ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Aug 6, 2007

ကျွန်တော် သိသမျှ Google - Hacking RapidShare via Google


အင်တာနက်ထဲက နာမည်ကျော် ဖိုင်သိမ်းဆည်းရေး ၀က်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ RapidShare ဟာ 140 Gbps အမြန်နှုန်းအင်တာနက် အဆက်အသွယ်ရှိပြီး သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏ 3.5 PB ( “ ပီတာဘိုက် ” ) ရှိပါတယ်... ၀ယ်သုံးတဲ့ သူတွေအတွက် ပေးထားတဲ့ ၀န်ဆောင်မှု တွေကလည်း အများကြီးပါပဲ ...

ဝယ်မသုံးတဲ့သူတွေလည်း အခမဲ့ လည်းဒေါင်းလုဒ် လုပ်နိုင်ပါသေးတယ် ဒါပေမယ့် ကန့်သတ်ချက်တွေနဲ့ ဖြစ်ပါတယ် ... အခမဲ့ ဆိုရင် IP လိပ်စာတစ်ခု အတွက် သတ်မှတ်ထားတဲ့ ပမာဏ တစ်ခုအထိဘဲ ဒေါင်းလုဒ် လုပ်လို့ ရပါတယ် ... သတ်မှတ်ပမာဏ (Free Download Limit ) ကျော်လွန်သွားတာနဲ့ သူတို့ပြောတဲ့ အချိန်တစ်ခု ကြာအောင် ထပ်စောင့်ရပြန်ပါတယ် .... အဓိကအချက်ကတော့ ကျွန်တော်တို့လို Proxy အောက်မှာနေရတဲ့သူတွေအတွက်တော့ RapidShare ကနေ တစ်ခုခု ဒေါင်းလုဒ်ယူဖို့ဆိုတာ အတော်လေး မလွယ်တဲ့ အလုပ်တစ်ခုပါ အခြားတစ်ယောက်က ဒေါင်းလုဒ်နေတဲ့ အချိန်မှာလည်း ကိုယ်က စောင့်နေရပြန်ပါသေးတယ် ....

ဒီလောက်ခက်နေရတာတောင်မှ ဘာဖြစ်လို့ သုံးချင်နေရသေးတာလည်းဆိုပြီး မေးလာ စရာရှိပါတယ် ... အကြောင်းကတော့ RapidShare ထဲမှာ ဖိုင်အမျိုးအစားပေါင်းစုံ နောက်ဆုံးပေါ် ဆော့ဖ်ဝဲပေါင်းစုံကို တင်ထား၊ ဝေမျှထားကြလို့ပါပဲ ...
အခုတော့ ကျွန်တော်တို့ မိတ်ဆွေ Google အကူအညီနဲ့ RapidShare ကို လှည့်စားနိုင်ပါပြီ ... ;;)

RapidShare မှာ ကျွန်တော်တို့လိုချင်တဲ့ ဆော့ဖ်ဝဲ၊ အီးဘွတ်ခ်၊ သီချင်း အစရှိတဲ့ အရာတစ်ခုခုကို လိုချင်ရင် Google ကို အသုံးချပြီး အခုလိုလုပ်သွားလို့ ရပါတယ် ...

  1. +inurl:KEYWORD site:rapidshare.com FILETYPE တို့ဖြင့် လိုချင်သည့် ဖိုင် ရှိမရှိ နှင့် ဖိုင်၏တည်နေရာကို ရှာဖွေခြင်း
  2. လိုအပ်ချက်နှင့် ကိုက်ညီသော Download Link များကို စုဆောင်းမှတ်သားခြင်း
  3. +inurl:nph-proxy.cgi ဖြင့် Web-Based Proxy များကို ရှာဖွေခြင်း။
  4. www.~~~~.../~~~/~/cgi-proxy/ , www.~~~~.../~~~/~/nph.cgi-proxy/ စသည့် Web-based Proxy များကို စုဆောင်းမှတ်သားခြင်း
  5. မိမိ၏ အင်တာနက်ကြည့် ဆော့ဖ်ဝဲမှတဆင့် Web-based Proxy တစ်ခုအတွင်းသို့ ၀င်ရောက်ခြင်း
  6. Web-based proxy မှပေးသော လိပ်စာရိုက်ထဲ့ရမည့်နေရာတွင် အဆင့်(၂)မှ စုဆောင်းထားခဲ့သော Download Link များအနက်မှ တစ်ခုကို ထည့်သွင်းခြင်း
  7. RapidShare မှ Free User အတွက် ပေးသော Download Link အဆင်သင့်ရှိပါက Download လုပ်ခြင်း
  8. မရှိပါက အဆင့် (၅) သို့ပြန်သွားပြီး (အဆင့် (၄) တွင် စုဆောင်းထားခဲ့သော Web-based Proxy များအနက်မှ ) Proxy အသစ်တစ်ခုကို ပြန်လည်ထည့်သွင်းကာ ဒေါင်းလုဒ်လင့်ခ် ပြန်လည်ထည့်သွင်းခြင်း
  9. Download ခွင့်ပြုသည့် အခါ Save As ဖြင့် သိမ်းဆည်းခြင်း။
  10. အဆင့် (၈) (၉) အတိုင်း မိမိအလိုရှိသမျှ အကြိမ်ကြိမ် ပြန်လည် ဆောင်ရွက်ခြင်း ...

ဒီမှာ အဓိက ကျတဲ့ အချက်က RapidShare က ကျွန်တော်တို့ကို မသိအောင် ... သူ့ဘက်ကနေ မြင်နေရတဲ့ Proxy ကို လှည့်စား လိုက်တာပဲ ဖြစ်ပါတယ် (အဆင့် - ၅) ... တစ်ဆင့်ခြင်း အသေးစိတ်ကို သိချင်သေးတယ် ဆိုရင်တော့ အောက်မှာ ဆက်ပြီး ဆွေးနွေးထားပါတယ် ... အကြံကောင်းဥာဏ်ကောင်းလေးများ ရှိခဲ့ရင်လည်း ရေးပေးခဲ့ကြပါ ....

1. မိမိလိုချင်တဲ့ဖိုင်တစ်ခု RapidShare မှာ ရှိမရှိ သိချင်ရင်-
(ဥပမာ - စာအုပ်ခေါင်းစဉ်မှာ network နဲ့ security ပါတာမျိုး/ PDF,CHM,DOC ဖိုင်တွေအနေနဲ့ rapidshare.com မှာ ရှိမရှိ သိချင်ရှာချင်ရင် -)
+inurl:network security site:rapidshare.com (pdf|chm|doc) ကို Google ရဲ့ Search မှာ ထည့်ရှာပေးလိုက်ရပါမယ် -
သတိထားရမှာက +inurl: နဲ့ network တို့ကြားမှာ နေရာလွတ်မရှိစေဖို့ ပါပဲ ... ထို့အတူပဲ site: နဲ့ rapidshare.com တို့ကြားမှာလည်း နေရာလွတ်မရှိရပါဘူး
ကိုယ်ရှာချင်တဲ့ စကားလုံးတွေ/ နေရာတွေကို အခုလို သေသေချာချာ ကပ်ရထားမှာ ဖြစ်ပါတယ် ...
ကျွန်တော်ရှာတာ အခုလို အဖြေထွက်လာပါတယ် -
Results 1 - 6 of 6 from rapidshare.com for +inurl:network security (pdf|chm|doc). (0.24 seconds)
ပေါ်လာတဲ့ အဖြေတွေထဲမှာ
- ကျွန်တော်တို့ရှာနေတဲ့ စကားလုံးတွေကို အနက်ရောင်နဲ့ ရေးပြထားတာ တွေ့ရမှာပါ
- စာလုံးအကြီးနဲ့ မျဉ်းတားပေးထားတဲ့ နေရာကို နှိပ်လိုက်မယ်ဆိုရင် အဲဒီနေရာတွေကို ရောက်သွားမှာ ဖြစ်ပါတယ် -
- အောက်ဘက်က အစိမ်းရောင်စာသားတွေကတော့ Rapid Share ဆီက User Folder တွေဖြစ်ပါတယ် အဲဒါလေးတွေကို ကူးထားလိုက် ရမှာ ဖြစ်ပါတယ် .
- ဥပမာ - rapidshare.com/users/SE6SA9 ,

2.ကူးထားတဲ့ - www.rapidshare.com/users/CP2X8H, rapidshare.com/users/SE6SA9 စတာ တွေကို အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Address bar ထဲ တစ်ခုချင်းစီ ထည်.ကြည့်ပါ, firefox နဲ့ဆို Tab တစ်ခုချင်းစီထဲမှာ ဖွင့်ကြည့်သွားလို့ရတယ်လေ ... အခုဆိုရင် ကျွန်တော်တို့ဟာ Rapidshre.com ရဲ့ User Folder တွေကို ၀င်ကြည့်နေပါပြီ ... အထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာ၊ ခေါင်းစဉ်ကို Right click - Copy Link Location(firefox), Copy Shortcut (IE) နဲ့ ကူးထားရပါမယ်
ဥပမာ - www.rapidshare.com/users/CP2X8H ထဲက “Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR” ဆိုတာကို တွေ့ရပါမယ် ..
အဲဒါလေးကို Right click လုပ်ပြီး ပေါ်လာတဲ့ shortcut menu ထဲက " Copy Link Location " ကို နှိပ်ပြီး အဲဒီဖိုင်အတွက် Download link ကို ကူးလိုက်ပါ ... ပြီးတာနဲ့ notepad ပရိုဂရမ်လေးဖွင့်ပြီး Paste လုပ် သိမ်းထားလိုက်ပါ ... ဆက်ကြည့်သွားရင်းနဲ့ နောက်ထပ် လိုချင်စရာတွေ ပေါ်လာမှာပါပဲ ... အခုလိုပဲ ကူး/သိမ်း သွားလို့ ရပါတယ် ..
ဥပမာ - -http://rapidshare.com/files/14484043/Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR

3. အခု Web-based Proxy တွေရဲ့ လိပ်စာတွေ ရှာပါမယ် -
ဒီစာကြောင်းလေးကို Google မှာ ထည့်ရှာပေးရမှာ ဖြစ်ပါတယ် ...
+inurl:nph-proxy.cgi နေရာလွတ်တွေ မကျန်စေဖို့ သတိထားပါ
Google ကပြန်ပေးလာတဲ့ အဖြေတွေထဲက www.----.--/---/nph-proxy.cgi/ သို့မဟုတ် www.----.--/---/cgi-proxy အဲဒီလို အစိမ်းရောင် စာလုံးလေးတွေကို ရသလောက် ကူးပြီး သိမ်းထားလိုက်ပါ များလေ Rapidshare ကို လှည့်စားနိုင်လေပါဘဲ ... :P
ဥပမာ -
www.proxygalaxy.com/nph-proxy.cgi
, www.boyscorp.com/prx/nph-proxy.cgi/ , www.freeproxy.ru/en/free_proxy/cgi-proxy.htm,


4.ရလာတဲ့ Web-proxy တွေထဲက တစ်ခုကို ကူးပြီး အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Address bar မှာ ရိုက်ထဲ့လိုက်ပါပြီ -
ဥပမာ - www.proxygalaxy.com/nph-proxy.cgi , ဒီအခါမှာ ဆော့ဖ်ဝဲက -http://www.proxygalaxy.com/nph-proxy.cgi ဆိုပြီးပြောင်းပေးသွားပါလိမ့်မယ် အောက်ဘက်မှာလည်း URL ဆိုပြီး စာလုံးကြီးနဲ့ နေရာတစ်ခု ပေးထားတာ တွေ့ရပါမယ် ... အဲဒီအထဲကို အဆင့် - ၂ မှာ ရှာပြီး သိမ်းထားတဲ့ လိပ်စာတစ်ခု ထည့်ပေးလိုက်ပါပြီ ...
ဥပမာ - URL -http://rapidshare.com/files/14484043/Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR ထဲ့လိုက်ပါတယ်
ပြီးတာနဲ့ Enter နှိပ်လိုက်ရင် rapidshare ထဲကို ရောက်သွားမှာပါ
ကျန်တာတွေကတော့ rapidshare မှာ free download လုပ်နေကြ အတိုင်းပါဘဲ ...

အပေါ်က အဆင့်တွေမှာရေးပြထားခဲ့ သလိုပဲ free limit တွေကျော်သွားတိုင်း web-proxy လေးတွေ ပြောင်းပြောင်း သွားမယ်ဆိုရင် rapidshare လည်း မခံနိုင်ပါဘူး .. :D

စမ်းကြည့်လိုက်ကြပါဦး အဆင်မပြေရင် CBOX ကနေ အော်ခဲ့ကြပါ အကျိုးအကြောင်း အဆိုးအကောင်းလေးတွေ ရေးပေးသွားစေချင်ပါတယ် proxy ပြောင်းနည်းကတော့ အရှင် ဖြစ်အောင် လုပ်ထားတာပါ တစ်ခုတည်းဆိုလည်း မလွယ်ဘူးလေ
ဒီထက် ပိုကောင်းတဲ့ အကြံဥာဏ်များလည်း ဖိတ်ခေါ်ပါတယ် ....
သူငယ်ချင်း ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ ...