ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Aug 15, 2007

Firefox Add-ons & Plug-ins(1)


မနေ့က ကျွန်တော့်ကွန်ပျုတာကို အမြင်ကတ်လာတာနဲ့ Format လုပ်လိုက်တယ် ... ဒါပေမယ့် Drive C: တစ်ခုတည်းကို လုပ်တာပါ... ဒီနေ့မနက်ပိုင်းမှာ သုံးနေကြ ဆော့ဖ်ဝဲလေးတွေ ပြန်တင်ဖြစ်ပါတယ်။ မီးမြေခွေး အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Firefox) ကိုလည်းပြန်တင်ရင်း Plug-in လေးတွေ Add-ons လေးတွေကိုပါ ပြန်ထည့်ရင်း အသစ်တွေ့တဲ့ Firefox add on အမိုက်စားလေးတွေကို ပြန်ပြီး ဖောက်သည်ချလိုက်တာပါ ... (တခြားသူတွေ အတွက် တော့ ဟောင်းချင်လည်း ဟောင်းနေမှာပေါ့နော် )

No Script
ဒီ Add-on လေးက အင်တာနက်စာမျက်နှာ တစ်ခုအတွင်းမှာ ပါနေတဲ့ Java Scripts, Java နဲ့ အခြားသော အလုပ် လုပ်နိုင်တဲ့ Script တွေကို အလုပ်မလုပ်အောင် ကောင်း ကောင်းကြီး ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ... ဒီဟာလေးကို Firefox မှာ ထည့်လိုက်ပြီးတဲ့ အခါ အင်တာနက်စာမျက်နှာတွေကို ကြည့်ရတာ ပိုပြီး အဆင်ပြေလာတာကို တွေ့ရပါတယ် ... အထူးသဖြင့် ကြော်ငြာတွေ အရမ်းများတဲ့ အချို့ အင်တာနက်စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ မပါတော့တာ တွေ့ရ မှာပါ ... ကျွန်တော်လည်း XSS ဆိုတဲ့ Cross-site scripting အကြောင်းလေ့လာရင်း ဒီဟာလေးကို တွေ့ပြီး သုံးဖြစ်သွားတာပါ ... အဆင်ပြေတယ် ... စမ်းကြည့်ကြပါလား ..
မူရင်းနေရာ -http://noscript.net/
Firefox -https://addons.mozilla.org/firefox/722/

Web Developer
ဒီ နောက်ဆက်တွဲ (Extension) လေးကတော့ ကျွန်တော်တို့ကြည့်နေတဲ့ အင်တာနက် စာမျက်နှာတစ်ခုမှာပါဝင်နေတဲ့ Cache, Cookies, CSS Design, Form, Image, Informations, Comments, Outline, Tools, Source View စတာတွေကို အလွယ်တကူကြည့်လို့ရအောင် ဖန်တီးပေးပါတယ် ... သူ့ကို Firefox မှာ ထည့်လိုက်တဲ့ အခါ မီနူးတစ်ခု အနေနဲ့ Tools အောက်မှာ မြင်ရမှာပါ .. ၀က်ဘ်နည်းပညာကို စိတ်ဝင်စားသူတွေ၊ သူများရေးထားတာလေးတွေကို လေ့လာ ဆည်းပူး ချင်တဲ့သူတွေအနေနဲ့ အင်တာနက် စာမျက်နှာတစ်ခု အတွင်းမှာ ပါရှိနေတဲ့ မိမိလေ့လာချင်တဲ့ အပိုင်း လေး CSS, Form, Cookie စတာလေးတွေကို လိုချင်တဲ့ အပိုင်းလေးဘဲ ဆွဲယူပြီး ကြည့်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ် .... Web Designer တွေအတွက် အလွန်အထောက်အကူရတဲ့ Tool လေးပါပဲ ...
မူရင်းနေရာ -http://chrispederick.com/work/web-developer/
Firefox -https://addons.mozilla.org/firefox/60/

UnPlug
ဒါလေးကတော့ အင်တာနက် စာမျက်နှာတစ်ခုအတွင်းမှာ ထည့်သွင်းမြုတ်နှံထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေကို မိမိတို့ရဲ့U ကွန်ပျုတာထဲမှာ သိမ်းထားချင်တယ်ဆိုရင် သိမ်းထားပေးနိုင်တဲ့ နောက်ဆက်တွဲလေး ဖြစ်ပါတယ် ... ကိုယ်ကြည့်နေတဲ့ စာမျက်နှာမှာ သီချင်း၊ ဗီဒီယိုတွေ ပါလာတယ်ဆိုရင် ဒီ Extension လေးကို ကလစ်လုပ်လိုက်ရုံပါပဲ ... ဗီဒီယိုဖိုင်တွေ အတွက် Download Tool အနေနဲ့လည်း သုံးနိုင်ပါသေးတယ် ...အင်တာနက်စာမျက်နှာထဲက MediaPlayer ထဲကို အချက်အလက်တွေ စီးဝင်လာတဲ့ အခါမှာ UnPlug ကစစ်ဆေးပြီး ရိုးရိုး လင့်ခ်တစ်ခု အနေနဲ့ ဖော်ပြပေးပါတယ် ... အဲဒီလင့်ခ် ကနေ ဒေါင်းလုဒ် ရုံပါပဲ ... FlashGot လို နောက်ဆက်တွဲတွေ ထပ်ထည့်လိုက်မယ်ဆိုရင် Download Manager တွေနဲ့ပါ အမျိုးမျိုးတွဲဖက် လို့ရပါတယ် ...
UnPlug ဟာ youtube.com, ifilm.com, current.tv, revver.com, peekvid.com, video.google.com, mobuzztv.com စတဲ့ မီဒီယာ Web Site မျိုးစုံကနေ ကိုယ့်စိတ်ကြိုက် ဒေါင်းလုဒ်ချလို့ရအောင် အကူအညီပေးမယ့် extension လေးတစ်ခုပါ...
မူရင်းနေရာ -http://unplug.mozdev.org
Firefox -https://addons.mozilla.org/firefox/2254/
နမူနာပုံများ -https://addons.mozilla.org/en-US/firefox/addons/previews/2254

FlashGot
အင်တာနက်ထဲက ဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချတဲ့ အခါ အဆင်ပြေအောင် လုပ်ပေးတဲ့ ၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲနဲ့ Download Manager တွေကို ပေါင်းစည်းပေးတဲ့ နောက်ဆက်တွဲ တစ်ခုလည်း ဖြစ်ပါတယ် ... အထူးသဖြင့် ဘယ်နည်းနဲ့ ဒေါင်းလုဒ် လုပ်ချင်သလဲ ရွေးချယ်ခွင့် ပေးပါတယ် ... RapidShare မှာဆိုရင် အခမဲ့ ဒေါင်းလုဒ် တဲ့သူတွေ အတွက် Download Manager သုံးခွင့် မရှိပါဘူး ... အဲဒီလို အခါမျိုးမှာ Save As နဲ့ မှ ဒေါင်းလုဒ်လို့ ရမှာ ဖြစ်ပါတယ် ... ဒီဟာလေးက တစ်ခုခု ကို ဒေါင်းလုဒ် ခါနီးတိုင်း ဘယ်နည်းနဲ့ လုပ်မှာလည်းမေးတဲ့ အတွက် အတော်လေး အဆင်ပြေတာ တွေ့ရမှာပါ ...
မူရင်းနေရာ -http://flashgot.net/
Firefox -https://addons.mozilla.org/firefox/addon/220

ဆက်လက်ဖော်ပြပါမည် ...