ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label အိုင်တီ IT. Show all posts
Showing posts with label အိုင်တီ IT. Show all posts

Apr 5, 2009

KompoZer 0.8a2 Released Today

KompoZer (http://sourceforge.net/projects/kompozer/) version 0.8a2 is released today.
I think it is completely portable. After I downloaded the KompoZer zip file from sourceforge.net and extracted. I can use directly. No need to install (also no installer inside the downloaded zip file.) Thanks to KompoZer Developer team.
The UI is not too different than previous Version 0.7.10. Now I'm testing and I can feel it is more lighter to use.
I love OpenSource. So I will share my experiences upon the handy OpenSource tools as much as I can to all my lovely friends.

Download Link:
tar.gz http://nchc.dl.sourceforge.net/sourceforge/kompozer/kompozer-0.8a2-gcc4-i686.tar.gz 11.13 MB
zip http://nchc.dl.sourceforge.net/sourceforge/kompozer/KompoZer-0.8a2-win32.zip

Tools used for this post,
Editor Notepad++ portable Version 5.1.1 ANSI
http://notepad-plus.sourceforge.net/uk/site.htm
Spell Check and Dictionary Lingoes Translator 2 (Version 2.5.3 Beta Portable Edition)
http://www.lingoes.net

More about KompoZer on the Internet
01 About KompoZer 0.8a1 http://kazhack.org/?post/2009/02/10/KompoZer-0.8a1

Aug 16, 2007

Firefox Add-ons & Plug-ins (2)


DOM Inspector
DOM Inspector ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲ မီးမြေခွေး (Firefox) ရဲ့ Add-ons တစ်ခု ဖြစ်ပါတယ်... အတိုကောက် DOMi လို့ ခေါ်ကြပါတယ်

DOM
(Document Object Model) အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ
ထည့်သွင်းမယ့် အရာဝတ္တုတွေကို ဘယ်လို နေရာ ချထားမလဲဆိုတဲ့ သတ်မှတ်ချက်များ
Source-http://www.metromemetics.com/thelexicon/d.asp
DOMi ကို ဘာအတွက် အသုံးပြုလို့ရသလဲ ဆိုရင် အင်တာနက် စာမျက်နှာတစ်ခု ရဲ့ နောက်ဘက် ကျွန်တော်တို့ မမြင်ရတဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ကြည့်ချင် မြင်ချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ် ... ဒါတင်မကသေးပါဘူး ကိုယ်တစ်ခါမှ မကြည့်ဖူးသေးတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကို ဒီအတိုင်းသွားကြည့်ဖို့ ၀န်လေး နေတယ်၊ အထဲမှာ ဘယ်လို အကြောင်း အရာတွေပါနေတယ် ဆိုတာသိချင်ရင်လည်း အဲဒီ ပရိုဂရမ်ရဲ့ File --> Inspect a URL ... ကနေတစ်ဆင့် သိချင်တဲ့ အင်တာနက် လိပ်စာလေးကို ထည့်လိုက်ရုံပါပဲ.. အဲဒီအခါမှာ ကျွန်တော်တို့ ထည့်လိုက်တဲ့ လိပ်စာဟာ DOMi ရဲ့ ကိုယ်ပိုင် Window ထဲက Window အသေးလေးတစ်ခု အနေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်..

DOM တစ်ခုအတွင်းမှာ ပါနေတဲ့ အကြောင်းအရာတွေကို Tree Structure အဖြစ်နဲ့ ကြည့်လို့ရပါတယ် ... ပိုရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကွန်ပျုတာထဲက ဖိုလ်ဒါ (Folder) တစ်ခုကို Right Click -> Explore ဆိုပြီးကြည့်တဲ့ အခါ မြင်ရတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ .. သက်ဆိုင်ရာ Node လေးတွေ (အပေါင်း+/အနှုတ် - လက္ခဏာနဲ့ မြင်တွေ့ ရပါတယ်) ကို ကလစ်လုပ်တဲ့ အခါတိုင်း အောက်ဘက်ခြမ်းက သက်ဆိုင်ရာနေရာမှာ အနီရောင် လေးထောင့်ကွက်နဲ့ မှိတ်ချီလင်းချီ ၃ ကြိမ်ပြနေမှာ ဖြစ်ပါတယ် ...
ဒါတင်မကသေးပါဘူး Box Model, XBL bindings, CSS style rules, Computed styles နဲ့ JavaScript Objects တွေအဖြစ်နဲ့ လည်းရွေးချယ် ကြည့်ရှုနိုင်ပါသေးတယ် ..
သူများတွေ ဘာလုပ်ထားသလဲ ကိုယ်လုပ်ထားတာတွေကရော ဘယ်လိုလဲ အားလုံးကို တစ်ပိုင်းစီ စိတ်ကြိုက် ပြန်လေ့လာလို့ရပါတယ် ... အောက်မှာ ကျွန်တော့် ဘလော့ခ်ကို DOMi ထဲမှာ ပြန်ပြီး မွှေကြည့်ထားတဲ့ ပုံလေးကို ကြည့်လို့ရပါတယ် ... ပုံရဲ့ အချို့နေရာလေးတွေမှာ အညွှန်းလေးတွေပါ ထည့်ပေးထား ပါသေးတယ် ...
Firefox-https://addons.mozilla.org/firefox/addon/1806

ဆက်လက် ဖော်ပြပါမည် ...
REF-
-http://www.mozilla.org/projects/inspector/faq.html
-http://www.mozilla.org/projects/inspector/
-http://en.wikipedia.org/wiki/DOM_Inspector
-http://en.wikipedia.org/wiki/Document_Object_Model
Can Learn How to Use DOMi More Detail at:
-http://developer.mozilla.org/en/docs/Introduction_to_DOM_Inspector

Aug 15, 2007

Firefox Add-ons & Plug-ins(1)


မနေ့က ကျွန်တော့်ကွန်ပျုတာကို အမြင်ကတ်လာတာနဲ့ Format လုပ်လိုက်တယ် ... ဒါပေမယ့် Drive C: တစ်ခုတည်းကို လုပ်တာပါ... ဒီနေ့မနက်ပိုင်းမှာ သုံးနေကြ ဆော့ဖ်ဝဲလေးတွေ ပြန်တင်ဖြစ်ပါတယ်။ မီးမြေခွေး အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Firefox) ကိုလည်းပြန်တင်ရင်း Plug-in လေးတွေ Add-ons လေးတွေကိုပါ ပြန်ထည့်ရင်း အသစ်တွေ့တဲ့ Firefox add on အမိုက်စားလေးတွေကို ပြန်ပြီး ဖောက်သည်ချလိုက်တာပါ ... (တခြားသူတွေ အတွက် တော့ ဟောင်းချင်လည်း ဟောင်းနေမှာပေါ့နော် )

No Script
ဒီ Add-on လေးက အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ ပါနေတဲ့ Java Scripts, Java နဲ့ အခြားသော အလုပ် လုပ်နိုင်တဲ့ Script တွေကို အလုပ်မလုပ်အောင် ကောင်း ကောင်းကြီး ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ... ဒီဟာလေးကို Firefox မှာ ထည့်လိုက်ပြီးတဲ့ အခါ အင်တာနက်စာမျက်နှာတွေကို ကြည့်ရတာ ပိုပြီး အဆင်ပြေလာတာကို တွေ့ရပါတယ် ... အထူးသဖြင့် ကြော်ငြာတွေ အရမ်းများတဲ့ အချို့ အင်တာနက်စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ မပါတော့တာ တွေ့ရ မှာပါ ... ကျွန်တော်လည်း XSS ဆိုတဲ့ Cross-site scripting အကြောင်းလေ့လာရင်း ဒီဟာလေးကို တွေ့ပြီး သုံးဖြစ်သွားတာပါ ... အဆင်ပြေတယ် ... စမ်းကြည့်ကြပါလား ..
မူရင်းနေရာ -http://noscript.net/
Firefox -https://addons.mozilla.org/firefox/722/

Web Developer
ဒီ နောက်ဆက်တွဲ (Extension) လေးကတော့ ကျွန်တော်တို့ကြည့်နေတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာပါဝင်နေတဲ့ Cache, Cookies, CSS Design, Form, Image, Informations, Comments, Outline, Tools, Source View စတာတွေကို အလွယ်တကူကြည့်လို့ရအောင် ဖန်တီးပေးပါတယ် ... သူ့ကို Firefox မှာ ထည့်လိုက်တဲ့ အခါ မီနူးတစ်ခု အနေနဲ့ Tools အောက်မှာ မြင်ရမှာပါ .. ၀က်ဘ်နည်းပညာကို စိတ်ဝင်စားသူတွေ၊ သူများရေးထားတာလေးတွေကို လေ့လာ ဆည်းပူး ချင်တဲ့သူတွေအနေနဲ့ အင်တာနက် စာမျက်နှာတစ်ခု အတွင်းမှာ ပါရှိနေတဲ့ မိမိလေ့လာချင်တဲ့ အပိုင်း လေး CSS, Form, Cookie စတာလေးတွေကို လိုချင်တဲ့ အပိုင်းလေးဘဲ ဆွဲယူပြီး ကြည့်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ် .... Web Designer တွေအတွက် အလွန်အထောက်အကူရတဲ့ Tool လေးပါပဲ ...
မူရင်းနေရာ -http://chrispederick.com/work/web-developer/
Firefox -https://addons.mozilla.org/firefox/60/

UnPlug
ဒါလေးကတော့ အင်တာနက် စာမျက်နှာတစ်ခုအတွင်းမှာ ထည့်သွင်းမြုတ်နှံထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေကို မိမိတို့ရဲ့U ကွန်ပျုတာထဲမှာ သိမ်းထားချင်တယ်ဆိုရင် သိမ်းထားပေးနိုင်တဲ့ နောက်ဆက်တွဲလေး ဖြစ်ပါတယ် ... ကိုယ်ကြည့်နေတဲ့ စာမျက်နှာမှာ သီချင်း၊ ဗီဒီယိုတွေ ပါလာတယ်ဆိုရင် ဒီ Extension လေးကို ကလစ်လုပ်လိုက်ရုံပါပဲ ... ဗီဒီယိုဖိုင်တွေ အတွက် Download Tool အနေနဲ့လည်း သုံးနိုင်ပါသေးတယ် ...အင်တာနက်စာမျက်နှာထဲက MediaPlayer ထဲကို အချက်အလက်တွေ စီးဝင်လာတဲ့ အခါမှာ UnPlug ကစစ်ဆေးပြီး ရိုးရိုး လင့်ခ်တစ်ခု အနေနဲ့ ဖော်ပြပေးပါတယ် ... အဲဒီလင့်ခ် ကနေ ဒေါင်းလုဒ် ရုံပါပဲ ... FlashGot လို နောက်ဆက်တွဲတွေ ထပ်ထည့်လိုက်မယ်ဆိုရင် Download Manager တွေနဲ့ပါ အမျိုးမျိုးတွဲဖက် လို့ရပါတယ် ...
UnPlug ဟာ youtube.com, ifilm.com, current.tv, revver.com, peekvid.com, video.google.com, mobuzztv.com စတဲ့ မီဒီယာ Web Site မျိုးစုံကနေ ကိုယ့်စိတ်ကြိုက် ဒေါင်းလုဒ်ချလို့ရအောင် အကူအညီပေးမယ့် extension လေးတစ်ခုပါ...
မူရင်းနေရာ -http://unplug.mozdev.org
Firefox -https://addons.mozilla.org/firefox/2254/
နမူနာပုံများ -https://addons.mozilla.org/en-US/firefox/addons/previews/2254

FlashGot
အင်တာနက်ထဲက ဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချတဲ့ အခါ အဆင်ပြေအောင် လုပ်ပေးတဲ့ ၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲနဲ့ Download Manager တွေကို ပေါင်းစည်းပေးတဲ့ နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်ပါတယ် ... အထူးသဖြင့် ဘယ်နည်းနဲ့ ဒေါင်းလုဒ် လုပ်ချင်သလဲ ရွေးချယ်ခွင့် ပေးပါတယ် ... RapidShare မှာဆိုရင် အခမဲ့ ဒေါင်းလုဒ် တဲ့သူတွေ အတွက် Download Manager သုံးခွင့် မရှိပါဘူး ... အဲဒီလို အခါမျိုးမှာ Save As နဲ့ မှ ဒေါင်းလုဒ်လို့ ရမှာ ဖြစ်ပါတယ် ... ဒီဟာလေးက တစ်ခုခု ကို ဒေါင်းလုဒ် ခါနီးတိုင်း ဘယ်နည်းနဲ့ လုပ်မှာလည်းမေးတဲ့ အတွက် အတော်လေး အဆင်ပြေတာ တွေ့ရမှာပါ ...
မူရင်းနေရာ -http://flashgot.net/
Firefox -https://addons.mozilla.org/firefox/addon/220

ဆက်လက်ဖော်ပြပါမည် ...

Jun 2, 2007

Google Developer Day - Beijing

ကျွန်တော်တို့အတွက် အလုပ်တွေအများကြီးလုပ်ပေးနေတဲ့ Google ဟာ သူရဲ့ Developer day အဖြစ် ပြီးခဲ့တဲ့ မေ ၃၁ ကကျင်းပခဲ့ပါတယ်..

Mountain View, California; São Paulo, Brasil;London, United Kingdom;Paris, France;Madrid, España;Hamburg, Deutschland;Москва, Россия;日本 - 東京Sydney, Australia; 北京,中国 တွေမှာပါ...

အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့မှာရှိနေတဲ့ Developer တွေကိုစုစည်းပြီး Google ရဲ့ နောက်ဆုံးတီထွင်ဖန်တီးမှုတွေကို တင်ပြခဲ့တာပါ ...
.ဒါကတော့ ဘေကျင်းမှာလုပ်ခဲ့တဲ့ ပွဲဖြစ်ပါတယ်... တရုတ်နိုင်ငံက Developer 600 ကျော် တက်ရောက်ခဲ့ကြပါတယ်...


May 31, 2007

3D Desktop! TouchScreen and XGL on Linux

3D Desktop! TouchScreen and XGL on Linux (part 1)

3D Desktop! TouchScreen and XGL on Linux (part 2)

May 27, 2007

Computer များရဲ့ဂယ်ပေါက်များ


ကျွန်တော်တို့Computer တွေမှာ ကျွန်တော်တို့မသိသေးတဲ့ ဂယ်ပေါက်တွေအများကြီးရှိနေပါတယ်.. အဲဒီနေရာတွေကနေ အကောင်တွေ (Virus, Trojan & Worm) တွေ ၀င်ဝင်ကိုက်တာပေါ့ ခင်ဗျာ...
အဲဒီဟာလေး တွေကို Port တွေလို့ ခေါ်ပါတယ်...

  • အပိုင်း ၃ ပိုင်းခွဲထားပါတယ်
  • Well known ports, Register ports, Dynamic or Private ports တို့ဖြစ်
  • Well known = port 0 to 1023
  • Registered = port 1024 to 49151
  • Dynamic and/or Private = ports 49152 to 65535
Well Known Port Numbers
Well knowns port များမှာ IANA ( Internet Assign Numbers Authority ) ကသတ်မှတ်ပေးထားသော port များဖြစ်သည်။ OS တွင်အသုံးပြုမည့် Program များ၊ user များ အသုံးပြုမည့် Program များတွင် အများဆုံး အသုံးပြုသည်။

TCP ( Transmission Control Protocol ) တွင်သုံးထားသော ports များမှာ အချိန်ကြာမြင့်စွာ ဆက်သွယ် ဆောင်ရွက်ရသည့် အလုပ်များအတွက် ဖြစ်သည်။
အတိအကျ မသိနိုင်သော ခေါ်ဆိုဆက်သွယ်မှုများအတွက် အလုပ်လုပ်ပေးနိုင်ရန် Service contact port တစ်ခုကို သတ်မှတ်ပေးရသည်။ Contact port ကိုပင် Well Known Port များဟု ခေါ်ကြသည်။
အောက်ပါစာရင်းတွင် Server မှ၎င်း၏ contact port များအဖြစ် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသောport များကို တွေ့ရမည်-

အလုပ်များတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် TCP port များကို UDP တွင်လည်းအတူတူပင်သုံးသည်
IANA မှ စီမံသတ်မှတ်ပေးထားသော Assign ports များမှာ 0 မှ 1023 အထိဖြစ်သည် -

May 22, 2007

ဝင်းအင်းဝ မှ ဇော်ဂျီသို့ အကူးအပြောင်း


နောက်ဆုံးတော့ ကျွန်တော်လည်း ရှေးကနောင်တော် အစ်မတော်တွေရဲ့ လမ်းစဉ်အတိုင်း
ဝင်းအင်းဝ ကနေပြီး ဇော်ဂျီစာလုံးကို အပြောင်းအလဲ လုပ်လိုက်ပါတယ် . .
ဒီမှာ အလွန်ထင်ရှားတဲ့ရလာဒ်ကတော့ အမြင်မှာ တခြားသူတွေနဲ့ ဆင်တူ တသားတည်းဖြစ်သွားခြင်းပါဘဲ . .

ပြီးတော့ Blogger ရဲ့ Built in Text Editor ကိုသုံးပြီး တစ်ခါတည်း စာရိုက်လို့ရလာတယ် .
အခုလို အင်္ဂလိပ်စာနဲ့ မြန်မာစာတွေ တွဲရိုက်ရတာ အရမ်းအဆင်ပြေလာပါတယ်
(စာရိုက်မြန်အောင်လေ့ကျင့်ဖို့ပဲ လုပ်ရတော့မယ်)

အရင်ကဆို HTML နဲ့တွဲနေရတာ တော်တော်လေးခေါင်းစားပါတယ် ...
Hyperlink တစ်ခုထည့်ရတော့မယ် ၊ ဒါမှမဟုတ်...တစ်နေရာရာမှာ တစ်ခုခုပြင်ရတော့မယ်ဆိုရင် . . ခေါင်းစားတော့တာပဲ..
ရှေ့က ညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ် ... အားလုံးဟာ...သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲခင်ဗျာ...

May 7, 2007

Self Studying


Self-study လုပ်ရတာ စိတ်ပါဝင်စားတဲ့ သူငယ်ချင်းတွေကို
web site ကောင်းကောင်းလေးတစ်ခု ဝေမျှပေးချင်ပါတယ် . . .

အစားကောင်းစားရရင် ချစ်တဲ့သူတွေကို သတိရတယ်
ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ . . အခုလို site ကောင်းလေးတွေ့လာရတော့
သူငယ်ချင်းတွေကို မေ့ထားလို့ကို မရပါဘူး . . အထူးသဖြင့်တော့
  • Training centre တွေကို အားထားနေကြရတဲ့ သူငယ်ချင်းတွေ ၊
  • လေ့လာချင်တဲ့စိတ်ရှိနေပေမယ့် ဘယ်နေရာကစပြီးလေ့လာရမယ်ဆိုတာကို မသိသေးတဲ့ သူငယ်ချင်းတွေကို ပိုပြီးတော့ Share လုပ်ချင်ပါတယ် . .
တကယ်တော self-study လုပ်ရတာဟာ စ ဖို့ပဲခက်တာပါ . .
တဖြေးဖြေး အရှိန်ရသွားပြီဆိုရင် ပျော်စရာကောင်းလာတာတွေ့ရမှာ အမှန်ပါပဲ . .
English-Myanmar Dictionary စီဒီ တစ်ချပ်နဲ့
Computer dictionary (CD / ebook ) တစ်ခုတော့ မရှိမဖြစ်ဆောင်ထားရပါမယ် . .
ဒီနေရာမှာ ကျွန်တော့် ဆရာ (ပါမောက္ခချုပ်) ပြောဖူးတဲ့ စကားတစ်ခွန်းကို လက်ဆင့်ကမ်းချင်ပါသေးတယ် . .
ဘာသာရပ်တစ်ခုကိုလေ့လာရင်အချိန်တစ်ခုကြာလာတဲ့အခါ
အဲဒီဘာသာရပ်ကိုရော English စာကိုပါ ကျွမ်းကျင် လာမယ် . . . တဲ့ . .
ဒီ Site လေးမှာလေ့လာလို့ရတဲ့ Software တွေကို
  • သက်ဆိုင်ရာအုပ်စုဝင်အလိုက်၊
  • အမျိုးအစားအလိုက်၊
  • ပါဝင်တဲ့ Tutorial အရေအတွက်အလိုက် အောက်မှာဖော်ပြထားပါတယ် . ..
2D Graphics

* Fireworks (129) * Flash (1657) * Gimp (14) * Illustrator (98) * Paint Shop Pro (40)
* Photoshop (6254)

3D Graphics

* 3DS MAX (560) * AutoCAD (24) * Blender 3d (19) * Bryce 3d (16) * Cinema 4D (113)
* Lightwave 3D (19) * Maya (145)

Web Design & Development

* Adobe Flex (2) * ASP (466) * ASP.NET (220) * ColdFusion (36) * CSS (167) * Dreamweaver (05)
* HTML (163) * Java (219) * Javascript (204) * MM Fusion (4) * MS FrontPage (18) * Perl and CGI (65) * PHP (951) * Python (27) * Ruby on Rails (51) * Web Design (115) * XML (80)

Business Applications

* Excel (116) * MS PowerPoint (52) * MS Word (61) * QuarkXPress (8)

Business Development

* Accounting (3)
* eCommerce (8)
* Legal (3)
* Marketing (28)

Databases

* DB Design (1) * DB2 (0) * MS Access (15) * MsSQL (12 )
* MySQL (70) * Oracle (46) * SQL Basics (29) * Sybase (4)

Desktop Programming

* C and Cpp (145) * Delphi (7)
* Visual Basic (157) * Visual C ( 8 )ေ

Operating Systems

* Linux (98)
* Windows (1)

Video Editing

* Final Cut Studio (7)
* Premiere (73)

Miscellaneous

* P2P Filesharing (7)
* Web Hosting (56

Web site လိပ္စာက http://www.tutorialized.com ပါ

English-Myanmar Dictionary ကို မြန်မာစာအဖွဲ့က ထုတ်ဝေထားတာရှိပါတယ်
ဝယ်ဖို့အခက်အခဲရှိနိုင်တဲ့ အဝေးရောက်သူငယ်ချင်းတွေအတွက် . .ဒီမှာ Download လုပ်နိုင်ပါတယ် . . .
( ၀ယ်လို့ရရင်တော့ ၀ယ်သုံးကြပါ ဈေးမကြီးပါဘူး )

Computer-dictionary (ebook) ကိုတော့ ဒီမှာယူပါ . .
(Microsoft Computer-dictionary - version 4 ပါဒီထက့် update ဖြစ်တာ ရှိရင်လည်း ပေးကြပါဦး )

သူငယ်ချင်းများအားလုံး ပညာဗဟုသုတ တိုးတက်ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ . .