ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Sep 7, 2007

Google, Mihd.net & Blogspot


Google
အင်တာနက်ထဲမှာ ရှိနေသမျှ အရာတော်တော်များများကို ကျွန်တော်တို့ မိတ်ဆွေကြီး Google ကရှာပေးနိုင်ပါတယ်..
သူ့ကို "ဘယ်လိုရှာခိုင်းရမလဲ" ဆိုတာနဲ့ "ရှာပုံရှာနည်း" လေးတွေကို သိဖို့ပဲလိုပါတယ်...
Google ရဲ့ မြန်ဆန်တဲ့ ရှာဖွေရေးအင်ဂျင်နဲ့ ပြည့်စုံ ကောင်းမွန်တဲ့ အညွှန်း (Index) တွေရဲ့ အောက်မှာ အင်တာနက်ရဲ့ အတားအဆီးမရှိ အကန့်အသတ်မရှိမှု ဟာ ပိုမို ကျယ်ပြန့် လာပါတယ်...

Mihd.net
အင်တာနက်ထဲမှာ ဖိုင်တွေသိုလှောင် သိမ်းဆည်းပေးနေတဲ့ အခမဲ့/အခပေး ၀န်ဆောင်မှု လုပ်ငန်းပေါင်း များစွာရှိတဲ့ အနက် ကျွန်တော်တို့အတွက် အကောင်းဆုံး ၀က်ဆိုက်ဒ် တစ်ခုကတော့ -http://mihd.net ပဲဖြစ်ပါတယ်..
ဖိုင်သိမ်းဆည်းရေးဆိုက်ဒ်တွေထဲမှာ အင်တာနက် သုံးသူတွေအတွက် အဆင်အပြေဆုံး၊ ကန့်သတ်မှု အနည်းဆုံးနဲ့ ကြော်ငြာ အနည်းဆုံး ဖြစ်တဲ့ အတွက် အဲဒီနေရာကနေ ဒေါင်းလုဒ်ချရတာ အတော်လေး စိတ်ချမ်းသာစရာ ကောင်းပါတယ်... "ကမ္ဘာ့ အရက်ရောဆုံး ဖိုင်သိမ်းဆည်းရေး ၀န်ဆောင်မှု" (MiHD.net World's most generous filehosting service) လို့ ပြောထားတာ နဲ့ ကိုက်ညီတာ အမှန်ပါပဲ ...
(Rapidshare တို့နဲ့များ ကွာချက်ကတော့ဗျာ.. )
သူတို့ရေးထားတဲ့ ဖော်ပြချက်လေးကို ဖတ်ကြည့်ပါ...

  1. ဒေါင်းလုဒ်ချနေရင်း အဆက်အသွယ် ပြတ်သွားတာမျိုး ရှိခဲ့ရင်လည်း အစကနေ ပြန်စလို့ ရပါတယ်.. Resumable downloads!
  2. ဒေါင်းလုဒ် မန်နေဂျာ စတဲ့ ဖိုင်တွေ ဒေါင်းလုဒ်ချတဲ့ အခါ ပိုမြန်အောင် လုပ်ပေးတဲ့ ဆော့ဖ်ဝဲတွေ သုံးခွင့်ပြုထား ပါတယ်.. Download accelerators are allowed.
  3. တစ်နေ့ မှာ ဘယ်နှစ်ကြိမ်ပဲ ဒေါင်းလုပ်လို့ရမယ် စတဲ့ နေ့စဉ်ကန့်သတ်ချက်တွေ၊ Rapidshare လို အချိန်နာရီ ကန့်သတ်ချက်တွေ မရှိပါဘူး.. No daily/hourly download limitations.
  4. ဘယ်သူဘယ်ဝါ၊ ဘယ်တိုင်းပြည်ကိုတော့ ဒေါင်းလုဒ်ခွင့်မရှိဘူး ဆိုပြီး ကန့်သတ် ထားတာမျိုးလည်း မလုပ်ပါဘူး.. We do not block users by country or IP.
  5. ဖိုင်တွေကို အပိုင်းလိုက် ခွဲပြီးတင်တာကိုလည်း လက်ခံပါတယ်... Split archives are allowed! (and encouraged)
  6. ဖိုင်တစ်ခုကို ဒေါင်းလုဒ်လုပ်တဲ့အခါ ဘယ်နှမိနစ်စောင့်ရမယ် ဆိုတာမျိုးလည်း မရှိပါဘူး.. No waiting for a download to start (no timers, countdowns etc).
  7. သူတို့ဆီကနေ ဖိုင်တွေဒေါင်းလုဒ်ချဖို့ ဖိုင်တွေတင်ဖို့ အတွက် ဘာဆော့ဖ်ဝဲမျိုးကိုမှလည်း ကျွန်တော်တို့ ကွန်ပျုတာတွေမှာ ထည့်ပေးစရာ မလိုပါဘူး ... အင်တာနက် သုံးနိုင်တာနဲ့ ဖိုင်တွေတင်တာ၊ ဒေါင်းလုဒ်ချတာ လုပ်လို့ရပါတယ်.. Our users dont have to install anything to download their files (no toolbars, spyware etc)
မှတ်ချက်- MiHD.net ရဲ့နောက်မှာ ကပ်လိုက်နေတာကတော့ www.mediafire.com ပါ..

Blogspot
Google ကနေဖန်တီးပေးထားတဲ့ အခမဲ့ ၀န်ဆောင်မှုများစွာအနက် ဘလော့ခ်ဂါ (Blogger) နဲ့ Blogspot တွေဟာ လူတိုင်းကို ကိုယ်ပိုင် အင်တာနက်ဆိုက်ဒ်လေးတွေ အလွယ်တကူ ဖန်တီး လာနိုင်အောင် လုပ်ပေးထား ပါတယ်... ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ ဘလော့ခ်ဂါ အများစုဟာ အင်တာနက်ကနေ ရှာဖွေ တွေ့ရှိလာသမျှတွေကို မိမိတို့ရဲ့ ဘလော့ခ်တွေကနေ တစ်ဆင့် ပြန်ပြီး ဝေမျှပေးနေကြတာဟာ အတော်လေးကို ကြေနပ် အားရစရာ ကောင်းပါတယ်.. နည်းပညာတွေ၊ စာအုပ်တွေ၊ သီချင်းတွေ၊ ဆော့ဖ်ဝဲတွေနဲ့ အခြားသော အကျိုးဖြစ်မယ့် အကြောင်းအရာ တွေကို ဘလော့ခ်တွေကနေ ရှာဖွေရယူလို့ ရပါတယ်..

Google, Mihd.net & blogspot
ကျွန်တော်က အထက်မှာ ဖော်ပြထားတဲ့ အရာသုံးခုကို အခုလို အသုံးချပါတယ်...
နမူနာလေးတွေကို စမ်းကြည့်ရအောင်ပါ.. နှိပ်ကြည့်လို့အောင် လုပ်ပေးထားပါတယ် ...
Google ရဲ့ Search box မှာ-
mihd.net site:*.blogspot.com

mihd.net+book site:*.blogspot.com

mihd.net+pdf|chm site:*.blogspot.com

mihd.net+mp3|wma|wmv site:*.blogspot.com

mihd.net+zip site:*.blogspot.com

mihd.net+exe site:*.blogspot.com

mihd.net+windows+pdf|chm|exe|zip site:*.blogspot.com

လို့ ထည့်သွင်းရှာဖွေကြည့်တာပါ..

အခုလို ရှာချင်တဲ့ အကြောင်းအရာတွေကို Google မှာထည့်ရှာလိုက်တဲ့ အခါမှာ ဘလော့ခ်ဂါတွေရဲ့ ကိုယ်ပိုင် ဘလော့ခ် တွေကနေတဆင့် ရှာဖွေ ဝေမျှထားတဲ့ စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်နဲ့ ဆော့ဖ်ဝဲတွေကို MiHD.net ကနေတစ်ဆင့် ဒေါင်းလုဒ်ရယူနိုင်တဲ့ လမ်းကြောင်းတွေ၊ ဘလော့ခ်တွေ ရလာတာပါပဲ...

အခြားဆိုက်များအတွက်
mihd.net နေရာမှာ rapidshare.com. mediafire.com, box.net, စသည်ဖြင့် ဖိုင်သိမ်းဆည်းရေး ဆိုက်ဒ်တွေ ပြောင်းထည့် လို့ရပါတယ်
*.blogspot.com နေရာမှာ ကိုယ်ရှာချင်တဲ့ ဆိုက်ဒ်နာမည် dl4all.com, avaxhome.ru, softex.meganet.lt စသည်ဖြင့် ရှာချင်တဲ့ ဆိုက်ဒ်နာမည် ထည့်ပေးနိုင်ပါတယ်..
book, pdf, chm, mp3, wma, zip, exe စတဲ့ သော့ချက် စကားလုံးတွေနဲ့ ကိုယ်ရှာချင်တဲ့ အကြောင်းအရာ တွေကိုတော့ လိုသလို ထည့်သွင်း ရှာဖွေ သွားနိုင်ပါတယ်..
ဥပမာ-
  • mediafire.com+pdf|chm site:*.blogspot.com
  • mediafire.com+windows vista site:*.blogspot.com
ဆိုက်ဒ်လိပ်စာတွေမသိလို့ MiHD.net ပါတဲ့ အင်တာနက်နေရာ ရှိသမျှကို လိုချင်ရင်တော့
mihd.net site:*.*
နဲ့ ပထမအဆင့်ရှာထုတ်လိုက်
ပြီးတော့မှ Google ကနေ ရလာတဲ့ အဖြေတွေထဲက
လိုချင်တဲ့ အကြောင်းအရာ၊ ၀က်ဘ်ဆိုက်ဒ်တွေကို ပြန်ရှာလိုက်ရင် အဆင်ပြေပါတယ်..

ညီအကို မောင်နှမ သူငယ်ချင်းများ အားလုံး
အင်တာနက်ကို အချိန်တိုအတွင်းမှာ အထိရောက်ဆုံး၊ အမြန်ဆုံးနဲ့ အကျိုးအရှိဆုံးအသုံးချပြီး လိုရာဆန္ဒများ ပြည့်စုံကြပါစေဗျာ...

ဆက်စပ်ဖတ်ရှုနိုင်ရန် (Related Posts) -
  1. How to Download From MiHD
  2. PDF File Download & MiHD.net


Thanks for my great friends: Google, MiHD.net & Blogger, also all Bloggers who are sharing what they found from the net, for this post. ;) =)) ...