XSS သို့မဟုတ် Cross-Site Scripting - အမျိုးအစားများ
အမျိုးအစားများ
အခုအချိန်တွင် XSS ၏အားနည်းချက်များကို အမျိုးအစားသုံးမျိုးဖြင့် ဖော်ပြကြသည်။
၎င်းတို့ကို အခေါ်ရလွယ်စေရန် အားနည်းချက် (၁)(၂)(၃) ဟု အမည်ပေးလိုက်ပါမည်။
အားနည်းချက် (၁)
XSS ၏အားနည်းချက်(၁) ကို DOM-based သို့မဟုတ် Local cross-site scripting ဟုပြောကြသည်။ ပြဿနာက တခြားနေရာမှာ မရှိဘဲ ၄င်းအင်တာနက် စာမျက်နှာအတွင်းမှာပင် ရှိနေသည်။ ဥပမာ - ဆိုကြပါစို့
အားနည်းချက် (၂)ကို non-persistent သို့မဟုတ် reflected ပျော့ကွက် ဟုပြောကြသည်။ အမြဲတမ်း ရှိမနေဘဲ အခြေအနေအချို့အပေါ်မူတည်ပြီး ဖြစ်လာသည့် ပျော့ကွက်ဖြစ်သည် ဟု ဆိုနိုင်သည်။ အများဆုံးဖြစ်လေ့ရှိသော ပျော့ကွက်လည်းဖြစ်သည်။

အစပိုင်းတွင် ဤဖြစ်ရပ်မှာ-
အားနည်းချက် (၃)
အားနည်းချက် (၃)ကို သိမ်းဆည်းထားသော (သို့) အမြဲရှိနေသော (သို့) ဒုတိယအဆင့် ပျော့ကွက်၊အားနည်းချက် ဟု ပြောလေ့ ရှိကြသည်။ အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှုအမျိုးအစားများ ဖြစ်ပေါ်စေနိုင်သည်။
ဥပမာတစ်ခု အနေဖြင့်
သားကောင်၏ ကွန်ပျုတာများအတွင်းသို့ သင်္ကေတများ ထည့်သွင်းတိုက်ခိုက်ပုံ နည်းစနစ်များ (Methods of Injection) မှာ အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။
ဆက်လက်ဖော်ပြပါမည် ....
အခုအချိန်တွင် XSS ၏အားနည်းချက်များကို အမျိုးအစားသုံးမျိုးဖြင့် ဖော်ပြကြသည်။
၎င်းတို့ကို အခေါ်ရလွယ်စေရန် အားနည်းချက် (၁)(၂)(၃) ဟု အမည်ပေးလိုက်ပါမည်။
အားနည်းချက် (၁)
XSS ၏အားနည်းချက်(၁) ကို DOM-based သို့မဟုတ် Local cross-site scripting ဟုပြောကြသည်။ ပြဿနာက တခြားနေရာမှာ မရှိဘဲ ၄င်းအင်တာနက် စာမျက်နှာအတွင်းမှာပင် ရှိနေသည်။ ဥပမာ - ဆိုကြပါစို့
- အကယ်၍ JavaScript သင်္ကေတ တစ်ခုသည် အင်တာနက်လိပ်စာ (URL) တစ်ခုကို တောင်းဆိုသည့် ဆောင်ရွက်ချက်တစ်ခုကို ပြုလုပ်ပြီးနောက်
- ရရှိလာသော အချက်အလက်များကို အသုံးပြုပြီး
- မူလစာမျက်နှာအတွင်းမှာပင် HTML အချို့ပြန်ရေးလိုက်သည့် အခါမျိုးတွင် XSS ဂယ်ပေါက်(hole) တစ်ခုဖြစ်လာသည်။
- Internet Explorer ဆော့ဖ်ဝဲ၏ Local Zone ဟုခေါ်သော၊ အင်တာနက်သုံးနေသူများ၏ ဟာ့ဒ်ဒစ်အတွင်းရှိ Client-site script များကိုကိုင်တွယ် လုပ်ဆောင်ပုံကြောင့်၊
- အားနည်းချက်(၁)မှတဆင့် အဝေးမှ ထိမ်းကျောင်းနိုင်သော အနေအထားမျိုးအထိ ဖြစ်သွားစေနိုင်သည်။
- တိုက်ခိုက်သူတစ်ဦးသည် ကောက်ကျစ်သော ၀က်ဘ်ဆိုက်တစ်ခုကို အသုံးပြုလျက်ရှိနေသည်။
- ၄င်းဆိုက်တွင် အင်တာနက်သုံးနေသူတစ်ဦး၏ ကွန်ပျုတာအတွင်းရှိ ဂယ်ပေါက်ဖြစ်နေသော စာမျက်နှာတစ်ခုနှင့် ချိတ်ဆက်မှု(Link)တစ်ခုပါဝင်နေသည့် ဆိုပါစို့။
- ထိုအခါတွင် တိုက်ခိုက်သူသည် သားကောင်၏ အင်တာနက်ကြည့်ဆော့ဖ်ဝဲ အတွင်းမှ ဟာကွက်ကိုကောင်းစွာအသုံးချပြီး ၄င်းလိုရာ သင်္ကေတများကို သားကောင်၏ ကွန်ပျုတာအတွင်းသို့ တိတ်တဆိတ် ထည့်သွင်းလိုက်နိုင်သည်။
အားနည်းချက် (၂)ကို non-persistent သို့မဟုတ် reflected ပျော့ကွက် ဟုပြောကြသည်။ အမြဲတမ်း ရှိမနေဘဲ အခြေအနေအချို့အပေါ်မူတည်ပြီး ဖြစ်လာသည့် ပျော့ကွက်ဖြစ်သည် ဟု ဆိုနိုင်သည်။ အများဆုံးဖြစ်လေ့ရှိသော ပျော့ကွက်လည်းဖြစ်သည်။
- ဆာဗာဘက်ခြမ်းရှိ သင်္ကေတများ (Server-site scripts)အနေဖြင့် အင်တာနက်သုံးနေသူ တစ်ဦးမှ ထည့်သွင်းပေးလိုက်သော အချက်အလက်များကို အသုံးပြုပြီး
- ၄င်းအင်တာနက်သုံးသူအတွက် လိုအပ်သော စာမျက်နှာတစ်ခုကို
- ဖြေကြားချက်အဖြစ် ချက်ချင်းပြန်လည် ပေးပို့ရလေ့ရှိသည်။
- အကယ်အားဖြင့် အသုံးပြုသူများ ထည့်ပေးလိုက်သည့် အချက်အလက်များကို စနစ်တကျ စစ်ဆေးခြင်းမပြုဘဲ (Unvalidated User-supplied Data အဖြစ်) လက်ခံမိလိုက်သည့်အခါ၊
- ၄င်းအချက်အလက်များမှာ ဆာဗာမှ ပြန်လည်ပေးပို့လိုက်သည့် စာမျက်နှာများထဲတွင် ပါဝင် သွားသည်။
- ဤအခြေအနေမျိုးက အသုံးပြုသူဘက်ရှိ သင်္ကေတများကို အသက်ဝင်ပြောင်းလဲနေသော (Dynamic) စာမျက်နှာတစ်ခု အတွင်းသို့ ထည့်ပေးလိုက်သလို ဖြစ်သွားစေသည်။
- အကယ်၍ တစ်စုံတစ်ယောက်သည် ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုတွင် ရှာဖွေလိုသည့် စကားလုံးများ ထည့်သွင်းသည့်အခါ
- HTML မှ အထူးသင်္ကေတအချို့ကို ထည့်သွင်းရှာဖွေလိုက်သည်ဆိုပါစို့၊
- ထိုအခါတွင် ထိုသူ ထည့်သွင်းရှာဖွေလိုက်သော စာကြောင်းများကို
- ရရှိလာသော အဖြေများထဲတွင် ပြန်လည်ထည့်သွင်း ဖော်ပြပေးခြင်း သို့မဟုတ်
- ရှာနေသော အကြောင်းအရာကို အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးခြင်းမျိုးကို မဖြစ်မနေဆောင်ရွက်ပေးရသည်။
- အကယ်၍ ထည့်ပေးလိုက်သော အသုံးအနှုံးများအားလုံးတွင် HTML အတွက် အကျုံးမ၀င်သော အချက်အလက်များ ပါလာသည့်အခါ XSS ဂယ်ပေါက် တစ်ခု ဖြစ်လာသည်။

အစပိုင်းတွင် ဤဖြစ်ရပ်မှာ-
- အင်တာနက်သုံးသူများအနေဖြင့် မိမိ၏အင်တာနက်ကြည့် ဆော့ဖ်ဝဲအတွင်းရှိ စာမျက်နှာများတွင်သာ သင်္ကေတများ ပြန်လည်ထည့်သွင်းလိုက်သလိုမျှသာ ဖြစ်နေသောကြောင့်
- ဆိုးဆိုးရွားရွား ပြဿနာတစ်ရပ်အနေဖြင့် ပေါ်လာခဲ့ခြင်း မရှိပေ။
- သို့ရာတွင် တိုက်ခိုက်မှုလုပ်ဆောင်လိုသူတစ်ဦးအနေဖြင့် Social Engineering နည်းပညာအချို့ကို အသုံးပြုပြီး
- အင်တာနက်သုံးသူတစ်ဦးထံသို့
- ၄င်းအတွက် အလုပ်လုပ်ပေးမည့် သင်္ကေတများ ပါဝင်နေသော စာမျက်နှာတစ်ခုထံသို့ ရောက်ရှိစေမည့် အင်တာနက်လိပ်စာတစ်ခုကို ဖွင့်ကြည့်မိစေရန် စည်းရုံးသိမ်းသွင်း နိုင်စေသည့် အခွင့်အရေး ရရှိစေနိုင်လာသည်။
အားနည်းချက် (၃)
အားနည်းချက် (၃)ကို သိမ်းဆည်းထားသော (သို့) အမြဲရှိနေသော (သို့) ဒုတိယအဆင့် ပျော့ကွက်၊အားနည်းချက် ဟု ပြောလေ့ ရှိကြသည်။ အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှုအမျိုးအစားများ ဖြစ်ပေါ်စေနိုင်သည်။
ဥပမာတစ်ခု အနေဖြင့်
- အင်တာနက်ပေါ်ရှိနေရာ (သို့) ဆာဗာ (သို့) ဖိုင်သိုလှောင်သိမ်းဆည်းရေးစနစ် တစ်ခုခု အတွင်းသို့ အသုံးပြုနေသူတစ်ဦးက (ပထမလူ-တိုက်ခိုက်သူ) အချက်အလက်များကို ပေးပို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
- နောက်တစ်ချိန်တွင် အခြားသော အသုံးပြုသူတစ်ဦးက (ဒုတိယလူ-သားကောင်) ၄င်းစာမျက်နှာကို ဖွင့်ကြည့်လိုက်မိသည့်အခါတွင် တိုက်ခိုက်သူဆင်ထားသော ထောင်ချောက်ထဲသို့ ရောက်ရှိသွားရတော့သည်။
- အထူး စံထားပြသနိုင်သည့် ဥပမာတစ်ရပ်မှာ Online Message Boards များဖြစ်သည်။
- ၄င်းနေရာများသည် အခြားသော ကြည့်ရှုသူများဖတ်ရှုနိုင်ရန်အတွက် HTML သင်္ကေတများကို ထည့်သွင်းနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ကြောင့်ဖြစ်သည်။
သားကောင်၏ ကွန်ပျုတာများအတွင်းသို့ သင်္ကေတများ ထည့်သွင်းတိုက်ခိုက်ပုံ နည်းစနစ်များ (Methods of Injection) မှာ အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။
- တိုက်ခိုက်သူတစ်ဦးသည် အထက်တွင်ဖော်ပြထားခဲ့သော ပျော့ကွက်၊ ဟာကွက်များ သားကောင်၏ ကွန်ပျုတာပေါ်တွင် ဖြစ်ပေါ်လာစေရန်အတွက် အင်တာနက်အသုံချဆော့ဖ်ဝဲ (Web Application) တစ်ခုခုကို အသုံးပြုရန် လိုချင်မှ လိုမည်ဖြစ်သည်။
- အင်တာနက် အသုံးချဆော့ဖ်ဝဲ (အီးမေးလ် ၊ System log စသည့်) အရာတစ်ခုခုမှ လက်ခံရရှိလိုက်သည့် (တိုက်ခိုက်သူတစ်ဦးမှ ထိန်းချုပ်ထားနိုင်ချေရှိနေသော) မည်သည့် အချက်အလက်မဆိုသည် အသက်ဝင် နေသော စာမျက်နှာတစ်ခုအဖြစ် (Dynamic page) ပြန်လည်ဖော်ပြရမည့်နေရာတွင်
- ရှိသင့်ရှိထိုက်သော သက်ဆိုင်ရာ သင်္ကေတများဖြင့် အပြည့်အ၀ ပါရှိနေရမည် ဖြစ်သည်။
- အကယ်၍ ပါရှိမနေပါက ရလာဒ်အနေဖြင့် XSS ဆိုင်ရာ ဂယ်ပေါက် တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
ဆက်လက်ဖော်ပြပါမည် ....
