3D Desktop! TouchScreen and XGL on Linux
3D Desktop! TouchScreen and XGL on Linux (part 1)
3D Desktop! TouchScreen and XGL on Linux (part 2)
3D Desktop! TouchScreen and XGL on Linux (part 1)
3D Desktop! TouchScreen and XGL on Linux (part 2)
အညွှန်း - နည်းပညာ Technology, အင်တာနက် Internet, အိုင်တီ IT
အင်တာနက်ကနေ ဖိုင်တွေ Share လုပ်ကြဖို့အတွက်
နောက်ထပ်တွေ့တာလေးတွေပါခင်ဗျာ အားလုံး Free ပေးထားပါတယ် . .
Register လုပ်ပြီးသုံးရင်ပိုကောင်းတဲ့ဆိုက်တွေလည်းရှိပါတယ် . .
လူကြိုက်အများဆုံး အဆင့်အလိုက် ဖော်ပြထားပေးပါတယ် . .
တစ်ကြိမ်မှာ အများဆုံး upload လုပ်နိုင်တဲ့ ပမာဏလေးတွေကိုဘေးမှာရေးပေးထားပါတယ် . .
ကောင်းကောင်းကြီး အသုံးချ နိုင်ကြပါစေဗျာ . .
Unregister user upload size (MB) - Register user upload size (MB) - -Space allow
ဒါတွေထဲမှာ 80 MB အောက်ဆိုရင်တော့ http://dl4.ohshare.com/ ကတော်တော်လေး အဆင်ပြေတာတွေ့ရပါတယ် ၊
မြန်လည်းမြန်ပါတယ် ။
ရက် 30 အတွင်း ဒေါင်းလုပ်မလုပ်ရင်တော့ ဖျက်ပါတယ်
နောက်ထပ်လည်းအများကြီး (18 Sites) ကျန်သေးတယ်ဗျာ . . . ဒီကနေသွားလို့ရပါတယ် . .
ရှင်းလင်းချက်မူရင်းတွေကို သေသေချာချာဖတ်ချင်ရင်ဖတ်လို့ရအောင်ပါ တခြားကောင်းတာလေးတွေရှိရင်လည်း ပြောကြပါဗျို့ . .`
နောက်ထပ် site အသစ်တစ်ခုကတော့ http://www.massmirror.com/ တဲ့ခင်ဗျ...
အဲဒီနေရာကနေ 1 GB အထိ တစ်ခါတည်း upload လို့ရပါတယ်..
ပြီးသွားတဲ့အခါမှာ Your Secret Delete Link: ဆိုတာရယ် - Share link တစ်ခုရယ်
အဲဒီနေရာတွေက Download link 7 ခုရယ် ပြန်ပေးတာတွေ့ရတယ် -
ပျော်ပျော်ကြီး Share လုပ်လို့ရတာပေါ့နော်... အားလုံးပဲ ပျော်ရွှင်ကြပါစေ....
အညွှန်း - အင်တာနက် Internet
အပန်းဖြေအနားယူလို့ရအောင် VCD လေးတွေပါ...နားထောင်ကြည့်ကြပါဦး
အညွှန်း - အပန်းဖြေအနားယူရအောင် Relaxation Zone
ဒီနေ့ ၀င်နေကြအတိုင်း Mysteryzillion ကိုဝင်သွားတော့ Admin ကိုစေတန်ရဲ့ ကြေညာချက်ကို ဖတ်လိုက်ရပါတယ်...
အဓိကပြဿနာက ဖိုရမ်တွေထဲကို ၀င်ပြီး ညစ်ညမ်းရုပ်ပုံတွေတင်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ရုတ်ရက်ကြည့်ရင်တော့ ပုံတင်တာလောက်ပဲလို့ ထင်ရပေမယ့် ယောင်ပြီးအဲဒီပုံတွေကို click သွားလုပ်မိတဲ့အခါမှာ ကိုယ့်ရဲ့ web browser ကိုသူတို့ ရဲ့ အခြားနေရာတစ်ခုကို လမ်းကြောင်းလွှဲ ( redirect ) ပြီးခေါ်သွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ web site ကိုရောက်သွားမိပြီဆိုတာနဲ့ ကိုယ့် ကွန်ပျုတာရဲ့ အင်တာနက်လိပ်စာ (IP address) ကစပြီးတော့ အထဲမှာသုံးထားတဲ့ အသေးစိတ်အကြောင်းအရာတွေကို နှိုက်ထုတ် ခိုးယူနိုင်တဲ့ script တွေကိုပြန်ထဲ့ပေးလိုက်နိုင်တာကြောင့် အရမ်းအန္တရာယ်များပါတယ်... အကောင်းဆုံးကတော့ အဲဒီဟာမျိုးတွေတွေ့ရင် ချက်ချင်း သက်ဆိုင်ရာ အက်ဒမင်တွေ ၊ တာဝန်ရှိသူတွေကို အကြောင်းကြားတာပါပဲ....
ကိုစေတန်ရဲ့ သတိပေးချက်ကို အောက်မှာ ကူးပြီးဖော်ပြထားပါတယ်...
Alert!!! Read It
အခု ကျွန်တော်တို့ MZ Forum မှာ
Sex အပိုင်းနဲ့ တင်တာတွေ တွေ့ရပါတယ်..
အဲလို တင်ထားတဲ့ post တွေကို မဖတ်ပါနဲ့...
Admin ဆီသို့ သတင်းပို့ပါ..
သူတို့ အထဲတွင်ပါဝင် တဲ့ link များကို လုံးဝ မနှိပ်မိပါစေနဲက..
အဲဒီ link များ ဟာ trojan များ ထည့်သွင်းထားပါတယ်..
မိမိစက်သို့ အမြဲထောက်လှမ်းပြီး data မျာိးကု ကူးယူသွားပါမယ်..
နောက်ပြီး မိမိသွားသမျှ forum များကိုလည်း လိုက်ပြီး ထိုကဲ့သို့ post များတင်ပါလိမ့်မယ်..
စုံစမ်းစစ်ဆေးကြည့်ချက်အရ...
ထိုpost များ ဘယ်လိုရောက်လာသလဲဆို...
glite forum ကနေ တဆင့် သတို့ တွေ နောက်ယောင်ခံလိုက်လာတာပါ...
universe ရေ.. မင်းကို အပြစ်ပြောတာ မဟုတ်ဘူးနော်..
မင်းစက်ထဲမှာ သူတို့ရဲ့ trojan ၀င်နေပြီကွ..
ရှင်းလိုက်ပါ... အမြန်ရှင်းလိုက်ပါ..
ဆက်လက်စုံစမ်းမှုအရ..
ပထမအကြိမ်
user name တစ်ခုနဲ့ ဒီကောင်တွေထဲက တစ်ကောင် ၀င်ပါတယ်...
ပြီးတော့ post တင်ပါတယ်..
ကျွန်တော်တို့ MZ Forum အဖွဲ့သားတွေက တွေ့တာနဲ့ ဖျက်လိုက်နိုင်ပါတယ်..
နောက်ပြီး username ကို delete လုပ်လိုက်ပါတယ်..
နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ပြန်ပါတယ်..
ဒီတစ်ခါတော့ post ကို ဖျက်ပြီး user name ကို ban လိုက်ပါတယ်...
ပြီးတော့ သူတို့ ဆီ email ပေးပို့ခဲ့ပါတယ်..
ဒါပေမယ့် email ဟာ... အတုအယောင်ဖြစ်နေပါတယ်..
နောက်တစ်ကြိမ် ban ခံထိတဲ့ ကောင်ထပ်ဝင်လာပါတယ်..
မကြာခင်မှ ထွက်ပြီး နောက်ထပ် user name နဲ့ဝင်လာပါတယ်...
အလားတူ post များကို တင်ခဲ့ပါတယ်..
ချက်ချင်း ဖျက်ပြီး ban လိုက်ပါတယ်..
သူတို့ IP နဲ့ trace လိုက်ကြည့်လိုက်ရတော့...
တစ်ယောက်က chicago , Batavia , USA ကနေ အသုံးပြုတာပါ...
ဝင်လို့မရတာနဲ့....
အချိန်အနည်းငယ်အတွင်းမှာ နောက်ထပ် user name နဲ့ post တင်ပါတယ်...
အဲဒီ user naem က တော့ Gegorgia, Tampa City , USA က ဖြစ်ပါတယ်..
မိနစ်အနည်းငယ်အတွင်းမှာ မြို့ပြောင်းဖို့က မလွယ်လောက်ပါဘူး..
အဖွဲ့လိုက် လှုပ်ရှားမှုပါ...
ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဖျက်လိုက် ဘန်းလိုက်နဲ့ ချီတက်ရဖို့ ရှိပါတယ်..
ဒါမှ မဟုတ် site address ပြောင်းဖို့သာရှိပါတယ်..
site address ပြောင်းရင် user များ အခက်အခဲဖြစ်မည်ဆိုးသောကြောင့် မပြောင်းလဲသာပါ...
ထို့ကြောင့် ထိုကဲ့သို့သော forum နှင့် မသက်ဆိုင်သော post များကို လုံးဝ ၀င်ရောက်ကြည့်ရှု့ခြင်း မလုပ်ပဲ..
admin , moderator များကိုသာ အမြန်ဆုံးတိုင်ကြားပေးပါရန် ကြေငြာအပ်ပါသည်...
ဒီနေ့တော့ port နံပါတ် ၀ ကနေ ၈၀ အထိ အကြောင်းကို ဖော်ပြသွားမှာပါ..
ဒီ port တွေကို Common ports တွေလို့လဲ ခေါ်ပါသေးတယ်။ အသေးစိတ်ကိုတော့ အောက်မှာမြင်ရမှာပါ...
Port | Description | status |
0/TCP,UDP | Reserved; do not use (but is a permissible source port value if the sending process does not expect messages in response) | Official |
1/TCP,UDP | TCPMUX (TCP port service multiplexer) | Official |
5/TCP,UDP | RJE (Remote Job Entry) | Official |
7/TCP,UDP | Official | |
9/TCP,UDP | DISCARD protocol | Official |
11/TCP,UDP | SYSTAT protocol | |
13/TCP,UDP | DAYTIME protocol | Official |
17/TCP,UDP | QOTD (Quote of the Day) protocol | Official |
18/TCP,UDP | Message Send Protocol | Official |
19/TCP,UDP | CHARGEN (Character Generator) protocol | Official |
20/TCP | FTP - data port | Official |
21/TCP | FTP - control (command) port | Official |
22/TCP,UDP | SSH (Secure Shell) - used for secure logins, file transfers (scp, sftp) and port forwarding | Official |
23/TCP,UDP | Telnet protocol - unencrypted text communications | Official |
25/TCP,UDP | Official | |
26/TCP,UDP | RSFTP - A simple FTP-like protocol | Unofficial |
35/TCP,UDP | Unofficial | |
37/TCP,UDP | Official | |
38/TCP,UDP | Route Access Protocol | Official |
39/TCP,UDP | Resource Location Protocol | Official |
41/TCP,UDP | Graphics | Official |
42/TCP,UDP | Host Name Server | Official |
43/TCP | WHOIS protocol | Official |
49/TCP,UDP | TACACS Login Host protocol | Official |
53/TCP,UDP | DNS (Domain Name System) | Official |
57/TCP | MTP, Mail Transfer Protocol | |
67/UDP | BOOTP (BootStrap Protocol) server; also used by DHCP (Dynamic Host Configuration Protocol) | Official |
68/UDP | Official | |
69/UDP | TFTP (Trivial File Transfer Protocol) | Official |
70/TCP | Gopher protocol | Official |
79/TCP | Official | |
80/TCP | HTTP (HyperText Transfer Protocol) - used for transferring web pages | Official |
အညွှန်း - Computer များရဲ့ဂယ်ပေါက်များ
ကျွန်တော်တို့Computer တွေမှာ ကျွန်တော်တို့မသိသေးတဲ့ ဂယ်ပေါက်တွေအများကြီးရှိနေပါတယ်.. အဲဒီနေရာတွေကနေ အကောင်တွေ (Virus, Trojan & Worm) တွေ ၀င်ဝင်ကိုက်တာပေါ့ ခင်ဗျာ...
အဲဒီဟာလေး တွေကို Port တွေလို့ ခေါ်ပါတယ်...
အမှန်အတိုင်းပြောရရင်တော့ ကျနော် အီလက်ထရောနစ်နဲ့ ကျောင်းပြီးခဲ့တာပါ..
မရှက်တန်း ၀န်ခံရမယ်ဆိုရင်တော့ ဘာမှသိပ်မသိ၊ မတတ်ခဲ့ပါဘူး.. အဲဒီအချိန်က Computer ကိုဘဲ အသည်းအသန်လုပ်နေခဲ့ပြီး.. မေဂျာဘာသာမှာတော့ စာမေးပွဲအောင်ရုံလောက်ပဲ လုပ်ခဲ့ပါတယ်..
ကျောင်းတုံးကမကြေညက်ခဲ့သော မေဂျာဘာသာတွေကို ပြန်လေ့လာမယ်လို့ စဉ်းစားတဲ့အချိန်မှာတော့ တော်တော်များများကို မေ့သွားပါပြီ၊ အဲဒါနဲ့ပဲ ထုံးစံအတိုင်း အင်တာနက်ထဲမွှေမိပါတယ်။
ဘာသွားတွေ့လည်းဆိုတော့ မက်ဆာချုးဆက်နည်းပညာတက္ကသိုလ်ရဲ့ OpenCourseWare site ဖြစ်တဲ့ http://ocw.mit.edu/index.html ကိုသွားတွေ့ပါတယ်။ အဲဒီမှာက သူတို့ဆီမှာသင်တဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို free လေ့လာသင်ယူခွင့် သင်ခန်းစာတွေကို Download ခွင့်ပေးထားပါတယ်။ ( ဒီဆိုက်အကြောင်းကို သီးခြားရေးပါဦးမယ်.)
အခုတော့ကျနော်ကျောင်းပြန်တက်ပါတော့မယ်၊ အင်တာနက်ကျောင်းထဲက MIT-OCWစာသင်ခန်းထဲမှာပါ .. ပြန်လေ့လာတဲ့ သင်ခန်းစာတွေကီုဖိုရမ်မှာရော၊ ဘလော့မှာပါတင်သွားမယ် လို့စဉ်းစားထားပါတယ်..
အညွှန်း - ကျွန်တော်နှင့် အီလက်ထရောနစ်
အင်တာနက်သုံးရင်း ငွေရှာချင်တယ်ဗျာ . .
ဘယ်လိုလုပ်ရမလဲ . . နည်းလေးများသိရင်ပေးကြပါဗျာ . .
မြန်မာပြည်မှာ အင်တာနက်သုံးရင်း ငွေရှာလို့ရနေပြီလား . .
ရရင် ကျွန်တော်လည်း အဲဒီလိုအလုပ်မျိုးလေး လိုချင်တယ်ဗျို့ . .
အညွှန်း - နိဒါန်း Intro, ဘလော့blog, အိုင်တီ IT, လေ့လာသင်ယူခြင်း Learning
သီလသမာဓိပညာ
သီလသည်နတ်ပြည်တက်ရန်စောင်းတန်းလှေကား
သီလသည်ဘ၀ အထက်တန်းသို့တက်လှမ်းနိုင်သည့်လှေကား
သီလသည် ကိုယ်နှုတ်အမူအရာတို့ကို ထိန်းသိမ်းစောင့်ရှောက်သည့် စည်းကမ်းတစ်မျိုး
ကိုယ်အမူအရာကိုထိန်းခြင်းများ
(က) အသက်သတ်ခြင်းမှရှောင်ကျဉ်ခြင်း
( ခ) ကာမဂုဏ်အမှားအယွင်းကျင့်ခြင်းမှရှောင်ကျဉ်ခြင်း
( ဂ) အမှားပြောဆိုခြင်းမှရှောင်ကျဉ်ခြင်း
ကောင်းသောစကားကိုဆိုခြင်းသည် မင်္ဂလာ
ကောင်းသောစကား၏ အင်္ဂါရပ်များ
သူငယ်ချင်းတွေကို ဘာတွေပေးရမလဲ သေသေချာချာစဉ်းစားတဲ့အခါမှာ
နာကြားခဲ့ဖူးသော ၊ နာကြားနေဆဲဖြစ်သော တရားတော်တွေကို
ပြန်ပြီးဖောက်သည်ချဖို့ အရင်တွေးမိပါတယ် . .
တနေ့ထက်တနေ့ ပူလောင်မှုတွေများသထက်များလာတဲ့ အခုလိုအချိန်မှာ
အားလုံးဟာ တရားတော်တွေကို နာကြားဖို့ အချိန်မပေးနိုင်ကြတော့သလို . . ဖြစ်လာတာတွေ့ရတာကြောင့်
တရားတော်တွေ အထဲမှာ ဟောကြားထားတဲ့ မှတ်သားဖွယ်ရာ သိမှတ်စရာလေးတွေ၊
သိချင်ပြီးတရားတော်ကို နာယူချင်တဲ့စိတ်ပေါ်လာနိုင်တဲ့ အချက်လေးတွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ် . .
တရားတော်များရဲ့ အညွှန်းလေးတွေအောက်မှာ
ကူးယူနာကြားနိုင်မယ့် “ လင့်ခ် ”လေးတွေနဲ့
ကျွန်တော်ရယူခဲ့တဲ့ နေရာလေးတွေကို ဖော်ပြပေးထားပါတယ် . .
တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှု တစ်စုံတရာပါနေခဲ့တာ တွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .
ချစ်သူငယ်ချင်းများအားလုံး တရားဓမ္မမှာ မွေ့လျော်၊ ပျော်ပိုက်နိုင်ကြပါစေဗျာ. . .
အညွှန်း - တရား Dhamma, တရားတော် TayarDaw, ဗုဒ္ဓဘာသာ, မြတ်စွာဘုရား Buddha
ကျွန်တော်စုဆောင်းထားတာလေးတွေပါ . .
တရားတော်တွေ၊ မှတ်စုလေးတွေနဲ့ ဟိုနေရာဒီနေရာတွေကရလာတဲ့ သီချင်းလေးတွေကို
အကြိုက်ချင်းတူတဲ့ သူငယ်ချင်းတွေပါ မျှဝေခံစားလို့ရအောင်လုပ်ပေးထားတာပါ . .
တရားတော်တွေမှာတော့ သီတဂူဆရာတော်ဘုရားရဲ့ တရားတွေများပါတယ် . .
Dhammadownload.com ကနေ ကူးထားတာပါ.
အဲဒီကိုသွားချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .
စာအုပ်တွေကတော့ သိပ်မရှိသေးပါဘူး၊
မှတ်စုတွေကတော့ web site တွေကနေတူရာလေးတွေစုပြီး pdf ပြန်လုပ်ထားတာပါ . .
သီချင်းတွေကတော့အစုံပါဘဲ၊ ကြိုက်လို့ကတော့ ကူးသွားလိုက်ပါ . .
အင်း . . copyright တွေကိုတော့ ကြောက်တယ်ဗျာ . .
နောက်ပိုင်းဆိုရင် ဒီလိုမှပေးလို့ ရပါတော့မလားမသိဘူးဗျာ . .
လောလောဆယ်တော့ file တွေကို အမြဲ update လုပ်နေမှာပါ
အဆင်မပြေတာရှိရင်လည်း အောက်မှာပြောခဲ့ပါနော် . .
သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေဗျာ . . .
အညွှန်း - ဂီတ music, စာအုပ် Book, တရား Dhamma, တရားတော် TayarDaw
၁။ အရဟံ
ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
ဆိုဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဒီအချက်တွေက မူရင်းအဓိပ္ပါယ်တွေပေါ့ . . .
ဒီအဓိပ္ပါယ်တွေကို အခုလို ပေါင်းစပ်ကြည့်တဲ့အခါ ပိုပြီး လေးနက်၊ ကြည်ညိုဖွယ်ရာ၊ လိုက်နာ ကျင့်သုံးဖွယ်ရာ ဖြစ်လာတာ တွေ့ရပါမယ်။
၁+၈
ကိလေသာ မှန်သမျှ ကင်းစင်သော ၊ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော ၊သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂+၇
သိစရာတရားအလုံးစုံကို ဆရာမရှိကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၃+၆
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသောကြောင့် ဆိုဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမနိုင်တော်မူသော မြတ်စွာဘုရား။
၎+၅
လောကသုံးပါးကို သိမြင်တော်မူသောကြောင့် ကောင်းသောစကားကို ဆိုတော်မူသော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
ဒီဂုဏ်တော်တွေ နဲ့ ပေါင်းစပ်အနက်တွေကို စိတ်ထဲကဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ရွတ်ဖတ်ရင်း
ဘုရားရှင်အပေါ် ကြည်ညိုစိတ်တွေ ပိုပြီးလေးလေးနက်နက် ဖြစ်ပေါ် လာလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့
ှ
Self-study လုပ်ရတာ စိတ်ပါဝင်စားတဲ့ သူငယ်ချင်းတွေကို
web site ကောင်းကောင်းလေးတစ်ခု ဝေမျှပေးချင်ပါတယ် . . .
အစားကောင်းစားရရင် ချစ်တဲ့သူတွေကို သတိရတယ်ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ . . အခုလို site ကောင်းလေးတွေ့လာရတော့
ဘာသာရပ်တစ်ခုကိုလေ့လာရင်အချိန်တစ်ခုကြာလာတဲ့အခါဒီ Site လေးမှာလေ့လာလို့ရတဲ့ Software တွေကို
အဲဒီဘာသာရပ်ကိုရော English စာကိုပါ ကျွမ်းကျင် လာမယ် . . . တဲ့ . .
အညွှန်း - နည်းပညာ Technology, အိုင်တီ IT, လေ့လာသင်ယူခြင်း Learning
တကယ်တော့ ဒီ Blog လေးဟာ မြန်မာသူငယ်ချင်းများ Website ထဲမှာ ရေးထားတဲ့ Posts တွေထဲကနေပြန်ယူပြီး စတင် အကောင်အထည်ဖော်ထားတာပါ . . .
ကျွန်တော် တကယ်လုပ်ချင်တာက IT Training School ပါ၊ ကိုယ်ပိုင်မလုပ်နိုင်သေးတော့ ပညာဒါနကျောင်းတစ်ကျောင်းမှာ ကူညီပေးနေပါတယ်. . ဒီနေရာလေးဟာလည်း အားလုံးအတွက် လိုအပ်မယ်လို့ မျှော်လင့်ရတဲ့ Internet ပေါ်မှာရော ၊
အပြင်မှာပါရနိုင်တဲ့ အရင်းအမြစ် ( Resources ) တွေကို ဝေမျှပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် . . .
လူလာဖြစ်ရတဲ့ အချိန်တိုလေး အတွင်းမှာ မြန်မာ ညီအကို မောင်နှမတွေအားလုံးကို ခင်မင်ရင်းနှီးချင်ပါတယ်ဗျာ . .
အညွှန်း - နိဒါန်း Intro, မြန်မာ Myanmar, လေ့လာသင်ယူခြင်း Learning