ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label နည်းလမ်း technique. Show all posts
Showing posts with label နည်းလမ်း technique. Show all posts

Sep 23, 2007

ကိုယ်ပိုင် Proxy စာရင်း ဖန်တီးခြင်း


Google ကိုအသုံးချပြီး CGI Proxy တွေရှာနိုင်တဲ့နည်းတွေနဲ့ Rapidshare ကဖိုင်တွေကို ဒေါင်းလုဒ်ချ နိုင်တဲ့နည်းတွေကို ဒီနေရာမှာ ဖော်ပြခဲ့ဖူးပါတယ်.. အခုထပ်ပြီး ဖြည့်စွက်ချင်တာကတော့ CGI Proxy တွေကို ရှာနိုင်တဲ့ နောက်ထပ် သော့ချက် စကားလုံး (Keywords)တွေနဲ့ မိမိအတွက် ကိုယ်ပိုင် CGI Proxy စာရင်းတစ်ခု အဖြစ် ဖန်တီးထားပြီး အချိန်မရွေး ပြန်အသုံးချနိုင်တဲ့ အကြောင်းလေး ဖြစ်ပါတယ် ...

ဒီတစ်ခါအသုံးပြုမှာကတော့

  • inurl:"nph-proxy" filetype:cgi
  • inurl:"nph-proxy" filetype:pl
ဆိုတဲ့ သော့ချက် စကားလုံးတွေ ဖြစ်ပါတယ် ....
အဲဒီ သော့ချက်စကားလုံး တွေကို Google Search မှာ ထည့်သွင်းရှာဖွေလိုက်မယ်ဆိုရင် တိုက်ရိုက် အလုပ်လုပ်ပေးနိုင်တဲ့ CGI Proxy တွေပေါ်လာမှာ ဖြစ်ပါတယ်..
ပုံမှာ မြင်ရတဲ့ အတိုင်းပဲ အဲဒီမှာ Google ရဲ့Start Using CGI Proxy စတဲ့ အဖြေကနေ တိုက်ရိုက် ကလစ်လုပ်ပြီး ဒါမှမဟုတ် Right-Click လုပ်ပြီး
  1. Firefox မှာဆိုရင် "Open Link in New Tab" နဲ့
  2. Internet EXplorer မှာဆိုရင် "Open in new window"
စတာတွေကို ကလစ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ အသုံးပြုချင်တဲ့ CGI Proxy ကို အသင့် အသုံးပြုနိုင်တဲ့ အနေအထားနဲ့ အများဆုံး အမြန်ဆုံး မြင်ရမှာ ဖြစ်ပါတယ်..အောက်မှာ နမူနာပုံလေးကို ကြည့်နိုင်ပါတယ်



ပုံ - အဆင်သင့် အသုံးပြုနိုင်သည့် တကယ်အလုပ်လုပ်နေသော CGI Proxy များစာရင်း
သဘောကျတဲ့ ဆိုဒ်တွေကို သီးသန့် Bookmark လုပ်ထားလို့ ရသေးပါသေးတယ်


ပြီးတဲ့အခါ အလွယ်တကူပြန်သုံးနိုင်အောင် သိမ်းထားတဲ့ ဖိုင်လေးကို ပြန်ဖွင့်၊ Firefox မှာဆို Bookmark လေးလုပ် (IE မှာဆိုရင်တော့ Add to Favorites ပေါ့လေ) ၊ သုံးနေရင်း အချိန်တစ်ခုအထိကြာသွားလို့ အသစ်တွေထပ်တိုးလာတာ လိုချင်ရင်တော့ အခုလုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်တာနဲ့ အဆင်ပြေမှာပါ..

အင်တာနက် ကဖေး၊ ကျောင်း၊ ခရီးဝေး စတာတွေ သွားရတဲ့ အခါမှာလည်း မန်မိုရီစတစ် (Memory Stick) လေးနဲ့ ထည့်ယူသွားလိုက်ရုံပါ.. PDA သမားတွေကတော့ PDA ထဲမှာထည့်သွားတာပေါ့ .. (Firefox Bookmark တွေနဲ့ IE Favorites တွေကို အလွယ်တကူ ရှာဖွေ သိမ်းဆည်းနည်းလေးကို မကြာခင် Help ဖတ်လို့ရမှာပါ...

အင်တာနက်ထဲမှာလဲ Proxy တွေကို စာရင်းပြုစုပေးထားတဲ့ ၀က်ဘ်ဆိုဒ်တွေ အများကြီးပါ ဒါပေမယ့် အဲဒီဆိုဒ်တွေက ကြော်ငြာတွေများတဲ့ အပြင် အခုလို တိုက်ရိုက်သွားလို့ရတဲ့ အနေအထားမျိုးကိုတော့ Google ကနေရှာမှပဲ ရတာပါ..

သူငယ်ချင်း ရောင်းရင်း ညီအကိုမောင်နှမများ အားလုံး
အင်တာနက်နှင့် အိုင်တီနည်းပညာများကို အထိရောက်ဆုံး အကျိုးအရှိဆုံး အသုံးချနိုင်ကြပါစေဗျာ ..

Aug 16, 2007

Firefox Add-ons & Plug-ins (2)


DOM Inspector
DOM Inspector ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲ မီးမြေခွေး (Firefox) ရဲ့ Add-ons တစ်ခု ဖြစ်ပါတယ်... အတိုကောက် DOMi လို့ ခေါ်ကြပါတယ်

DOM
(Document Object Model) အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ
ထည့်သွင်းမယ့် အရာဝတ္တုတွေကို ဘယ်လို နေရာ ချထားမလဲဆိုတဲ့ သတ်မှတ်ချက်များ
Source-http://www.metromemetics.com/thelexicon/d.asp
DOMi ကို ဘာအတွက် အသုံးပြုလို့ရသလဲ ဆိုရင် အင်တာနက် စာမျက်နှာတစ်ခု ရဲ့ နောက်ဘက် ကျွန်တော်တို့ မမြင်ရတဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ကြည့်ချင် မြင်ချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ် ... ဒါတင်မကသေးပါဘူး ကိုယ်တစ်ခါမှ မကြည့်ဖူးသေးတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကို ဒီအတိုင်းသွားကြည့်ဖို့ ၀န်လေး နေတယ်၊ အထဲမှာ ဘယ်လို အကြောင်း အရာတွေပါနေတယ် ဆိုတာသိချင်ရင်လည်း အဲဒီ ပရိုဂရမ်ရဲ့ File --> Inspect a URL ... ကနေတစ်ဆင့် သိချင်တဲ့ အင်တာနက် လိပ်စာလေးကို ထည့်လိုက်ရုံပါပဲ.. အဲဒီအခါမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ လိပ်စာဟာ DOMi ရဲ့ ကိုယ်ပိုင် Window ထဲက Window အသေးလေးတစ်ခု အနေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..

DOM တစ်ခုအတွင်းမှာ ပါနေတဲ့ အကြောင်းအရာတွေကို Tree Structure အဖြစ်နဲ့ ကြည့်လို့ရပါတယ် ... ပိုရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကွန်ပျုတာထဲက ဖိုလ်ဒါ (Folder) တစ်ခုကို Right Click -> Explore ဆိုပြီးကြည့်တဲ့ အခါ မြင်ရတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ .. သက်ဆိုင်ရာ Node လေးတွေ (အပေါင်း+/အနှုတ် - လက္ခဏာနဲ့ မြင်တွေ့ ရပါတယ်) ကို ကလစ်လုပ်တဲ့ အခါတိုင်း အောက်ဘက်ခြမ်းက သက်ဆိုင်ရာနေရာမှာ အနီရောင် လေးထောင့်ကွက်နဲ့ မှိတ်ချီလင်းချီ ၃ ကြိမ်ပြနေမှာ ဖြစ်ပါတယ် ...
ဒါတင်မကသေးပါဘူး Box Model, XBL bindings, CSS style rules, Computed styles နဲ့ JavaScript Objects တွေအဖြစ်နဲ့ လည်းရွေးချယ် ကြည့်ရှုနိုင်ပါသေးတယ် ..
သူများတွေ ဘာလုပ်ထားသလဲ ကိုယ်လုပ်ထားတာတွေကရော ဘယ်လိုလဲ အားလုံးကို တစ်ပိုင်းစီ စိတ်ကြိုက် ပြန်လေ့လာလို့ရပါတယ် ... အောက်မှာ ကျွန်တော့် ဘလော့ခ်ကို DOMi ထဲမှာ ပြန်ပြီး မွှေကြည့်ထားတဲ့ ပုံလေးကို ကြည့်လို့ရပါတယ် ... ပုံရဲ့ အချို့နေရာလေးတွေမှာ အညွှန်းလေးတွေပါ ထည့်ပေးထား ပါသေးတယ် ...
Firefox-https://addons.mozilla.org/firefox/addon/1806

ဆက်လက် ဖော်ပြပါမည် ...
REF-
-http://www.mozilla.org/projects/inspector/faq.html
-http://www.mozilla.org/projects/inspector/
-http://en.wikipedia.org/wiki/DOM_Inspector
-http://en.wikipedia.org/wiki/Document_Object_Model
Can Learn How to Use DOMi More Detail at:
-http://developer.mozilla.org/en/docs/Introduction_to_DOM_Inspector

Aug 15, 2007

Firefox Add-ons & Plug-ins(1)


မနေ့က ကျွန်တော့်ကွန်ပျုတာကို အမြင်ကတ်လာတာနဲ့ Format လုပ်လိုက်တယ် ... ဒါပေမယ့် Drive C: တစ်ခုတည်းကို လုပ်တာပါ... ဒီနေ့မနက်ပိုင်းမှာ သုံးနေကြ ဆော့ဖ်ဝဲလေးတွေ ပြန်တင်ဖြစ်ပါတယ်။ မီးမြေခွေး အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Firefox) ကိုလည်းပြန်တင်ရင်း Plug-in လေးတွေ Add-ons လေးတွေကိုပါ ပြန်ထည့်ရင်း အသစ်တွေ့တဲ့ Firefox add on အမိုက်စားလေးတွေကို ပြန်ပြီး ဖောက်သည်ချလိုက်တာပါ ... (တခြားသူတွေ အတွက် တော့ ဟောင်းချင်လည်း ဟောင်းနေမှာပေါ့နော် )

No Script
ဒီ Add-on လေးက အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ ပါနေတဲ့ Java Scripts, Java နဲ့ အခြားသော အလုပ် လုပ်နိုင်တဲ့ Script တွေကို အလုပ်မလုပ်အောင် ကောင်း ကောင်းကြီး ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ... ဒီဟာလေးကို Firefox မှာ ထည့်လိုက်ပြီးတဲ့ အခါ အင်တာနက်စာမျက်နှာတွေကို ကြည့်ရတာ ပိုပြီး အဆင်ပြေလာတာကို တွေ့ရပါတယ် ... အထူးသဖြင့် ကြော်ငြာတွေ အရမ်းများတဲ့ အချို့ အင်တာနက်စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ မပါတော့တာ တွေ့ရ မှာပါ ... ကျွန်တော်လည်း XSS ဆိုတဲ့ Cross-site scripting အကြောင်းလေ့လာရင်း ဒီဟာလေးကို တွေ့ပြီး သုံးဖြစ်သွားတာပါ ... အဆင်ပြေတယ် ... စမ်းကြည့်ကြပါလား ..
မူရင်းနေရာ -http://noscript.net/
Firefox -https://addons.mozilla.org/firefox/722/

Web Developer
ဒီ နောက်ဆက်တွဲ (Extension) လေးကတော့ ကျွန်တော်တို့ကြည့်နေတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာပါဝင်နေတဲ့ Cache, Cookies, CSS Design, Form, Image, Informations, Comments, Outline, Tools, Source View စတာတွေကို အလွယ်တကူကြည့်လို့ရအောင် ဖန်တီးပေးပါတယ် ... သူ့ကို Firefox မှာ ထည့်လိုက်တဲ့ အခါ မီနူးတစ်ခု အနေနဲ့ Tools အောက်မှာ မြင်ရမှာပါ .. ၀က်ဘ်နည်းပညာကို စိတ်ဝင်စားသူတွေ၊ သူများရေးထားတာလေးတွေကို လေ့လာ ဆည်းပူး ချင်တဲ့သူတွေအနေနဲ့ အင်တာနက် စာမျက်နှာတစ်ခု အတွင်းမှာ ပါရှိနေတဲ့ မိမိလေ့လာချင်တဲ့ အပိုင်း လေး CSS, Form, Cookie စတာလေးတွေကို လိုချင်တဲ့ အပိုင်းလေးဘဲ ဆွဲယူပြီး ကြည့်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ် .... Web Designer တွေအတွက် အလွန်အထောက်အကူရတဲ့ Tool လေးပါပဲ ...
မူရင်းနေရာ -http://chrispederick.com/work/web-developer/
Firefox -https://addons.mozilla.org/firefox/60/

UnPlug
ဒါလေးကတော့ အင်တာနက် စာမျက်နှာတစ်ခုအတွင်းမှာ ထည့်သွင်းမြုတ်နှံထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေကို မိမိတို့ရဲ့U ကွန်ပျုတာထဲမှာ သိမ်းထားချင်တယ်ဆိုရင် သိမ်းထားပေးနိုင်တဲ့ နောက်ဆက်တွဲလေး ဖြစ်ပါတယ် ... ကိုယ်ကြည့်နေတဲ့ စာမျက်နှာမှာ သီချင်း၊ ဗီဒီယိုတွေ ပါလာတယ်ဆိုရင် ဒီ Extension လေးကို ကလစ်လုပ်လိုက်ရုံပါပဲ ... ဗီဒီယိုဖိုင်တွေ အတွက် Download Tool အနေနဲ့လည်း သုံးနိုင်ပါသေးတယ် ...အင်တာနက်စာမျက်နှာထဲက MediaPlayer ထဲကို အချက်အလက်တွေ စီးဝင်လာတဲ့ အခါမှာ UnPlug ကစစ်ဆေးပြီး ရိုးရိုး လင့်ခ်တစ်ခု အနေနဲ့ ဖော်ပြပေးပါတယ် ... အဲဒီလင့်ခ် ကနေ ဒေါင်းလုဒ် ရုံပါပဲ ... FlashGot လို နောက်ဆက်တွဲတွေ ထပ်ထည့်လိုက်မယ်ဆိုရင် Download Manager တွေနဲ့ပါ အမျိုးမျိုးတွဲဖက် လို့ရပါတယ် ...
UnPlug ဟာ youtube.com, ifilm.com, current.tv, revver.com, peekvid.com, video.google.com, mobuzztv.com စတဲ့ မီဒီယာ Web Site မျိုးစုံကနေ ကိုယ့်စိတ်ကြိုက် ဒေါင်းလုဒ်ချလို့ရအောင် အကူအညီပေးမယ့် extension လေးတစ်ခုပါ...
မူရင်းနေရာ -http://unplug.mozdev.org
Firefox -https://addons.mozilla.org/firefox/2254/
နမူနာပုံများ -https://addons.mozilla.org/en-US/firefox/addons/previews/2254

FlashGot
အင်တာနက်ထဲက ဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချတဲ့ အခါ အဆင်ပြေအောင် လုပ်ပေးတဲ့ ၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲနဲ့ Download Manager တွေကို ပေါင်းစည်းပေးတဲ့ နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်ပါတယ် ... အထူးသဖြင့် ဘယ်နည်းနဲ့ ဒေါင်းလုဒ် လုပ်ချင်သလဲ ရွေးချယ်ခွင့် ပေးပါတယ် ... RapidShare မှာဆိုရင် အခမဲ့ ဒေါင်းလုဒ် တဲ့သူတွေ အတွက် Download Manager သုံးခွင့် မရှိပါဘူး ... အဲဒီလို အခါမျိုးမှာ Save As နဲ့ မှ ဒေါင်းလုဒ်လို့ ရမှာ ဖြစ်ပါတယ် ... ဒီဟာလေးက တစ်ခုခု ကို ဒေါင်းလုဒ် ခါနီးတိုင်း ဘယ်နည်းနဲ့ လုပ်မှာလည်းမေးတဲ့ အတွက် အတော်လေး အဆင်ပြေတာ တွေ့ရမှာပါ ...
မူရင်းနေရာ -http://flashgot.net/
Firefox -https://addons.mozilla.org/firefox/addon/220

ဆက်လက်ဖော်ပြပါမည် ...

Jun 21, 2007

Creating Free Online Player


ရောင်းရင်းတွေ
ညီအကို မောင်နှမတွေအတွက် အရသာ အသစ်လေးတစ်ခုပါ

သီချင်းနားထောင်လို့လဲရ ကြိုက်တာကိုလည်း Download လုပ်လို့ရတဲ့ နည်းလေး
ဒါပေမယ့် IDM အစရှိတဲ့ ဆော့ဖ်ဝဲတွေ ကို တော့
ဒီလင့်ခ်တွေကနေ Auto Download မလုပ်အောင် ပိတ်ထားဖို့ လိုမယ်
အဲဒါမှ Online Player ကနေ သီချင်းတွေ နားထောင်လို့ ရမှာပါ ..

IC Live 1 - Online Player

IC live 2 - Online Player
အဓိက ရည်ရွယ်ချက်ကတော့ Box ကအလကား ပေးထားတဲ့ 1 GB ကို
ဒီလိုလည်း အသုံးချလို့ရတဲ့ အကြောင်း message လေးပေးချင်တာပါ ...

ကျွန်တော် ဒီနည်းလေးသုံးနေတာအတော်ကြာပါပြီ ...
ဒါပေမယ့် အကြောင်းမတိုက်ဆိုင်လို့ နည်းလမ်း မပြောမိတာပါ ...
အခုတော့ အကြောင်းတိုက်ဆိုင်သွားလို့ လုပ်ပေးလိုက်ပါပြီ....

ရောင်းရင်းတို့ရေ စမ်းကြည့်ကြပါဦး
ကြိုက်ရင် www.box.net မှာ free account တစ်ခု အမြန်သာ ပြေးယူကြပေတော့ ဗျို့
သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေဗျာ

May 24, 2007

How to get money via Internet


အင်တာနက်သုံးရင်း ငွေရှာချင်တယ်ဗျာ . .
ဘယ်လိုလုပ်ရမလဲ . . နည်းလေးများသိရင်ပေးကြပါဗျာ . .
မြန်မာပြည်မှာ အင်တာနက်သုံးရင်း ငွေရှာလို့ရနေပြီလား . .
ရရင် ကျွန်တော်လည်း အဲဒီလိုအလုပ်မျိုးလေး လိုချင်တယ်ဗျို့ . .