ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Sep 9, 2007

Utilities On Web (1) - Gmail Password Recovery


Google Password Recovery
Gmail စကားဝှက်မေ့သွားတဲ့ အခါမျိုးတွေ ကြုံဖူးကြမှာပါ ...
အဲဒီလို အချိန်မျိုးမှာ အတော်လေး စိတ်ညစ်စရာ ကောင်းတယ်ဆိုတာ ကြူံဖူးသူတိုင်း သိကြပါတယ်...
ဒီအခက်အခဲလေးကို Reactive Software ကထုတ်တဲ့ Google Talk Password Recovery ဆိုတဲ့ ပရိုဂရမ်လေးက ကူညီ ဖြေရှင်းပေးနိုင် ပါတယ်...
သူ့ရဲ့ အလုပ်လုပ်ပုံကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျုတာတွေမှာ ရှိနေတဲ့ Google နဲ့သက်ဆိုင်နေတဲ့ GTalk, Google Toolbar, Gmail Notifier, Picasa2 အစရှိတဲ့ ပရိုဂရမ်များ၊ IE(Internet Explorer)၊ Mozilla Firefox, Thunderbird စတဲ့ အင်တာနက်ကြည့်တဲ့ ဆော့ဖ်ဝဲတွေက သိမ်းဆည်းပေးထားတဲ့ Gmail စကားဝှက်တွေကို ပြန်ရှာပေးတာ ဖြစ်ပါတယ်..
Google password recovery program

ဒီပရိုဂရမ်ဟာ အထက်မှာ ဖော်ပြထားတဲ့ ဆော့ဖ်ဝဲတွေ အနက်က အနည်းဆုံး တစ်ခုခုမှာ သိမ်း(Saved)ထားခဲ့ ဖူးတဲ့ စကားဝှက် တွေကိုသာ ပြန်ရှာပေးနိုင်တဲ့ အကြောင်း ရှင်းပြ ထားတာကို အောက်မှာ ဖော်ပြထားတဲ့ မူရင်းနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်...
ကျွန်တော်တို့ရဲ့ Gmail, Gtalk စကားဝှက်တွေဟာ ကျွန်တော်တို့ ကွန်ပျုတာတွေမှာ ပဲရှိနေပါတယ် ... (အကယ်၍ သိမ်းထားခဲ့မယ်ဆိုရင်၊ အင်တာနက်ကြည့်ဆော့ဖ်ဝဲ IE နဲ့ Firefox တွေကို မှတ်ခိုင်းထားခဲ့မိတယ်ဆိုရင်)
နောက်တစ်နေရာ ကတော့ Google ရဲ့ GMail Server ပေါ်မှာ ဖြစ်ပါတယ်..
(Google ရဲ့ GMail Server ပေါ်က စကားဝှက်ကိုတော့ ဘယ်လို ပြန်ရှာလို့ရသလဲ ကျွန်တော်လည်း မသိပါဘူး၊ GMail Server တွေကို "ဟက်ခ်" နိုင်တဲ့ နည်းရှိချင်လည်း ရှိမှာပေါ့)

အခြားနည်းများ
အခြားနည်းကတော့ Gmail Account ပြုလုပ်စဉ်က ထည့်သွင်းခဲ့တဲ့ Security Question ကနေတစ်ဆင့် မေးခွန်းကိုဖြေပြီး ပြန်ရှာတာ ဖြစ်ပါတယ်..
Security Question Answering for Gmail password Recovery

နောက်ထပ်နည်းလမ်းတစ်ခုကတော့ GMail Account လုပ်တဲ့ အချိန်က အသုံးပြုခဲ့တဲ့ ဒုတိယ email လိပ်စာ (Secondary Mail Address) ကနေတစ်ဆင့် စကားဝှက်အသစ်တစ်ခု ပြန်တောင်းတာပဲ ဖြစ်ပါတယ်.. ဒီနေရာမှာလည်း Gmail မှာကျွန်တော်တို့ Register လုပ်စဉ်က ထည့်သွင်းပေးခဲ့တဲ့ ဒုတိယ email လိပ်စာ (Hotmail, Yahoo mail, etc.) ကိုမှတ်မိနေဖို့ လိုအပ်ပါတယ်...

Secondary email for Gmail password recovery

Gmail, GTalk password recovery:
File Info: EXE file, required space 357 KB
Home page: Link
Direct Download: Link

ဆက်နွယ်နေတဲ့ အခြားအကြောင်းအရာများ
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Blog Post
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Blog Post

ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံး
အင်တာနက်ကို အချိန်တိုအတွင်းမှာ အထိရောက်ဆုံး၊ အမြန်ဆုံးနဲ့ အကျိုးအရှိဆုံးအသုံးချပြီး လိုရာဆန္ဒများ ပြည့်စုံကြပါစေဗျာ...