ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Oct 7, 2007

အင်တာနက်လိပ်စာတွေ သွားလေရာသယ်ရအောင်


မီးမြေခွေး
ကိုယ်အမြဲတမ်း သုံးနေကြ မီးမြေခွေး အင်တာနက်ကြည့် ဆော့ဖ်ဝဲမှာ
သိမ်းဆည်းထားတဲ့ Bookmark တွေကို သွားလေရာကို မန်မိုရီစတစ်နဲ့ သယ်သွားလို့ရပါတယ်...
Windows XP ကွန်ပျုတာတွေအတွက်-
C:\DOCUME~1\USERNAME\Application Data\Mozilla\Firefox\Profiles\298lids3.default
အောက်မှာ bookmark ဆိုတဲ့ နာမည်နဲ့ HTML ဖိုင်လေးတစ်ခု ရှိပါတယ်
မီးမြေခွေးကို သုံးပြီး ကျွန်တော်တို့ မှတ်ထားသမျှ Bookmarks အားလုံး အဲဒီမှာပါ
အဲဒီမှာ-
-USERNAME =လက်ရှိ အသုံးပြုနေတဲ့ အမည်
-298lids3 =Firefox ကသတ်မှတ်ထားတဲ့ အမည် (တစ်ယောက်နဲ့ တစ်ယောက် မတူပါ)

Bookmark အဟောင်းတွေကို တော့ အဲဒီ Default Folder ထဲက bookmarkbackups ထဲမှာ ကြည့်နိုင်ပါတယ်...

IE
မိုက္ကရိုဆော့ဖ်ရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲ အိုင်.အီး (အတိုကောက်) မှာတော့
C:\DOCUME~1\USERNAME\Favorites
ထဲမှာ ရှိပါတယ်

နေရာတွေ သိပြီဆိုတော့ ကိုယ်လိုချင်တဲ့ အချိန်တိုင်းမှာ အလွယ်တကူ သယ်သွားလို့ ရတာပေါ့