ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

May 28, 2007

အင်တာနက်တစ္ဆေများ

ဒီနေ့ ၀င်နေကြအတိုင်း Mysteryzillion ကိုဝင်သွားတော့ Admin ကိုစေတန်ရဲ့ ကြေညာချက်ကို ဖတ်လိုက်ရပါတယ်...
အဓိကပြဿနာက ဖိုရမ်တွေထဲကို ၀င်ပြီး ညစ်ညမ်းရုပ်ပုံတွေတင်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ရုတ်ရက်ကြည့်ရင်တော့ ပုံတင်တာလောက်ပဲလို့ ထင်ရပေမယ့် ယောင်ပြီးအဲဒီပုံတွေကို click သွားလုပ်မိတဲ့အခါမှာ ကိုယ့်ရဲ့ web browser ကိုသူတို့ ရဲ့ အခြားနေရာတစ်ခုကို လမ်းကြောင်းလွှဲ ( redirect ) ပြီးခေါ်သွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ web site ကိုရောက်သွားမိပြီဆိုတာနဲ့ ကိုယ့် ကွန်ပျုတာရဲ့ အင်တာနက်လိပ်စာ (IP address) ကစပြီးတော့ အထဲမှာသုံးထားတဲ့ အသေးစိတ်အကြောင်းအရာတွေကို နှိုက်ထုတ် ခိုးယူနိုင်တဲ့ script တွေကိုပြန်ထဲ့ပေးလိုက်နိုင်တာကြောင့် အရမ်းအန္တရာယ်များပါတယ်... အကောင်းဆုံးကတော့ အဲဒီဟာမျိုးတွေတွေ့ရင် ချက်ချင်း သက်ဆိုင်ရာ အက်ဒမင်တွေ ၊ တာဝန်ရှိသူတွေကို အကြောင်းကြားတာပါပဲ....

ကိုစေတန်ရဲ့ သတိပေးချက်ကို အောက်မှာ ကူးပြီးဖော်ပြထားပါတယ်...

Alert!!! Read It


အခု ကျွန်တော်တို့ MZ Forum မှာ
Sex အပိုင်းနဲ့ တင်တာတွေ တွေ့ရပါတယ်..
အဲလို တင်ထားတဲ့ post တွေကို မဖတ်ပါနဲ့...
Admin ဆီသို့ သတင်းပို့ပါ..
သူတို့ အထဲတွင်ပါဝင် တဲ့ link များကို လုံးဝ မနှိပ်မိပါစေနဲက..
အဲဒီ link များ ဟာ trojan များ ထည့်သွင်းထားပါတယ်..
မိမိစက်သို့ အမြဲထောက်လှမ်းပြီး data မျာိးကု ကူးယူသွားပါမယ်..
နောက်ပြီး မိမိသွားသမျှ forum များကိုလည်း လိုက်ပြီး ထိုကဲ့သို့ post များတင်ပါလိမ့်မယ်..

စုံစမ်းစစ်ဆေးကြည့်ချက်အရ...

ထိုpost များ ဘယ်လိုရောက်လာသလဲဆို...
glite forum ကနေ တဆင့် သတို့ တွေ နောက်ယောင်ခံလိုက်လာတာပါ...
universe ရေ.. မင်းကို အပြစ်ပြောတာ မဟုတ်ဘူးနော်..
မင်းစက်ထဲမှာ သူတို့ရဲ့ trojan ၀င်နေပြီကွ..
ရှင်းလိုက်ပါ... အမြန်ရှင်းလိုက်ပါ..

ဆက်လက်စုံစမ်းမှုအရ..

ပထမအကြိမ်
user name တစ်ခုနဲ့ ဒီကောင်တွေထဲက တစ်ကောင် ၀င်ပါတယ်...
ပြီးတော့ post တင်ပါတယ်..
ကျွန်တော်တို့ MZ Forum အဖွဲ့သားတွေက တွေ့တာနဲ့ ဖျက်လိုက်နိုင်ပါတယ်..
နောက်ပြီး username ကို delete လုပ်လိုက်ပါတယ်..

နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ပြန်ပါတယ်..
ဒီတစ်ခါတော့ post ကို ဖျက်ပြီး user name ကို ban လိုက်ပါတယ်...
ပြီးတော့ သူတို့ ဆီ email ပေးပို့ခဲ့ပါတယ်..
ဒါပေမယ့် email ဟာ... အတုအယောင်ဖြစ်နေပါတယ်..

နောက်တစ်ကြိမ် ban ခံထိတဲ့ ကောင်ထပ်ဝင်လာပါတယ်..
မကြာခင်မှ ထွက်ပြီး နောက်ထပ် user name နဲ့ဝင်လာပါတယ်...

အလားတူ post များကို တင်ခဲ့ပါတယ်..
ချက်ချင်း ဖျက်ပြီး ban လိုက်ပါတယ်..

သူတို့ IP နဲ့ trace လိုက်ကြည့်လိုက်ရတော့...
တစ်ယောက်က chicago , Batavia , USA ကနေ အသုံးပြုတာပါ...
ဝင်လို့မရတာနဲ့....
အချိန်အနည်းငယ်အတွင်းမှာ နောက်ထပ် user name နဲ့ post တင်ပါတယ်...
အဲဒီ user naem က တော့ Gegorgia, Tampa City , USA က ဖြစ်ပါတယ်..
မိနစ်အနည်းငယ်အတွင်းမှာ မြို့ပြောင်းဖို့က မလွယ်လောက်ပါဘူး..
အဖွဲ့လိုက် လှုပ်ရှားမှုပါ...
ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဖျက်လိုက် ဘန်းလိုက်နဲ့ ချီတက်ရဖို့ ရှိပါတယ်..
ဒါမှ မဟုတ် site address ပြောင်းဖို့သာရှိပါတယ်..
site address ပြောင်းရင် user များ အခက်အခဲဖြစ်မည်ဆိုးသောကြောင့် မပြောင်းလဲသာပါ...

ထို့ကြောင့် ထိုကဲ့သို့သော forum နှင့် မသက်ဆိုင်သော post များကို လုံးဝ ၀င်ရောက်ကြည့်ရှု့ခြင်း မလုပ်ပဲ..
admin , moderator များကိုသာ အမြန်ဆုံးတိုင်ကြားပေးပါရန် ကြေငြာအပ်ပါသည်...