ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Oct 13, 2007

Utilities On Web (5) - PDFCreator


အင်တာနက်ထဲမှာ လေ့လာဆည်းပူးရင်း ကျွန်တော်တို့နှစ်သက်တဲ့ အကြောင်းအရာ တွေကို သိမ်းထားချင်တာမျိုး ဖြစ်ဖူးကြမှာပါ... အဲဒီလို အခါမျိုးမှာ သာမန်အားဖြင့် အလွယ်တကူ လုပ်နိုင်တာ တစ်ခုကတော့ သုံးနေတဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲမှာ -

  • IE ဆိုရင် File -> Save As ကနေ Save As Type: မှာ Web Page, Complete (*.htm,*.html) ကိုရွေးပြီး၊
  • Firefox မှာဆိုရင် File -> Save Page As ကနေ Save As Type: မှာ Web page complete ကို ရွေးပြီး
ရိုးရိုး အင်တာနက် စာမျက်နှာ တစ်ခု အနေနဲ့သိမ်းလို့ ရပါတယ်..

အပြင်မှာ ဖတ်ချင်ရင်တော့ Print လုပ်ပြီး ဖတ်လို့ရပါတယ်..
တကယ်လို့ ပီဒီအက်ဖ် (PDF) ဖိုင်တစ်ခု အနေနဲ့ သပ်သပ်ယပ်ယပ်လေး သိမ်းထားချင်တယ် ဆိုရင်တော့
PDFCreator ဆိုတဲ့ အစွမ်းထက်တဲ့ အခမဲ့ရတဲ့ Open Source ဆော့ဖ်ဝဲလေး တစ်ခုကို အသုံးပြုနိုင်ပါတယ်

ပီဒီအက်ဖ် (PDF)
ပီဒီအက်ဖ် (PDF) ဆိုတာ Portable Document Format ရဲ့ အတိုကောက် စကားလုံး ဖြစ်ပြီး
မြန်မာလို ဘာသာပြန်ရမယ် ဆိုရင် "အလွယ်တကူ သယ်ယူသွားနိုင်တဲ့ စာရွက် ပုံစံ" လို့ပဲ အတိုဆုံး ပြောရမှာပါ
အသေးစိတ်ကိုတော့ အခမဲ့ စွယ်စုံကျမ်းရဲ့ ဒီနေရာမှာ သွားဖတ်လို့ ရပါတယ်..
ပုံအနေနဲ့ဆိုရင်တော့ အားလုံးမြင်ဖူးနေကြတဲ့ အတိုင်း ဒီလိုပုံ လေးပါ..

ပီဒီအက်ဖ် ဖန်တီးရှင် (PDFCreator)
ပီဒီအက်ဖ် ဖန်တီးရှင် ဆော့ဖ်ဝဲလေးဟာ
ဝင်းဒိုးမှာ ဖိုင်တွေကို ပုံနှိပ် (Print) ပေးနိုင်တဲ့ ဘယ်လိုဆော့ဖ်ဝဲမျိုးကနေပဲ ဖြစ်ဖြစ်
အပြင်ကို စာရွက် အနေနဲ့ မထုတ်တော့ဘဲ ကွန်ပျုတာထဲမှာပဲ
ပီဒီအက်ဖ်ဖိုင်အနေနဲ့ သိမ်းဆည်း ထားနိုင်အောင် ဖန်တီးပေးပါတယ်
တနည်းအားဖြင့် အပြင်ကို စာရွက်နဲ့ ထုတ်ဖို့ ပရင်တာ အမျိုးအစား ရွေးတဲ့ အခါမှာ
ပေါ်လာတဲ့ ပရင်တာ စာရင်းထဲက PDFCreator ကိုရွေးလိုက်ပြီး
ကွန်ပျုတာထဲမှာပဲ ပီဒီအက်ဖ် အဖြစ် ထုတ်လိုက်တာ ဖြစ်ပါတယ်...

အင်္ဂါရပ်များ
ဒီဆော့ဖ်ဝဲက ဆောင်ရွက်ပေးနိုင်တာတွေကတော့...
  • ၀င်းဒိုးပရင်တာ (Windows printers) တွေကို အသုံးပြုပြီး ပုံနှိပ်ပေးနိုင်တဲ့ မည်သည့် ပရိုဂရမ်ကနေမဆို ပီဒီအက်ဖ်များ ဖန်တီးနိုင်ပါတယ်...
  • ဖန်တီးပေးနိုင်တဲ့ ပုံစံအားလုံးကတော့ Portable Document Format (PDF), Postscript (PS) နဲ့ Encapsulated Postscript (EPS)၊ ရုပ်ပုံများ အနေနဲ့ PNG, JPEG, BMP, PCX နဲ့ TIFF တို့ ဖြစ်ပါတယ်
  • ပီဒီအက်ဖ်ဖိုင် အများကြီးကို တစ်ခုတည်းအဖြစ် ပေါင်းပေး နိုင်ပါတယ်
  • ဖန်တီးလိုက်တဲ့ ပီဒီအက်ဖိုင်ကို စကားဝှက် ပေးထားနိုင်ပြီး၊ 128 Bit Encryption အထိ လုံခြုံအောင် ဖန်တီးထား နိုင်ပါတယ်...
  • ကိုယ့်စိတ်ကြိုက် ပုံနှိပ်မယ့် အပြင်အဆင် (စာရွက်အရွယ်အစား စသည်) ကို ဖန်တီးထားပြီးပြီဆိုရင် နောင် ပီဒီအက်ဖ် ထုတ်တဲ့ အခါတိုင်း အဲဒီအပြင်အဆင် အတိုင်း အမြဲ ထုတ်ပေးပါတယ်
ဒီထက်မက ဆောင်ရွက်ပေးနိုင်တာတွေ အများကြီးပါရှိပါသေးတယ်
အသေးစိတ်သိချင်ရင် အသုံးပြုချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နေရာများ နဲ့
အဲဒီဆော့ဖ်ဝဲကို ကွန်ပျုတာထဲမှာ ထည့်သွင်းပြီးတဲ့အခါ အတူပါလာတဲ့ အကူအညီ (Help) မှာ အသေးစိတ် အပြည့်အစုံ ဖတ်နိုင်ပါတယ်
လောလောဆယ်မှာတော့ (32-bit မိုက္ကရိုဆော့ဖ် ၀င်းဒိုးများ -- 95/98/NT/2000/XP) မှာ ကောင်းကောင်း အလုပ်လုပ်ပြီးတော့ Vista အတွက်တော Vista ရဲ့ လုံခြုံရေးကန့်သတ်ချက်တွေ များလွန်းတာကြောင့် ဆော့ဖ်ဝဲဖန်တီးသူများ အနေနဲ့ ကြိုးစားနေဆဲဖြစ်ကြောင်းနဲ့ ဒီပြဿနာကို ပြေလည်အောင် ရှင်းပေးနိုင်တဲ့ ပထမဆုံးသူကို ဒေါ်လာ 150 ဆုကြေးပေးမည့် အကြောင်း Vista ပြဿနာမှာ တရားဝင် ကြေငြာထားပါတယ်...
ဆော့ဖ်ဝဲလေးက အသုံးပြုရတာ အတော်လွယ်ပါတယ်
ပုံမှန်အတိုင်း Print လုပ်နေတဲ့ နေရာမှာ -
ခါတိုင်းဆိုရင် ကိုယ့်ကွန်ပျုတာမှာ (သို့) ကွန်ရက်မှာ တပ်ဆင်ထားတဲ့ ပရင်တာကို ရွေးပေးရတာ
အခု ပီဒီအက်ဖ် ဖန်တီးချင်ရင် ပေါ်လာတဲ့ ပရင်တာ စာရင်းထဲကနေ PDFCreator ကို ရွေးပေးလိုက်ရုံပါပဲ..

စာရွက် အရွယ်အစားသတ်မှတ်ပေးတာ dpi သတ်မှတ်တာတွေကိုလည်း Properties ကနေ ရွေးပေးလိုက်လို့ ရပါတယ် ပုံမှန် ပရင်တာ တစ်လုံးကနေ ပရင့်လုပ်ရသလိုပါပဲ
စာရွက်တွေထုတ်ပေးတာနဲ့ ပီဒီအက်ဖ် ထုတ်ပေးတာပဲ ကွာပါတယ်
ဘလော့ရေးနေတဲ့ မိတ်ဆွေသူငယ်ချင်းများအနေနဲ့ ဇော်ဂျီစာလုံးသုံးပြီး ပီဒီအက်ဖ် ပြောင်းတဲ့ အခါမှာ Adobe ပီဒီအက်ဖ် ဆော့ဖ်ဝဲကို သုံးတဲ့ အခါမှာ တခါတရံ ကြုံတတ်တဲ့ "သဝေထိုး (ေ)" နေရာမှာ အင်္ဂလိပ်စာလုံး A ပုံ ပြောင်းပြီး ထွက်လာတာမျိုးကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး.. ဒီတစ်ချက်နဲ့တင် အသုံးပြုရတာ အတော်လေး ကောင်းနေပါပြီ
ဖိုင်အရွယ်အစားများ အနေနဲ့ ၁၂.၆၄ မီဂါဘိုက် တစ်မျိုးနဲ့ ၆.၆၅၄ မီဂါဘိုက် တစ်မျိုး နှစ်ခုပါရှိပါတယ် ကွာခြားချက်ကိုတော့ အောက်မှာဖော်ပြထားတဲ့ ဒေါင်းလုဒ် လင့်ကနေ သွားကြည့်နိုင်ပါတယ်


Download link from Source Forge
-http://sourceforge.net/project/showfiles.php?group_id=57796

စကားဝှက်တွေကို ဘယ်လို ဖန်တီးမလဲ
စကားဝှက်တွေရဲ့ အားနည်းချက် အားသာချက်များ အသေးစိတ်...
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Blog Post
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Blog Post

Ref:
-http://sourceforge.net/projects/pdfcreator/
-http://en.wikipedia.org/wiki/PDFCreator
မူလနေရာ -http://www.pdfforge.org/
Vista ပြဿနာ -http://www.pdfforge.org/node/1058

Credit to : pdfforge.org & all contributors in Open Source Community.