ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label Plug-ins. Show all posts
Showing posts with label Plug-ins. Show all posts

Oct 25, 2007

Firefox Add-ons & Plug-ins (3)


IE Tab
ကျွန်တော်တို့ အနေနဲ့ ဘလော့ခ်ရေးတဲ့ အခါမှာ ဖြစ်စေ၊ အင်တာနက် စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ ဖြစ်စေ အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးမျိုးကို အသုံးပြုရလေ့ ရှိကြပါတယ်.. အများဆုံး အသုံးပြုကြတာ ကတော့ မိုက္ကရိုဆော့ဖ်ရဲ့ IE (Internet Explorer) နဲ့ မိုဇီလာ Firefox တို့ ဖြစ်ပါတယ်.. တချို့ အင်တာနက် ဆိုဒ်တွေက Firefox နဲ့ အဆင်ပြေပေမယ့် တချို့ကတော့ IE နဲ့ မှ ပိုအဆင်ပြေတာမျိုးတွေ ရှိပါတယ်.. ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြုနေရင်း နောက်တစ်ခုကို ပြောင်းသုံးရတာ သိပ်အပန်း မကြီးပေမယ့် ကွန်ပျုတာ အတွက်တော့ မှတ်ဥာဏ်အပိုင်းမှာ ပိုမို အသုံးပြုရတဲ့ အတွက် ပြဿနာ လေးတွေ ရှိလာနိုင်ပါတယ်.. အဲဒီပြဿနာကို Firefox အသုံးပြုသူတွေကတော့ IE Tab ဆိုတဲ့ Firefox Add-on လေးကို ပေါင်းထည့်ပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..

Using Firefox as IE
IE Tab Plug-in လေးကို Firefox မှာ ထည့်သွင်း ပြီးတဲ့ အခါမှာ အင်တာနက် စာမျက်နှာတစ်ခုကို Firefox မှာမြင်နေရတဲ့ အတိုင်းဖြစ်စေ၊ IE မှာ မြင်နေရတဲ့ အတိုင်း ဖြစ်စေ၊ Firefox ဆော့ဖ်ဝဲ တစ်ခုတည်းကို အသုံးပြုပြီး အပြန်အလှန် ပြောင်းလဲ အသုံးပြူနိုင်ပြီ ဖြစ်ပါတယ်.. အသုံးပြုပုံ လေးကတော့ -

  1. အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် IE Tab Add-on ကို Firefox မှာ ထည့်သွင်း လိုက်ပါ..
  2. Restart လုပ်ရမယ် ပြောတဲ့အခါမှာ Restart လုပ်ပါ..
  3. ဖွင့်ထားတဲ့ Tab တွေ အများကြီး ဖြစ်နေရင် ပိတ်မလား မေးလာမယ်.. Yesကို ရွေးပါ..
  4. Firefox ပိတ်သွားပြီး ပြန်ပွင့်လာတဲ့ အခါမှာ ညာဘက်ထောင့် အောက်ခြေနားမှာ Firefox ရဲ့ ပုံလေး ပေါ်နေပါလိမ့်မယ်
    အဓိပ္ပါယ်ကတော့ အခုအသုံးပြုနေတာ Firefox အနေနဲ့ သုံးနေတာ လို့ ဆိုလိုတာပါ
  5. IE အဖြစ်ပြောင်းသုံးချင်တယ် ဆိုရင်တော့ အဲဒီ Firefox ပုံလေးကို မောက်စ်ကနေ တစ်ဆင့် နည်းသုံးနည်းနဲ့ နှိပ်နိုင်ပါတယ်
    • ဗယ်ဘက် ခလုတ် - လက်ရှိ Tab ထဲမှာပဲ IE အသွင်နဲ့ Firefox အသွင်ကို တလှည့်စီ ပြောင်းချင်တဲ့အခါ သုံးနိုင်ပါတယ်..
    • အလယ် ခလုတ် - လက်ရှိ Tab မှာ IE (Firefox အသွင်နဲ့ ) ဆိုရင် နောက်ထပ် Tab အသစ်ထဲမှာ Firefox (IE အသွင်နဲ့) ဖွင့်ပေးပါမယ်
    • ညာဘက်ခလုတ် - IE Tab အတွက် ရွေးချယ်စရာ အပြင်အဆင်များကို ပြောင်းလဲ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်..
Using Firefox as Windows Explorer
IE Tab ကို အသုံးပြုပြီး Firefox ကို Windows Explorer အနေနဲ့ သုံးနိုင်ပါသေးတယ်..
  • Firefox ကို IE အနေနဲ့ ဖွင့်ထားတဲ့ အခါ- "file:///" နောက်မှာ C:/ D:/ စသည်ဖြင့် (ဥပမာ - file:///D/music/) ထားရှိပြီး Address bar မှာ ထည့်သွင်းလိုက်တဲ့ အခါ ကွန်ပျုတာ အတွင်းက ဖိုင်တွေကို Windows Explorer မှာ မြင်နေရသလိုမျိုး တွေ့မြင်ရပါတယ်..
  • တကယ်လို့ IE အနေနဲ့ ဖွင့်မထားတဲ့ အခါမျိုးမှာ file:///D/music လို့ ထည့်သွင်းကြည့်မယ်ဆိုရင်တော့ Index of file:///D:/music ဆိုတဲ့ ဖော်ပြထားချက်နဲ့ အတူ ကွန်ပျုတာ အတွင်းက ဖိုင်တွေကို အညွှန်းစာရင်း (Index) တစ်ခု အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်..
  • စနစ် လိုအပ်ချက်များ အနေနဲ့ Firefox 1.5 - 3.0, Flock 0.5-1.0 နဲ့ SeaMonkey 1.0-1.5 များမှာ ထည့်သွင်းနိုင်ပါတယ်.. OS အနေနဲ့ Microsoft Windows + Internet Explorer 4.0 အထက် ရှိနေရမှာ ဖြစ်ပါတယ်..
အခုလို Firefox ဆော့ဖ်ဝဲ တစ်ခုတည်းကို အသုံးပြုပြီး အင်တာနက်ကြည့်တဲ့ ဆော့ဖ်ဝဲ တစ်ခု အနေနဲ့သာမက Windows Explorer တစ်ခု အနေနဲ့ပါ ထိထိ ရောက်ရောက် အသုံးချနိုင်တဲ့ အတွက် အချိန်ကုန် သက်သာပြီး ကွန်ပျုတာရဲ့ မှတ်ဥာဏ်များကိုလည်း ချွေတာရာ ရောက်မှာ ဖြစ်ပါတယ်..
မှတ်ချက် - Vista မှာတော့ မရသေးပါဘူး :(

ရယူရန် -https://addons.mozilla.org/en-US/firefox/addon/1419

REF-
-http://ietab.mozdev.org/ (Home)
-http://en.wikipedia.org/wiki/IE_Tab
-http://ietab.mozdev.org

Aug 16, 2007

Firefox Add-ons & Plug-ins (2)


DOM Inspector
DOM Inspector ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲ မီးမြေခွေး (Firefox) ရဲ့ Add-ons တစ်ခု ဖြစ်ပါတယ်... အတိုကောက် DOMi လို့ ခေါ်ကြပါတယ်

DOM
(Document Object Model) အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ
ထည့်သွင်းမယ့် အရာဝတ္တုတွေကို ဘယ်လို နေရာ ချထားမလဲဆိုတဲ့ သတ်မှတ်ချက်များ
Source-http://www.metromemetics.com/thelexicon/d.asp
DOMi ကို ဘာအတွက် အသုံးပြုလို့ရသလဲ ဆိုရင် အင်တာနက် စာမျက်နှာတစ်ခု ရဲ့ နောက်ဘက် ကျွန်တော်တို့ မမြင်ရတဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ကြည့်ချင် မြင်ချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ် ... ဒါတင်မကသေးပါဘူး ကိုယ်တစ်ခါမှ မကြည့်ဖူးသေးတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကို ဒီအတိုင်းသွားကြည့်ဖို့ ၀န်လေး နေတယ်၊ အထဲမှာ ဘယ်လို အကြောင်း အရာတွေပါနေတယ် ဆိုတာသိချင်ရင်လည်း အဲဒီ ပရိုဂရမ်ရဲ့ File --> Inspect a URL ... ကနေတစ်ဆင့် သိချင်တဲ့ အင်တာနက် လိပ်စာလေးကို ထည့်လိုက်ရုံပါပဲ.. အဲဒီအခါမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ လိပ်စာဟာ DOMi ရဲ့ ကိုယ်ပိုင် Window ထဲက Window အသေးလေးတစ်ခု အနေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..

DOM တစ်ခုအတွင်းမှာ ပါနေတဲ့ အကြောင်းအရာတွေကို Tree Structure အဖြစ်နဲ့ ကြည့်လို့ရပါတယ် ... ပိုရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကွန်ပျုတာထဲက ဖိုလ်ဒါ (Folder) တစ်ခုကို Right Click -> Explore ဆိုပြီးကြည့်တဲ့ အခါ မြင်ရတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ .. သက်ဆိုင်ရာ Node လေးတွေ (အပေါင်း+/အနှုတ် - လက္ခဏာနဲ့ မြင်တွေ့ ရပါတယ်) ကို ကလစ်လုပ်တဲ့ အခါတိုင်း အောက်ဘက်ခြမ်းက သက်ဆိုင်ရာနေရာမှာ အနီရောင် လေးထောင့်ကွက်နဲ့ မှိတ်ချီလင်းချီ ၃ ကြိမ်ပြနေမှာ ဖြစ်ပါတယ် ...
ဒါတင်မကသေးပါဘူး Box Model, XBL bindings, CSS style rules, Computed styles နဲ့ JavaScript Objects တွေအဖြစ်နဲ့ လည်းရွေးချယ် ကြည့်ရှုနိုင်ပါသေးတယ် ..
သူများတွေ ဘာလုပ်ထားသလဲ ကိုယ်လုပ်ထားတာတွေကရော ဘယ်လိုလဲ အားလုံးကို တစ်ပိုင်းစီ စိတ်ကြိုက် ပြန်လေ့လာလို့ရပါတယ် ... အောက်မှာ ကျွန်တော့် ဘလော့ခ်ကို DOMi ထဲမှာ ပြန်ပြီး မွှေကြည့်ထားတဲ့ ပုံလေးကို ကြည့်လို့ရပါတယ် ... ပုံရဲ့ အချို့နေရာလေးတွေမှာ အညွှန်းလေးတွေပါ ထည့်ပေးထား ပါသေးတယ် ...
Firefox-https://addons.mozilla.org/firefox/addon/1806

ဆက်လက် ဖော်ပြပါမည် ...
REF-
-http://www.mozilla.org/projects/inspector/faq.html
-http://www.mozilla.org/projects/inspector/
-http://en.wikipedia.org/wiki/DOM_Inspector
-http://en.wikipedia.org/wiki/Document_Object_Model
Can Learn How to Use DOMi More Detail at:
-http://developer.mozilla.org/en/docs/Introduction_to_DOM_Inspector

Aug 15, 2007

Firefox Add-ons & Plug-ins(1)


မနေ့က ကျွန်တော့်ကွန်ပျုတာကို အမြင်ကတ်လာတာနဲ့ Format လုပ်လိုက်တယ် ... ဒါပေမယ့် Drive C: တစ်ခုတည်းကို လုပ်တာပါ... ဒီနေ့မနက်ပိုင်းမှာ သုံးနေကြ ဆော့ဖ်ဝဲလေးတွေ ပြန်တင်ဖြစ်ပါတယ်။ မီးမြေခွေး အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Firefox) ကိုလည်းပြန်တင်ရင်း Plug-in လေးတွေ Add-ons လေးတွေကိုပါ ပြန်ထည့်ရင်း အသစ်တွေ့တဲ့ Firefox add on အမိုက်စားလေးတွေကို ပြန်ပြီး ဖောက်သည်ချလိုက်တာပါ ... (တခြားသူတွေ အတွက် တော့ ဟောင်းချင်လည်း ဟောင်းနေမှာပေါ့နော် )

No Script
ဒီ Add-on လေးက အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ ပါနေတဲ့ Java Scripts, Java နဲ့ အခြားသော အလုပ် လုပ်နိုင်တဲ့ Script တွေကို အလုပ်မလုပ်အောင် ကောင်း ကောင်းကြီး ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ... ဒီဟာလေးကို Firefox မှာ ထည့်လိုက်ပြီးတဲ့ အခါ အင်တာနက်စာမျက်နှာတွေကို ကြည့်ရတာ ပိုပြီး အဆင်ပြေလာတာကို တွေ့ရပါတယ် ... အထူးသဖြင့် ကြော်ငြာတွေ အရမ်းများတဲ့ အချို့ အင်တာနက်စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ မပါတော့တာ တွေ့ရ မှာပါ ... ကျွန်တော်လည်း XSS ဆိုတဲ့ Cross-site scripting အကြောင်းလေ့လာရင်း ဒီဟာလေးကို တွေ့ပြီး သုံးဖြစ်သွားတာပါ ... အဆင်ပြေတယ် ... စမ်းကြည့်ကြပါလား ..
မူရင်းနေရာ -http://noscript.net/
Firefox -https://addons.mozilla.org/firefox/722/

Web Developer
ဒီ နောက်ဆက်တွဲ (Extension) လေးကတော့ ကျွန်တော်တို့ကြည့်နေတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာပါဝင်နေတဲ့ Cache, Cookies, CSS Design, Form, Image, Informations, Comments, Outline, Tools, Source View စတာတွေကို အလွယ်တကူကြည့်လို့ရအောင် ဖန်တီးပေးပါတယ် ... သူ့ကို Firefox မှာ ထည့်လိုက်တဲ့ အခါ မီနူးတစ်ခု အနေနဲ့ Tools အောက်မှာ မြင်ရမှာပါ .. ၀က်ဘ်နည်းပညာကို စိတ်ဝင်စားသူတွေ၊ သူများရေးထားတာလေးတွေကို လေ့လာ ဆည်းပူး ချင်တဲ့သူတွေအနေနဲ့ အင်တာနက် စာမျက်နှာတစ်ခု အတွင်းမှာ ပါရှိနေတဲ့ မိမိလေ့လာချင်တဲ့ အပိုင်း လေး CSS, Form, Cookie စတာလေးတွေကို လိုချင်တဲ့ အပိုင်းလေးဘဲ ဆွဲယူပြီး ကြည့်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ် .... Web Designer တွေအတွက် အလွန်အထောက်အကူရတဲ့ Tool လေးပါပဲ ...
မူရင်းနေရာ -http://chrispederick.com/work/web-developer/
Firefox -https://addons.mozilla.org/firefox/60/

UnPlug
ဒါလေးကတော့ အင်တာနက် စာမျက်နှာတစ်ခုအတွင်းမှာ ထည့်သွင်းမြုတ်နှံထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေကို မိမိတို့ရဲ့U ကွန်ပျုတာထဲမှာ သိမ်းထားချင်တယ်ဆိုရင် သိမ်းထားပေးနိုင်တဲ့ နောက်ဆက်တွဲလေး ဖြစ်ပါတယ် ... ကိုယ်ကြည့်နေတဲ့ စာမျက်နှာမှာ သီချင်း၊ ဗီဒီယိုတွေ ပါလာတယ်ဆိုရင် ဒီ Extension လေးကို ကလစ်လုပ်လိုက်ရုံပါပဲ ... ဗီဒီယိုဖိုင်တွေ အတွက် Download Tool အနေနဲ့လည်း သုံးနိုင်ပါသေးတယ် ...အင်တာနက်စာမျက်နှာထဲက MediaPlayer ထဲကို အချက်အလက်တွေ စီးဝင်လာတဲ့ အခါမှာ UnPlug ကစစ်ဆေးပြီး ရိုးရိုး လင့်ခ်တစ်ခု အနေနဲ့ ဖော်ပြပေးပါတယ် ... အဲဒီလင့်ခ် ကနေ ဒေါင်းလုဒ် ရုံပါပဲ ... FlashGot လို နောက်ဆက်တွဲတွေ ထပ်ထည့်လိုက်မယ်ဆိုရင် Download Manager တွေနဲ့ပါ အမျိုးမျိုးတွဲဖက် လို့ရပါတယ် ...
UnPlug ဟာ youtube.com, ifilm.com, current.tv, revver.com, peekvid.com, video.google.com, mobuzztv.com စတဲ့ မီဒီယာ Web Site မျိုးစုံကနေ ကိုယ့်စိတ်ကြိုက် ဒေါင်းလုဒ်ချလို့ရအောင် အကူအညီပေးမယ့် extension လေးတစ်ခုပါ...
မူရင်းနေရာ -http://unplug.mozdev.org
Firefox -https://addons.mozilla.org/firefox/2254/
နမူနာပုံများ -https://addons.mozilla.org/en-US/firefox/addons/previews/2254

FlashGot
အင်တာနက်ထဲက ဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချတဲ့ အခါ အဆင်ပြေအောင် လုပ်ပေးတဲ့ ၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲနဲ့ Download Manager တွေကို ပေါင်းစည်းပေးတဲ့ နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်ပါတယ် ... အထူးသဖြင့် ဘယ်နည်းနဲ့ ဒေါင်းလုဒ် လုပ်ချင်သလဲ ရွေးချယ်ခွင့် ပေးပါတယ် ... RapidShare မှာဆိုရင် အခမဲ့ ဒေါင်းလုဒ် တဲ့သူတွေ အတွက် Download Manager သုံးခွင့် မရှိပါဘူး ... အဲဒီလို အခါမျိုးမှာ Save As နဲ့ မှ ဒေါင်းလုဒ်လို့ ရမှာ ဖြစ်ပါတယ် ... ဒီဟာလေးက တစ်ခုခု ကို ဒေါင်းလုဒ် ခါနီးတိုင်း ဘယ်နည်းနဲ့ လုပ်မှာလည်းမေးတဲ့ အတွက် အတော်လေး အဆင်ပြေတာ တွေ့ရမှာပါ ...
မူရင်းနေရာ -http://flashgot.net/
Firefox -https://addons.mozilla.org/firefox/addon/220

ဆက်လက်ဖော်ပြပါမည် ...