ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Nov 28, 2008

Killing and Removing Brastk.exe Malware

"Brastk.exe" (this link will open Google search with brastk.exe keyword) is a malware program and it stay in the following directories, and many paths of the registry.
C:Windows\
C:Windows\System32\
When a PC is infected with this malware,
- it appear in system tray with red icon with X,
- frequently display of a message, that The system is infected with a virus ... .
- if we click that message, then it tries to install "XP Antispyware 2009" (also a fake antispyware).
So it is very annoyed to infected PC and user.
To remove this malware from the infected pc, I used the following tools and techniques.

Tools

  1. TCPView (this link to SysInternal and will open in new window) to check all the open ports.
  2. Revo Uninstaller (this link to Revo Uninstaller Download page and will open in new window) to check and remove all "Auto Run" files and other unnecessary files.
  3. Hijackthis (this is direct download link to HijackThis and will open in new window) to check the contents of key areas of the Registry and hard drive--areas that are used by both legitimate programmers and hijackers.
  4. Malwarebytes' Anti-Malware program (this link to MBAM Download page and will open in new window) to check all malware finally.

Techniques

  1. Disable network connection.
  2. Run the Registry and look for the “brastk.exe”, all its paths and keys, and delete all.
  3. Find and delete the “brastk.exe” under C:\Windows\directory
  4. Used the tool “TCPView” to check all the open ports of infected PC. This “Brastk.exe” used, UDP port 1025. Then selected the process of “brastk.exe”, and use “End Process…” command from Process menu of the TCPView. This “brastk.exe” program run away at once from system tray.
After Killing the “brastk.exe” with TCPView,
  1. Delete the “brastk.exe” under C:\Windows\system32\ directory.
  2. Clean all temp files from %tmp%, %temp% and %prefetch%.
  3. Run Revo Uninstaller to check all start up files and unwanted files.
  4. Run Hijackthis and check all key areas of the Registry and hard drive again.
  5. Use Malwarebytes' Anti-Malware program to recheck all the rest of malware threats.
  6. Finally, Restart the infected PC and check again.
Now everything will be OK on the infected PC.
Any new ways and comments for this solutions are welcome.

Aug 1, 2008

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ မှ တရားတော်အနှစ်ချုပ်


တရားပွဲကို ကိုယ်တိုင်မလာနိုင်တဲ့ ညီအကို မောင်နှမများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်...
ဆရာတော် ဟောသွားတာကတော့ ....
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ရွတ်ရင် လောကီလောကုတ် နှစ်ဖြာလုံးမှာ အကျိုးများတဲ့ အကြောင်း ....
ပြီးတော့ ဘယ်သူနဲ့ဖြစ်ဖြစ် လူ၊ လုပ်ရပ်နဲ့ စိတ်ဓါတ် သုံးခုမှာ လူကို မကြည့်ဘဲ လုပ်ရပ် အကောင်းအဆိုး၊ စိတ်ဓါတ် အကောင်းအဆိုး ကို သေသေ ချာချာ စိစစ်လေ့လာဖို့ ....
လိမ္မာ ကြဖို့ ...
ပြီးတော့ ...
အချိန်ရတိုင်း ကုသိုလ်နဲ့ ပညာ ရအောင် စုဆောင်းဖို့၊
ငါးပါးသီလ လုံအောင် နေလို့ရတဲ့ အတွက် လုံအောင်နေကြဖို့
ဟောကြားပါတယ် ...
တတ်နိုင်စွမ်းသမျှ လိုက်နာကျင့်သုံးနိုင်ကြပါစေကြောင်း မျှဝေ ဆုတောင်းလိုက်ရပါတယ်...

Jul 10, 2008

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ

စင်္ကာပူနိုင်ငံရောက်
မြန်မာ ညီအကို မောင်နှမ၊ သူငယ်ချင်း၊ မိသားစုများ အတွက်....
ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်ဘုရား

၏ တရားပွဲသို့ ...
ကြွရောက် တရားတော်နာယူနိုင်ကြပါရန် ...
နိဗ္ဗာန် အကျိုးမျှော်ကိုးကာ နှိုးဆော်လိုက်ရပါသည်...
  • အချိန် .... ၁၂-ဇူလိုင်-၂၀၀၈ (စနေနေ့) ညနေ ၇ နာရီ
  • နေရာ .... မြန်မာဘုန်းတော်ကြီးကျောင်း ၊ တိုင်ဂျင်းလမ်း၊ တိုပါးယိုး (Topayoh MRT) အနီး

Mar 27, 2008

72 Security Tips for Daily Computing Life (1)

ကွန်ပျုတာ လုံခြုံရေး ရတက်အေးစရာ နည်းလမ်း ၇၂ သွယ် - အပိုင်း (၁)

ကျွန်တော်တို့ သည် ကွန်ပျုတာကို ယခုမှ စတင် အသုံးပြုတတ်ကာစ သူတစ်ဦး ဖြစ်စေ၊ ကာလရှည်ကြာစွာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေသူ တစ်ဦး ဖြစ်စေ ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် ကွန်ပျုတာနှင့် အင်တာနက်ကို အသုံးပြုကြသည့် အခါတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ရန်မှာ အထူးအရေးကြီးပေသည်။

ယခုခေတ်၊ ယခုအခါကဲ့သို့ နေရာတကာတွင် ဗိုင်းရပ်စ်(Virus)၊ ထရိုဂျန်(Trojan) စသည့် ကွန်ပျုတာများနှင့် ကွန်ပျုတာ အသုံးပြုသူများကို အချိန်မရွေး၊ နေရာမရွေး စိတ်အနှောင့်အယှက် ပေးနိုင်သော၊ ဒုက္ခပေးနိုင်သော ဘေးရန် များလွန်းသည့် အခြေအနေတွင် ကွန်ပျုတာကို စိတ်အေးလက်အေး အသုံးပြုနိုင်ရန်မှာ - အင်တာနက် ချိတ်ဆက်မှုကို ရပ်တန့်ထားကာ၊ မည်သည့် ဆော့ဖ်ဝဲ ပရိုဂရမ်၊ မည်သည့် မှတ်ဥာဏ်ပစ္စည်း (Memory Device)ကိုမျှ ကွန်ပျုတာအတွင်း တပ်ဆင်အသုံးပြုမှု မပြုဘဲနေခြင်းများ - ကသာ အကောင်းဆုံး ဖြစ်တော့မည်ဟု ထင်မှတ်ရသည့် အခြေအနေ ဖြစ်လာသည်။

ထိုကဲ့သို့နေလျှင်လည်း ရကောင်း ရနိုင်ဖွယ်ရာ ရှိပါသည်။ သို့သော် အင်တာနက်ကိုလည်း အသုံးမပျက် အသုံးပြုရင်း၊ နှစ်သက် သဘောကျသည့် ဆော့ဖ်ဝဲ ပရိုရမ် အသစ်အဆန်းများ ကိုလည်း ကွန်ပျုတာအတွင်း တပ်ဆင်စမ်းသပ် အသုံးပြုရင်း၊ ဘေးကင်းရန်ကင်းလည်း နေထိုင်နိုင်သည့် နည်းလမ်းများ ရှိမည်ဆိုပါက - ထိုနည်းလမ်းများကို အသုံးပြုခြင်းက ပိုကောင်းမည် မဟုတ်ပါလား။

ကျွန်တော်တို့ အနေဖြင့် -

  1. အကာအကွယ်ပေးသည့် ဆော့ဖ်ဝဲများကိုလည်း ကွန်ပျုတာတွင် ထည့်သွင်းတပ်ဆင် ထားမည်။
  2. ကွန်ပျုတာ အသုံးပြုသည့်အခါ လိုက်နာရမည့် ဆောင်ရန်၊ရှောင်ရန် အလေ့အကျင့်ကောင်းများ ကိုလည်း လေ့လာ မှတ်သားထားမည်။
  3. အရေးအကြီးဆုံး အချက်တစ်ခု အနေဖြင့် အခြေအနေတစ်ရပ်ကို ကောင်းမွန်စွာ သုံးသပ် ဆုံးဖြတ်တတ်သော အလေ့အကျင့်ကောင်းလည်း ရှိနေမည် ဆိုလျှင်
ကျွန်တော်တို့၏ "ကွန်ပျုတာ အသုံးပြုမှု နေ့စဉ်ဘ၀" (Daily Computing Life) မှာ ပိုမို နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်လာပေမည်။

ကျွန်တော်တို့၏ နေ့တဓူဝ ကွန်ပျုတာနှင့်အင်တာနက် အသုံးပြုမှုများတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာ နေထိုင် အသုံးပြုနိုင်သော အခြေအနေကို ရရှိနေစေရန်အတွက် မဖြစ်မနေ ဆောင်ရွက်ထားရမည့် အနည်းဆုံး လုပ်ဆောင်ဖွယ်ရာများနှင့် ပိုမို ပြည့်စုံသည့် လုပ်ဆောင်ဖွယ်ရာများကို အောက်တွင် စုစည်း ဖော်ပြထားပါသည်။

အနည်းဆုံးလိုအပ်ချက်များ

(၁) ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတပ်ဆင်ရန်လိုအပ်သည်။ ထိုမျှမက ဗိုင်းရပ်စ်အမျိုးအစားသစ်များမှာ နေ့စဉ် ထွက်ပေါ်နေသည့် အတွက် တပ်ဆင်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲမှာလည်း ၎င်းဗိုင်းရပ်စ်များကို အချိန်နှင့်အမျှ အစဉ်အမြဲ သိနေစေရန် (Update) လုပ်ထားရမည်။ ကွန်ပျူတာကို ပုံမှန်စစ်ဆေးခြင်း၊ ခရီးဆောင်မှတ်Óဏ်ပစ္စည်း (Memory Stick, Pen Drive စသည်) များ တပ်ဆင်သည့်အခါတိုင်းတွင် ဗိုင်းရပ်စ်စစ်ဆေးပြီးမှ အသုံးပြုခြင်းများ ဆောင်ရွက်ဖို့ လိုအပ်သည်။ အင်တာနက်မှ ဖြတ်သန်းရောက်ရှိလာ သော စာ (email) များ၊ စာတို (message) များ၊ အင်တာနက်လိပ်စာ (link) များကို စနစ်တကျ စစ်ဆေးပြီးမှ ဖတ်ရှုဖို့လိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းများ မရှိလျှင်တော့ ကျွန်တော်တို့၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်ရောက် အနှောင့်အယှက်ပေးမည်မှာ သေချာပေါက်ပင် ဖြစ်သည်။

(၂) စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲ (Antispyware) ကို အမြဲ Update လုပ်ပါ။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများသည် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတွင် ပါဝင်ပြီးသား ဖြစ်လေ့ရှိသည်။ ၄င်းကို အမြဲတမ်း Update လုပ်ထားဖို့လိုသည်။ ၄င်းဆော့ဖ်ဝဲဖြင့် မကြာခဏဆိုသလို ကွန်ပျူတာကို စစ်ဆေးပေးရမည်။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများကို နှစ်မျိုးသုံးမျိုးခန့်အထိ ထည့်သွင်းထားနိုင်သည်။ ဥပမာ Windows Vista တွင် စပိုင်ကာကွယ်ရေးအတွက် (Windows Defender) ပါရှိလာပြီးဖြစ်သော်လည်း - Spy Sweeper, Spybot စသည့် အခြားဆော့ဖ်ဝဲများကိုလည်း ထည့်သွင်းထားနိုင်သည်။ အရေးကြီးသည်မှာ ထည့်သွင်းထားသည့် အကာအကွယ်ဆော့ဖ်ဝဲများကို အမြဲတမ်း Update ဖြစ်နေအောင် ပြုလုပ်ထားရန်ပင် ဖြစ်သည်။

(၃) Firewall များဖြင့် ကွန်ပျူတာကို အကာအကွယ်ပေးထားပါ။ ကျွန်တော်တို့၏ ကွန်ပျူတာအတွင်းသို့ ၀င်ရောက်လာသော အချက်အလက်များ (Inbound Data) ၊ ကွန်ပျူတာအတွင်းမှ ပြန်လည်ပေးပို့လိုက်သော အချက်အလက်များ (Outbound Data) သွားလာစီးဆင်းရာ လမ်းကြောင်းအနေအထား (Traffic) များကို Bidirectional Firewall များက စောင့်ကြည့် စစ်ဆေးပေးလေ့ ရှိကြသည်။ ပန်းသီးကွန်ပျူတာများရှိ Mac OS နှင့် Windows Vista တို့တွင်ပါရှိသော Firewall များမှာ Bidirectional အမျိုးအစားများ ဖြစ်ကြသည်။ အကယ်၍ Windows XP နှင့် အခြားသော ၀င်းဒိုးစနစ်ဟောင်းများကို သုံးနေဆဲဖြစ်ပါက ZoneAlarm ကဲ့သို့သော Firewall များကို ထည့်သွင်းတပ်ဆင်ထားရန် လိုအပ်ပေသည်။

(၄) Firewall များနှင့်ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများကို တစ်ခုထက်ပို၍ ထည့်သွင်းထားခြင်းမျိုး မပြုလုပ်ပါနှင့်။ အပြင်လောကတွင် မီးခံသေတ္တာနှစ်ထပ်ဖြင့် အဖိုးတန်ပစ္စည်းများ ထည့်သွင်း ထားရှိခြင်းသည် ပိုမိုစိတ်ချရသည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ကွန်ပျူတာစနစ်တစ်ခုအတွင်း Firewall ဆော့ဖ်ဝဲနှစ်မျိုးကို တပ်ဆင်အသုံးပြုပါက အကာအကွယ်နှစ်ဆ တိုးမလာတော့ဘဲ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် အနှောင့်အယှက် ပေးကာ စိတ်ညစ်စရာ နှစ်ဆတိုးလာနိုင်မည် ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ ကိုလည်း နှစ်မျိုးမသုံးပါနှင့်။ တစ်မျိုးတည်း ကိုသာ တပ်ဆင်ပါ။ (စပိုင်ကာကွယ်ရေး ဆော့ဖ်ဝဲများကိုတော့ တစ်ခုမက တပ်ဆင် အသုံးပြုနိုင်ပါသည်)။

(၅) ကွန်ပျူတာ စနစ်များ၏ "နောက်ဆုံး အခြေအနေနှင့် ကိုက်ညီစေရန် အချိန်နှင့်တပြေးညီ အလိုအလျောက် ဖြည့်ဆည်းမှု" (Automatic Updates) စနစ်များကို ခွင့်ပြုထားပါ။ ကွန်ပျူတာစနစ်များကို အဓိကထုတ်လုပ်သည့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Microsoft နှင့် Apple တို့သည် ၄င်းတို့ ရှာဖွေတွေ့ရှိသမျှ "စနစ်၏ လုံခြုံရေးဆိုင်ရာ လစ်ဟာချက်များ" (Security Holes) ကို ပုံမှန်ဖြည့်ဆည်းပေးနေလေ့ ရှိကြသည့် အတွက် Windows နှင့် Mac OS တို့၏ အခါအားလျော်စွာ (လိုအပ်သလို) Update ပြုလုပ်ခြင်းများကို တားဆီးမထားပါနှင့်။ Auto Update ပြုလုပ်ပါစေ။

(၆) EXE ဖိုင်များကို အလွယ်တကူ လက်မခံပါနှင့်။ . exe,.com, .bat နှင့် .scr တို့ဖြင့် အဆုံးသတ်လေ့ ရှိသော၊ လုပ်ငန်း တစ်စုံတစ်ရာကို ဆောင်ရွက်ပေးနိုင်သည့် (Executable) ဖိုင်များကို အင်တာနက်မှ ဒေါင်းလုဒ်ရယူကာ အသုံးပြုရသည့် ကိစ္စမှာ ရှောင်လွှဲရန် ခက်ခဲပေသည်။ သို့သော်လည်း မသိဘူး၊ မမြင်ဘူးသူများထံမှဖြစ်စေ၊ Forward ပြုလုပ်လိုက်သော အီးမေးလ်များမှ ဖြစ်စေ ရောက်ရှိလာသည့် Executable ဖိုင်များကိုတော့ သတိထားရန် လိုသည်။ အလားတူပင် .doc နှင့် .xls စသည့် Microsoft Word နှင့် Excel ဖိုင်များသည်လည်း Macro ဗိုင်းရပ်စ်များကို သယ်ဆောင်လာနိုင်သည့် အတွက် သတိပြုစစ်ဆေးရန် လိုအပ်သည်။

(၇) မိမိဆက်သွယ်နေသည့် လမ်းကြောင်းကို တိကျစွာ သတ်မှတ်ထားရှိပါ။ အကယ်၍ သင်သည် Broadband အမျိုးအစား အင်တာနက် ဆက်သွယ်မှုကို ရရှိ အသုံးပြုနေသူ ဖြစ်သော်လည်း Router တပ်ဆင်ထားခြင်း မရှိပါက Router တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။ ကြိုးရှိ Router ဖြစ်စေ၊ ကြိုးမဲ့ Router ဖြစ်စေ အသုံးပြုနိုင်သည်။

(၈) Hardware Firewall ကို အကာအကွယ် ယူထားပါ။ သင်၏ Router သည် "ကွန်ရက်လိပ်စာ ဘာသာပြန်ဆို ပြောင်းလဲမှု" NAT (Network Address Translation) ကို အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ ကွန်ပျူတာမှ ပွင့်နေသော Port များကို ရှာဖွေကာ အန္တရာယ်ပေးလာမည့်၊ အင်တာနက်မှ မသမာသူများ၏ ဘေးရန်ကို ကာကွယ်မှု ရရှိစေမည်။ ၄င်း Firewall သည် ဆက်သွယ်ရေး လမ်းကြောင်းများကို ကောင်းမွန်စွာရရှိစေရန် အထောက်အကူ ပြုနိုင်သော SPT (Stateful Packet Inspection) ကိုလည်း အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ Hardware Firewall မှ အဆိုပါ အင်္ဂါရပ်များကို ဖွင့်ထားပါ။

ဆက်လက်ဖော်ပြပါမည်... >>> Malware / Antivirus
Ref: PC Magazine ,Feb 08

Related Blog Posts:
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Our Password (1)
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Our Password (2)

Jan 23, 2008

Portable Applications

အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများ
မည်သည့် အိပ်ဆောင် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်း (Portable Memory Devices) အတွင်းသို့မဆို သယ်ဆောင် သွားနိုင်ပြီး၊ မည်သည့် ကွန်ပျုတာတွင်မဆို ၄င်းကွန်ပျုတာအတွင်းသို့ Installation ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်သော အသုံးချ ဆော့ဖ်ဝဲများ အားလုံးကို အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများဟု ခေါ်နိုင်သည်။ အသုံးပြုသူ အနေဖြင့် ဆောင်ရွက်လိုက်သမျှ လုပ်ငန်းများ အားလုံးကို အဆိုပါ ဆော့ဖ်ဝဲများ၏ တည်နေရာတွင် တစ်ခါတည်း မှတ်သား ပေးထားနိုင်သည်။

ဤအဓိပ္ပါယ်မှာ ဤဆော့ဖ်ဝဲများကို ကွန်ပျုတာ မောင်းနှင်လည်ပတ်မှု စနစ် (Operating System) အမျိုးမျိုး၊ မတူညီသော ပလက်ဖောင်း အမျိုးမျိုးနှင့် မတူညီသော အမာထည် (Hardware) အမျိုးမျိုးတွင် အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများသည် ကွန်ပျုတာဆော့ဖ်ဝဲများနှင့် ၄င်းတို့၏ အပြင်အဆင် (Configuration) များကို တစ်နေရာတည်းတွင် အသုံးပြုနိုင်၊ မှတ်သားထားနိုင် စေရန် ဆောင်ရွက်ပေးထားသည့် ဆော့ဖ်ဝဲ ပရိုဂရမ်များ ဖြစ်ကြသည်။

ခရီးဆောင် အိပ်ဆောင် မှတ်ဥာဏ် ပစ္စည်းများ (Portable Memory Devices) ဟု ဆိုရာတွင် အလွယ်တကူ ရွှေ့ပြောင်း သယ်ယူ သွားနိုင်သည့် စီဒီရွမ် (CD-ROM)၊ USB ဖြင့်တွဲဖက် အသုံးပြုနိုင်သော Drive များ (USB flash drive) flash card သို့မဟုတ် Floppy disk စသည့် ကိရိယာများ ပါဝင်သည်။ ထို့ကြောင့် မည်သည့်နေရာ သို့မဆို သယ်ယူသွားနိုင်ပြီး မည်သည့် ကွန်ပျူတာ တွင်မဆို အသုံးပြုနိုင်သည်။

Properties of a Portable Application
ဆော့ဖ်ဝဲ ပရိုဂရမ် တစ်ခုကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် အဆိုပါဆော့ဖ်ဝဲသည် -

  1. မည်သည့် ကွန်ပျုတာတွင်မဆို အသုံးမပြုမီ အချိန်တွင် အသုံးပြုနိုင်ရန်အတွက် တပ်ဆင် ထည့်သွင်းရခြင်း (Installation) မျိုး ဆောင်ရွက်ရန် မလိုအပ်ခြင်း။ ဆော့ဖ်ဝဲကို အသုံးပြုမည့် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ အလွယ်တကူ ပြန်ဖွ (Unzip) လိုက်ရန်သာ လိုအပ်ခြင်း။ အကယ်၍ ပထမဆုံး အကြိမ်တွင် တပ်ဆင် ထည့်သွင်းရပြီး၊ နောက်မှ လိုအပ်သော ဖိုင်များကို ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ ကူးယူ ရွှေ့ပြောင်း ထည့်သွင်း အသုံးပြုရပါက ထိုဆော့ဖ်ဝဲမျိုးကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မခေါ်နိုင်ပေ။

  2. အပြင်အဆင်များကို ဆော့ဖ်ဝဲနှင့်အတူ သိမ်းဆည်းထားနိုင်ရမည်။ အတူ သယ်ဆောင်သွားနိုင်ရမည်။ တနည်းအားဖြင့် USB Drive ကဲ့သို့သော ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းများတွင် ရေးသွင်း မှတ်သားထားနိုင်ရမည်။ အကယ်၍ အပြင်အဆင်များကို မှတ်သားနိုင်ရန် အတွက် ကွန်ပျုတာ၏ မှတ်တမ်းစနစ် (Registry) ကို အသုံးပြုရမည် ဆိုပါက အဆိုပါ ဆော့ဖ်ဝဲ ပရိုဂရမ်ကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မဆိုနိုင်ပေ။ ၄င်းဆော့ဖ်ဝဲကို အသုံးပြုမည့် မည်သည့် ကွန်ပျုတာတွင် မဆို ထပ်မံ တပ်ဆင် ထည့်သွင်းပေးရန် လိုအပ်မည် ဖြစ်သည်။

  3. အသုံးပြုခဲ့သည့် မည်သည့် ကွန်ပျုတာတွင် မဆို မည်သည့် ခြေရာလက်ရာ အစအနမျိုးမဆို ကျန်ရစ်ခဲ့ခြင်းမျိုး မရှိစေရ။ ဥပမာ - ယာယီ မှတ်သား အသုံးပြုသော ဖိုင်များ နှင့် Registry အပြင်အဆင်များ အားလုံးသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို ပိတ်လိုက်၊ အဆုံးသတ်လိုက် သည်နှင့်တပြိုင်နက်တည်း အသုံးပြုနေသော ကွန်ပျုတာမှ ဖယ်ရှားလိုက်ပြီး ဖြစ်နေရမည်။ အသုံးပြုသူမှ ဖန်တီးလိုက်သော ဖိုင်များသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို သိုမှီး သိမ်းဆည်းထားသော ခရီးဆောင် မှတ်ဥာဏ်ပစ္စည်း အတွင်း တစ်ခါတည်း သိမ်းဆည်းလိုက်ပြီး ဖြစ်နေရမည်။

Included Applications
ပါရှိသော အသုံးချ ဆော့ဖ်ဝဲများ

ခရီဆောင် ဆော့ဖ်ဝဲများတွင် Standard Edition၊ Lite Edition နှင့် Base Edition ဟူ၍ အမျိုးအစား သုံးမျိုး ရှိသည်။
  1. Standard Edition တွင် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲ ClamWin၊ အင်တာနက်ကြည့် ဆော့ဖ်ဝဲ Mozilla Firefox၊ အမြန်စာတိုပို့ ဆော့ဖ်ဝဲ Gaim၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် OpenOffice.org၊ ဆော့ကစားရန် Sudoku၊ အချိန်ဇယား ရေးဆွဲရန်နှင့် ပြက္ခဒိန်အတွက် Mozilla Sunbird နှင့် အီးမေးလ် အတွက် Mozilla Thunderbird တို့ ပါရှိသည်။ ဤ Standard Edition ကို ခရီးဆောင် မှတ်ဥာဏ်တစ်ခု အတွင်း Install ပြုလုပ်လိုက်ပါက 300 MB မျှအထိ နေရာယူ သဖြင့် 512 MB အနည်းဆုံး ရှိသော ခရီးဆောင်မှတ်ဥာဏ်များဖြင့်သာ ကောင်းစွာ အလုပ်လုပ်နိုင်သည်။

  2. Lite Edition တွင် OpenOffice.org တစ်ခုလုံး အစား၊ စာစီစာရိုက် ပြုလုပ်နိုင်ရန် အတွက် AbiWord တစ်ခုတည်းသာ ပါရှိလာသည်။ ထို့ကြောင့် 256MB မျှအထိ ရှိသော ခရီးဆောင်မှတ်ဥာဏ်များတွင် ကောင်းစွာ အလုပ်လုပ်နိုင်သည်။

  3. အကယ်၍ မိမိအတွက် လိုအပ်သော ဆော့ဖ်ဝဲကိုသာ အတိအကျရွေးချယ် အသုံးပြုလိုပါ Base Edition ကို အသုံးပြုနိုင်သည်။ ၄င်းတွင် PortableApps Menu, PortableApps Backup utility နှင့် လိုအပ်သော Folder များ၊ အိုင်ကွန်များနှင့် Autorun ဖိုင်တစ်ခုသာ ပါရှိမည် ဖြစ်သည်။ အရွယ်အစားမှာ 1MB ထက်ပင် လျော့နည်းသောကြောင့် ပမာဏ နည်းပါးသော ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းများ အတွက် အလွန်ကောင်းသည့် ရွေးချယ်မှု ဖြစ်သည်။

Ref:
http://portableapps.com/suite
http://en.wikipedia.org/wiki/Portable_application