Firefox Add-ons & Plug-ins (3)
IE Tab
ကျွန်တော်တို့ အနေနဲ့ ဘလော့ခ်ရေးတဲ့ အခါမှာ ဖြစ်စေ၊ အင်တာနက် စာမျက်နှာတွေကို ကြည့်တဲ့ အခါမှာ ဖြစ်စေ အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးမျိုးကို အသုံးပြုရလေ့ ရှိကြပါတယ်.. အများဆုံး အသုံးပြုကြတာ ကတော့ မိုက္ကရိုဆော့ဖ်ရဲ့ IE (Internet Explorer) နဲ့ မိုဇီလာ Firefox တို့ ဖြစ်ပါတယ်.. တချို့ အင်တာနက် ဆိုဒ်တွေက Firefox နဲ့ အဆင်ပြေပေမယ့် တချို့ကတော့ IE နဲ့ မှ ပိုအဆင်ပြေတာမျိုးတွေ ရှိပါတယ်.. ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြုနေရင်း နောက်တစ်ခုကို ပြောင်းသုံးရတာ သိပ်အပန်း မကြီးပေမယ့် ကွန်ပျုတာ အတွက်တော့ မှတ်ဥာဏ်အပိုင်းမှာ ပိုမို အသုံးပြုရတဲ့ အတွက် ပြဿနာ လေးတွေ ရှိလာနိုင်ပါတယ်.. အဲဒီပြဿနာကို Firefox အသုံးပြုသူတွေကတော့ IE Tab ဆိုတဲ့ Firefox Add-on လေးကို ပေါင်းထည့်ပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..
Using Firefox as IE
IE Tab Plug-in လေးကို Firefox မှာ ထည့်သွင်း ပြီးတဲ့ အခါမှာ အင်တာနက် စာမျက်နှာတစ်ခုကို Firefox မှာမြင်နေရတဲ့ အတိုင်းဖြစ်စေ၊ IE မှာ မြင်နေရတဲ့ အတိုင်း ဖြစ်စေ၊ Firefox ဆော့ဖ်ဝဲ တစ်ခုတည်းကို အသုံးပြုပြီး အပြန်အလှန် ပြောင်းလဲ အသုံးပြူနိုင်ပြီ ဖြစ်ပါတယ်.. အသုံးပြုပုံ လေးကတော့ -
- အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေတစ်ဆင့် IE Tab Add-on ကို Firefox မှာ ထည့်သွင်း လိုက်ပါ..
- Restart လုပ်ရမယ် ပြောတဲ့အခါမှာ Restart လုပ်ပါ..
- ဖွင့်ထားတဲ့ Tab တွေ အများကြီး ဖြစ်နေရင် ပိတ်မလား မေးလာမယ်.. Yesကို ရွေးပါ..
- Firefox ပိတ်သွားပြီး ပြန်ပွင့်လာတဲ့ အခါမှာ ညာဘက်ထောင့် အောက်ခြေနားမှာ Firefox ရဲ့ ပုံလေး ပေါ်နေပါလိမ့်မယ်
အဓိပ္ပါယ်ကတော့ အခုအသုံးပြုနေတာ Firefox အနေနဲ့ သုံးနေတာ လို့ ဆိုလိုတာပါ - IE အဖြစ်ပြောင်းသုံးချင်တယ် ဆိုရင်တော့ အဲဒီ Firefox ပုံလေးကို မောက်စ်ကနေ တစ်ဆင့် နည်းသုံးနည်းနဲ့ နှိပ်နိုင်ပါတယ်
- ဗယ်ဘက် ခလုတ် - လက်ရှိ Tab ထဲမှာပဲ IE အသွင်နဲ့ Firefox အသွင်ကို တလှည့်စီ ပြောင်းချင်တဲ့အခါ သုံးနိုင်ပါတယ်..
- အလယ် ခလုတ် - လက်ရှိ Tab မှာ IE (Firefox အသွင်နဲ့ ) ဆိုရင် နောက်ထပ် Tab အသစ်ထဲမှာ Firefox (IE အသွင်နဲ့) ဖွင့်ပေးပါမယ်
- ညာဘက်ခလုတ် - IE Tab အတွက် ရွေးချယ်စရာ အပြင်အဆင်များကို ပြောင်းလဲ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်..
IE Tab ကို အသုံးပြုပြီး Firefox ကို Windows Explorer အနေနဲ့ သုံးနိုင်ပါသေးတယ်..
- Firefox ကို IE အနေနဲ့ ဖွင့်ထားတဲ့ အခါ- "file:///" နောက်မှာ C:/ D:/ စသည်ဖြင့် (ဥပမာ - file:///D/music/) ထားရှိပြီး Address bar မှာ ထည့်သွင်းလိုက်တဲ့ အခါ ကွန်ပျုတာ အတွင်းက ဖိုင်တွေကို Windows Explorer မှာ မြင်နေရသလိုမျိုး တွေ့မြင်ရပါတယ်..
- တကယ်လို့ IE အနေနဲ့ ဖွင့်မထားတဲ့ အခါမျိုးမှာ file:///D/music လို့ ထည့်သွင်းကြည့်မယ်ဆိုရင်တော့ Index of file:///D:/music ဆိုတဲ့ ဖော်ပြထားချက်နဲ့ အတူ ကွန်ပျုတာ အတွင်းက ဖိုင်တွေကို အညွှန်းစာရင်း (Index) တစ်ခု အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်..
- စနစ် လိုအပ်ချက်များ အနေနဲ့ Firefox 1.5 - 3.0, Flock 0.5-1.0 နဲ့ SeaMonkey 1.0-1.5 များမှာ ထည့်သွင်းနိုင်ပါတယ်.. OS အနေနဲ့ Microsoft Windows + Internet Explorer 4.0 အထက် ရှိနေရမှာ ဖြစ်ပါတယ်..
မှတ်ချက် - Vista မှာတော့ မရသေးပါဘူး :(
ရယူရန် -https://addons.mozilla.org/en-US/firefox/addon/1419
REF-
-http://ietab.mozdev.org/ (Home)
-http://en.wikipedia.org/wiki/IE_Tab
-http://ietab.mozdev.org