ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jun 24, 2007

XSS သို့မဟုတ် Cross-Site Scripting


ဒီရက်ပိုင်းတွေမှာ ကျွန်တော် XSS သို့မဟုတ် Cross-Site Scripting ဆိုတာလေးကို
လေ့လာနေမိပါတယ်။ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့
အကြောင်းအရာ တစ်ခုလည်းဖြစ်ပါတယ်။
ဒါဟာ -

  • ကွန်ပျုတာသုံးနေတဲ့ သူတွေရဲ့ မသိနားမလည်မှု၊ ဗဟုသုတ နည်းပါးမှုတွေကို
  • အခွင့်အရေးတစ်ခုလို အသုံးချတတ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ Web User တွေက
  • တခြားသော မသိနားမလည်သူတွေကြည့်ရှုမည့် Web စာမျက်နှာများ အတွင်းမှာ
  • သူ့တို့အတွက် အလုပ်လုပ်ပေးမယ့် သင်္ကေတ Code တွေကို တိတ်တဆိတ်ထည့်သွင်းပေး လိုက်နိုင်တဲ့ Web Application တွေမှာ တွေ့ရတတ်တဲ့
  • ကွန်ပျုတာတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။
အဲဒီ သင်္ကေတတွေထဲကအချို့ကို ဥပမာအနေနဲ့ ဖော်ပြရရင် -
  • HTML သင်္ကေတတွေနဲ့
  • Client-side script တွေ ပါဝင်ပါတယ် ။
Client-side script ဆိုတာကတော့ -
  • web page တွေကို ကြည့်ရှုမယ့် user တွေရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲ - Browser ပေါ်မှာ အလုပ်လုပ်အောင် ဖန်တီးရေးသားထားသော၊
  • user တွေရဲ့ ဆောင်ရွက်ချက်တွေ၊ နေရာဒေသတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ အပေါ်မူတည်ပြီး web page ထဲက အကြောင်းအရာများကို အလိုက်သင့် ပြောင်းလဲ နေအောင် ဖန်တီးရေးသားထားသော
  • အင်တာနက် စာမျက်နှာများအတွင်းက ကွန်ပျုတာ ပရိုဂရမ် အတန်းအစား တစ်ခုဖြစ်ပါတယ် ...
  • အများအားဖြင့် HTML, Java Script (client-side Java Script), Images, ActiveX, Java ဘာသာစကားမျိုးတွေ နဲ့ အခြားသော အင်တာနက်နည်းပညာတွေကို သုံးပြီး ရေးလေ့ရှိကြပါတယ် ...
ဒီလိုတိုက်ခိုက်မှုတွေမှာ ဘာတွေပါဝင်လဲဆိုတော့ -
  • Phishing - လို့ခေါ်တဲ့ user name တွေ , password တွေနဲ့ credit card ဆိုင်ရာ အသေးစိတ်အချက်အလက်များ စတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို တိတ်တဆိတ် နှိုက်ထုတ်ယူဆောင်ခြင်း
  • Browser exploit - လို့ခေါ်တဲ့ အင်တာနက်ကြည့် Browser ရဲ့ ဆော့ဖ်ဝဲ ဆိုင်ရာ အားနည်းချက်တစ်ခုခုကို အသုံးချပြီး - Browser ဆော့ဖ်ဝဲကို ရပ်တန့်ပစ်လိုက်ခြင်း၊ user ကွန်ပျုတာထဲက ဖိုင်တွေကို ဖတ်ရှု ရေးသားခြင်း၊ ဗိုင်းရပ်စ်များထည့်သွင်းခြင်း နဲ့ ထောက်လှမ်းရေးဆော့ဖ်ဝဲ ( spyware ) များ ထည့်သွင်းလိုက်ခြင်း
အစရှိတဲ့ အရာတွေပါဝင်ပါတယ် ...

ဆက်လက်ဖော်ပြပါမည် ....