XSS သို့မဟုတ် Cross-Site Scripting - မူလနေရာတူညီခြင်း
မူလနေရာတူညီခြင်း
အဓိကအားဖြင့်တော့ အင်တာနက်ကြည့်ဆောဖ့်ဝဲတွေဟာ လက်ရှိနေရာ(စာမျက်နှာ)ကနေ အပြင်ဘက်တစ်နေရာကို ခုန်ကူးရတဲ့ အခါမှာ လုံခြုံမှုရရှိစေဖို့အတွက် Same origin policy ဆိုတဲ့နည်းလမ်းတစ်ခုကို အသုံးပြုကြပါတယ်။ JavaScript မှာအသုံးများပါတယ်။ ဒီနည်းလမ်းကို သုံးလိုက်တဲ့ အတွက်တစ်နေရာကနေ နောက်တစ်နေရာကို သွားရတော့မယ်ဆိုရင် စိတ်ချလက်ချ သွားလို့ရပါတယ်။
ဒီနည်းလမ်းလေးရဲ့ အလုပ်လုပ်ပုံလေးကို အောက်မှာ ဇယားလေးနဲ့ ရှင်းပြထားပါတယ်။
တစ်နေရာကနေ နောက်တစ်နေရာပြောင်းအကူးအပြောင်းမှာ
Domain တွေအချင်းချင်း Prorocol တွေအချင်းချင်း တူနေမှ အပြောင်းအလဲကို ဆက်လုပ်နိုင်အောင် လုပ်ပေးတဲ့နည်းဖြစ်ပါတယ် …
ဒီနည်းကြောင့် ကောက်ကျစ်စဉ်းလဲတဲ့ ၀က်ဘ်ဆိုက်တစ်ခုဟာ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ ဖွင့်ထားတဲ့ အခြား window တစ်ခုအတွင်းမှာ ရှိနေတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို JavaScript အသုံးပြုပြီး မခိုးယူနိုင်မှာ ဖြစ်ပါတယ် …. (ကွန်ပျုတာထဲက အချက်အလက်တွေကို ပြောတာမဟုတ် …)
Origin ဆိုတဲ့ အသုံးအနှုံးက မူလစာမျက်နှာ နဲ့ နောက်ထပ်သွားရမယ့် စာမျက်နှာတွေကြားမှာ
အသုံးပြုထားတဲ့ domain name, protocol နဲ့ port တွေ တူနေရမယ်လို့ ဆိုလိုပါတယ်။ အင်တာနက် စာမျက်နှာတွေကြားမှာ အဲဒီအချက် သုံးချက်တူညီမှုရှိနေတာကို မူလနေရာတူညီခြင်း Same Origin လို့ဆိုလိုပါတယ်။ ဒီလိုတူနေမှ စာမျက်နှာတစ်ခုကနေ နောက်တစ်ခုပြောင်းရတဲ့အခါ ပါသွားမယ့် အချက်အလက်အချို့ အတွက် စိတ်ချရတဲ့ သဘောပါ။
အထက်က ဇယားလေးကို သေသေချာချာ လေ့လာလိုက်ရင်
..www.example.com/dir/page.html.. ဆိုတဲ့နေရာကနေ တခြားနေရာတွေကို သွားပြထားတာ ဖြစ်ပါတယ် -
- အပေါ်ဘက်နှစ်ခုကတော့ Same Origin ဖြစ်ပြီးလို့ဆက်သွားလို့ရပြီး
- အောက်ဘက်ကလေးခုမှာ protocol မတူတာ၊
- host (domain) အမည်မတူတာ၊
- port မတူတာ တွေကြောင့် အကူးအပြောင်း မလုပ်ပေးတာ မြင်ရမှာ ဖြစ်ပါတယ် …
ဒီသဘောလေးက ပြင်ပလောကမှာလည်း အတူတူပါပဲ။ တစ်နယ်တည်းသားအချင်း၊ တစ်တန်းတည်းသား အချင်းချင်း၊ တစ်အိမ်တည်းသားချင်း၊ တစ်ကျောင်းတည်းထွက်ချင်း အစ ရှိတဲ့ မူလနေရာ (Same Origin) တူတဲ့သူ အချင်းချင်း စိတ်ချလက်ချ ပေါင်းလို့ရတဲ့ သဘောအတိုင်းပါပဲ ….
(ချွင်းချက်လေးတွေ ရှိနိုင်တာကို ခဏဖယ်ပြီး စဉ်းစားတာပါ…)
Netscape ကသူ့ရဲ့ JavaScript မှာ အဲဒီနည်းလမ်းလေးကို စတင်လိုက်တဲ့အချိန်ကစပြီးတော့
အင်တာနက်အသုံးပြုသူတွေကို ကောက်ကျစ်စဉ်းလဲတဲ့ website တွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်အောင် အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးမျိုးနဲ့ အင်တာနက်အသုံးပြုသူတွေအတွက်ရေးပေးရတဲ့ (client-side scripting) ပရိုဂရမ် ဘာသာစကားအမျိုးမျိုးမှာ အလားတူနည်းလမ်း တွေကို သုံးပြီး အကာအကွယ်ပေးလာ ကြပါတယ်။
ယေဘုယျအားဖြင့်တော့ Cross-site Scripting ဆိုတာဟာ အင်တာနက် စာမျက်နှာတွေရဲ့ ပျော့ကွက်တွေ၊ အားနည်းချက်တွေကို မသမာသူတွေက ရှာဖွေပြီး သူတို့ လိုချင်တဲ့ နေရာ၊ လမ်းကြောင်းပေါ်ကို ရောက်အောင် ဆွဲခေါ်သွားတဲ့ နည်းလမ်းတွေပါပဲ ….
မသမာသူတစ်ဦးဟာ အခြားသော အင်တာနက်နေရာ (Domain) များမှာ တည်ရှိအသုံးပြုနေတဲ့ စာမျက်နှာများအတွင်းကို ကောက်ကျစ်ဆိုးရွားတဲ့ သင်္ကေတတွေ (scripts) ကို နည်းအမျိုးမျိုးနဲ့ ရှာဖွေထည့်သွင်းပြီး ၊ စာမျက်နှာတစ်ခုအတွင်းမှာပါတဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ၊ session cookie နဲ့ အခြားသော အကြောင်းအရာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိ အသုံးပြုသွားနိုင်တယ် ဆိုတာလေးကို သေသေချာချာလေး နားလည်ထားဖို့ အရေးကြီးပါတယ် …
အခုလို သိထားမယ်ဆိုရင်-
- လင့်ခ် တွေ့တိုင်း ကလစ်လုပ်တာမျိုး၊
- ပုံ လှလှလေး (လှလှလေး :P) တွေ့လို့ ကလစ်လုပ်တာမျိုး ၊
- စိတ်ဝင်းစားလောက်စရာ စာကြောင်းလေးတွေ့လို့ ကလစ်လုပ်တာမျိုးတွေကို လုပ်မိတော့မယ်ဆိုရင် အနည်းနဲ့ အများ သတိထားနေမိတော့မှာ သေချာပါတယ် …..
အောက်က ဗီဒီယိုလေးကို ပြန်ကြည့်လိုက်ပါဦးလား ...
ပိုပြီး သဘောပေါက်သွားတာပေါ့ ….