အင်တာနက်မှ ရသော သတင်းအချက်အလက် များကို စစ်ဆေးခြင်း
ကမ္ဘာတခွင်လုံးက အချက်အလက်များ (Data) နဲ့ သတင်းများ (Information) ကို ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် (WWW) မှ ရရှိနိုင်ပါတယ်။ ဒီလို - ရနိုင်တဲ့ သတင်း အချက်အလက် များစွာ ရှိနေခြင်း နဲ့ ထိုသတင်းများ၏ မူလ အရင်းအမြစ်များကို သိရှိနိုင်ရန် မလွယ်ခြင်းကြောင့် - အင်တာနက်မှ ရရှိလာသော အချက်အလက်များကို စနစ်တကျ စစ်ဆေးတတ်သည့် အလေ့အကျင့်ကောင်း - တစ်ခုကို ကောင်းစွာ မွေးမြူ ထားသင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သုတေသန တစ်ခု ပြုလုပ်သည့်အခါမှာ ဖြစ်စေ၊ သို့မဟုတ် တက္ကသိုလ် စာကြည့်တိုက်တစ်ခုတွင် ရှာဖွေလေ့လာသည့် အခါမှာ ဖြစ်စေ.. အသုံးပြုရမည့် စာအုပ်များ၊ ဂျာနယ်များနှင့် အခြားသော အရင်းအမြစ်များဟာ ပညာရှင်များ၊ စာအုပ်ထုတ်ဝေသူများနှင့် စာကြည့်တိုက်မှူးများက ကောင်းစွာ ပြုစု၊ စစ်ဆေးထားပြီး ဖြစ်သည့် အရာများ ဖြစ်ကြပါတယ်... ကျွန်တော်တို့ ရှာဖွေတွေ့ရှိသမျှ အရင်းအမြစ်များ အားလုံးဟာ တနည်းနည်းဖြင့် စစ်ဆေးထားပြီး ဖြစ်သည့် အချက်အလက်များ ဖြစ်ပါတယ်...
ကျွန်တော်တို့ အနေနဲ့ အင်တာနက်ကို အသုံးပြုကြတဲ့ အခါမှာ အထက်ပါ အခြေအနေနဲ့ လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။ အချက်အလက်များ မှန်မမှန် စသည်ကို စိစစ် ထားခြင်းမျိုး လုံးဝမရှိသည့် အခြေအနေ ဖြစ်သည်ကို တွေ့ရမှာ ဖြစ်ပါတယ်.. အကြောင်းရင်းကတော့ -
- မည်သူမဆို အင်တာနက် စာမျက်နှာတစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ခြင်း၊
- အရည်အသွေး အမျိုးမျိုးရှိနေသော စာရွက်စာတမ်းများကို ထုတ်လုပ် နိုင်ခြင်း၊
- စာရေးသူ အမျိုးမျိုးတို့က ၄င်းတို့ စိတ်ကြိုက် အကြောင်းအရာ အမျိုးမျိုးကို ဖန်တီးထုတ်လွှင့် နိုင်ခြင်း
အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်များကတော့ - ပုံနှိပ်ထုတ်ဝေထားသည့် အကြောင်းအရာများကို လေ့လာ စစ်ဆေးရာမှာ ပညာရှင်များ အနေနဲ့ အများဆုံး အသုံးပြုလေ့ရှိသည့် စစ်ဆေးနည်းများ ဖြစ်ကြ ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုပြီး အင်တာနက်ပေါ်မှ တွေ့ရှိသော အချက်အလက်များ ကိုလည်း စမ်းသပ် စစ်ဆေး နိုင်မှာ ဖြစ်ပါတယ်...
စဉ်းစားရန် အချက်များ
စာရေးသူ၊ ရေးထားသည့် နေရာ၊ ရှုမြင်ပုံ သို့မဟုတ် ဘက်လိုက်မှု၊ အခြားသော အရင်းအမြစ်များဆီသို့ ရည်ညွန်းမှု၊ အစစ်အဆေး ခံနိုင်မှု၊ အချိန်နှင့် တပြေးညီ ဖြစ်မှု၊ ၀ါဒ ဖြန့်ခြင်း (Propaganda) သတင်းမှား ပေးခြင်း (Misinformation)၊ လုပ်ကြံသတင်း ပေးခြင်း (Disinformation) စသည်တို့နှင့် စပ်ဆိုင်နေသော အချက်အလက်များ ဖြစ်နေခြင်း ရှိမရှိ၊ စာရေးသူ အကြောင်းအရာနှင့် အင်တာနက်ပေါ်တွင် အချိန်နှင့်တပြေးညီ ရှိမရှိကို စစ်ဆေးနိုင်သည့် နည်းစနစ်များ ...စာရေးသူ - ဟာ သတင်း အချက်အလက် တစ်ရပ်ကို စစ်ဆေးရာမှာ အဓိက အသုံးပြုလေ့ရှိသည့် အချက်တစ်ခု ဖြစ်ပါတယ်။ "ဤ အကြောင်းအရာကို မည်သူ ရေးသနည်း"။ စာရေးသူ တစ်ဦးအတွက် ကျွန်တော်တို့ အနေနဲ့ စစ်ဆေးကြည့်သင့်တဲ့ အချက်အလက်များကို အောက်မှာကြည့်နိုင်ပါတယ်...
- မိမိ လေ့လာ နေသည့် နယ်ပယ်အတွင်း လူသိများသော စာရေးသူ။ မိမိ ကောင်းစွာ သိရှိ ရင်းနှီးထားသူ ဖြစ်မဖြစ်။
- မိမိအနေဖြင့် မသိရှိသော စာရေးသူ တစ်ဦးကို တွေ့ရသော အခါတွင် -
- စာရေးသူကို မိမိ သိရှိထားပြီးသော အခြားစာရေးသူ တစ်ဦး သို့မဟုတ် မိမိယုံကြည်ရသည့် အခြားသူတစ်ဦးမှ အပြုသဘော ဆောင်သည့် အနေအထားမျိုးဖြင့် ဖော်ပြထားခြင်းမျိုး ရှိမရှိ
- စာရေးသူ၏ အင်တာနက် စာမျက်နှာကို မိမိယုံကြည် စိတ်ချရသည့် အခြားသော နေရာတစ်ခုတွင် တွေ့ရှိခြင်း သို့မဟုတ် ချိတ်ဆက်ထားခြင်း ရှိမရှိ
- မိမိ ဖတ်ရှုနေသည့် အင်တာနက် စာမျက်နှာတွင် စာရေးသူ၏ ကိုယ်ရေးအချက်အလက်များ၊ လက်ရှိ အနေအထား အစရှိသည့် အချက်အလက်များ ပါဝင်ခြင်း ရှိမရှိ
- စာရေးသူ၏ ကိုယ်ရေး အချက်အလက်များကို အခြား စိတ်ချယုံကြည်ရသည့် အင်တာနက် နေရာတစ်ခုတွင် မြင်တွေ့ရခြင်း ရှိမရှိ...
- အကယ်၍ အထက်ဖော်ပြပါ အကြောင်းအရာ တစ်ခုမျှ မပါရှိခဲ့ပါက စာရေးသူထံ ဆက်သွယ်နိုင်မည့် လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ ၊ အလုပ်အကိုင်နှင့် သက်ဆိုင်သည့် အချက်အလက်အချို့ ပါရှိသင့်ပေသည်
- ဖတ်နေတဲ့ စာမျက်နှာမှာ အဖွဲ့ အစည်း တစ်ခုခုရဲ့အမည် ပါဝင်နေခြင်း ရှိမရှိ၊ စာမျက်နှာရဲ့ ခေါင်းစီးနေရာ၊ အခြေနေရာ သို့မဟုတ် ထင်ရှားတဲ့ နောက်ခံရေစာ ရုပ်ပုံ စတဲ့ အစိပ်အပိုင်း တစ်ခုခုမှာ တက္ကသိုလ်တစ်ခုခု သို့မဟုတ် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုရဲ့ ၀က်ဘ်ဆိုဒ်ဖြစ်ကြောင်း ဖော်ပြထားခြင်း ရှိမရှိ၊ အဲဒီ စာမျက်နှာကနေ တစ်ဆင့် အဲဒီဆိုဒ်ရဲ့ အုပ်ချုပ်သူထံ ဆက်သွယ် နိုင်ခြင်း ရှိမရှိ
- အကယ်၍ မရှိပါက ထိုအချက်များကို ဖော်ပြထားသည့် စာမျက်နှာတစ်ခုကို သွားနိုင်သည့် လမ်းကြောင်း၊ အချိတ်အဆက် ရှိမရှိ၊ ရှိခဲ့လျှင်လည်း ဆာဗာတစ်ခုတည်း ပေါ်တွင် (သို့မဟုတ်) အုပ်စု တစ်ခုတည်းတွင် ဖြစ်မဖြစ်..
- ၄င်း အဖွဲ့ အစည်းမှာ မိမိတို့ လေ့လာနေသည့် နယ်ပယ်အတွက် အထောက်အကူ ပြုမပြု
- မိမိ၏ လေ့လာမှု ခေါင်းစဉ်နှင့် ဆီလျော်သော အဖွဲ့အစည်း ဖြစ်မဖြစ်..
- စာရေးသူနဲ့ ဆာဗာတို့ကြားမှာ ရှိနေတဲ့ အဆက်အစပ်ကို သေချာစွာ သိနိုင်ခြင်း ရှိမရှိ.. မိမိ ကြည့်နေသည့် စာမျက်နှာများမှာ စာရေးသူ၏ အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ သို့မဟုတ် ၄င်း၏ ကျွမ်းကျင်မှု နယ်ပယ်ကို မြင်တွေ့ရနိုင်ခြင်း ရှိမရှိ.. သို့မဟုတ် လွတ်လပ်စွာ နေတတ်ကြတဲ့ သဘာဝအရ စာရေးသူနဲ့ သက်ဆိုင်တဲ့ အနေအထား တစ်ခုမှ မပါရှိခြင်း...
- မိမိဖတ်ရှုနေတဲ့ အင်တာနက်စာမျက်နှာကို သိမ်းထားပေးတဲ့ ဆာဗာကို စစ်ဆေးနိုင်ခြင်း ရှိမရှိ၊ dnslookup နဲ့ whois စတဲ့ အင်တာနက် ပရိုဂရမ်များရဲ့ အကူအညီနဲ့ စစ်ဆေးနိုင်ပါတယ်..
- အင်တာနက် စာမျက်နှာဟာ အဖွဲ့အစည်း တစ်ရပ်ရဲ့ အစိပ်အပိုင်း တစ်ခုမဟုတ်ဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် အင်တာနက်နေရာ တစ်ခု ဖြစ်မဖြစ် စစ်ဆေးသင့်ပါတယ်.. ဒီအချက်ကို စစ်ဆေးတဲ့ အခါမှာအထူး သတိထားရမှာ ဖြစ်ပါတယ်..
သတင်းအချက်အလက် တစ်ခုရဲ့ ရပ်တည်မှုကို စစ်ဆေးတဲ့ အခါမှာ ပိုင်ဆိုင်မှု သို့မဟုတ် ဆက်နွယ်မှုများကို အခြေခံပါတယ်..
- ပထမဆုံး အနေနဲ့ အင်တာနက် စာမျက်နှာရဲ့ လိပ်စာ (URL) ကို မှတ်ထားပါ.. အဲဒီလိပ်စာဟာ အဖွဲ့အစည်းတစ်ခုရဲ့ အင်တာနက်ဆာဗာမှာ ထားရှိတဲ့ စာမျက်နှာ ဖြစ်မဖြစ် စစ်ဆေးပါ..
- တကယ်လို့ ကျွန်တော်တို့ ကြည့်နေတဲ့ အင်တာနက် စာမျက်နှာဟာ အဖွဲ့အစည်းတစ်ခုက ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီ အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ သတင်းများကို ပိုမို ကောင်းမွန်တဲ့ အပြုသဘောနဲ့ ပုံဖော်ရေးသားထားတာ တွေ့ရမှာ ဖြစ်ပါတယ်..
- တကယ်လို့ အဲဒီ အဖွဲ့အစည်းက ထုတ်လုပ် ရောင်းချနေတဲ့ ထုတ်ကုန်တွေကို ကြည့်နေတာ ဆိုရင်တော့ ကျွန်တော်တို့ဟာ - ကြော်ငြာတစ်ခုကို ကြည့်နေတာ ဖြစ်တဲ့ အကြောင်း - သတိရနေလိုက်ပါ
- တကယ်လို့ အခြားသော နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်ရဲ့အင်တာနက် စာမျက်နှာ တစ်ခု (၀က်ဘ်ဆိုဒ် တစ်ခု)က နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို ဖတ်နေရပြီဆိုရင်တော့ - သင်ဟာ ဆန့်ကျင်ဘက် အမြင်တွေကို ဖတ်နေတာပဲ ဖြစ်ပါတယ်..
- ကိုယ်ကြည့်နေတဲ့ အင်တာနက် စာမျက်နှာဟာ နိုင်ငံရေး သို့မဟုတ် စိတ်ဓါတ် ရေးရာပိုင်းဆိုင်ရာ ရည်ရွယ်ချက်များနဲ့ ထူထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အင်တာနက် ဆာဗာပေါ်က ဖြစ်နေခဲ့မယ် ဆိုရင်
- ကိုယ် ရှာနေတာက လူသားမျိုးနွယ်နဲ့ သက်ဆိုင်တဲ့ သိပ္ပံနည်းပညာ ဆိုင်ရာ သတင်းများကို ရှာဖွေနေတာ ဆိုရင် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုကနေ အဲဒီလို အကြောင်းအရာမျိုးကို ရနိုင်မရနိုင် စဉ်းစားကြည့်ဖို့ လိုပါတယ်..
- အစွန်းရောက်တဲ့ အမြင်တွေကို အလွယ်တကူ စစ်ဆေး တွေ့ရှိနိုင်လိမ့်မယ် လို့ ဘယ်တော့မှ မယူဆပါနဲ့... အဲဒီလို အမြင်တွေကို ထိုးဖောက် စည်းရုံးနေတဲ့ အင်တာနက် နေရာအချို့ကို ကြည့်လိုက်ရင် ပညာရေးဆိုင်ရာ အတွက်လို့ ထင်ရအောင် လုပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်.. ပိုပြီး အသေးစိတ် သိချင် ရင်တော့ နယူးယော့တိုင်း ၁၉၉၉ မတ် ၁၈ မှာပါရှိတဲ့ Rising Tide: Site Born of hate ကို ဖတ်ကြည့်နိုင်ပါတယ်
ဆက်လက် ဖော်ပြပါမည်....
ရည်ညွန်း-
http://www.lib.berkeley.edu/TeachingLib/Guides/Internet/Evaluate.html
http://www.library.jhu.edu/researchhelp/general/evaluating/#e