အနမ်းတစ်ပွင့်ရဲ့ အသုံးဝင်မှုလေးတစ်ခု
အပေါ်က ခေါင်းစဉ်ကို ဖတ်ပြီး တောင်တောင်အီအီ မတွေးကြပါနဲ့ ခင်ဗျာ။
Youtube Video တွေကို Download အလွယ်လုပ်တဲ့နည်း လေးပါ။
ကျွန်တော်တို့တတွေ ကွန်ပျုတာပရိုဂရမ်တွေ ဖန်တီးတဲ့ အခါမှာဖြစ်စေ၊ အများသုံးပစ္စည်းတွေ ဖန်တီးကြတဲ့အခါမှာဖြစ်စေ မဖြစ်မနေ အတတ်နိုင်ဆုံး လိုက်နာကြတဲ့ နည်းဥပဒေသ တစ်ခုရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် KISS ( Keep It Sweet & Simple ) လို့ ခေါ်ပါတယ်။ သဘောကတော့ အသုံးပြုရတာလည်းကောင်းမွန်အောင်၊ ရိုးစင်းလွယ်ကူမှုလည်း ရှိနေအောင် သေသေချာချာ ဖန်တီး ထားရမယ် လို့ဆိုလိုတာပါ။
အခု Youtube Video တွေကို Download လုပ်ပေးနိုင်တဲ့ နည်းလေးကလည်း ဒီဥပဒေသကို ကောင်းကောင်းလိုက်နာထားတဲ့ နည်းလေးဖြစ်ပါတယ်။ ဒီလို ကျွန်တော်တို့ရဲ့ ကွန်ပျုတာထဲကို သိမ်းထားနိုင်ဖို့ အတွက် ဘာဆော့ဖ်ဝဲ၊ ဘာပရိုဂရမ်ကိုမှ Install လုပ်စရာမလိုအပ်သလို၊ ဘယ် Web site ကိုမှလည်း bookmark လုပ်ထားစရာ မလိုပါဘူး။
အနမ်း (KISS)ဆိုတဲ့ စကားလုံးလေးကို မှတ်ထားလိုက်ရုံပါပဲ။
ကဲ အနမ်း (KISS)လေးကိုဘယ်လို သုံးမလဲကြည့်ကြရအောင်။
youtube web site ကနေ ဗီဒီယိုတစ်ခုကိုကြည့်နေရင်း သဘောကျလို့ ကိုယ့်စက်ထဲမှာ သိမ်းထားချင်တယ်ဆိုရင်တော့
- ကိုယ်သုံးနေတဲ့ Web browser ရဲ့ Address bar ထဲက အဲဒီ ဗီဒီယိုဖိုင်ရဲ့ လိပ်စာ (URL) ရှေ့မှာ kiss ဆိုတဲ့ စာလုံးလေးပေါင်းထဲ့ပြီး
- ကီးဘုတ်က Enter ခလုတ်လေးကို နှိပ်လိုက်ရုံပဲ ဖြစ်ပါတယ်။
ဥပမာ- http://www.youtube.com/watch?v=tRTk0RPXtW4 ဆိုတဲ့ ဗီဒီယိုလေးကို လိုချင်တယ်ဆိုရင်
http://www.kissyoutube.com/watch?v=tRTk0RPXtW4 လို့ kiss စာလုံးလေးကို www. နဲ့ youtube.com ကြားထဲမှာ ပေါင်းထည့်ပေးလိုက်တာပါဘဲ။
အဲဒီအခါမှာ လိပ်စာအသစ်က Download လုပ်ပေးမယ့် နေရာကို ရောက်သွားမှာပါ။ အဲဒီနေရာမှာ -



ဆိုတဲ့ အမိန့်ပေးချက်တွေကိုသုံးပြီး ဆက်လုပ်သွားရုံပါပဲ။
အောက်မှာ မူရင်း Video ကိုလည်းကြည့်လို့ ရပါတယ်...
ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ...
REF - www.kissyoutube.com