ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jun 29, 2007

XSS သို့မဟုတ် Cross-Site Scripting - အသုံးအနှုံးများ


အသုံးအနှုံးများ
အစောပိုင်းကာလတွေတုန်းကတော့
CSS လို့အတိုကောက် ပြောရင် Cross-Side Scripting ရဲ့ အားနည်းချက်တွေကို ပြောတယ်ဆိုတာ
နားလည်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆက်လက်ထွက်ပေါ်လာတဲ့ -

  • Cascading-Style Sheets - အင်တာနက်စာမျက်နှာတွေ ရေးသားတဲ့အခါ အဆင်အပြင် ပိုပြီးကြည့်ကောင်းအောင် အသုံးပြုရတဲ့ ဘာသာစကားတစ်မျိုး နဲ့
  • Content Scrambling System - စီးပွားဖြစ်ထုတ်လုပ်တဲ့ ဒီဗွီဒီတွေမှာအထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကို အခြားသူတွေ အလွယ်တကူ ကြည့်လို့မရအောင် ဖန်တီး(Encrypt) လုပ်ထား၊ ရောမွှေထားတဲ့နည်းစနစ်
တွေရဲ့ အတိုကောက် စာလုံးတွေနဲ့ မှားယွင်းစရာ ဖြစ်လာပါတယ် ...

Steve Champeon

XSS ဆိုတဲ့ အတိုကောက်စကားလုံးကို ပထမဆုံးစပြီးသုံးခဲ့တဲ့ သူကတော့ Steve Champeon ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ webmonkey.com ဆိုတဲ့ အင်တာနက်စာမျက်နှာတွေ ရေးသားတည်ဆောက်တဲ့ နည်းလမ်းတွေအကြောင်း အစကနေ အဆုံးအထိ အမျိုးမျိုးရှင်းပြထားတဲ့ Online Tutorial ၀က်ဘ်ဆိုဒ်မှာ "XSS, Trust, and Barney" ဆိုတဲ့ ခေါင်းစဉ်နဲ့ Cross-Side Scripting အကြောင်းကို XSS ဆိုတဲ့ အခေါ်အဝေါ်နဲ့ စတင်ရေးသားခဲ့တာပါ။ နောက်ပိုင်းမှာ လုံခြုံရေးနည်းပညာ အသိုင်းအ၀ိုင်းတစ်ခုလုံးက ဒီအပြောင်းအလဲကို အလျင်အမြန်ပဲ လက်ခံအသုံးပြုခဲ့ကြပါတယ်။

အခုအချိန်မှာဆိုရင် Cross-Side Scripting ကို CSS ရယ်လို့ အလွန်အသုံးနည်းသွားပါပြီ။
သုံးထားခဲ့ပြီးသား အင်တာနက်စာမျက်နှာအချို့မှာပဲ ကျန်နေပါတော့တယ် ...

(နောက်လာမယ့် အကြောင်းအရာတွေက ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေရှိနေလို့ အချိန်ပေး လေ့လာ ဘာသာပြန်နေရတဲ့ အတွက် ဒီနေရာမှာပဲ ခဏလေး ရပ်ထားပါ့မယ် ... နောက်နေ့ မှာ XSS ရဲ့ပျော့ကွက်တွေကို အသုံးချပြီး တိုက်ခိုက်ခံရနိုင်တဲ့နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးပါ့မယ် ...)

  • webmonkey.com ဆိုတဲ့ ဆိုဒ်လေးကိုလည်း သွားလေ့လာကြည့်ကြဖို့ web development အကြောင်းလေ့လာချင်တဲသူတွေကို တိုက်တွန်းချင်ပါတယ် ...
ဆက်လက်ဖော်ပြပါမည် ....