ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Oct 6, 2007

Google မှာ သတိပြုစရာလေးအချို့


သူငယ်ချင်းတစ်ယောက်က Google မှာ နင်ရေးထားတဲ့ အတိုင်းရှာတာ မတွေ့ဘူး ပြောတယ်
သေသေချာချာကြည့်တော့ အပို အလို လေးတွေ ပါနေလို့ မတွေ့တာ ဖြစ်နေတယ်

  1. သူက ဒီလိုရိုက်ထည့်ပြီးရှာတယ် site: mit.edu filetype pdf mathematics
  2. လိုချင်တဲ့ အဖြေ မရဘူး၊
  3. သူက မက်ဆာချုးဆက် နည်းပညာတက္ကသိုလ်က သင်္ချာနဲ့ သက်ဆိုင်တဲ့ ပီဒီအက်ဖ် ဖိုင်တွေ ရှာချင်တာ၊
  4. အမှန်က ဒီလို site:mit.edu filetype:pdf mathematics ဖြစ်ရမှာ
  5. ဘယ်နေရာမှာ လွဲသွားတာလဲဆိုရင် site:mit.edu လို့ နေရာလွတ်မချန်ဘဲ ရေးရမှာကို သူက site: mit.edu ဆိုပြီး site: နဲ့ mit.edu ကြားမှာ နေရာလွတ်တစ်ခု ထားတယ်၊
  6. နောက်တစ်ခုက filetype:pdf ဖြစ်ရမှာကို filetype pdf ဆိုပြီး filetype နဲ့ pdf ကြားမှာ : မထဲ့ဘဲ ရေးထားတာကိုး
အဲဒါလေးတွေ ပြန်ပြင်ပေးလိုက်မှပဲ သူငယ်ချင်းလဲ ရှာချင်တာ ရှာလို့ ရသွားတော့တယ်

တကယ်တော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ အတိုင်းကို Google က ရှာပေးတာပါ..
လိုချင်တာ မရဘူးဆိုရင် ဖြစ်နိုင်ချေ သုံးချက် ရှိပါတယ်
  1. ကိုယ်ရဲ့ ရှာဖွေမှုမှာ (အထက်က ဖြစ်ရပ်လို) Google သတ်မှတ်ထားတဲ့ အချက်တွေနဲ့ လွဲနေတာ
  2. ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာဟာ အင်တာနက်မှာ မရှိသေးတာ
  3. ကိုယ်ရှာတဲ့ စကားလုံးနဲ့ တကယ်သုံးထားတဲ့ စကားလုံး မတူတာ
ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..