google Toolbar, Netscape, MS Office, Nero, Adobe Acrobat, WinRAR, WinAce, WinZip စတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်ပြီးတဲ့ အခါကျန်ရှိနေတဲ့ ယာယီ အသုံးပြုထားတဲ့ ဖိုင်တွေ၊ MRU လို့ခေါ်တဲ့ မကြာသေးမီက အသုံးပြုထားတဲ့ ဖိုင်တွေကို ရှင်းလင်းပေးပါတယ်...

Links for Version 2.0
နောက်ဆုံးထုတ်တဲ့ Version 2.0 ဟာဆိုရင် အရင်အမျိုးအစား တွေထက် ပိုမိုကျစ်လျစ်လာပြီး၊ USB Drive တွေထဲကနေ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်..
CCleaner နမူနာပုံရိပ်

Home Page - Link
Download Page for Version 2.0 - Link
Direct Download for Version 2.00.500 (2,553KB) - Download

Credit for this post to "The proud developers of CCleaner a system optimization tool, @www.piriform.com"


လတ်လတ်ဆတ်ဆတ် အတွေးစများ

Sep 9, 2007

Utilities On Web (1) - Gmail Password Recovery


Google Password Recovery
Gmail စကားဝှက်မေ့သွားတဲ့ အခါမျိုးတွေ ကြုံဖူးကြမှာပါ ...
အဲဒီလို အချိန်မျိုးမှာ အတော်လေး စိတ်ညစ်စရာ ကောင်းတယ်ဆိုတာ ကြူံဖူးသူတိုင်း သိကြပါတယ်...
ဒီအခက်အခဲလေးကို Reactive Software ကထုတ်တဲ့ Google Talk Password Recovery ဆိုတဲ့ ပရိုဂရမ်လေးက ကူညီ ဖြေရှင်းပေးနိုင် ပါတယ်...
သူ့ရဲ့ အလုပ်လုပ်ပုံကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျုတာတွေမှာ ရှိနေတဲ့ Google နဲ့သက်ဆိုင်နေတဲ့ GTalk, Google Toolbar, Gmail Notifier, Picasa2 အစရှိတဲ့ ပရိုဂရမ်များ၊ IE(Internet Explorer)၊ Mozilla Firefox, Thunderbird စတဲ့ အင်တာနက်ကြည့်တဲ့ ဆော့ဖ်ဝဲတွေက သိမ်းဆည်းပေးထားတဲ့ Gmail စကားဝှက်တွေကို ပြန်ရှာပေးတာ ဖြစ်ပါတယ်..
Google password recovery program

ဒီပရိုဂရမ်ဟာ အထက်မှာ ဖော်ပြထားတဲ့ ဆော့ဖ်ဝဲတွေ အနက်က အနည်းဆုံး တစ်ခုခုမှာ သိမ်း(Saved)ထားခဲ့ ဖူးတဲ့ စကားဝှက် တွေကိုသာ ပြန်ရှာပေးနိုင်တဲ့ အကြောင်း ရှင်းပြ ထားတာကို အောက်မှာ ဖော်ပြထားတဲ့ မူရင်းနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်...
ကျွန်တော်တို့ရဲ့ Gmail, Gtalk စကားဝှက်တွေဟာ ကျွန်တော်တို့ ကွန်ပျုတာတွေမှာ ပဲရှိနေပါတယ် ... (အကယ်၍ သိမ်းထားခဲ့မယ်ဆိုရင်၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲ IE နဲ့ Firefox တွေကို မှတ်ခိုင်းထားခဲ့မိတယ်ဆိုရင်)
နောက်တစ်နေရာ ကတော့ Google ရဲ့ GMail Server ပေါ်မှာ ဖြစ်ပါတယ်..
(Google ရဲ့ GMail Server ပေါ်က စကားဝှက်ကိုတော့ ဘယ်လို ပြန်ရှာလို့ရသလဲ ကျွန်တော်လည်း မသိပါဘူး၊ GMail Server တွေကို "ဟက်ခ်" နိုင်တဲ့ နည်းရှိချင်လည်း ရှိမှာပေါ့)

အခြားနည်းများ
အခြားနည်းကတော့ Gmail Account ပြုလုပ်စဉ်က ထည့်သွင်းခဲ့တဲ့ Security Question ကနေတစ်ဆင့် မေးခွန်းကိုဖြေပြီး ပြန်ရှာတာ ဖြစ်ပါတယ်..
Security Question Answering for Gmail password Recovery

နောက်ထပ်နည်းလမ်းတစ်ခုကတော့ GMail Account လုပ်တဲ့ အချိန်က အသုံးပြုခဲ့တဲ့ ဒုတိယ email လိပ်စာ (Secondary Mail Address) ကနေတစ်ဆင့် စကားဝှက်အသစ်တစ်ခု ပြန်တောင်းတာပဲ ဖြစ်ပါတယ်.. ဒီနေရာမှာလည်း Gmail မှာကျွန်တော်တို့ Register လုပ်စဉ်က ထည့်သွင်းပေးခဲ့တဲ့ ဒုတိယ email လိပ်စာ (Hotmail, Yahoo mail, etc.) ကိုမှတ်မိနေဖို့ လိုအပ်ပါတယ်...

Secondary email for Gmail password recovery

Gmail, GTalk password recovery:
File Info: EXE file, required space 357 KB
Home page: Link
Direct Download: Link

ဆက်နွယ်နေတဲ့ အခြားအကြောင်းအရာများ
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Blog Post
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Blog Post

ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံး
အင်တာနက်ကို အချိန်တိုအတွင်းမှာ အထိရောက်ဆုံး၊ အမြန်ဆုံးနဲ့ အကျိုးအရှိဆုံးအသုံးချပြီး လိုရာဆန္ဒများ ပြည့်စုံကြပါစေဗျာ...