ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Aug 26, 2007

ကျွန်တော်သိသမျှGoogle - Googling into Rapidshare Folders


Rapidshare ဟာ အသုံးပြုသူတွေအတွက် သူတို့ တင်ထားတဲ့ ဖိုင်တွေကို သိမ်းဆည်းဖို့ နေရာတွေ သတ်မှတ် ပေးထားတာ ရှိပါတယ် ... အဲဒီအတွက် Rapidshare မှာရှိတဲ့ Folder တွေရဲ့ တည်ဆာက်ပုံကို နည်းနည်း လေ့လာ နိုင်တာနဲ့ ကိုယ်လိုချင်တဲ့ အချက်အလက်တေ၊ွ ဖိုင်တွေ ၊ ရုပ်ပုံတွေ၊ ဆော့ဖ်ဝဲတွေ ကို Rapidshare ကနေ အလွယ်တကူ ဆွဲချလို့ရသွားမှာပါ ...
Rapidshare ရဲ့ ဖိုင်တည်ဆောက်ပုံမှာ-
-Users ဆိုတဲ့ စကားလုံး အမြဲတမ်းပါဝင်ပါတယ် ....
-အဲဒီနောက်ကမှ User ရဲ့ ကုဒ် အမှတ်အသား ပါရှိပါတယ် ...
ဥပမာ - rapidshare.com/users/ABCdEF
ထုံးစံအတိုင်း Google ကနေ Rapidshare မှာဘာတွေရှိနေသလဲ ရှာကြည့်တဲ့အခါ
အရင်ကလို မရှာတော့ဘဲနဲ့ ပိုမိုတိကျအောင် ကိုယ်ရှာတဲ့ အရာတွေအပြင် ဆက်စပ်နေတဲ့ အခြားအရာတွေလည်းရရှိအောင် Folder တွေထဲအထိ လိုက်ရှာကြည့်တာ ဖြစ်ပါတယ် ...

ဥပမာ အနေနဲ့ Windows XP ဆိုတဲ့ စာသားပါတဲ့ နေရာတွေကို ရှာကြည့်မယ်ဆိုရင် -
Google မှာ အခုလိုရှာကြည့်လိုက်တော့ ...
"Windows XP" site:rapidshare.com/users/
Windows XP ဆိုတဲ့ စကားလုံးတွေပါနေတဲ့ Rapidshare Folder တွေ (၄၅) ခု ထွက်ပေါ်လာတာ မြင်ရပါတယ် .. (အခြေအနေအရ အရေအတွက် ပြောင်းနေ နိုင်ပါတယ်)
ပုံမှန်အတိုင်းရိုးရိုးရှာမယ်ဆိုရင်တော့ ...
"windows xp" site:rapidshare.com
အဖြေဟာ (၅၂) ခု ထွက်လာပါတယ် ...
(အခြေအနေအရ အရေအတွက် ပြောင်းနေ နိုင်ပါတယ်)
အခုဆိုရင် Google ကနေ နမူနာ အဖြစ်ဖော်ပြထားတဲ့ အဖြေလေးတွေကို လိုက်ဖတ်ရင်း သိချင်တဲ့အကြောင်းအရာ သို့မဟုတ် Folder ကို သွားလို့ရပါပြီ ....

အကျိုးများ-
Rapidshare Folder တွေထဲကို ၀င်ရှာနိုင်မယ်ဆိုရင်
၁) တခြားသူတွေ စုဆောင်းသိမ်းဆည်းထားတဲ့ ဆော့ဖ်ဝဲတွေ၊ စာအုပ်တွေနဲ့ သီချင်း၊ ရုပ်ရှင် စတာတွေကို အလွယ်တကူ ရရှိနိုင်ပါတယ် ...
၂) မိမိလိုချင်တဲ့ ဆော့ဖ်ဝဲ၊ စာအုပ်တွေကို စုစုစည်းစည်း တွေ့နိုင်ပါတယ် ...
၃) အဲဒီစာအုပ်တွေနဲ့ ဆက်စပ်နေတဲ့
အခြား အဖိုးတန်၊ ဆော့ဖ်ဝဲတွေ စာအုပ်တွေကိုလည်း ရရှိနိုင်ပါတယ် ...
၎) Folder အများစုက အများအတွက် ကြည့်လို့ရအောင်
Share လုပ်ထားတဲ့ နေရာတွေ ဖြစ်တဲ့ အတွက် အဆင်ပြေပါတယ် ...
၅) တခါတရံမှာ နောက်ဆုံးထုတ် ဆော့ဖ်ဝဲတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေ ပါ ရတတ်ပါတယ် ...
Rapidshare ရဲ့ ဒေါင်းလုဒ်ကန့်သတ်ချက်ကို
web-based cgi-proxy
တွေနဲ့ ကျော်နိုင်ဖို့ အတွက်
ရေးပေးထားတာရှိပါတယ် ... ဒီနေရာကနေ သွားလို့ရပါတယ်...
(web-based cgi-proxy တွေကို Google ကနေ ရှာဖွေ အသုံးပြုတဲ့ နည်းဟာ နည်းနည်းလက်ဝင်ပေမယ့် တကယ်အလုပ် ဖြစ်ပါတယ် ... တကယ် အလုပ်လုပ်နေတဲ့ cgi-proxy တွေကို ရှာပေးတဲ့ အတွက် ဖြစ်ပါတယ်.. proxy ရှာပေးတဲ့ ၀က်ဘ်ဆိုဒ်တွေရှိနေပေမယ့် အများစုက cgi နဲ့ php ရောထည့်ပေးထားတာ များပါတယ်.. PHP proxy တွေနဲ့တော့ Rapidshare ကနေဒေါင်းလုဒ်ချလို့ မရပါဘူး ... ဘာကြောင့်လည်း မသိသေးပါ.. လေ့လာရဦးမှာပါ ...)
ပိုကောင်းတဲ့ အကြံဥာဏ်များလည်း ဖိတ်ခေါ်ပါတယ် ....
သူငယ်ချင်း ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ ...