ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Sep 21, 2007

Utilities On Web (3) - Google Online Translator


အင်တာနက်ထဲမှာ တစ်ခုခု သိချင်တာ ရှာရင်းဖွေရင်း
ကိုယ်မသိတဲ့ ဘာသာစကားတွေ ပေါ်လာခဲ့ရင် Google က အလွယ်တကူ ဘာသာပြန်ပေးနိုင်ပါတယ်

အသေးစိတ်ကိုတော့ ပုံလေးတွေမှာ နမူနာ လေ့လာ နိုင်ပါတယ်
လက်တွေ့ ဘာသာပြန်ချင်တယ် ဆိုရင်တော့ အောက်ဘက်မှာ တိုက်ရိုက်လမ်းကြောင်းတွေ ရှိပါတယ် ..
သိထားပြီးသား ရောင်းရင်းတွေအတွက်တော့ သိပ်မထူးတော့ပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ အဆင်ပြေမှာပါ...

Google မှာ ကိုယ်က အင်္ဂလိပ်လိုရှာနေတာ ရလာတဲ့ အဖြေတွေက တခြားဘာသာတွေဖြစ်နေရင်လည်း Google က ဘာသာပြန်ပေးနိုင်တယ်ဆိုရင် [Translate this page]ဆိုပြီး ဘေးမှာ တွေ့နိုင်ပါတယ် အဲဒီစာလေးကို နှိပ်လိုက်တာနဲ့ ကျွန်တော်တို့ ရှာနေတဲ့ ဘာသာစကားနဲ့ (အများအားဖြင့် အင်္ဂလိပ်လို) ဘာသာပြန်ပေးထားတဲ့ စာမျက်နှာတွေကို မြင်ရမှာ ဖြစ်ပါတယ် ...

ရုရှားက အင်တာနက်ဆိုဒ်တွေနဲ့ အာရပ်ကမ္ဘာက အင်တာနက် ဆိုဒ်တွေအထဲမှာ ကျွန်တော်တို့ မသိသေးတဲ့ ဆိုဒ်တွေ အများကြီးကျန်နေပါသေးတယ် ဆော့ဖ်ဝဲတွေ နည်းပညာနဲ့ စာအုပ်စာတမ်းတွေကို ဝေမျှနေကြတာပါ... အဲဒီဆိုဒ် တွေထဲကို Google ကနေရှာရင်း ထွက်လာတဲ့ အဖြေတွေထဲက [Translate This Page], Cached စတဲ့ Google ရဲ့ အံ့မခန်း ၀န်ဆောင်မှုတွေကို အသုံးပြုပြီး အဲဒီဆိုဒ်တွေထဲကို Log in လုပ်နေစရာမလိုတော့ဘဲနဲ့ အမြန်ဝင်ကြည့်နိုင်ပါတယ် ကိုယ်လိုချင်တာတွေရှာနိုင်ပါတယ်... ဆော့ဖ်ဝဲ ဒေါင်းလုဒ်လင့်ခ် တွေကိုလည်း ရနိုင်ပါတယ်







သူငယ်ချင်း ညီအကိုမောင်နှများ အားလုံး
အင်တာနက်ကို အမြန်ဆုံးနဲ့ အကျိုးအများဆုံး ရအောင် အသုံးချနိုင်ကြပါစေ...