ကျွန်တော် သိသမျှ Google - File Hosting Site များသို့ အတွင်းကျကျ ၀င်ကြည့်ခြင်း
အင်တာနက်ထဲက
တစ်ချို့နေရာတွေမှာ ပိုက်ဆံပေးပြီး ၀ယ်နေရတဲ့ အရာတွေကို
တချို့နေရာတွေမှာ ပေးစရာမလိုဘဲ နည်းနည်းအားစိုက်လိုက်တာနဲ့ ရနိုင်တဲ့နေရာတွေ ရှိနေပါတယ် :P
အချိန်နည်းနည်းပေးနိုင်မယ်...
ရှာဖွေနည်းလေးတွေလည်း သိမယ်ဆိုရင် အတော်များများကို ၀ယ်စရာမလိုဘဲ ရနိုင်ပါတယ် ... အတော်များများနော် အားလုံးတော့ မဟုတ်ပါဘူး ...
အဲဒီလိုလုပ်ဖို့ ကျွန်တော်ကတော့ Google ကိုပဲ သုံးပြီး ရှာပါတယ် ....
အခုလို ပုံသေနည်းလေးအနေနဲ့ လုပ်ထားပြီး ရှာတာပါ ... (အပြည့်အစုံသိချင်ရင်တော့ Google Help မှာ ဖတ်နိုင်ပါတယ်)inurl:KEYWORD site:FILEHOSTING SITE TYPE
ဒီနေရာမှာ-
အခု အောက်မှာ နမူနာ စာကြောင်းလေးတွေ ပုံလေးတွေနဲ့ ရှာပြထားပါတယ် ...
ရောင်းရင်းတို့လည်း အခုဖတ်နေရင်း လက်တွေ့ ရှာကြည့်ကြပါ ... လွယ်ပါတယ် ပျော်ဖို့လည်းကောင်းပါတယ် ...
ကဲ ယခု KEYWORD=Adobe FILEHOSTING SITE = mediafire.com TYPE=zip ဆိုပြီးရေးပြထားတဲ့ စာကြောင်းကို Google မှာ ကူးထည့်ပြီး ရှာကြည့်ကြပါစို့ .....
အပေါင်း အနှုတ် သင်္ကေတ တွေကိုလည်း ထည့်ပြထားပါတယ် အဖြေတွေ မတူတာ တွေ့မှာပါ ...
ကျွန်တော် ရှာလို့တွေ့တာတွေကို Google ကဖော်ပြပေးတဲ့အတိုင်း ပြပေးထားပါတယ် ...-inurl:Adobe site:mediafire.com zip
Results 1 - 100 of about 15,000 from mediafire.com for -inurl:Adobe zip. (0.26 seconds)
inurl:Adobe site:mediafire.com zip
Your search - inurl:Adobe site:mediafire.com zip - did not match any documents.
+inurl:Adobe site:mediafire.com zip
Results 1 - 1 of 1 from mediafire.com for +inurl:Adobe zip. (0.08 seconds)
ဆက်လက်ပြီး အခြားသော KEYWORD , FILE HOSTING SITE နဲ့ TYPE တွေ အမျိုးမျိုးပြောင်းပြီး အောက်မှာ ရှာပြထားပါသေးတယ် .... စမ်းကြည့် ကြပါဦး ....
inurl: site: နဲ့ +/- တွေကို စိတ်ကြိုက် ပေါင်းစပ်ပြီး ရှာဖွေကြည့်လို့ ရပါတယ် ....
ပျော်စရာကောင်းတဲ့ အဖြေတွေ ထွက်လာမှာပါ ....
နောက်ထပ် ဆက်ပြီးဝေမျှချင်တာတွေ အများကြီးကျန်နေပါသေးတယ် ....
REF-
-http://www.google.com/help/operators.html
-http://www.google.com/help/features.html
-http://sharingtofrds.blogspot.com/2007/06/google-google.html - blog post