ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Sep 23, 2007

ကိုယ်ပိုင် Proxy စာရင်း ဖန်တီးခြင်း


Google ကိုအသုံးချပြီး CGI Proxy တွေရှာနိုင်တဲ့နည်းတွေနဲ့ Rapidshare ကဖိုင်တွေကို ဒေါင်းလုဒ်ချ နိုင်တဲ့နည်းတွေကို ဒီနေရာမှာ ဖော်ပြခဲ့ဖူးပါတယ်.. အခုထပ်ပြီး ဖြည့်စွက်ချင်တာကတော့ CGI Proxy တွေကို ရှာနိုင်တဲ့ နောက်ထပ် သော့ချက် စကားလုံး (Keywords)တွေနဲ့ မိမိအတွက် ကိုယ်ပိုင် CGI Proxy စာရင်းတစ်ခု အဖြစ် ဖန်တီးထားပြီး အချိန်မရွေး ပြန်အသုံးချနိုင်တဲ့ အကြောင်းလေး ဖြစ်ပါတယ် ...

ဒီတစ်ခါအသုံးပြုမှာကတော့

  • inurl:"nph-proxy" filetype:cgi
  • inurl:"nph-proxy" filetype:pl
ဆိုတဲ့ သော့ချက် စကားလုံးတွေ ဖြစ်ပါတယ် ....
အဲဒီ သော့ချက်စကားလုံး တွေကို Google Search မှာ ထည့်သွင်းရှာဖွေလိုက်မယ်ဆိုရင် တိုက်ရိုက် အလုပ်လုပ်ပေးနိုင်တဲ့ CGI Proxy တွေပေါ်လာမှာ ဖြစ်ပါတယ်..
ပုံမှာ မြင်ရတဲ့ အတိုင်းပဲ အဲဒီမှာ Google ရဲ့Start Using CGI Proxy စတဲ့ အဖြေကနေ တိုက်ရိုက် ကလစ်လုပ်ပြီး ဒါမှမဟုတ် Right-Click လုပ်ပြီး
  1. Firefox မှာဆိုရင် "Open Link in New Tab" နဲ့
  2. Internet EXplorer မှာဆိုရင် "Open in new window"
စတာတွေကို ကလစ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ အသုံးပြုချင်တဲ့ CGI Proxy ကို အသင့် အသုံးပြုနိုင်တဲ့ အနေအထားနဲ့ အများဆုံး အမြန်ဆုံး မြင်ရမှာ ဖြစ်ပါတယ်..အောက်မှာ နမူနာပုံလေးကို ကြည့်နိုင်ပါတယ်



ပုံ - အဆင်သင့် အသုံးပြုနိုင်သည့် တကယ်အလုပ်လုပ်နေသော CGI Proxy များစာရင်း
သဘောကျတဲ့ ဆိုဒ်တွေကို သီးသန့် Bookmark လုပ်ထားလို့ ရသေးပါသေးတယ်


ပြီးတဲ့အခါ အလွယ်တကူပြန်သုံးနိုင်အောင် သိမ်းထားတဲ့ ဖိုင်လေးကို ပြန်ဖွင့်၊ Firefox မှာဆို Bookmark လေးလုပ် (IE မှာဆိုရင်တော့ Add to Favorites ပေါ့လေ) ၊ သုံးနေရင်း အချိန်တစ်ခုအထိကြာသွားလို့ အသစ်တွေထပ်တိုးလာတာ လိုချင်ရင်တော့ အခုလုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်တာနဲ့ အဆင်ပြေမှာပါ..

အင်တာနက် ကဖေး၊ ကျောင်း၊ ခရီးဝေး စတာတွေ သွားရတဲ့ အခါမှာလည်း မန်မိုရီစတစ် (Memory Stick) လေးနဲ့ ထည့်ယူသွားလိုက်ရုံပါ.. PDA သမားတွေကတော့ PDA ထဲမှာထည့်သွားတာပေါ့ .. (Firefox Bookmark တွေနဲ့ IE Favorites တွေကို အလွယ်တကူ ရှာဖွေ သိမ်းဆည်းနည်းလေးကို မကြာခင် Help ဖတ်လို့ရမှာပါ...

အင်တာနက်ထဲမှာလဲ Proxy တွေကို စာရင်းပြုစုပေးထားတဲ့ ၀က်ဘ်ဆိုဒ်တွေ အများကြီးပါ ဒါပေမယ့် အဲဒီဆိုဒ်တွေက ကြော်ငြာတွေများတဲ့ အပြင် အခုလို တိုက်ရိုက်သွားလို့ရတဲ့ အနေအထားမျိုးကိုတော့ Google ကနေရှာမှပဲ ရတာပါ..

သူငယ်ချင်း ရောင်းရင်း ညီအကိုမောင်နှမများ အားလုံး
အင်တာနက်နှင့် အိုင်တီနည်းပညာများကို အထိရောက်ဆုံး အကျိုးအရှိဆုံး အသုံးချနိုင်ကြပါစေဗျာ ..