ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Oct 29, 2007

မသေခင်ဘာလုပ်ကြမလဲ (၃) - ဘာကြောင့် ဘလော့ဂ်ရေး


ကျွန်တော်လေ့လာ တွေ့ရှိထားသမျှ၊ ဖတ်ရှုမှတ်သားမိသမျှ အဖိုးတန်အချက်အလက်များ (အချို့မှာ ကျွန်တော့် အနေဖြင့် အဖိုးတန်သည်ဟု ထင်မြင်သော အချက်အလက်များ)နှင့် တရားတော်များကို ရသမျှ အချိန်ကလေးမှာ အင်တာနက် မှတဆင့်-

  • မိတ်ဆွေများ၊ သူငယ်ချင်းများ အတွက် အကျိုးရှိစေရန်၊
  • မသိသေးသူများ သိရှိလာစေရန်နှင့်
  • သိရှိထားပြီးသူများ အသစ်ပြန်ဖြစ် လာစေရန် အတွက် -
ပြန်လည် ဝေငှခြင်းသည် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှ လောက အကျိုး၊ အများ အကျိုး သယ်ပိုး ထမ်းရွက်ခြင်းဖြစ်သည်ဟု ယုံကြည်မိပါသည်..

အချိန်အခက်အခဲကြောင့် မြန်မာဘလော့ဂ် အများစုသို့ ကျွန်တော် မရောက်ဖြစ်သလို၊ (အချိန်ရလျှင် သွားတတ်သည့် ဘလော့ဂ်များလည်း ရှိပါသည်..) လာလည်ဖို့ အတွက်လည်း ဖိတ်ခေါ်ထားခြင်းမျိုး မပြုလုပ်ခဲ့ပါ.. မလွဲမရှောင်သာ ဤဘလော့ဂ်ကို ပြန်လည်ရည်ညွှန်းမှ ရမည့် အကြောင်းများ ရှိလာမှသာ လိပ်စာ ဖော်ပြ၍ ရည်ညွှန်းထားခြင်းမျိုး ပြုလေ့ရှိပါသည်.. မတော်တဆဖြစ်စေ၊ သိခြင်းကြောင့် ဖြစ်စေ၊ အင်တာနက်ရှိ ရှာဖွေရေး ၀က်ဘ်ဆိုက် (Search Engine) များမှ တဆင့် ဖြစ်စေ - စသည့် အကြောင်း အမျိုးမျိုးကြောင့် ဤနေရာသို့ ရောက်ရှိလာသူများမှာ အချိန်အခါ အကျိုးအကြောင်း တိုက်ဆိုင်စွာဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်ဟု ထင်ပါသည်.. ဤနေရာသို့ ရောက်ရှိလာသူ မိတ်ဆွေ သူငယ်ချင်းများ၏ ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံးအတွက် ဖြစ်စေ၊ တစ်ပါးပါး အတွက်ဖြစ်စေ အသိပညာ၊ ဗဟုသုတ၊ ဥာဏ်အလင်း စသည့် ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာ ပွင့်လင်း ရရှိသွားစေလိုခြင်းသည် ကျွန်တော့်၏ ရည်ရွယ်ချက် တစ်ခုပင် ဖြစ်ပါသည်..

မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များအရ - လူ့ဘ၀မှာ အလွန်ရခဲသည့် အဖြစ်တစ်ခု ဖြစ်ပြီး၊ သံသရာတွင် အဆွေအမျိုး မတော်စပ်ခဲ့ ဖူးသူ မရှိကြောင်း၊ အားလုံးသည် အဆွေအမျိုးများ ဖြစ်ကြောင်း၊ နာကြားမှတ်သား ရသည့် နောက်တွင် ကျွန်တော်၏ (သံသရာ အစဉ်အဆက်မှ) အဆွေအမျိုးများကို အတတ်နိုင်ဆုံး "အကောင်းများ၊ လောကအကျိုး သံသရာ အကျိုး ဖြစ်လာစေမည့် အရာများ" ကိုသာ အထူး မျှဝေလိုစိတ် ဖြစ်ပေါ်မိပါသည်..

လူရယ်လို့ ဖြစ်လာသည့်အခါ အဆင်မပြေစရာများ၊ စိတ်ညစ်စရာများ ကတော့ လူတိုင်းမှာ၊ အခြေအနေ အဆင့်အတန်း တိုင်းမှာ မလိုချင်ပဲ ရနေ ရှိနေတာဖြစ်သည့်အတွက် ကိုယ့်အပူ သူများမကူးစက်အောင် ကိုယ့်ဘာသာပဲ ဖြေရှင်း နိုင်သမျှ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်မည် ထင်ပါ၏..

လူ့ဘ၀မှာ တိုတောင်းလွန်းလှသည့်အတွက်၊ အချိန်အခါမရွေး အသက်သေဆုံးသွားနိုင်သည့် အတွက် (တနည်းအားဖြင့် ရှင်သန်နေထိုင်ခွင့် အချိန်မရွေး ဆုံးရှုံး ပျက်စီးသွားနိုင်သည့် အတွက်) ရှင်သန်နေရချိန် ကာလ အခိုက်အတန့် အတောအတွင်း လေးမှာ ကျွန်တော်တို့ အနေဖြင့်
  • ကောင်းရာမွန်ရာများ ကိုသာ အတတ်နိုင်ဆုံး ကိုယ်တိုင် ဆောင်ရွက်ခြင်း၊
  • (သံသရာမှ ယခုဘ၀ အထိ) အဆွေအမျိုး များအား မျှဝေခြင်း၊
  • လေ့ကျင့်ခြင်းများ ကိုယ်စီ ဆောင်ရွက်ကြမည် ဆိုပါလျှင်..
အရာရာတိုင်းမှာ ယခုထက်ပိုပြီး သက်တောင့်သက်သာ ဖြစ်လာနိုင်ဖွယ်ရာ ရှိမည်ဟု မျှော်လင့် ယုံကြည်မိပါသည်...

Oct 25, 2007

Firefox Add-ons & Plug-ins (3)


IE Tab
ကျွန်တော်တို့ အနေနဲ့ ဘလော့ခ်ရေးတဲ့ အခါမှာ ဖြစ်စေ၊ အင်တာနက် စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ ဖြစ်စေ အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးမျိုးကို အသုံးပြုရလေ့ ရှိကြပါတယ်.. အများဆုံး အသုံးပြုကြတာ ကတော့ မိုက္ကရိုဆော့ဖ်ရဲ့ IE (Internet Explorer) နဲ့ မိုဇီလာ Firefox တို့ ဖြစ်ပါတယ်.. တချို့ အင်တာနက် ဆိုဒ်တွေက Firefox နဲ့ အဆင်ပြေပေမယ့် တချို့ကတော့ IE နဲ့ မှ ပိုအဆင်ပြေတာမျိုးတွေ ရှိပါတယ်.. ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြုနေရင်း နောက်တစ်ခုကို ပြောင်းသုံးရတာ သိပ်အပန်း မကြီးပေမယ့် ကွန်ပျုတာ အတွက်တော့ မှတ်ဥာဏ်အပိုင်းမှာ ပိုမို အသုံးပြုရတဲ့ အတွက် ပြဿနာ လေးတွေ ရှိလာနိုင်ပါတယ်.. အဲဒီပြဿနာကို Firefox အသုံးပြုသူတွေကတော့ IE Tab ဆိုတဲ့ Firefox Add-on လေးကို ပေါင်းထည့်ပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..

Using Firefox as IE
IE Tab Plug-in လေးကို Firefox မှာ ထည့်သွင်း ပြီးတဲ့ အခါမှာ အင်တာနက် စာမျက်နှာတစ်ခုကို Firefox မှာမြင်နေရတဲ့ အတိုင်းဖြစ်စေ၊ IE မှာ မြင်နေရတဲ့ အတိုင်း ဖြစ်စေ၊ Firefox ဆော့ဖ်ဝဲ တစ်ခုတည်းကို အသုံးပြုပြီး အပြန်အလှန် ပြောင်းလဲ အသုံးပြူနိုင်ပြီ ဖြစ်ပါတယ်.. အသုံးပြုပုံ လေးကတော့ -

  1. အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် IE Tab Add-on ကို Firefox မှာ ထည့်သွင်း လိုက်ပါ..
  2. Restart လုပ်ရမယ် ပြောတဲ့အခါမှာ Restart လုပ်ပါ..
  3. ဖွင့်ထားတဲ့ Tab တွေ အများကြီး ဖြစ်နေရင် ပိတ်မလား မေးလာမယ်.. Yesကို ရွေးပါ..
  4. Firefox ပိတ်သွားပြီး ပြန်ပွင့်လာတဲ့ အခါမှာ ညာဘက်ထောင့် အောက်ခြေနားမှာ Firefox ရဲ့ ပုံလေး ပေါ်နေပါလိမ့်မယ်
    အဓိပ္ပါယ်ကတော့ အခုအသုံးပြုနေတာ Firefox အနေနဲ့ သုံးနေတာ လို့ ဆိုလိုတာပါ
  5. IE အဖြစ်ပြောင်းသုံးချင်တယ် ဆိုရင်တော့ အဲဒီ Firefox ပုံလေးကို မောက်စ်ကနေ တစ်ဆင့် နည်းသုံးနည်းနဲ့ နှိပ်နိုင်ပါတယ်
    • ဗယ်ဘက် ခလုတ် - လက်ရှိ Tab ထဲမှာပဲ IE အသွင်နဲ့ Firefox အသွင်ကို တလှည့်စီ ပြောင်းချင်တဲ့အခါ သုံးနိုင်ပါတယ်..
    • အလယ် ခလုတ် - လက်ရှိ Tab မှာ IE (Firefox အသွင်နဲ့ ) ဆိုရင် နောက်ထပ် Tab အသစ်ထဲမှာ Firefox (IE အသွင်နဲ့) ဖွင့်ပေးပါမယ်
    • ညာဘက်ခလုတ် - IE Tab အတွက် ရွေးချယ်စရာ အပြင်အဆင်များကို ပြောင်းလဲ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်..
Using Firefox as Windows Explorer
IE Tab ကို အသုံးပြုပြီး Firefox ကို Windows Explorer အနေနဲ့ သုံးနိုင်ပါသေးတယ်..
  • Firefox ကို IE အနေနဲ့ ဖွင့်ထားတဲ့ အခါ- "file:///" နောက်မှာ C:/ D:/ စသည်ဖြင့် (ဥပမာ - file:///D/music/) ထားရှိပြီး Address bar မှာ ထည့်သွင်းလိုက်တဲ့ အခါ ကွန်ပျုတာ အတွင်းက ဖိုင်တွေကို Windows Explorer မှာ မြင်နေရသလိုမျိုး တွေ့မြင်ရပါတယ်..
  • တကယ်လို့ IE အနေနဲ့ ဖွင့်မထားတဲ့ အခါမျိုးမှာ file:///D/music လို့ ထည့်သွင်းကြည့်မယ်ဆိုရင်တော့ Index of file:///D:/music ဆိုတဲ့ ဖော်ပြထားချက်နဲ့ အတူ ကွန်ပျုတာ အတွင်းက ဖိုင်တွေကို အညွှန်းစာရင်း (Index) တစ်ခု အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်..
  • စနစ် လိုအပ်ချက်များ အနေနဲ့ Firefox 1.5 - 3.0, Flock 0.5-1.0 နဲ့ SeaMonkey 1.0-1.5 များမှာ ထည့်သွင်းနိုင်ပါတယ်.. OS အနေနဲ့ Microsoft Windows + Internet Explorer 4.0 အထက် ရှိနေရမှာ ဖြစ်ပါတယ်..
အခုလို Firefox ဆော့ဖ်ဝဲ တစ်ခုတည်းကို အသုံးပြုပြီး အင်တာနက်ကြည့်တဲ့ ဆော့ဖ်ဝဲ တစ်ခု အနေနဲ့သာမက Windows Explorer တစ်ခု အနေနဲ့ပါ ထိထိ ရောက်ရောက် အသုံးချနိုင်တဲ့ အတွက် အချိန်ကုန် သက်သာပြီး ကွန်ပျုတာရဲ့ မှတ်ဥာဏ်များကိုလည်း ချွေတာရာ ရောက်မှာ ဖြစ်ပါတယ်..
မှတ်ချက် - Vista မှာတော့ မရသေးပါဘူး :(

ရယူရန် -https://addons.mozilla.org/en-US/firefox/addon/1419

REF-
-http://ietab.mozdev.org/ (Home)
-http://en.wikipedia.org/wiki/IE_Tab
-http://ietab.mozdev.org

Oct 23, 2007

အီးဘွတ်ခ် - ဗွီဘီနှင့် လင်းနပ်စ် စာအုပ်များ


ပရိုဂရမ်မာများ အတွက် VB 2005 ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၆ ခုနှစ် ဇွန်လမှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါ
စီအိခ်ျအမ်ဖိုင် - စာမျက်နှာ ၁၃၄၄ မျက်နှာ - ၂၈.၄၆ မီဂါဘိုက်
- အခန်း ၂၆ ခန်း၊ နောက်ဆက်တွဲ အေ၊ ဘီ မှ အယ်လ် အထိ နှင့် အက္ခရာစဉ် အညွှန်း-
ဝင်းရာ ဖိုင်၊ ၃.၇၂ မီဂါဘိုက်
စကားဝှက် (အားလုံး အင်္ဂလိပ်စာလုံး အသေးဖြင့် ဆက်တိုက်ရေးရန်)
->> ဂျီအိုင်အက်ဖ်တီအက်ဖ်အာအိုအမ်အက်ဖ်အေတီအိပ်ခ်ျအီးအာအိပ်က်အမ်အေအက်စ်


ဗွီဘီ ၂၀၀၅ အစ-အဆုံး ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
စီအိပ်ခ်ျအမ်ဖိုင် - စာမျက်နှာ ၈၈၈ မျက်နှာ - ၇.၆၆၉ မီဂါဘိုက် -
နောက်ဆက်တွဲ အေ၊ ဘီ နှင့် အက္ခရာစဉ် အညွှန်း-
ဝင်းရာ ဖိုင်၊ ၇.၆ မီဂါဘိုက်

ဗွီဘီ ၂၀၀၅ Business Object များကို ကျွမ်းကျင်ခြင်း ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
ဗွီဘီ ၂၀၀၅ Business Object များအတွက် သိသင့်တဲ့ အချက်များ၊ အကြောင်းအရာများကို လေ့လာလိုသူများအတွက်
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ ၆၉၆ မျက်နှာ - ၁၀.၁ မီဂါဘိုက် - အခန်း ၁၂ ခန်း၊ အက္ခရာစဉ် အညွှန်း-
ဝင်းရာ ဖိုင်၊ ၉.၇၆ မီဂါဘိုက်

အီလက်ထရောနစ် အင်ဂျင်နီယာ အသုံးချပရိုဂရမ်များ အတွက် ဗွီဘီ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၅ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
အီလက်ထရောနစ် ပရိုရမ်တွေရေးမယ်ဆိုရင်
သိသင့်တဲ့ အချက်များ၊ အကြောင်းအရာများကို လေ့လာလိုသူများအတွက်
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ ၅၆၉ မျက်နှာ -၂.၅၇ မီဂါဘိုက် - အပိုင်း(၄)ပိုင်း အခန်း(၃၀)
ဝင်းရာ ဖိုင်၊ ၃.၇၂ မီဂါဘိုက်

လင်းနပ်စ် အမိန့်ပေးချက် အပြည့်အစုံ စာအုပ်ပါ..
လင်းနပ်စ် စနစ်မှာ အသုံးပြုနိုင်တဲ့ အမိန့်ပေးချက်များကို အပြည့်အစုံ ဖော်ပြထားပါတယ်..
ပီဒီအက်ဖ်ဖိုင်၊ အပိုင်း(၉)ပိုင်း၊ စာမျက်နှာ ၁၅၂၇ မျက်နှာ၊ ၈.၂၄ မီဂါဘိုက်၊
နောက်ဆက်တွဲများနှင့် အက္ခရာစဉ်အညွှန်း ၊၀င်းရာဖိုင်

ဂျီအန်ယူ လင်းနပ်စ် ဘိုင်ဘယ် စာအုပ်..
ပီဒီအက်ဖ်ဖိုင်၊ အပိုင်း(၅)ပိုင်း၊ စာမျက်နှာ ၆၇၇ မျက်နှာ၊ ၆.၇၅ မီဂါဘိုက်၊
နောက်ဆက်တွဲများနှင့် အက္ခရာစဉ်အညွှန်း၊ ၀င်းရာဖိုင်

Oct 20, 2007

စိတ်ကို ဆုံးမနည်း


ဒီနေ့ဟာ - မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ သီတင်းကျွတ်လဆန်းရှစ်ရက် ၊ သောကြာနေ့ ဖြစ်ပါတယ်...
ဒီလို ဥပုသ်နေ့ တစ်နေ့မှာ ရပ်နီးရပ်ဝေးက မြင်ဖူး၊ မမြင်ဖူးတဲ့
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့
စိတ်ကို ဆုံးမနည်း” တရားတော်ပါ...အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
ဖတ်ရှု နာယူကြည့်ကြပါ သူငယ်ချင်းများ...

လှုပ်ရှားနေတဲ့ စိတ်
လှုပ်ရှားနေတဲ့ စိတ်ဟာ တုန်လှုပ်နေတယ်..
အဲဒီ စိတ်ရဲ့ တုန်လှုပ်ပုံက ရေထဲက ငါး ကုန်းပေါ် ဆယ်တင်ထားခံရသလို တဖျတ်ဖျတ် တုန်လှုပ်နေတယ်
အဲဒီလိုပဲ အာရုံငါးပါးထဲက ဆွဲထုတ်ခံလိုက်ရတဲ့ စိတ်ဟာ တဖျတ်ဖျတ်နဲ့ တုန်လှုပ်နေတယ်
ဇနီးမယား သမီးသားနဲ့ စီးပွား ဥစ္စာ ကာမဂုဏ် အာရုံတွေထဲမှာ အမြဲတမ်း မွေ့လျော်နေတဲ့ စိတ်ဟာ အဲဒီဟာတွေနဲ့ ဝေးသွားတာနဲ့ တုန်လှုပ်နေတယ်

ရေထဲမှာ ပျော်တဲ့ ငါးဟာ ရေထဲကနေ ကုန်းပေါ် တင်လိုက်တာနဲ့ ငြိမ်နေလို့မရဘူး ... တဖျတ်ဖျတ်လူးပြီး ခုန်နေတာ...
လူထဲမှာ ပျော်တဲ့ စိတ်ဟာလည်း လူနဲ့ ဝေးပြီးတော့ သွားတာနဲ့ မနေတတ်မထိုင်တတ် ဖြစ်ပြီးတော့ တုန်လှုပ်နေတယ်

ရေထဲက ငါး ရေထဲမှာပဲ ပျော်သလို လူ့စိတ်ဟာလည်း ကာမဂုဏ်ထဲမှာပဲ ပျော်တယ်..
ကာမဂုဏ်နဲ့ ဝေးရင် ငါးခုန်သလို ခုန်နေတတ်တယ်...
တုန်လှုပ်နေတဲ့ စိတ်ဟာ မာရ်နတ်မင်းရဲ့ နိုင်ငံတော်ကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး
မာရ်နတ်မင်းရဲ့ နိုင်ငံဆိုတာ "ကာမ၀ဋ်၊ ကိလေသ၀ဋ်၊ ၀ိပါက၀ဋ်" ဆိုတဲ့ ၀ဋ် သုံးပါး၊
လွန်မြောက်ဖို့ အခက်တွေ့နေရတာက "ကာမဂုဏ် ငါးပါး" သို့မဟုတ် "အာရုံငါးပါး" ဆိုတဲ့
မာရ်မင်းရဲ့ စစ်သည်တော်တွေက ၀ိုင်းရံထားလို့ မလွန်မြောက်နိုင်...
တုန်လှုပ်နေတဲ့  စိတ်ဟာ မာရ်မင်းရဲ့ စစ်သည်တော်တွေကို ဖောက်ထွက်ပြီး
မာရ်မင်းရဲ့ နိုင်ငံတော်ကနေ လွတ်မြောက်ဖို့ ဆိုတာ မတတ်နိုင်...
အဲဒီလို တုန်လှုပ်ခြောက်ခြားတဲ့ စိတ်ကို ငြိမ်သက်လာအောင် ဆုံးမနိုင်ရမယ်...

မြတ်စွာဘုရား မိန့်ကြားတဲ့ စိတ်ဆုံးမနည်း
ချစ်သား ရဟန်းတို့
စိတ်သည် တုန်လှုပ်တယ်.. လျှပ်ပေါ်လော်လီတယ်.. စောင့်ရှောက်နိုင်ခဲတယ်.. တားဆီးဖို့ရန် ခက်ခဲတယ်..
ရဟန်းတို့ ဤသို့သော သဘော ရှိသော စိတ်ကို ဖြောင့်အောင်ပြုလော့
မြှားလုပ်တဲ့ ပုဂ္ဂိုလ်သည် မြှားကို ဖြောင့်အောင် ပြုလုပ်သကဲ့သို့၊
ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှသည် စိတ်ကို ဖြောင့်မတ်လာအောင် ပြုလုပ်နိုင်ကြပါစေ။

စိတ်ဟာ ကောက်နေမယ်၊ ကောက်ကျစ်နေမယ် ဆိုရင်
ပါးစပ်က "နိဗ္ဗာန်နဿ ပစ္စယောဟောတု" နေ့တိုင်း ရွတ်နေလည်း နိဗ္ဗာန်မရောက်နိုင်ဘူး...
ရာဂ လောဘ မောဟ စတဲ့ ကိလေသာ တစ်ခုခု ၀င်လာပြီ ဆိုတာနဲ့ စိတ်ဟာ မဖြောင့်တော့ဘူး
စိတ်ထဲက ဃရာဝါသ အစရှိတဲ့ အကာတွေ အူတွေကို ရှင်းလင်း ဖယ်ရှားနိုင်ရမယ်...
လူ့လောကထဲမှာ ဇနီးမယား သမီးသား စီးပွားဥစ္စာ အစရှိတာတွေနဲ့ ရောထွေးပြီးတော့ နေမယ်ဆိုရင် စိတ်ဟာ မဖြောင့်နိုင်ဘူး..
စိတ်ကို "လောက" ဆိုတဲ့ အပေါ်ယံ အကာတွေ ကနေ ခွာရှောင်နိုင်ဖို့ "သဒ္ဒါတရား" လိုအပ်တယ်...
သဒ္ဒါတရားမရှိရင် တောထွက်သွားတယ် ဆိုပေမယ့် တောထဲမှာ တရားအလုပ် အားထုတ်တာ မဟုတ်ဘဲ မုဆိုးလုပ်နေတာ ဖြစ်နေနိုင်တယ်...


စိတ်ကို သဒ္ဒါတရား များများရှိလာအောင်လုပ်..
ရတနာသုံးပါး.. သမထ၊ ၀ိပဿနာ တွေကို အာရုံပြုလိုက်ရင် စိတ်ဟာ ကြည်လာတယ်..
အဲဒီလို သဒ္ဒါတရား ရှိနေတဲ့ စိတ်ကို သီလနဲ့ ပြည့်စုံအောင် လုပ်ရမယ်...
ပြီးတော့ သမထက တစ်ဖက်၊ ၀ိပဿနာက တစ်ဖက် နှစ်ဖက်ညှပ်ပြီးတော့ စိတ်ကို ဖိထား..
"၀ီရိယ" နဲ့နာနာ အားထုတ်ကြ...
"သမထ" နဲ့ တစ်ဖက်က ဖိတော့ စိတ်ဟာ ငြိမ်လာတယ်...
"၀ိပဿနာ" နဲ့ တစ်ဖက်က ဖိတော့ စိတ်ဟာ ထက်လာတယ်...
"သမထ"က စိတ်ကို ငြိမ်စေတယ်.. "၀ိပဿနာ"က စိတ်ကို ထက်မြက်စေတယ်...
ဒါမှမဟုတ်.. တစ်ဖက်က "သမာဓိ"နဲ့ ဖိရင် တစ်ဖက်က"ပညာ"နဲ့ ဖိရမယ်...
ကိလေသာကို ခြိမ်းခြောက်နိုင်သော "၀ီရိယ" ကိုများများ အသုံးပြုပြီး နှိမ်နင်းရမယ်..

နှစ်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ
ခန္ဓာကိုယ်ကြီးမှာ ကိန်းအောင်းနေတဲ့ ဒီ "ကိလေသာ"ရန်သူကို တကယ် တိုက်တော့မယ် ဆိုရင်
၂၄ နာရီမှာ ၁၈ နာရီလောက် အလုပ်လုပ်
( ၄ နာရီအိပ်၊ ကိုယ်လက်သန့်ရှင်း အစာစားတာတွေအတွက် ၂ နာရီထား) ပြီး
ဒီ"ကိလေသာ" ကို တိုက်မယ်ဆိုရင်
နေ့ရော ညရော၊ ညရော နေ့ရော မပျင်းမရိ အားထုတ်ကြမှ
"ကိလေသာ"ရန်သူကို ခြိမ်းခြောက်နိုင်တဲ့ ပြင်းထန်သော "၀ီရိယ"ရှိမှ
"စိတ်ဟာ ဖြောင့်လာမယ်"..
ဖြောင့်လာတဲ့ စိတ်မှသာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မယ်...
ဒါဟာ စိတ်ပြင်တဲ့ နည်း ပဲ...

တုန်လှုပ်နေတဲ့ စိတ်..
လျှပ်ပေါ်လော်လီတဲ့ စိတ်..
စောင့်ရှောက်နိုင်ခဲတဲ့ စိတ်..
တားဆီးဖို့ရန် ခက်ခဲတဲ့ စိတ်..

အဲဒီ စိတ်ကို ဥာဏ်ရှိတဲ့ သူတော်ကောင်းတွေက ဖြောင့်မတ်လာအောင် လုပ်ကြရမယ်...

မြတ်စွာဘုရား မိန့်ကြားတဲ့ မိတ်ဆွေရှုာနည်း
မိတ်ဆွေရှာဖွေတဲ့ အခါမှာ-
"မိမိထက် မြတ်တဲ့သူ၊ အကျင့်လည်းကောင်းသူ၊ အသိပညာရှိသူ" ကိုရရင် ကောင်းတယ်.. အဲဒါ ကိုယ့်ထက် သာတဲ့သူ.. ကောင်းတယ်
"မိမိနဲ့ တန်းတူတဲ့သူ၊ အကျင့်လည်းတန်းတူ ဖြစ်သူ၊ အသိပညာလည်း တန်းတူရှိသူ" ကိုရရင်လည်း ကောင်းတယ်.. အဲဒါဆိုလည်း အပြန်အလှန် မှီခိုလို့ ရတယ်
အဲဒီလို ကိုယ့်ထက်သာသူ၊ ကိုယ်နဲ့ တန်းတူ ဖြစ်သူတွေကို မရဘဲ
ကိုယ့်အောက် "အဆင့်လည်းနိမ့်သူ အသိပညာလည်း နိမ့်သူ"ကို ရခဲ့မယ် ဆိုရင်တော့..
မြင့်တက်လာအောင် ချီးမြှောက်ရမယ်..
ကြိုးစားပြီး မြင့်လာအောင် လုပ်လို့ အသိနဲ့ အကျင့် တိုးတက်လာမယ်ဆိုရင် ... ပေါင်းလို့ ရသေးတယ်
ချီးမြောက်လည်းမရ ဆွဲတင်လည်းမရ တိုးတက်မလာတာ...
ပိုနိမ့်ကျသွားတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် အဲဒီလိုလူမျိုးကို ရှောင်ပါ... လူမိုက်

လူမိုက်ဆိုတဲ့ ပုဂ္ဂိုလ်မှာ အတူတကွ ဆိုတဲ့ စိတ်မျိုး မရှိဘူး..
ကိုယ်ချမ်းသာစဉ်က အတူ၊ ကိုယ်ဆင်းရဲတဲ့ အခါ စွန့်သွားတယ်..
သူဆင်းရဲစဉ်က အတူ၊ သူချမ်းသာတော့ စွန့်သွားတယ် ဆိုတဲ့ သူမျိုး ဟာ မိတ်ဆွေကောင်း မဟုတ်ဘူး..

"၀ိတက်"တွေကို ချုပ်ငြိမ်းသွားအောင် အာနာပါန နဲ့ချုပ်..
"ရာဂ" တွေ ချုပ်ငြိမ်းအောင် အသုဘနဲ့ နှိမ်နင်းကြ..
"ဒေါသ" တွေ ချုပ်ငြိမ်းအောင် မေတ္တာများများပွား..

နည်းကောင်း လမ်းကောင်းတွေကို ညွှန်ပြတာ ကလျာနမိတ် (မိတ်ဆွေကောင်း)၊ အမှီပြုရမယ် ပေါင်းရမယ်..

အခုဖော်ပြထားတာတွေက တချို့တ၀က်မျှသာ ဖြစ်ပါတယ် ..
ဆရာတော် ဟောကြားထားတာက အများကြီး ပြည့်စုံပါတယ်..
ဖော်ပြထားတာတွေမှာ
တစ်ခုခု အမှားအယွင်းများပါရှိခဲ့ရင်
ကျွန်တော့်ဘက်က ချွတ်ယွင်းချက်သာ ဖြစ်ပါတယ်...
အမှတ်မလွဲရအောင်
ဖတ်ပြီးသွားရင် တရားတော်ကို ရယူနာကြား စေချင်ပါတယ်
-"စိတ်ကို ဆုံးမနည်း" တရားတော် - ရယူနာကြားနိုင်ရန် ၂.၁၄ မီဂါဘိုက် WMA ဖိုင်

သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို
တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် ....

Oct 17, 2007

What Can Search & What Can Find?


Common Keywords

Here are some useful commom KEYWORDS, I used to search for various kinds of ebooks and many other internet resources.

introduction, introduction to, introduction to * , Teach yourself * , How to *, Tips Tricks, Tips Techniques, 10 minutes guide to * , * for dummies, (keyword + hosting site) mihd.net/* , integrated approach to, complete reference, secrets, secrets of *, * collection, (version no. Bible) eg. 2008 Bible, essential * for * , dictionary, Dictionary of *, the missing manual, * edition, premium, Premium edition, * Professional *, the art of *, guide, Quick guide to *, master, mastering, information , system, science, political, engineering,Virtual VB, Visual, Visual Basic ( C++, etc), theory, practice, tutorials, (quick|complete|essential) reference, final, (year+keyword) eg.2008 Bible, script , handbook, business, management, production

I omitted some Google officially declared words, like ppt, pdf and so on.
This is not a complete common keyword lists, however I believe this list can help all my bro & sis in a way. I will update as much as I can and welcome to take part in developing this keyword list.

Common Search Strings (I used)

How did I use these words?
Here is a simple search string I used to search something from net, by our Great friend Google's Search.
"* * application * * * * *http://mihd.net/* * * * * *"

You will see, I used just 3 simple words, application,* (asterisk) and http://mihd.net/ within quotes. I used the powers of asterisk and quotes, absolutely. After Google give results from top 1-10 of (some value, 335 in this results), we can expand our view up to, 20, 30, 50, 100 by adding &num=100 (or 20 ,30, 50) at the end of the Google generated search URL, then press ENTER key. Then you will see all Google's results in 100 results per page view. Google generated URL is :http://www.google.com/search?hl=en&q=%22*+*+application+*+*+*
+*+*http%3A%2F%2Fmihd.net%2F*+*+*+*+*+*%22&btnG=Google+Search&num=100


This is just an example and I would like to advice you to try in your way, by using the powers of *, / and " .

Here is another search
"* * Secrets * * * * *http://mihd.net/* *http://mihd.net/* * * *"

I will not show the Google's results, if you test yourself, you will feel it is a nice & easy way to get a useful information. In this eg. mihd.net is just an example. You can change it to any site as you like.

All suggestions and comments are welcome.
Be Peaceful & Happy all the Moments, to all my Bros & Sis.

Oct 13, 2007

Utilities On Web (5) - PDFCreator


အင်တာနက်ထဲမှာ လေ့လာဆည်းပူးရင်း ကျွန်တော်တို့နှစ်သက်တဲ့ အကြောင်းအရာ တွေကို သိမ်းထားချင်တာမျိုး ဖြစ်ဖူးကြမှာပါ... အဲဒီလို အခါမျိုးမှာ သာမန်အားဖြင့် အလွယ်တကူ လုပ်နိုင်တာ တစ်ခုကတော့ သုံးနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲမှာ -

  • IE ဆိုရင် File -> Save As ကနေ Save As Type: မှာ Web Page, Complete (*.htm,*.html) ကိုရွေးပြီး၊
  • Firefox မှာဆိုရင် File -> Save Page As ကနေ Save As Type: မှာ Web page complete ကို ရွေးပြီး
ရိုးရိုး အင်တာနက် စာမျက်နှာ တစ်ခု အနေနဲ့သိမ်းလို့ ရပါတယ်..

အပြင်မှာ ဖတ်ချင်ရင်တော့ Print လုပ်ပြီး ဖတ်လို့ရပါတယ်..
တကယ်လို့ ပီဒီအက်ဖ် (PDF) ဖိုင်တစ်ခု အနေနဲ့ သပ်သပ်ယပ်ယပ်လေး သိမ်းထားချင်တယ် ဆိုရင်တော့
PDFCreator ဆိုတဲ့ အစွမ်းထက်တဲ့ အခမဲ့ရတဲ့ Open Source ဆော့ဖ်ဝဲလေး တစ်ခုကို အသုံးပြုနိုင်ပါတယ်

ပီဒီအက်ဖ် (PDF)
ပီဒီအက်ဖ် (PDF) ဆိုတာ Portable Document Format ရဲ့ အတိုကောက် စကားလုံး ဖြစ်ပြီး
မြန်မာလို ဘာသာပြန်ရမယ် ဆိုရင် "အလွယ်တကူ သယ်ယူသွားနိုင်တဲ့ စာရွက် ပုံစံ" လို့ပဲ အတိုဆုံး ပြောရမှာပါ
အသေးစိတ်ကိုတော့ အခမဲ့ စွယ်စုံကျမ်းရဲ့ ဒီနေရာမှာ သွားဖတ်လို့ ရပါတယ်..
ပုံအနေနဲ့ဆိုရင်တော့ အားလုံးမြင်ဖူးနေကြတဲ့ အတိုင်း ဒီလိုပုံ လေးပါ..

ပီဒီအက်ဖ် ဖန်တီးရှင် (PDFCreator)
ပီဒီအက်ဖ် ဖန်တီးရှင် ဆော့ဖ်ဝဲလေးဟာ
ဝင်းဒိုးမှာ ဖိုင်တွေကို ပုံနှိပ် (Print) ပေးနိုင်တဲ့ ဘယ်လိုဆော့ဖ်ဝဲမျိုးကနေပဲ ဖြစ်ဖြစ်
အပြင်ကို စာရွက် အနေနဲ့ မထုတ်တော့ဘဲ ကွန်ပျုတာထဲမှာပဲ
ပီဒီအက်ဖ်ဖိုင်အနေနဲ့ သိမ်းဆည်း ထားနိုင်အောင် ဖန်တီးပေးပါတယ်
တနည်းအားဖြင့် အပြင်ကို စာရွက်နဲ့ ထုတ်ဖို့ ပရင်တာ အမျိုးအစား ရွေးတဲ့ အခါမှာ
ပေါ်လာတဲ့ ပရင်တာ စာရင်းထဲက PDFCreator ကိုရွေးလိုက်ပြီး
ကွန်ပျုတာထဲမှာပဲ ပီဒီအက်ဖ် အဖြစ် ထုတ်လိုက်တာ ဖြစ်ပါတယ်...

အင်္ဂါရပ်များ
ဒီဆော့ဖ်ဝဲက ဆောင်ရွက်ပေးနိုင်တာတွေကတော့...
  • ၀င်းဒိုးပရင်တာ (Windows printers) တွေကို အသုံးပြုပြီး ပုံနှိပ်ပေးနိုင်တဲ့ မည်သည့် ပရိုဂရမ်ကနေမဆို ပီဒီအက်ဖ်များ ဖန်တီးနိုင်ပါတယ်...
  • ဖန်တီးပေးနိုင်တဲ့ ပုံစံအားလုံးကတော့ Portable Document Format (PDF), Postscript (PS) နဲ့ Encapsulated Postscript (EPS)၊ ရုပ်ပုံများ အနေနဲ့ PNG, JPEG, BMP, PCX နဲ့ TIFF တို့ ဖြစ်ပါတယ်
  • ပီဒီအက်ဖ်ဖိုင် အများကြီးကို တစ်ခုတည်းအဖြစ် ပေါင်းပေး နိုင်ပါတယ်
  • ဖန်တီးလိုက်တဲ့ ပီဒီအက်ဖိုင်ကို စကားဝှက် ပေးထားနိုင်ပြီး၊ 128 Bit Encryption အထိ လုံခြုံအောင် ဖန်တီးထား နိုင်ပါတယ်...
  • ကိုယ့်စိတ်ကြိုက် ပုံနှိပ်မယ့် အပြင်အဆင် (စာရွက်အရွယ်အစား စသည်) ကို ဖန်တီးထားပြီးပြီဆိုရင် နောင် ပီဒီအက်ဖ် ထုတ်တဲ့ အခါတိုင်း အဲဒီအပြင်အဆင် အတိုင်း အမြဲ ထုတ်ပေးပါတယ်
ဒီထက်မက ဆောင်ရွက်ပေးနိုင်တာတွေ အများကြီးပါရှိပါသေးတယ်
အသေးစိတ်သိချင်ရင် အသုံးပြုချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နေရာများ နဲ့
အဲဒီဆော့ဖ်ဝဲကို ကွန်ပျုတာထဲမှာ ထည့်သွင်းပြီးတဲ့အခါ အတူပါလာတဲ့ အကူအညီ (Help) မှာ အသေးစိတ် အပြည့်အစုံ ဖတ်နိုင်ပါတယ်
လောလောဆယ်မှာတော့ (32-bit မိုက္ကရိုဆော့ဖ် ၀င်းဒိုးများ -- 95/98/NT/2000/XP) မှာ ကောင်းကောင်း အလုပ်လုပ်ပြီးတော့ Vista အတွက်တော Vista ရဲ့ လုံခြုံရေးကန့်သတ်ချက်တွေ များလွန်းတာကြောင့် ဆော့ဖ်ဝဲဖန်တီးသူများ အနေနဲ့ ကြိုးစားနေဆဲဖြစ်ကြောင်းနဲ့ ဒီပြဿနာကို ပြေလည်အောင် ရှင်းပေးနိုင်တဲ့ ပထမဆုံးသူကို ဒေါ်လာ 150 ဆုကြေးပေးမည့် အကြောင်း Vista ပြဿနာမှာ တရားဝင် ကြေငြာထားပါတယ်...
ဆော့ဖ်ဝဲလေးက အသုံးပြုရတာ အတော်လွယ်ပါတယ်
ပုံမှန်အတိုင်း Print လုပ်နေတဲ့ နေရာမှာ -
ခါတိုင်းဆိုရင် ကိုယ့်ကွန်ပျုတာမှာ (သို့) ကွန်ရက်မှာ တပ်ဆင်ထားတဲ့ ပရင်တာကို ရွေးပေးရတာ
အခု ပီဒီအက်ဖ် ဖန်တီးချင်ရင် ပေါ်လာတဲ့ ပရင်တာ စာရင်းထဲကနေ PDFCreator ကို ရွေးပေးလိုက်ရုံပါပဲ..

စာရွက် အရွယ်အစားသတ်မှတ်ပေးတာ dpi သတ်မှတ်တာတွေကိုလည်း Properties ကနေ ရွေးပေးလိုက်လို့ ရပါတယ် ပုံမှန် ပရင်တာ တစ်လုံးကနေ ပရင့်လုပ်ရသလိုပါပဲ
စာရွက်တွေထုတ်ပေးတာနဲ့ ပီဒီအက်ဖ် ထုတ်ပေးတာပဲ ကွာပါတယ်
ဘလော့ရေးနေတဲ့ မိတ်ဆွေသူငယ်ချင်းများအနေနဲ့ ဇော်ဂျီစာလုံးသုံးပြီး ပီဒီအက်ဖ် ပြောင်းတဲ့ အခါမှာ Adobe ပီဒီအက်ဖ် ဆော့ဖ်ဝဲကို သုံးတဲ့ အခါမှာ တခါတရံ ကြုံတတ်တဲ့ "သဝေထိုး (ေ)" နေရာမှာ အင်္ဂလိပ်စာလုံး A ပုံ ပြောင်းပြီး ထွက်လာတာမျိုးကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး.. ဒီတစ်ချက်နဲ့တင် အသုံးပြုရတာ အတော်လေး ကောင်းနေပါပြီ
ဖိုင်အရွယ်အစားများ အနေနဲ့ ၁၂.၆၄ မီဂါဘိုက် တစ်မျိုးနဲ့ ၆.၆၅၄ မီဂါဘိုက် တစ်မျိုး နှစ်ခုပါရှိပါတယ် ကွာခြားချက်ကိုတော့ အောက်မှာဖော်ပြထားတဲ့ ဒေါင်းလုဒ် လင့်ကနေ သွားကြည့်နိုင်ပါတယ်


Download link from Source Forge
-http://sourceforge.net/project/showfiles.php?group_id=57796

စကားဝှက်တွေကို ဘယ်လို ဖန်တီးမလဲ
စကားဝှက်တွေရဲ့ အားနည်းချက် အားသာချက်များ အသေးစိတ်...
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Blog Post
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Blog Post

Ref:
-http://sourceforge.net/projects/pdfcreator/
-http://en.wikipedia.org/wiki/PDFCreator
မူလနေရာ -http://www.pdfforge.org/
Vista ပြဿနာ -http://www.pdfforge.org/node/1058

Credit to : pdfforge.org & all contributors in Open Source Community.

Oct 9, 2007

အီးဘွတ်ခ် - အမ်ဘီအေ နှင့် အိုင်တီစာအုပ်များ


ရင်းနှီးမြုတ်နှံမှုများအတွက် လိုအပ်ချက်များ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
မက်ဂရော-ဟေး စာအုပ်တိုက်က ၂၀၀၃ ဇန်န၀ါရီလမှာ ငါးကြိမ်မြောက် ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ ၇၇၇ မျက်နှာ - ၉.၃၃ မီဂါဘိုက် - အက္ခရာစဉ်အညွှန်း - အသုံးများတဲ့ အတိုကောက်စာလုံးများ စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်


စီးပွားရေးဆက်သွယ်မှုအတွင်းမှ အလျင်အမြန်ရှေ့ရောက်နေသော အမ်ဘီအေ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
လော်ရင်းဗစ်ကာ နဲ့ ရွန်ဟိန်း တို့ရေးသားတဲ့ စာအုပ်ပါ
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ ၁၇၅ မျက်နှာ - ၂.၇၅ မီဂါဘိုက် - အက္ခရာစဉ်အညွှန်း -
စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်

အမ်ဘီအေ တစ်နေ့တာ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
စတီဗင် စထရယ်ဆာ (ပီအိပ်ခ်ျ.ဒီ) ရေးသားတဲ့ စာအုပ်ပါ
ဒီပုဂ္ဂိုလ်ကြီးဟာ အမ်.ဘီ.အေ ဘွဲ့ သင်တန်းများမှာ နှစ်ပေါင်းများစွာ အချိန်ပြည့် သင်ကြားပို့ချလာခဲ့တဲ့ အတွေ့အကြုံတွေကနေ ဒီစာအုပ်ကို ပြုစုထားတာ ဖြစ်ပါတယ်..
ကျွန်တော်တို့ အနေနဲ့ အမ်.ဘီ.အေ ကို တစ်ရက်ထဲနဲ့ ရအောင်ယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး..
အမ်.ဘီ.အေ ရထားတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင် လပေါင်းများစွာ နှစ်ပေါင်းများစွာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ ကြရတာ သိရပါလိမ့်မယ်
ဒါပေမယ့် ဒီစာအုပ်ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ စီးပွားရေးပညာ သင်ကျောင်းတွေမှာ ပို့ချတဲ့ အခြေခံအယူအဆများနဲ့ စည်းမျဉ်းစည်းကမ်းများကို အခြေခံ အကျဆုံးနဲ့ အလွယ်တကူ နားလည်နိုင်မည့် အသုံးအနှုံးတွေ နဲ့ ရေးထားတာ ဖြစ်ကြောင်း - စာအုပ်ရဲ့ "စကားဦး" မှာ ဖော်ပြထားပါတယ်
ပီဒီအက်ဖ်ဖိုင် - အခန်းပေါင်း ၁၂ ခန်း - စာမျက်နှာ ၃၂၃ မျက်နှာ - ၁.၆၂ မီဂါဘိုက် - အက္ခရာစဉ်အညွှန်း -
စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်


လှပတဲ့ ၀က်ဘ်ဒီဇိုင်းတစ်ခုအတွက် အခြေခံစည်းမျဉ်းများ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
ဂျက်ဆန် ဘရစ် ရေးသားတဲ့ စာအုပ်ပါ
၂၀၀၇ ဇန်န၀ါရီမှာ ပထမအကြိမ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
အင်တာနက်စာမျက်နှာများကို လှပအောင် ဘယ်လိုပုံဖော်မလဲ ဆိုတာ
ရောင်စုံရုပ်ပုံများနဲ့ ရှင်းလင်းဖော်ပြထားပါတယ်
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ 181 မျက်နှာ - ၉.၁၇ မီဂါဘိုက် - အက္ခရာစဉ်အညွှန်း -
စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်

ကွန်ရက် ပရိုတိုကောများ လက်စွဲ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၅ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
အင်တာနက်ပရိုဂရမ်မာများ၊ ကွန်ရက်ပညာရှင်များ
အိုင်တီနဲ့ ကွန်ရက်နည်းပညာကျောင်းသားများ
အင်တာနက်နည်းပညာများအကြောင်း အသေးစိတ်လေ့လာ တတ်ကျွမ်းလိုသူများအတွက် အဆင်ပြေမှာပါ
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ ၃၅၉ မျက်နှာ - ၅.၀၃ မီဂါဘိုက် - အက္ခရာစဉ်အညွှန်း -
စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်

အေမှဇက်အထိ အင်္ဂလိပ်စာလုံး အမှန် ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၂ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
ကျောင်းသူကျောင်းသားများနဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ စာပေလေ့လာ လိုက်စားသူများ
သိသင့်တဲ့ အခြေခံမေးခွန်းများ၊ ပုဒ်ဖြတ်ပုဒ်ရပ်၊ သဒ္ဒါနဲ့ စကားလုံး အသုံးအနှုံးများကို လေ့လာလိုသူများအတွက်
ပီဒီအက်ဖ်ဖိုင် - စာမျက်နှာ ၂၀၃ မျက်နှာ - ၁.၄၅ မီဂါဘိုက် - နောက်ဆက်တွဲ အေ၊ ဘီ၊ စီ -
စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်

အိပ်ခ်ျတီအမ်အယ်လ်၊ အိက်စ်အိပ်တီအမ်အယ်လ်နှင့် စီအက်စ်အက်စ် ဘိုင်ဘယ် ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်..
၂၀၀၆ ခုနှစ် သြဂုတ်မှာ ခြောက်ကြိမ်မြောက်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး
အင်တာနက် စာမျက်နှာများ ရေးသားတဲ့ နေရာမှာ အခြေခံ အကျဆုံးဖြစ်တဲ့ အိပ်ခ်ျတီအမ်အယ်လ် အကြောင်း၊ အိက်စ်အိပ်ခ်ျတီအမ်အယ်လ်နှင့် စီအက်စ်အက်စ် အကြောင်းတွေကို ရောင်စုံရုပ်ပုံများ၊ ဇယားများနဲ့ အပြည့်အစုံ ရှင်းလင်းဖော်ပြထားပါတယ်
စီအိပ်ခ်ျအမ်ဖိုင် - စာမျက်နှာ ၄၅၆ မျက်နှာ - ၂၅.၉ မီဂါဘိုက် - နောက်ဆက်တွဲ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ အက္ခရာစဉ်အညွှန်း - စသည်အားဖြင့် ပြည့်စုံစွာ ပါရှိပါတယ်
ဝင်းရာ ဖိုင်၊ ၂၅.၃၂ မီဂါဘိုက်

စကားဝှက် ဂျီအိုင်အက်ဖ်တီအက်ဖ်အာအိုအမ်အက်ဖ်အေတီအိပ်ခ်ျအီးအာအိက်စ်အမ်အေအက်စ်

အာလုံး အက္ခရာ အသေးများနဲ့ ဖြစ်ပါတယ်
ညီအကို မောင်နှမ သူငယ်ချင်းများအားလုံး ပညာဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ...

Oct 7, 2007

အင်တာနက်လိပ်စာတွေ သွားလေရာသယ်ရအောင်


မီးမြေခွေး
ကိုယ်အမြဲတမ်း သုံးနေကြ မီးမြေခွေး အင်တာနက်ကြည့် ဆော့ဖ်ဝဲမှာ
သိမ်းဆည်းထားတဲ့ Bookmark တွေကို သွားလေရာကို မန်မိုရီစတစ်နဲ့ သယ်သွားလို့ရပါတယ်...
Windows XP ကွန်ပျုတာတွေအတွက်-
C:\DOCUME~1\USERNAME\Application Data\Mozilla\Firefox\Profiles\298lids3.default
အောက်မှာ bookmark ဆိုတဲ့ နာမည်နဲ့ HTML ဖိုင်လေးတစ်ခု ရှိပါတယ်
မီးမြေခွေးကို သုံးပြီး ကျွန်တော်တို့ မှတ်ထားသမျှ Bookmarks အားလုံး အဲဒီမှာပါ
အဲဒီမှာ-
-USERNAME =လက်ရှိ အသုံးပြုနေတဲ့ အမည်
-298lids3 =Firefox ကသတ်မှတ်ထားတဲ့ အမည် (တစ်ယောက်နဲ့ တစ်ယောက် မတူပါ)

Bookmark အဟောင်းတွေကို တော့ အဲဒီ Default Folder ထဲက bookmarkbackups ထဲမှာ ကြည့်နိုင်ပါတယ်...

IE
မိုက္ကရိုဆော့ဖ်ရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲ အိုင်.အီး (အတိုကောက်) မှာတော့
C:\DOCUME~1\USERNAME\Favorites
ထဲမှာ ရှိပါတယ်

နေရာတွေ သိပြီဆိုတော့ ကိုယ်လိုချင်တဲ့ အချိန်တိုင်းမှာ အလွယ်တကူ သယ်သွားလို့ ရတာပေါ့

Oct 6, 2007

Google မှာ သတိပြုစရာလေးအချို့


သူငယ်ချင်းတစ်ယောက်က Google မှာ နင်ရေးထားတဲ့ အတိုင်းရှာတာ မတွေ့ဘူး ပြောတယ်
သေသေချာချာကြည့်တော့ အပို အလို လေးတွေ ပါနေလို့ မတွေ့တာ ဖြစ်နေတယ်

  1. သူက ဒီလိုရိုက်ထည့်ပြီးရှာတယ် site: mit.edu filetype pdf mathematics
  2. လိုချင်တဲ့ အဖြေ မရဘူး၊
  3. သူက မက်ဆာချုးဆက် နည်းပညာတက္ကသိုလ်က သင်္ချာနဲ့ သက်ဆိုင်တဲ့ ပီဒီအက်ဖ် ဖိုင်တွေ ရှာချင်တာ၊
  4. အမှန်က ဒီလို site:mit.edu filetype:pdf mathematics ဖြစ်ရမှာ
  5. ဘယ်နေရာမှာ လွဲသွားတာလဲဆိုရင် site:mit.edu လို့ နေရာလွတ်မချန်ဘဲ ရေးရမှာကို သူက site: mit.edu ဆိုပြီး site: နဲ့ mit.edu ကြားမှာ နေရာလွတ်တစ်ခု ထားတယ်၊
  6. နောက်တစ်ခုက filetype:pdf ဖြစ်ရမှာကို filetype pdf ဆိုပြီး filetype နဲ့ pdf ကြားမှာ : မထဲ့ဘဲ ရေးထားတာကိုး
အဲဒါလေးတွေ ပြန်ပြင်ပေးလိုက်မှပဲ သူငယ်ချင်းလဲ ရှာချင်တာ ရှာလို့ ရသွားတော့တယ်

တကယ်တော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ အတိုင်းကို Google က ရှာပေးတာပါ..
လိုချင်တာ မရဘူးဆိုရင် ဖြစ်နိုင်ချေ သုံးချက် ရှိပါတယ်
  1. ကိုယ်ရဲ့ ရှာဖွေမှုမှာ (အထက်က ဖြစ်ရပ်လို) Google သတ်မှတ်ထားတဲ့ အချက်တွေနဲ့ လွဲနေတာ
  2. ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာဟာ အင်တာနက်မှာ မရှိသေးတာ
  3. ကိုယ်ရှာတဲ့ စကားလုံးနဲ့ တကယ်သုံးထားတဲ့ စကားလုံး မတူတာ
ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

Oct 5, 2007

Utilities On Web (4) - Cam Studio


Cam Studio
တခါတရံမှာ ကျွန်တော်တို့ ကွန်ပျုတာတွေပေါ်မှာ မြင်နေရတဲ့ မြင်ကွင်းတွေကို
မှတ်တမ်းတင်ချင်တဲ့ အခါမျိုးတွေ ကြုံရတတ်ပါတယ်...
သာမန် ပုံရိပ် အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့
ကီးဘုတ်မှာ ပါတဲ့ PRINT SCREEN ခလုတ် တစ်ခုတည်း၊ ဒါမှမဟုတ်
ALT(Key)+PRINT SCREEN အတွဲကို နှိပ်ပြီး ပုံရိပ်ဖမ်း၊
ပြီးမှ Paint လို ဆော့ဖ်ဝဲ တစ်ခုမှာ Paste လုပ်ပြီး .jpeg ဖိုင်အနေနဲ့ သိမ်းထားလို့ ရပါတယ်...
ဒါပေမယ့် ပုံရိပ်တွေကို ဗီဒီယို ဖိုင်အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့
အောက်မှာဖော်ပြထားတဲ့ CAM STUDIO ဆိုတဲ့ ဆော့ဖ်ဝဲလေးက ကောင်းကောင်း အလုပ်လုပ်ပေးနိုင်ပါတယ်



ဒီဆော့ဖ်ဝဲလေးက ကျွန်တော်တို့ရဲ့ ကွန်ပျုတာ ဖန်သားပြင်မြင်ကွင်းမှာ လှုပ်ရှားနေတဲ့ မြင်ကွင်းတွေနဲ့ ဖွင့်ထားတဲ့ အသံတွေကို ပေါင်းစပ်ပြီး ဗီဒီယိုအဖြစ် ဖန်တီးပေးနိုင်ပါတယ်... ရလာမယ့် ဗီဒီယို ဖိုင်တွေကို AVI ဖိုင် (သို့မဟုတ်) SWF ဖိုင်အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်...

  • ကိုယ်တီထွင်ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလေးတွေ အကြောင်း ရှင်းပြချင်တဲ့ အခါ
  • မကြာခဏအမေးခံရတဲ့ မေးခွန်းလေးတွေကို စုစည်းပြီး ဗီဒီယိုအဖြစ် ဖန်တီးထားချင်တဲ့အခါ
  • ကျောင်းသင်ခန်းစာတွေကို ဗီဒီယိုဖိုင်တွေ အနေနဲ့ ပြုစုချင်တဲ့အခါ
  • ကိုယ့်ကွန်ပျုတာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပြင်ပေးမယ့်သူကို မြင်အောင်ပြဖို့ မှတ်တမ်းတင်ထားလိုတဲ့ အခါ
  • ကိုယ်ရောင်းချမယ့် ပစ္စည်းတွေကို ကြော်ငြာချင်တဲ့အခါ
  • သုံးနေတဲ့ ဆော့ဖ်ဝဲလေးတွေက အကြိုက်တွေ့တဲ့ လှည့်ကွက်အသစ်လေးတွေနဲ့ နည်းစနစ်အသစ်လေးတွေကို မေ့မသွားခင် မှတ်တမ်းတင်ထား လိုတဲ့အခါ
စသည်အားဖြင့် မိမိတို့အတွက် လိုအပ်သလို အသုံးချနိုင်ပါတယ်..

မိမိရဲ့ အသံနဲ့ မပြချင်ဘူးဆိုရင်လည်း စာတမ်းလေးတွေ လိုအပ်သလို ထိုးပြလို့ရပါတယ်

Free & Opensource
ဒီဆော့ဖ်ဝဲလေးဟာ OpenSource ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပြီး
အခမဲ့ ရယူနိုင်ပါတယ်

Home:http://www.camstudio.org/

CamStudio Version 2.0 - တိုက်ရိုက် ရယူရန်
CamStudio on SourceForge: http://sourceforge.net/projects/camstudio/
Lossless Codec: ရယူရန်

Credit:CamStudio.org - Free Streaming Video Desktop Capture Software

Oct 4, 2007

ကမ္ဘာ့ဆရာများနေ့ - World Teachers’ Day


ဒီနေ့ (အောက်တိုဘာ - ၅ ရက်နေ့) ဟာ ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) ဖြစ်ပါတယ်...
ငယ်စဉ် ကလေးဘ၀က စလို့ အခုအချိန်အထိ ပညာရပ် အမျိုးမျိုးကို သင်ယူလေ့လာနိုင်အောင်
နည်းလမ်း အမျိုးမျိုးနဲ့ ဖြန့်ဝေပေးနေကြတဲ့ အမိမြန်မာပြည်နဲ့ ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များအားလုံးရဲ့ ဂုဏ်ကျေးဇူးကို ဂါရ၀ပြု မှတ်တမ်းတင်လိုက်ပါတယ် ....