ဘာပေးရင် ဘာရမလဲ - what we give, what we get
ဒီနေ့က ၁၃၆၉ခုနှစ်၊ ၀ါခေါင်လဆန်း(၈)ရက်၊ တနင်္လာနေ့ပါ...
သူငယ်ချင်းတွေ အတွက် နာကြားဖြစ်တဲ့ တရားတော် တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ...
“သီတဂူဆရာတော် အရှင်ဥာဏိဿရ” ဟောကြားတော်မူတဲ့ “ဘာပေးရင် ဘာရမလဲ” တရားတော်ဖြစ်ပါတယ် ...
အကြောင်းအရာ အချို့ကို ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ် ...
အောက်ဘက်မှာ တရားတော် ကို ဒေါင်းလုဒ် ရယူနိုင်တဲ့နေရာလည်း ပေးထားပါတယ်...
တရားတော်
နတ်တွေက လူတွေကြားထဲမှာ တရားမနာနိုင် ...
နတ်တွေတရားနာတာ မတ်တတ်နာတယ် ...
ထိုင်ပြီးတရား နာစရာမလိုတဲ့ နတ်တွေ ...
ခန္ဓာကိုယ် နုလွန်းတဲ့ နတ်များ ...
ဝင်ပူးတဲ့ နတ်တွေဆိုတာဘယ်လိုနတ်တွေလဲ...
သုဓမ္မာ နတ်သဘင်က ပြဿနာများ...
၁) ခွန်အားကောင်းအောင် ဘာလှူရမလဲ...
၂) ရုပ်ဆင်းအင်္ဂါကောင်းအောင် ဘာလှူရမလဲ...
၃) ခရီးသွားတဲ့အခါ ချမ်းသာသုခရအောင် ဘာလှူရမလဲ...
၎) အမြင်ကောင်း (မျက်စိကောင်းအောင်) ဘာလှူရမလဲ...
၅) အလုံးစုံသော အလှူဖြစ်ချင်ရင် အကောင်းတွေအားလုံးရချင်ရင် ဘာလှူရမလဲ...
မြတ်ဗုဒ္ဓ၏ ဟောကြားချက်များ ...
၁) ခွန်အားကောင်းချင်ရင် အစာကောင်းကောင်းကိုလှူ...
- ၀ိသာခါကျောင်းအမကြီးရဲ့ အလှူပေးပုံနည်းစနစ် ...
- သလေးဆန်များသိုလှောင်ထားနည်းစနစ်...
- ရေနဲ့ မချက်တဲ့ ထမင်း ...
- ဘုရား၊ သံဃာ၊ လူ တွေအတွက် အစားကောင်း တစ်ခုခုလှူ...
၂) အဆင်းအင်္ဂါလှပချင်ရင် အ၀တ်အထည်လှူ ...
- ဘယ်လောက်လှလှ အ၀တ်အထည်ကောင်းဝတ်ထားမှပေါ်လွင်...
၃) ခရီးသွားတဲ့ အခါချမ်းသာအောင် ယာဉ်ရထားလှု...
- အပ်စပ်တဲ့ အလှု မော်တော်ကားတတ်နိုင်သူ မော်တော်ကားလှူ...
- ယာဉ်စီးတဲ့ လက်မှတ်အလှူ၊ လမ်းအလှူ၊ လမ်းပြင်တဲ့ အလှု...
- အနည်းဆုံး ဖိနပ်လှူ ...
၎) မျက်စိအမြင်ကောင်းချင်ရင် ဆီမီးလှူပါ...
- အမှောင်ထဲမှာ ဘာမှ မမြင်နိုင်၊ အလင်းရောင်ရှိမှ မြင်နိုင်တာဖြစ်...
- အလင်းရောင်လှူရင် အလင်းရောင်ထွက်နိုင်တဲ့ အရာများလှူနိုင်ရင် ဒိဗ္ဗစက္ခုအမြင်အထိရနိုင်...
- လျှပ်စစ်မီး၊ ဆီမီး လှူနိုင်တာလှူပါ ...
၅) ကောင်းကျိုးအားလုံး ပြည့်စုံချင်ရင် အဆောက်အဦးကိုလှုပါ....
- ဘုရားကျောင်း၊ သံဃာကျောင်း၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ...
- တက္ကသိုလ် ကျောင်းလှူ၊ မိဘမဲ့ ကလေးဂေဟာ၊ ခရီးသွားများနားခိုရန် ဇရပ်...
- အနည်းဆုံး ငှက်ကလေးများနေရန် ... ငှက်အိမ်လှူပါ...
- ထို့ကဲ့သို့လှူဒါန်းတဲ့ အတွက် ...
- အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ရုပ်ဆင်းအင်္ဂါကောင်းမွန်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း အားလုံးကိုရရှိနိုင် ....
၆) မြတ်ဗုဒ္ဓ၏ ဖြည့်စွက် တရား...
လောကီအလှူများအထက် အမြတ်ဆုံးအလှူ...
အကြင်သူသည် တရားဓမ္မကိုလှူနိုင်လျှင်၊ သင်ကြားပို့ချလျှင် ...
တရားပွဲများဖြစ်မြောက်အောင် စီစဉ်လုပ်ဆောင်နိုင်လျှင် နိဗ္ဗာန်ကို ပေးလှူခြင်းဖြစ်၍ အမြတ်ဆုံးအလှူ...
-``ဘာပေးရင်ဘာရမလဲ တရားတော် ´´ - ရယူနာကြားနိုင်ရန်
- File Info: 21.16 MB / MP3/ Can UseDownload Accelerators/Managers
သူငယ်ချင်း ညီအကို မောင်နှမ မိတ်ဆွေများအားလုံး ...
အမျိုးဘာသာ၊ သာသနာတော်အကျိုးကို တတ်အားသမျှ သယ်ပိုး ထမ်းရွက်သွားနိုင်ကြသူများ ဖြစ်ကြပါစေလို့ ...
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ် .... တစ်ခုခုပြောချင်ရင်တော့ ....