ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label အကူအညီ. Show all posts
Showing posts with label အကူအညီ. Show all posts

Mar 27, 2008

72 Security Tips for Daily Computing Life (1)

ကွန်ပျုတာ လုံခြုံရေး ရတက်အေးစရာ နည်းလမ်း ၇၂ သွယ် - အပိုင်း (၁)

ကျွန်တော်တို့ သည် ကွန်ပျုတာကို ယခုမှ စတင် အသုံးပြုတတ်ကာစ သူတစ်ဦး ဖြစ်စေ၊ ကာလရှည်ကြာစွာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေသူ တစ်ဦး ဖြစ်စေ ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် ကွန်ပျုတာနှင့် အင်တာနက်ကို အသုံးပြုကြသည့် အခါတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ရန်မှာ အထူးအရေးကြီးပေသည်။

ယခုခေတ်၊ ယခုအခါကဲ့သို့ နေရာတကာတွင် ဗိုင်းရပ်စ်(Virus)၊ ထရိုဂျန်(Trojan) စသည့် ကွန်ပျုတာများနှင့် ကွန်ပျုတာ အသုံးပြုသူများကို အချိန်မရွေး၊ နေရာမရွေး စိတ်အနှောင့်အယှက် ပေးနိုင်သော၊ ဒုက္ခပေးနိုင်သော ဘေးရန် များလွန်းသည့် အခြေအနေတွင် ကွန်ပျုတာကို စိတ်အေးလက်အေး အသုံးပြုနိုင်ရန်မှာ - အင်တာနက် ချိတ်ဆက်မှုကို ရပ်တန့်ထားကာ၊ မည်သည့် ဆော့ဖ်ဝဲ ပရိုဂရမ်၊ မည်သည့် မှတ်ဥာဏ်ပစ္စည်း (Memory Device)ကိုမျှ ကွန်ပျုတာအတွင်း တပ်ဆင်အသုံးပြုမှု မပြုဘဲနေခြင်းများ - ကသာ အကောင်းဆုံး ဖြစ်တော့မည်ဟု ထင်မှတ်ရသည့် အခြေအနေ ဖြစ်လာသည်။

ထိုကဲ့သို့နေလျှင်လည်း ရကောင်း ရနိုင်ဖွယ်ရာ ရှိပါသည်။ သို့သော် အင်တာနက်ကိုလည်း အသုံးမပျက် အသုံးပြုရင်း၊ နှစ်သက် သဘောကျသည့် ဆော့ဖ်ဝဲ ပရိုရမ် အသစ်အဆန်းများ ကိုလည်း ကွန်ပျုတာအတွင်း တပ်ဆင်စမ်းသပ် အသုံးပြုရင်း၊ ဘေးကင်းရန်ကင်းလည်း နေထိုင်နိုင်သည့် နည်းလမ်းများ ရှိမည်ဆိုပါက - ထိုနည်းလမ်းများကို အသုံးပြုခြင်းက ပိုကောင်းမည် မဟုတ်ပါလား။

ကျွန်တော်တို့ အနေဖြင့် -

  1. အကာအကွယ်ပေးသည့် ဆော့ဖ်ဝဲများကိုလည်း ကွန်ပျုတာတွင် ထည့်သွင်းတပ်ဆင် ထားမည်။
  2. ကွန်ပျုတာ အသုံးပြုသည့်အခါ လိုက်နာရမည့် ဆောင်ရန်၊ရှောင်ရန် အလေ့အကျင့်ကောင်းများ ကိုလည်း လေ့လာ မှတ်သားထားမည်။
  3. အရေးအကြီးဆုံး အချက်တစ်ခု အနေဖြင့် အခြေအနေတစ်ရပ်ကို ကောင်းမွန်စွာ သုံးသပ် ဆုံးဖြတ်တတ်သော အလေ့အကျင့်ကောင်းလည်း ရှိနေမည် ဆိုလျှင်
ကျွန်တော်တို့၏ "ကွန်ပျုတာ အသုံးပြုမှု နေ့စဉ်ဘ၀" (Daily Computing Life) မှာ ပိုမို နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်လာပေမည်။

ကျွန်တော်တို့၏ နေ့တဓူဝ ကွန်ပျုတာနှင့်အင်တာနက် အသုံးပြုမှုများတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာ နေထိုင် အသုံးပြုနိုင်သော အခြေအနေကို ရရှိနေစေရန်အတွက် မဖြစ်မနေ ဆောင်ရွက်ထားရမည့် အနည်းဆုံး လုပ်ဆောင်ဖွယ်ရာများနှင့် ပိုမို ပြည့်စုံသည့် လုပ်ဆောင်ဖွယ်ရာများကို အောက်တွင် စုစည်း ဖော်ပြထားပါသည်။

အနည်းဆုံးလိုအပ်ချက်များ

(၁) ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတပ်ဆင်ရန်လိုအပ်သည်။ ထိုမျှမက ဗိုင်းရပ်စ်အမျိုးအစားသစ်များမှာ နေ့စဉ် ထွက်ပေါ်နေသည့် အတွက် တပ်ဆင်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲမှာလည်း ၎င်းဗိုင်းရပ်စ်များကို အချိန်နှင့်အမျှ အစဉ်အမြဲ သိနေစေရန် (Update) လုပ်ထားရမည်။ ကွန်ပျူတာကို ပုံမှန်စစ်ဆေးခြင်း၊ ခရီးဆောင်မှတ်Óဏ်ပစ္စည်း (Memory Stick, Pen Drive စသည်) များ တပ်ဆင်သည့်အခါတိုင်းတွင် ဗိုင်းရပ်စ်စစ်ဆေးပြီးမှ အသုံးပြုခြင်းများ ဆောင်ရွက်ဖို့ လိုအပ်သည်။ အင်တာနက်မှ ဖြတ်သန်းရောက်ရှိလာ သော စာ (email) များ၊ စာတို (message) များ၊ အင်တာနက်လိပ်စာ (link) များကို စနစ်တကျ စစ်ဆေးပြီးမှ ဖတ်ရှုဖို့လိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းများ မရှိလျှင်တော့ ကျွန်တော်တို့၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်ရောက် အနှောင့်အယှက်ပေးမည်မှာ သေချာပေါက်ပင် ဖြစ်သည်။

(၂) စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲ (Antispyware) ကို အမြဲ Update လုပ်ပါ။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများသည် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတွင် ပါဝင်ပြီးသား ဖြစ်လေ့ရှိသည်။ ၄င်းကို အမြဲတမ်း Update လုပ်ထားဖို့လိုသည်။ ၄င်းဆော့ဖ်ဝဲဖြင့် မကြာခဏဆိုသလို ကွန်ပျူတာကို စစ်ဆေးပေးရမည်။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများကို နှစ်မျိုးသုံးမျိုးခန့်အထိ ထည့်သွင်းထားနိုင်သည်။ ဥပမာ Windows Vista တွင် စပိုင်ကာကွယ်ရေးအတွက် (Windows Defender) ပါရှိလာပြီးဖြစ်သော်လည်း - Spy Sweeper, Spybot စသည့် အခြားဆော့ဖ်ဝဲများကိုလည်း ထည့်သွင်းထားနိုင်သည်။ အရေးကြီးသည်မှာ ထည့်သွင်းထားသည့် အကာအကွယ်ဆော့ဖ်ဝဲများကို အမြဲတမ်း Update ဖြစ်နေအောင် ပြုလုပ်ထားရန်ပင် ဖြစ်သည်။

(၃) Firewall များဖြင့် ကွန်ပျူတာကို အကာအကွယ်ပေးထားပါ။ ကျွန်တော်တို့၏ ကွန်ပျူတာအတွင်းသို့ ၀င်ရောက်လာသော အချက်အလက်များ (Inbound Data) ၊ ကွန်ပျူတာအတွင်းမှ ပြန်လည်ပေးပို့လိုက်သော အချက်အလက်များ (Outbound Data) သွားလာစီးဆင်းရာ လမ်းကြောင်းအနေအထား (Traffic) များကို Bidirectional Firewall များက စောင့်ကြည့် စစ်ဆေးပေးလေ့ ရှိကြသည်။ ပန်းသီးကွန်ပျူတာများရှိ Mac OS နှင့် Windows Vista တို့တွင်ပါရှိသော Firewall များမှာ Bidirectional အမျိုးအစားများ ဖြစ်ကြသည်။ အကယ်၍ Windows XP နှင့် အခြားသော ၀င်းဒိုးစနစ်ဟောင်းများကို သုံးနေဆဲဖြစ်ပါက ZoneAlarm ကဲ့သို့သော Firewall များကို ထည့်သွင်းတပ်ဆင်ထားရန် လိုအပ်ပေသည်။

(၄) Firewall များနှင့်ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများကို တစ်ခုထက်ပို၍ ထည့်သွင်းထားခြင်းမျိုး မပြုလုပ်ပါနှင့်။ အပြင်လောကတွင် မီးခံသေတ္တာနှစ်ထပ်ဖြင့် အဖိုးတန်ပစ္စည်းများ ထည့်သွင်း ထားရှိခြင်းသည် ပိုမိုစိတ်ချရသည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ကွန်ပျူတာစနစ်တစ်ခုအတွင်း Firewall ဆော့ဖ်ဝဲနှစ်မျိုးကို တပ်ဆင်အသုံးပြုပါက အကာအကွယ်နှစ်ဆ တိုးမလာတော့ဘဲ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် အနှောင့်အယှက် ပေးကာ စိတ်ညစ်စရာ နှစ်ဆတိုးလာနိုင်မည် ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ ကိုလည်း နှစ်မျိုးမသုံးပါနှင့်။ တစ်မျိုးတည်း ကိုသာ တပ်ဆင်ပါ။ (စပိုင်ကာကွယ်ရေး ဆော့ဖ်ဝဲများကိုတော့ တစ်ခုမက တပ်ဆင် အသုံးပြုနိုင်ပါသည်)။

(၅) ကွန်ပျူတာ စနစ်များ၏ "နောက်ဆုံး အခြေအနေနှင့် ကိုက်ညီစေရန် အချိန်နှင့်တပြေးညီ အလိုအလျောက် ဖြည့်ဆည်းမှု" (Automatic Updates) စနစ်များကို ခွင့်ပြုထားပါ။ ကွန်ပျူတာစနစ်များကို အဓိကထုတ်လုပ်သည့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Microsoft နှင့် Apple တို့သည် ၄င်းတို့ ရှာဖွေတွေ့ရှိသမျှ "စနစ်၏ လုံခြုံရေးဆိုင်ရာ လစ်ဟာချက်များ" (Security Holes) ကို ပုံမှန်ဖြည့်ဆည်းပေးနေလေ့ ရှိကြသည့် အတွက် Windows နှင့် Mac OS တို့၏ အခါအားလျော်စွာ (လိုအပ်သလို) Update ပြုလုပ်ခြင်းများကို တားဆီးမထားပါနှင့်။ Auto Update ပြုလုပ်ပါစေ။

(၆) EXE ဖိုင်များကို အလွယ်တကူ လက်မခံပါနှင့်။ . exe,.com, .bat နှင့် .scr တို့ဖြင့် အဆုံးသတ်လေ့ ရှိသော၊ လုပ်ငန်း တစ်စုံတစ်ရာကို ဆောင်ရွက်ပေးနိုင်သည့် (Executable) ဖိုင်များကို အင်တာနက်မှ ဒေါင်းလုဒ်ရယူကာ အသုံးပြုရသည့် ကိစ္စမှာ ရှောင်လွှဲရန် ခက်ခဲပေသည်။ သို့သော်လည်း မသိဘူး၊ မမြင်ဘူးသူများထံမှဖြစ်စေ၊ Forward ပြုလုပ်လိုက်သော အီးမေးလ်များမှ ဖြစ်စေ ရောက်ရှိလာသည့် Executable ဖိုင်များကိုတော့ သတိထားရန် လိုသည်။ အလားတူပင် .doc နှင့် .xls စသည့် Microsoft Word နှင့် Excel ဖိုင်များသည်လည်း Macro ဗိုင်းရပ်စ်များကို သယ်ဆောင်လာနိုင်သည့် အတွက် သတိပြုစစ်ဆေးရန် လိုအပ်သည်။

(၇) မိမိဆက်သွယ်နေသည့် လမ်းကြောင်းကို တိကျစွာ သတ်မှတ်ထားရှိပါ။ အကယ်၍ သင်သည် Broadband အမျိုးအစား အင်တာနက် ဆက်သွယ်မှုကို ရရှိ အသုံးပြုနေသူ ဖြစ်သော်လည်း Router တပ်ဆင်ထားခြင်း မရှိပါက Router တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။ ကြိုးရှိ Router ဖြစ်စေ၊ ကြိုးမဲ့ Router ဖြစ်စေ အသုံးပြုနိုင်သည်။

(၈) Hardware Firewall ကို အကာအကွယ် ယူထားပါ။ သင်၏ Router သည် "ကွန်ရက်လိပ်စာ ဘာသာပြန်ဆို ပြောင်းလဲမှု" NAT (Network Address Translation) ကို အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ ကွန်ပျူတာမှ ပွင့်နေသော Port များကို ရှာဖွေကာ အန္တရာယ်ပေးလာမည့်၊ အင်တာနက်မှ မသမာသူများ၏ ဘေးရန်ကို ကာကွယ်မှု ရရှိစေမည်။ ၄င်း Firewall သည် ဆက်သွယ်ရေး လမ်းကြောင်းများကို ကောင်းမွန်စွာရရှိစေရန် အထောက်အကူ ပြုနိုင်သော SPT (Stateful Packet Inspection) ကိုလည်း အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ Hardware Firewall မှ အဆိုပါ အင်္ဂါရပ်များကို ဖွင့်ထားပါ။

ဆက်လက်ဖော်ပြပါမည်... >>> Malware / Antivirus
Ref: PC Magazine ,Feb 08

Related Blog Posts:
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Our Password (1)
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Our Password (2)

Dec 6, 2007

PDF File Download & MiHD.net

MiHD ကနေ PDF ဖိုင်တွေကို ဒေါင်းလုဒ်ချတဲ့ အခါမှာ အဆင်မသင့်ခဲ့ရင် အင်တာနက် ကြည့်ဆော့ဖ်ဝဲက PDF ဖိုင်ကို သူ့ထဲမှာ ဖွင့်ပေးဖို့ ကြိုးစားတတ်တာမို့ ရပ်သလို ဖြစ်သွားတတ်ပါတယ်... အထူးသဖြင့် အင်တာနက် အမြန်နှုန်း အရမ်း နှေးတဲ့ နေရာတွေမှာ ပိုသိသာပါတယ်..
စိုးရိမ်စရာ မရှိပေမယ့် ... မသိတဲ့ သူတွေ အတွက်တော့ ကွန်ပျုတာများ တစ်ခုခု ဖြစ်သွားပြီလို့ ထင်ရတတ်ပါတယ်...
ဒီလို မဖြစ်အောင် အောက်မှာ ရှင်းပြထားတဲ့ ပုံလေးကို ကြည့်လိုက်ရင် နောက်များဆို အဆင်ပြေသွားမှာပါ...

MiHD and PDF Download

ဆက်စပ်ဖတ်ရှုနိုင်ရန် (Related Posts) -

  1. How to Download From MiHD
  2. Google, MiHD.net & Blogspot

အင်တာနက်ကို အမြန်ဆုံးနဲ့ အကျိုးအများဆုံး အသုံးချနိုင်ကြပါစေဗျာ...

Nov 17, 2007

How To Download from MiHD


ကြားဖြတ်အစီအစဉ် အနေနဲ့ နာမည်ကျော် MiHD - ဖိုင်သိမ်းဆည်းရေး ၀က်ဘ်ဆိုဒ်ကနေ ဒေါင်းလုဒ် ရတာ အခက်တွေ့နေသူ ညီအကို မောင်နှမများအတွက် လုပ်နည်းလုပ်ဟန်လေးတွေကို ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်...

MiHD ကနေဒေါင်းလုဒ်ချရတာ တခါမှ မချဘူးရင် မျက်စိလည်နေတတ်ပါတယ်
အောက်မှာ ရှင်းပြထားတဲ့ ပုံလေးတွေကို ကြည့်လိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ...
ပထမဆုံး ဒီလင့်လေးကို Copy ကူးပြီး အင်တာနက်ကြည့်ဆော့ဖ်ဝဲ အသစ်တစ်ခုမှာ Paste ချလိုက်ပါ

http://mihd.net/wmyzdu

ခဏကြာရင် အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်..
ပုံတွေအတိုင်းလိုက်လုပ်သွားရုံပါပဲ



ကလစ်လုပ်ပြီးရင် ခဏစောင့်ပါ..
ဒုတိယပုံ အခုလို ပေါ်လာပါလိမ့်မယ်... ပုံမှာ ပြထားတဲ့ အတိုင်းလုပ်ရုံပါပဲ...



ကဲ အခုဆိုရင် MiHD ကိုအသုံးပြုရတာ ဘယ်လောက် လျင်မြန်သလဲ ဆိုတာ သိကြရောပေါ့ဗျာ...
အင်တာနက်ကို အမြန်ဆုံးနဲ့ အကျိုးအများဆုံး အသုံးပြုနိုင်ပါမှ အချိန်ကုန်၊ ငွေကုန်သက်သာပြီး အသုံးပြုရကျိုးနပ်မှာပါ..

ဆက်စပ်ဖတ်ရှုနိုင်ရန် (Related Posts) -
  1. PDF File Download & MiHD.net
  2. Google, MiHD.net & Blogspot

Nov 15, 2007

အင်တာနက်မှ ရသော သတင်းအချက်အလက် များကို စစ်ဆေးခြင်း


ကမ္ဘာတခွင်လုံးက အချက်အလက်များ (Data) နဲ့ သတင်းများ (Information) ကို ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် (WWW) မှ ရရှိနိုင်ပါတယ်။ ဒီလို - ရနိုင်တဲ့ သတင်း အချက်အလက် များစွာ ရှိနေခြင်း နဲ့ ထိုသတင်းများ၏ မူလ အရင်းအမြစ်များကို သိရှိနိုင်ရန် မလွယ်ခြင်းကြောင့် - အင်တာနက်မှ ရရှိလာသော အချက်အလက်များကို စနစ်တကျ စစ်ဆေးတတ်သည့် အလေ့အကျင့်ကောင်း - တစ်ခုကို ကောင်းစွာ မွေးမြူ ထားသင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သုတေသန တစ်ခု ပြုလုပ်သည့်အခါမှာ ဖြစ်စေ၊ သို့မဟုတ် တက္ကသိုလ် စာကြည့်တိုက်တစ်ခုတွင် ရှာဖွေလေ့လာသည့် အခါမှာ ဖြစ်စေ.. အသုံးပြုရမည့် စာအုပ်များ၊ ဂျာနယ်များနှင့် အခြားသော အရင်းအမြစ်များဟာ ပညာရှင်များ၊ စာအုပ်ထုတ်ဝေသူများနှင့် စာကြည့်တိုက်မှူးများက ကောင်းစွာ ပြုစု၊ စစ်ဆေးထားပြီး ဖြစ်သည့် အရာများ ဖြစ်ကြပါတယ်... ကျွန်တော်တို့ ရှာဖွေတွေ့ရှိသမျှ အရင်းအမြစ်များ အားလုံးဟာ တနည်းနည်းဖြင့် စစ်ဆေးထားပြီး ဖြစ်သည့် အချက်အလက်များ ဖြစ်ပါတယ်...

ကျွန်တော်တို့ အနေနဲ့ အင်တာနက်ကို အသုံးပြုကြတဲ့ အခါမှာ အထက်ပါ အခြေအနေနဲ့ လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။ အချက်အလက်များ မှန်မမှန် စသည်ကို စိစစ် ထားခြင်းမျိုး လုံးဝမရှိသည့် အခြေအနေ ဖြစ်သည်ကို တွေ့ရမှာ ဖြစ်ပါတယ်.. အကြောင်းရင်းကတော့ -

  • မည်သူမဆို အင်တာနက် စာမျက်နှာတစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ခြင်း၊
  • အရည်အသွေး အမျိုးမျိုးရှိနေသော စာရွက်စာတမ်းများကို ထုတ်လုပ် နိုင်ခြင်း၊
  • စာရေးသူ အမျိုးမျိုးတို့က ၄င်းတို့ စိတ်ကြိုက် အကြောင်းအရာ အမျိုးမျိုးကို ဖန်တီးထုတ်လွှင့် နိုင်ခြင်း
တို့ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံး အရည်အသွေးရှိသော အရင်းအမြစ်များနှင့်အတူ ယုံကြည်နိုင်ဖွယ်ရာ မရှိသော၊ စိတ်မချရသော စာမျက်နှာ များကိုလည်း အင်တာနက်ထဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်... အင်တာနက်သည်ပင်လျှင် အသုံးပြုသူများကို လွတ်လပ်ခွင့် အပြည့်အ၀ပေးထားသော နေရာတစ်ခု ဖြစ်နေတဲ့အတွက် သတင်း အချက်အလက် တစ်ခု၏ အမှားအမှန် ဖြစ်နိုင်ချေကို ဆုံးဖြတ်ပိုင်ခွင့်ကလည်း သက်ဆိုင်သူ တစ်ဦးချင်းစီမှာပဲ ရှိနေတာ ဖြစ်ပါတယ်...

အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်များကတော့ - ပုံနှိပ်ထုတ်ဝေထားသည့် အကြောင်းအရာများကို လေ့လာ စစ်ဆေးရာမှာ ပညာရှင်များ အနေနဲ့ အများဆုံး အသုံးပြုလေ့ရှိသည့် စစ်ဆေးနည်းများ ဖြစ်ကြ ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုပြီး အင်တာနက်ပေါ်မှ တွေ့ရှိသော အချက်အလက်များ ကိုလည်း စမ်းသပ် စစ်ဆေး နိုင်မှာ ဖြစ်ပါတယ်...

စဉ်းစားရန် အချက်များ

စာရေးသူ၊ ရေးထားသည့် နေရာ၊ ရှုမြင်ပုံ သို့မဟုတ် ဘက်လိုက်မှု၊ အခြားသော အရင်းအမြစ်များဆီသို့ ရည်ညွန်းမှု၊ အစစ်အဆေး ခံနိုင်မှု၊ အချိန်နှင့် တပြေးညီ ဖြစ်မှု၊ ၀ါဒ ဖြန့်ခြင်း (Propaganda) သတင်းမှား ပေးခြင်း (Misinformation)၊ လုပ်ကြံသတင်း ပေးခြင်း (Disinformation) စသည်တို့နှင့် စပ်ဆိုင်နေသော အချက်အလက်များ ဖြစ်နေခြင်း ရှိမရှိ၊ စာရေးသူ အကြောင်းအရာနှင့် အင်တာနက်ပေါ်တွင် အချိန်နှင့်တပြေးညီ ရှိမရှိကို စစ်ဆေးနိုင်သည့် နည်းစနစ်များ ...

စာရေးသူ - ဟာ သတင်း အချက်အလက် တစ်ရပ်ကို စစ်ဆေးရာမှာ အဓိက အသုံးပြုလေ့ရှိသည့် အချက်တစ်ခု ဖြစ်ပါတယ်။ "ဤ အကြောင်းအရာကို မည်သူ ရေးသနည်း"။ စာရေးသူ တစ်ဦးအတွက် ကျွန်တော်တို့ အနေနဲ့ စစ်ဆေးကြည့်သင့်တဲ့ အချက်အလက်များကို အောက်မှာကြည့်နိုင်ပါတယ်...
  • မိမိ လေ့လာ နေသည့် နယ်ပယ်အတွင်း လူသိများသော စာရေးသူ။ မိမိ ကောင်းစွာ သိရှိ ရင်းနှီးထားသူ ဖြစ်မဖြစ်။
  • မိမိအနေဖြင့် မသိရှိသော စာရေးသူ တစ်ဦးကို တွေ့ရသော အခါတွင် -
    • စာရေးသူကို မိမိ သိရှိထားပြီးသော အခြားစာရေးသူ တစ်ဦး သို့မဟုတ် မိမိယုံကြည်ရသည့် အခြားသူတစ်ဦးမှ အပြုသဘော ဆောင်သည့် အနေအထားမျိုးဖြင့် ဖော်ပြထားခြင်းမျိုး ရှိမရှိ
    • စာရေးသူ၏ အင်တာနက် စာမျက်နှာကို မိမိယုံကြည် စိတ်ချရသည့် အခြားသော နေရာတစ်ခုတွင် တွေ့ရှိခြင်း သို့မဟုတ် ချိတ်ဆက်ထားခြင်း ရှိမရှိ
    • မိမိ ဖတ်ရှုနေသည့် အင်တာနက် စာမျက်နှာတွင် စာရေးသူ၏ ကိုယ်ရေးအချက်အလက်များ၊ လက်ရှိ အနေအထား အစရှိသည့် အချက်အလက်များ ပါဝင်ခြင်း ရှိမရှိ
    • စာရေးသူ၏ ကိုယ်ရေး အချက်အလက်များကို အခြား စိတ်ချယုံကြည်ရသည့် အင်တာနက် နေရာတစ်ခုတွင် မြင်တွေ့ရခြင်း ရှိမရှိ...
    • အကယ်၍ အထက်ဖော်ပြပါ အကြောင်းအရာ တစ်ခုမျှ မပါရှိခဲ့ပါက စာရေးသူထံ ဆက်သွယ်နိုင်မည့် လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ ၊ အလုပ်အကိုင်နှင့် သက်ဆိုင်သည့် အချက်အလက်အချို့ ပါရှိသင့်ပေသည်
ရေးထားသည့် နေရာ - ဟာလည်း ကျွန်တော်တို့ ဖတ်ရမယ့် ဘယ်လို စာမျက်နှာ အတွက်မဆို စစ်ဆေးရာမှာ အထောက်အကူ ရပါတယ်.. အင်တာနက် စာမျက်နှာ တစ်ခုကို ဖတ်ရတဲ့ အခါမှာ အဲဒီ စာမျက်နှာနဲ့ သက်ဆိုင်တဲ့ အရာများကိုလည်း အခုလို စစ်ဆေးနိုင်ပါသေးတယ်...
  • ဖတ်နေတဲ့ စာမျက်နှာမှာ အဖွဲ့ အစည်း တစ်ခုခုရဲ့အမည် ပါဝင်နေခြင်း ရှိမရှိ၊ စာမျက်နှာရဲ့ ခေါင်းစီးနေရာ၊ အခြေနေရာ သို့မဟုတ် ထင်ရှားတဲ့ နောက်ခံရေစာ ရုပ်ပုံ စတဲ့ အစိပ်အပိုင်း တစ်ခုခုမှာ တက္ကသိုလ်တစ်ခုခု သို့မဟုတ် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုရဲ့ ၀က်ဘ်ဆိုဒ်ဖြစ်ကြောင်း ဖော်ပြထားခြင်း ရှိမရှိ၊ အဲဒီ စာမျက်နှာကနေ တစ်ဆင့် အဲဒီဆိုဒ်ရဲ့ အုပ်ချုပ်သူထံ ဆက်သွယ် နိုင်ခြင်း ရှိမရှိ
  • အကယ်၍ မရှိပါက ထိုအချက်များကို ဖော်ပြထားသည့် စာမျက်နှာတစ်ခုကို သွားနိုင်သည့် လမ်းကြောင်း၊ အချိတ်အဆက် ရှိမရှိ၊ ရှိခဲ့လျှင်လည်း ဆာဗာတစ်ခုတည်း ပေါ်တွင် (သို့မဟုတ်) အုပ်စု တစ်ခုတည်းတွင် ဖြစ်မဖြစ်..
  • ၄င်း အဖွဲ့ အစည်းမှာ မိမိတို့ လေ့လာနေသည့် နယ်ပယ်အတွက် အထောက်အကူ ပြုမပြု
  • မိမိ၏ လေ့လာမှု ခေါင်းစဉ်နှင့် ဆီလျော်သော အဖွဲ့အစည်း ဖြစ်မဖြစ်..
  • စာရေးသူနဲ့ ဆာဗာတို့ကြားမှာ ရှိနေတဲ့ အဆက်အစပ်ကို သေချာစွာ သိနိုင်ခြင်း ရှိမရှိ.. မိမိ ကြည့်နေသည့် စာမျက်နှာများမှာ စာရေးသူ၏ အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ သို့မဟုတ် ၄င်း၏ ကျွမ်းကျင်မှု နယ်ပယ်ကို မြင်တွေ့ရနိုင်ခြင်း ရှိမရှိ.. သို့မဟုတ် လွတ်လပ်စွာ နေတတ်ကြတဲ့ သဘာဝအရ စာရေးသူနဲ့ သက်ဆိုင်တဲ့ အနေအထား တစ်ခုမှ မပါရှိခြင်း...
  • မိမိဖတ်ရှုနေတဲ့ အင်တာနက်စာမျက်နှာကို သိမ်းထားပေးတဲ့ ဆာဗာကို စစ်ဆေးနိုင်ခြင်း ရှိမရှိ၊ dnslookup နဲ့ whois စတဲ့ အင်တာနက် ပရိုဂရမ်များရဲ့ အကူအညီနဲ့ စစ်ဆေးနိုင်ပါတယ်..
  • အင်တာနက် စာမျက်နှာဟာ အဖွဲ့အစည်း တစ်ရပ်ရဲ့ အစိပ်အပိုင်း တစ်ခုမဟုတ်ဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် အင်တာနက်နေရာ တစ်ခု ဖြစ်မဖြစ် စစ်ဆေးသင့်ပါတယ်.. ဒီအချက်ကို စစ်ဆေးတဲ့ အခါမှာအထူး သတိထားရမှာ ဖြစ်ပါတယ်..
ရှုမြင်ပုံ သို့မဟုတ် ဘက်လိုက်မှု က - သတင်းအချက်အလက် တွေဟာ ဘယ်ဘက်ကိုမှ မလိုက်ဘဲ ကြားနေသဘော၊ အရှိအတိုင်း သဘောကို ရနိုင်ဖို့ ခဲယဉ်းတဲ့ သဘာဝကို အမှတ်ရစေပါတယ်.. သတင်း (Information) တစ်ခု ဖြစ်လာစေဖို့အတွက် အချက်အလက်များ (Data) ကို ရွေးချယ်ပုံဖော်ကြတာ ဖြစ်တဲ့ အတွက်၊ ဘယ်ရှုထောင့်ကနေ ကိုယ်စားပြုနေတာလဲ ဆိုတာ ဖြစ်လာပါတယ်.. စာရေးသူတိုင်းဟာ သူဆိုလိုချင်တဲ့ အချက်ကို အထောက်အထား ခိုင်လုံကြောင်း ပြချင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်.. အဲဒါကြောင့် သူ့အမြင်အပေါ် အထောက်အကူ ဖြစ်လာစေမယ့် အချက်အလက်များနဲ့ သတင်းများကို အသုံးပြုရပါတယ်.. အင်တာနက်မှာ တွေ့ရှိတဲ့ သတင်းတစ်ခုကို စစ်ဆေးတဲ့ အခါမှာ သင်ကြည့်နေတဲ့ အဲဒီ သတင်းကို ဘယ်သူပေးတာလဲ၊ သူတို့ရဲ့ အမြင် သို့မဟုတ် ရပ်တည်မှု ဘယ်လိုရှိလဲ ... ဆိုတာတွေကို စစ်ဆေးဖို့ အရေးကြီးပါတယ်.. အင်တာနက် နာမည်ကျော်ရတဲ့ အကြောင်းရင်းများထဲမှာ ၄င်းကို စီးပွားရေးအတွက် နဲ့ရော လူမှုရေး၊ နိုင်ငံရေးတွေ အတွက်ပါ လွတ်လွတ်လပ်လပ် အသုံးချနိုင်ခြင်းလည်း အပါအ၀င် ဖြစ်ပါတယ်... အဲဒီနယ်ပယ်များဟာ အချက်အလက်များကို ကောင်းကောင်း အသုံးချပြီး လိုချင်တဲ့ အဓိပ္ပါယ်ရောက်အောင် ဖော်လေ့ရှိတဲ့ နေရာများ ဖြစ်တဲ့ အတွက်ပါပဲ... (ဒီအကြောင်းတွေကိ အသေးစိတ် ဖတ်ချင်ရင်တော့ အောက်မှ ဖော်ပြထားတဲ့ နေရာတွေကနေ သွားဖတ်နိုင်ပါတယ်...;;)
သတင်းအချက်အလက် တစ်ခုရဲ့ ရပ်တည်မှုကို စစ်ဆေးတဲ့ အခါမှာ ပိုင်ဆိုင်မှု သို့မဟုတ် ဆက်နွယ်မှုများကို အခြေခံပါတယ်..
  • ပထမဆုံး အနေနဲ့ အင်တာနက် စာမျက်နှာရဲ့ လိပ်စာ (URL) ကို မှတ်ထားပါ.. အဲဒီလိပ်စာဟာ အဖွဲ့အစည်းတစ်ခုရဲ့ အင်တာနက်ဆာဗာမှာ ထားရှိတဲ့ စာမျက်နှာ ဖြစ်မဖြစ် စစ်ဆေးပါ..
    • တကယ်လို့ ကျွန်တော်တို့ ကြည့်နေတဲ့ အင်တာနက် စာမျက်နှာဟာ အဖွဲ့အစည်းတစ်ခုက ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ သတင်းများကို ပိုမို ကောင်းမွန်တဲ့ အပြုသဘောနဲ့ ပုံဖော်ရေးသားထားတာ တွေ့ရမှာ ဖြစ်ပါတယ်..
    • တကယ်လို့ အဲဒီ အဖွဲ့အစည်းက ထုတ်လုပ် ရောင်းချနေတဲ့ ထုတ်ကုန်တွေကို ကြည့်နေတာ ဆိုရင်တော့ ကျွန်တော်တို့ဟာ - ကြော်ငြာတစ်ခုကို ကြည့်နေတာ ဖြစ်တဲ့ အကြောင်း - သတိရနေလိုက်ပါ
    • တကယ်လို့ အခြားသော နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်ရဲ့အင်တာနက် စာမျက်နှာ တစ်ခု (၀က်ဘ်ဆိုဒ် တစ်ခု)က နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို ဖတ်နေရပြီဆိုရင်တော့ - သင်ဟာ ဆန့်ကျင်ဘက် အမြင်တွေကို ဖတ်နေတာပဲ ဖြစ်ပါတယ်..
  • ကိုယ်ကြည့်နေတဲ့ အင်တာနက် စာမျက်နှာဟာ နိုင်ငံရေး သို့မဟုတ် စိတ်ဓါတ် ရေးရာပိုင်းဆိုင်ရာ ရည်ရွယ်ချက်များနဲ့ ထူထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အင်တာနက် ဆာဗာပေါ်က ဖြစ်နေခဲ့မယ် ဆိုရင်
    • ကိုယ် ရှာနေတာက လူသားမျိုးနွယ်နဲ့ သက်ဆိုင်တဲ့ သိပ္ပံနည်းပညာ ဆိုင်ရာ သတင်းများကို ရှာဖွေနေတာ ဆိုရင် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုကနေ အဲဒီလို အကြောင်းအရာမျိုးကို ရနိုင်မရနိုင် စဉ်းစားကြည့်ဖို့ လိုပါတယ်..
    • အစွန်းရောက်တဲ့ အမြင်တွေကို အလွယ်တကူ စစ်ဆေး တွေ့ရှိနိုင်လိမ့်မယ် လို့ ဘယ်တော့မှ မယူဆပါနဲ့... အဲဒီလို အမြင်တွေကို ထိုးဖောက် စည်းရုံးနေတဲ့ အင်တာနက် နေရာအချို့ကို ကြည့်လိုက်ရင် ပညာရေးဆိုင်ရာ အတွက်လို့ ထင်ရအောင် လုပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်.. ပိုပြီး အသေးစိတ် သိချင် ရင်တော့ နယူးယော့တိုင်း ၁၉၉၉ မတ် ၁၈ မှာပါရှိတဲ့ Rising Tide: Site Born of hate ကို ဖတ်ကြည့်နိုင်ပါတယ်
သုတေသနနှင့် စုံစမ်းစစ်ဆေးမှု နယ်ပယ် အများစုမှာ အငြင်းပွားဖွယ် မေးခွန်းများစွာ ပါရှိနေပြီး၊ တခါတရံမှာ အချက်အလက် တစ်ခုအတွက် ပိုမို အငြင်းပွားဖွယ် ဖြစ်လာလေလေ၊ ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာလေလေ ဖြစ်တတ်တာ တွေ့ရပါတယ်.. အင်တာနက်ရဲ့ တည်ဆောက်ထားပုံကိုက အသုံးပြုသူတိုင်းကို သတင်းအချက်အလက် ကိုယ်တိုင် ထုတ်လုပ်သူများ အလွယ်တကူ ဖြစ်လာအောင် ဖန်တီးပေးထားတဲ့ အတွက် အမျိုးမျိုး အထွေထွေသော အမြင်များ၊ တဖက်စောင်းနင်း ရပ်တည်မှုများကို အင်တာနက်ထဲမှာ အများဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်..

ဆက်လက် ဖော်ပြပါမည်....

ရည်ညွန်း-
http://www.lib.berkeley.edu/TeachingLib/Guides/Internet/Evaluate.html
http://www.library.jhu.edu/researchhelp/general/evaluating/#e

Oct 17, 2007

What Can Search & What Can Find?


Common Keywords

Here are some useful commom KEYWORDS, I used to search for various kinds of ebooks and many other internet resources.

introduction, introduction to, introduction to * , Teach yourself * , How to *, Tips Tricks, Tips Techniques, 10 minutes guide to * , * for dummies, (keyword + hosting site) mihd.net/* , integrated approach to, complete reference, secrets, secrets of *, * collection, (version no. Bible) eg. 2008 Bible, essential * for * , dictionary, Dictionary of *, the missing manual, * edition, premium, Premium edition, * Professional *, the art of *, guide, Quick guide to *, master, mastering, information , system, science, political, engineering,Virtual VB, Visual, Visual Basic ( C++, etc), theory, practice, tutorials, (quick|complete|essential) reference, final, (year+keyword) eg.2008 Bible, script , handbook, business, management, production

I omitted some Google officially declared words, like ppt, pdf and so on.
This is not a complete common keyword lists, however I believe this list can help all my bro & sis in a way. I will update as much as I can and welcome to take part in developing this keyword list.

Common Search Strings (I used)

How did I use these words?
Here is a simple search string I used to search something from net, by our Great friend Google's Search.
"* * application * * * * *http://mihd.net/* * * * * *"

You will see, I used just 3 simple words, application,* (asterisk) and http://mihd.net/ within quotes. I used the powers of asterisk and quotes, absolutely. After Google give results from top 1-10 of (some value, 335 in this results), we can expand our view up to, 20, 30, 50, 100 by adding &num=100 (or 20 ,30, 50) at the end of the Google generated search URL, then press ENTER key. Then you will see all Google's results in 100 results per page view. Google generated URL is :http://www.google.com/search?hl=en&q=%22*+*+application+*+*+*
+*+*http%3A%2F%2Fmihd.net%2F*+*+*+*+*+*%22&btnG=Google+Search&num=100


This is just an example and I would like to advice you to try in your way, by using the powers of *, / and " .

Here is another search
"* * Secrets * * * * *http://mihd.net/* *http://mihd.net/* * * *"

I will not show the Google's results, if you test yourself, you will feel it is a nice & easy way to get a useful information. In this eg. mihd.net is just an example. You can change it to any site as you like.

All suggestions and comments are welcome.
Be Peaceful & Happy all the Moments, to all my Bros & Sis.

Sep 24, 2007

A Trick for Downloading Filefactory


Filefactory ၀က်ဆိုဒ်ကနေ ဒေါင်းလုဒ်လုပ်တဲ့ အခါ Limit ကျော်သွားပြီလို့ ပြောလာရင် ဖြေရှင်းနည်းလေးပါ..

After reaching filefactory Free Download limits
simply do this;
for Firefox

1. Tools -> Options -> Privacy
2. Click -> Show Cookies
3. Type FILEFACTORY in Search Box of Cookies window
4. Select all appear cookies, named like this
(site:filefactory, cookie name:PHPSSID)
(site:filefactory, cookie name:cookieEnabled)
(site:filefactory, cookie name:ff_referrer)
5. click Remove Cookies (after selecting all filefactory cookies)
6. Close - Cookies window
7. OK
Go & Enjoy next filefactory free download.

for Internet Explorer 6.0
1. Tools -> Internet Options
2. under General, click Settings in Temporary Internet Files box
3. in Settings window, click View Files... ,
Temporary Internet Files window will appear
4. look for Cookie:USERNAME@www.filefactory.com etc.,
5. Delete all @www.filefactory.com cookies
6. close Temporary Internet Files window
7. click OK in Settings, OK in Internet Options
Go & Enjoy next filefactory free download.

Direct Link to Temporary Internet Files in XP ( need to change USERNAME, to your current Log In "user name")
C:\Documents and Settings\ USERNAME\Local Settings\Temporary Internet Files

(အချိန်မရလို့ ကိုယ်တိုင်ရေးထားတဲ့ အင်္ဂလိပ်စာသားများအတိုင်းပဲ ဖော်ပြလိုက်ရပါတယ်)
ညီအကိုမောင်နှမများ အားလုံး ပျော်ရွှင်အေးချမ်းကြပါစေ