ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Oct 5, 2007

Utilities On Web (4) - Cam Studio


Cam Studio
တခါတရံမှာ ကျွန်တော်တို့ ကွန်ပျုတာတွေပေါ်မှာ မြင်နေရတဲ့ မြင်ကွင်းတွေကို
မှတ်တမ်းတင်ချင်တဲ့ အခါမျိုးတွေ ကြုံရတတ်ပါတယ်...
သာမန် ပုံရိပ် အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့
ကီးဘုတ်မှာ ပါတဲ့ PRINT SCREEN ခလုတ် တစ်ခုတည်း၊ ဒါမှမဟုတ်
ALT(Key)+PRINT SCREEN အတွဲကို နှိပ်ပြီး ပုံရိပ်ဖမ်း၊
ပြီးမှ Paint လို ဆော့ဖ်ဝဲ တစ်ခုမှာ Paste လုပ်ပြီး .jpeg ဖိုင်အနေနဲ့ သိမ်းထားလို့ ရပါတယ်...
ဒါပေမယ့် ပုံရိပ်တွေကို ဗီဒီယို ဖိုင်အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်တော့
အောက်မှာဖော်ပြထားတဲ့ CAM STUDIO ဆိုတဲ့ ဆော့ဖ်ဝဲလေးက ကောင်းကောင်း အလုပ်လုပ်ပေးနိုင်ပါတယ်



ဒီဆော့ဖ်ဝဲလေးက ကျွန်တော်တို့ရဲ့ ကွန်ပျုတာ ဖန်သားပြင်မြင်ကွင်းမှာ လှုပ်ရှားနေတဲ့ မြင်ကွင်းတွေနဲ့ ဖွင့်ထားတဲ့ အသံတွေကို ပေါင်းစပ်ပြီး ဗီဒီယိုအဖြစ် ဖန်တီးပေးနိုင်ပါတယ်... ရလာမယ့် ဗီဒီယို ဖိုင်တွေကို AVI ဖိုင် (သို့မဟုတ်) SWF ဖိုင်အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်...

  • ကိုယ်တီထွင်ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလေးတွေ အကြောင်း ရှင်းပြချင်တဲ့ အခါ
  • မကြာခဏအမေးခံရတဲ့ မေးခွန်းလေးတွေကို စုစည်းပြီး ဗီဒီယိုအဖြစ် ဖန်တီးထားချင်တဲ့အခါ
  • ကျောင်းသင်ခန်းစာတွေကို ဗီဒီယိုဖိုင်တွေ အနေနဲ့ ပြုစုချင်တဲ့အခါ
  • ကိုယ့်ကွန်ပျုတာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပြင်ပေးမယ့်သူကို မြင်အောင်ပြဖို့ မှတ်တမ်းတင်ထားလိုတဲ့ အခါ
  • ကိုယ်ရောင်းချမယ့် ပစ္စည်းတွေကို ကြော်ငြာချင်တဲ့အခါ
  • သုံးနေတဲ့ ဆော့ဖ်ဝဲလေးတွေက အကြိုက်တွေ့တဲ့ လှည့်ကွက်အသစ်လေးတွေနဲ့ နည်းစနစ်အသစ်လေးတွေကို မေ့မသွားခင် မှတ်တမ်းတင်ထား လိုတဲ့အခါ
စသည်အားဖြင့် မိမိတို့အတွက် လိုအပ်သလို အသုံးချနိုင်ပါတယ်..

မိမိရဲ့ အသံနဲ့ မပြချင်ဘူးဆိုရင်လည်း စာတမ်းလေးတွေ လိုအပ်သလို ထိုးပြလို့ရပါတယ်

Free & Opensource
ဒီဆော့ဖ်ဝဲလေးဟာ OpenSource ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပြီး
အခမဲ့ ရယူနိုင်ပါတယ်

Home:http://www.camstudio.org/

CamStudio Version 2.0 - တိုက်ရိုက် ရယူရန်
CamStudio on SourceForge: http://sourceforge.net/projects/camstudio/
Lossless Codec: ရယူရန်

Credit:CamStudio.org - Free Streaming Video Desktop Capture Software