ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label အပန်းဖြေအနားယူရအောင် Relaxation Zone. Show all posts
Showing posts with label အပန်းဖြေအနားယူရအောင် Relaxation Zone. Show all posts

Sep 1, 2007

သီချင်းများ(၁)


မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းများအတွက်
အနောက်တိုင်းသီချင်းတွေ အများကြီး ဒေါင်းလုဒ်လို့ ရနိုင်တဲ့၊ မှတ်ပုံတင်စရာလဲ မလိုတဲ့
အင်တာနက်ထဲက နေရာလေးတစ်ခုကို ညွှန်းချင်ပါတယ် ...

http://www.franceradio.net/mp3/

ဆိုတဲ့ နေရာလေးပါ...

တချို့ ဖိုင်တွေက ဒေါင်းလုဒ်လိုက်တဲ့အခါ ".rbs" ဆိုတဲ့ extension တွေနဲ့ ဖြစ်နေမှာပါ..
အဲဒီဟာလေးကို ဖျက်ပြီး ".mp3" လို့ပြောင်းပေးလိုက်ရင် နားထောင်လို့ရပါပြီ....

ပျော်ရွှင် ချမ်းမြေ့ကြပါစေ...
Thanks for my great friend: Google for this post. ;) =)) ...

Aug 10, 2007

ဂျပန်ကာတွန်းရုပ်လေးများ - Anime in Photobucket


Photobucket ဆိုတာ အင်တာနက်ထဲမှာ အတော်လေးလူသုံးများတဲ့
ပုံတွေ ၊ ရုပ်ရှင်တွေ သိမ်းဆည်းပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အဲဒီက နေရာမှာ ပုံတွေသိမ်းချင်တယ်ဆိုရင် မှတ်ပုံတင် ပြီးမှ ၀င်ကြည့်လို့ရတာပါ ....
အဲဒီမှာ Anime လို့ခေါ်တဲ့ ဂျပန် ကာတွန်းရုပ်လေးတွေ အများကြီး ရှိပါတယ် ...

အဲဒီ အရုပ်လေးတွေက အတော်လေး ချစ်စရာ ကောင်းသလို
ဖိုရမ်နဲ့ Social Website အတော်များများမှာလည်း Avator တွေအနေနဲ့၊
Profile နောက်ခံ လေးတွေအနေနဲ့ သုံးလေ့ရှိကြပါတယ် ...
အဲဒီအရုပ်လေးတွေကို Google ကနေ အခုလို အလွယ် ရှာကြည့်လို့ရပါတယ် ...
intitle:anime site:photobucket.com
Results 1 - 49 of 49 from photobucket.com for intitle:anime. (0.54 seconds)
ဒါလေးတွေကတော့ Google ကရှာပေးတဲ့ အဖြေ ၄၉ ခုအနက်က ပထမဆုံး ၄ ခု ပါ ..
ဒီ ၄ ခုနဲ့တင် အတော်လေး လုံလောက်နေပါပြီ စမ်းကြည့်ပါဦး ....
photobucket.com/images/anime/
smg.photobucket.com/albums/0603/anime/
s45.photobucket.com/albums/f57/Anime-piper/anime/anime%20girls/
photobucket.com/albums/b397/XOXOYou_And_I_CollideXOXO/Anime%20Girls/
ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် သိမ်းထားချင်ရင်လည်း လွယ်ပါတယ် ..
ပုံတိုင်းရဲ့ အောက်မှာ HTML tag ဆိုတာပါ ပါတယ် အဲဒီအထဲက အခုလို အနီရောင်နဲ့ ပြထားတာတွေက ပုံတိုင်းမှာ ပါတာ တွေ့ရမှာပါ ... အဲဒီဟာတွေကို ဖျက်ထုတ်လိုက်ရင် အဲဒီပုံအတွက် တိုက်ရိုက် လင့်ခ်ရပါပြီ ...

< href="http://photobucket.com" target="_blank"> -http://img.photobucket.com/albums/0603/anime/girl.jpg" border="0" alt="Photo Sharing and Video Hosting at Photobucket" >< /a >

ဖျက်ထုတ်အပြီး ကျန်ခဲ့တဲ့ တိုက်ရိုက်လင့်ခ် က အခုလို ဖြစ်သွားမှာပါ -
-http://img.photobucket.com/albums/0603/anime/girl.jpg
နမူနာပုံလေးပါ


အဲဒီ လင့်ခ် လေးကို
အင်တာနက် ကြည့်တဲ့ ဆော့ဖ်ဝဲမှာ ထည့်လိုက်ရင်
ပုံကို အမြန်ဆုံး တွေ့ရမှာ ဖြစ်ပါတယ် ...
မူရင်းဝက်ဘ်ဆိုဒ် ဖြစ်တဲ့ Photobucket မှာ
ကြည့်ရတာထက် အဆများ စွာပိုမြန်ပါတယ် ...
မလိုအပ်တဲ့ အခြား အဆင် အပြင်တွေ မပါတော့
တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ...
သိမ်းချင်တယ်ဆိုရင်လည်း ပုံပေါ်မှာ
Right click -> Save Image As နဲ့
သိမ်းထားနိုင်ပါပြီ ....
သူငယ်ချင်းများ အားလုံး ပျော်ရွှင်ကြပါစေ ...
တစ်ခုခုပြောချင်တယ်ဆိုရင်တော့ ...

Jun 14, 2007

စိတ်ညစ်နေလား


စိတ်ညစ်စရာဆိုတာ ကိုယ်က စိတ်ညစ်စရာလို့ လက်ခံလိုက်တဲ့ အခါမှ စိတ်ညစ်စရာ ဖြစ်လာတာမျိုးပါ။
အရာရာတိုင်းမှာ အကြောင်းနဲ့ အကျိုးဆက်စပ်မှုတွေရှိစမြဲမို့ ကိုယ့်စိတ်မှာ ညစ်လာတယ်ထင်မိတာနဲ့ စိတ်လေးကို နည်းနည်းငြိမ်အောင်သတိထားလိုက်ရင်း ( လေကို အားရပါးရ ၀ အောင် တစ်ချက်လောက်ရှုပြီး ) ဘာကြောင့် ကိုယ့်စိတ် ဒီလို ပြောင်းလဲသွားရတာလဲ (ညစ်သွားရတာလဲ) ဆိုတာ ပြန်တွေး အဖြေရှာလိုက်တာ အကောင်းဆုံးပါပဲ...

တစ်ခါတစ်လေမှာ ဘာမှမဟုတ်တာလေးတွေနဲ့လည်း စိတ်ညစ်နေမိတတ်တာမျိုး သတိထားမိလိမ့်မယ်.

  • ညစ်နေတဲ့စိတ်
  • တစ်ခုခုကို ကြောက်နေတဲ့စိတ်
  • ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတဲ့စိတ် (တွေဝေငေးမောနေတာမျိုး)
  • အလကားနေရင်း စိတ်တွေလေးလံ ထိုင်းမှိုင်းနေတာမျိုး
အဲဒီလို စိတ်မျိုးတွေ ပေါ်လာပြီဆိုရင်တော့ အမြန်ဆုံး ပယ်ဖျောက်နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲ ...
ရီစရာ ဟာသလေးတွေ၊ အဖြစ်အပျက်လေးတွေ နဲ့ အားပါးတရ ရီမောလိုက်တာနဲ့ တော်တန်ရုံ စိတ်ညစ်စရာတွေ ပြေပျောက်သွားတတ်ပါတယ်...
(ရီမောခြင်းဟာ တင်းမာနေတဲ့ အာရုံကြောတွေနဲ့ စိတ်ဖိစီးမှုအချို့ ကို အတန်အသင့် ပြေလျော့ စေပါတယ်)
လေကောင်းလေသန့်၀၀လေးရှုရှိုက်ပေးတာလည်း တစ်မျိုးကောင်းပါတယ် ....

ကျွန်တော်ကတော့ စိတ်ညစ်စရာတွေကြုံလာပြီဆိုတာနဲ့
  • အကြောင်းရင်းကို အမြန်ရှာလိုက်တာပါပဲ...
  • ချက်ချင်းဖြေရှင်းလို့ရတာမျိုးဆို ချက်ချင်းရှင်းထုတ်လိုက်တယ် ...
  • ရှင်းလို့မရသေးတာမျိုးတွေအတွက် ဖြေရှင်းနည်းတွေ စဉ်းစားတယ် ...
  • နောက်ဆုံး ဘာမှလုပ်လို့ မရတော့ဘူးဆိုရင်တော့ ဘုရားဂုဏ်တော်ကိုးပါး ထဲက တစ်မျိုးမျိုးကို အနက်အဓိပ္ပါယ် အတိုင်း (မြန်မာလို) အာရုံပြုပြီး စိတ်ကို အေးချမ်းအောင် ကြိုးစားလိုက်ရင်း အိပ်ပစ်လိုက်တာပဲ ...
ကဲ ရောင်းရင်းတို့ရော စိတ်ညစ်လာရင် ဘာတွေလုပ်တတ်ကြသလဲ ...

Jun 3, 2007

အိမ်လွမ်းသူ

အိမ်လွမ်းသူ

May 29, 2007

အပန်းဖြေအနားယူရအောင် (VCD)

အပန်းဖြေအနားယူလို့ရအောင် VCD လေးတွေပါ...နားထောင်ကြည့်ကြပါဦး