ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Dec 12, 2007

လိုအပ်ချက်တစ်ခု - A Requirement


မြင်သာမြို့ဦး
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

  • ဘဒ္ဒန္တပညာစာရ (ပဓါနနာယကနှင့် ကျောင်းအုပ်ဆရာတော်)
  • စတင်တည်ထောင်သည့်ပုဂ္ဂိုလ် - ဆရာတော် ဘဒ္ဒန္တကုသလ
  • စတင်တည်ထောင်သည့်ခုနှစ် - ၁၉၉၃ ခုနှစ် ဇွန်လ (၁)ရက်
  • ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၂ ရပ်ကွက်၊ သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်
  • ၁၉၉၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဆရာတော် ဘဒ္ဒန္တကုသလသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတွင် မှတ်ပုံတင်၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖြစ် ဖွင့်လှစ်တည်ထောင်ကာ နယ်စပ်ဒေသနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီး တို့မှ မိဘမဲ့ ဆင်းရဲနွမ်းပါးသော ကလေးသူငယ် (၂၅)ယောက် တို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို တာဝန်ယူကာ ပြုစု စောင့်ရှောက် ခဲ့ပါသည်။
  • ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူပြီးနောက် လက်ရှိဆရာတော် ဘဒ္ဒန္တပညာစာရမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်ခဲ့ပြီး ၁၉၉၅-၁၉၉၆ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အလယ်တန်းအဆင့်သို့ တိုးမြှင့်သင်ကြားနိုင်ခဲ့ပါသည်။
  • (၂၀၀၅) ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တပညာစာရသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနတွင် မှတ်ပုံတင်လျက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအဖြစ်သို့ ပူးတွဲတိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။

ရည်ရွယ်ချက်များ

  1. မိဘမဲ့၊ ဆင်းရဲချို့တဲ့သော ကလေးများကို နွေးထွေးလုံခြုံစွာ ကျွေးမွေး စောင့်ရှောက်ပေးရန်။
  2. ကလေး သူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လေ့ကျင့် ပြုစုပျိုးထောင် ပေးရန်။
  3. ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစဉ်လာများကို သိရှိ နားလည်တတ်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း တတ်စေရန်။
  4. ပညာတတ်လူငယ်များအဖြစ် မိမိအကျိုး၊ အများအကျိုးကို ထမ်းဆောင်နိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်၊လူရွယ်များအဖြစ် ပေါ်ပေါက်လာစေရန်။
  5. အသက်အရွယ် အလိုက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ စောင့်ထိန်း တတ်စေရန်။
  6. ဘ၀တစ်သက်တာသိမှတ်ဖွယ်ရာများကို သင်ကြား လေ့ကျင့်စေခြင်းဖြင့် ကလေးများ မိမိကိုယ်ကို မိမိ ရပ်တည်နိုင်စေရန်။

လူမျိုးဘာသာမရွေး အသက်(၅)နှစ်အထက် ယောက်ျားကလေးများကို အောက်ပါအတိုင်း လက်ခံပါသည်။
  1. မိဘနှစ်ပါးမရှိသောကလေးများ၊
  2. မိဘာတစ်ဦးဦးမရှိသောကလေးများ၊
  3. ခိုကိုးရာမဲ့၊ ဆင်းရဲချို့တဲ့သောကလေးများ၊
  4. အကြောင်းအမျိုးမျိုးကြောင့် မိဘ(သို့မဟုတ်) အုပ်ထိန်းသူများနှင့် အတူမနေနိုင်သောကလေးများ၊
  5. မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ တိုင်းရင်းသား ကလေးများ။
ဂေဟာတွင် လက်ခံထားသည့် ကလေး အရေအတွက်မှာ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် (၁၈၀)ဦး ရှိပါသည်။

သင်ကြားရေး အစီအစဉ်

မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကလေးငယ်များကို
ဂေဟာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးပြီး၊
အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ကလေးသူငယ်များကို
သက်ဆိုင်ရာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များသို့ တက်ရောက်စေ၍
ပညာ ဆက်လက်သင်ကြား စေပါသည်။

ကျွေးမွေးရေး အစီအစဉ်

ကလေးများ၏ စားသောက်ရေးအတွက်...
  • သံဃာတော်များနှင့် သာမဏေများသည် မြို့နယ်များအတွင်း အလှည့်ကျ ဆွမ်းခံကြွလျက်လည်းကောင်း၊
  • ဂေဟာရန်ပုံငွေနှင့် စေတနာရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း
ကျွေးမွေးပြုစု စောင့်ရှောက် လျက်ရှိပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု

ကလေးများ ကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်း ဆရာဝန် (၂)ဦးနှင့် တိုင်းရင်းသမားတော် (၁)ဦးတို့က အလှည့်ကျ စောင့်ရှောက်ပေးလျက်ရှိပြီး၊ ပြင်ပစေတနာရှင် သူနာပြုများ မှလည်း ကလေးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးတို့ကို ပြုစု စောင့်ရှောက်ပေးလျက် ရှိသည့်အပြင် အရေးပေါ်လိုအပ်လာပါကလည်း ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူစေပါသည်။

ဖွံ့ဖြိုးရေး အစီအစဉ်

ကလေးများ အသိဉာဏ်ဖွံ့ဖြိုးစေရန်နှင့် စာပေဗဟုသုတ ရရှိစေရန်အတွက် စာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် အထွေထွေ အသိပညာများ တိုးပွားစေရန် အတွက် ပြင်ပမှ ပညာရှင်များကို ဖိတ်ခေါ်၍ အသိပညာပေး ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ပြုလုပ် ပေးပါသည်။ စေတနာရှင်များ၏ ပံ့ပိုးမှုဖြင့် လေ့လာရေးခရီး ထွက်စေပါသည်။ ကလေးများကိုယ်လက်ကြံ့ခိုင်စေရန်နှင့် ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေရန် စေတနာ့ဝန်ထမ်း နည်းပြဆရာ(၁)ဦးနှင့် ဆရာမ(၁)ဦးတို့မှ ကျန်းမာရေးပညာပေး လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင် ကျောင်းပိတ်ရက်နှင့် အားလပ်ချိန်များတွင်လည်း ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် အားကစားနည်းမျိုးစုံ တို့ကို ကစားစေပါသည်။
နွေရာသီ ကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၊ အခြေခံသမထ ၀ိပဿနာ သင်တန်းများနှင့် အခြေခံ အင်္ဂလိပ်စကားပြော သင်တန်းများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးပါသည်။ ကလေးများ ကျန်းမာ ပျော်ရွှင်စေရန် အတွက် ကျောင်းပိတ်ရက်များတွင် ဗီဒီယိုပြသပေးပြီး အခါအားလျော်စွာ ရာသီအလိုက်ပျော်ပွဲရွှင်ပွဲများ ကိုလည်း ကျင်းပပေးပါသည်။

အလှူငွေ လက်ခံ/အသုံးပြုမှု

  • စေတနာရှင်များ၏ လှူဒါန်းငွေများနှင့် အ၀တ်အထည်များ၊ ပရိဘောဂ ပစ္စည်းများ စသည်တို့ကို ကလေးများ အတွက် လိုအပ်သည့် နေရာများတွင် အသုံးပြု ပါသည်။ ဂေဟာရှိကလေး (၁၈၀)ကျော်တို့၏ တာဝန်ကြီးမားလှသော စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများ အခက်အခဲ မရှိစေရန်နှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရန် အလှူရှင်များ အနေဖြင့် ကလေးများ အတွက် အစားအသောက်၊ အ၀တ်အထည်၊ ဆေးဝါးများနှင့် ပညာရေးစရိတ်များ ကိုလည်း လှူဒါန်း နိုင်ကြပါသည်။
  • ဂေဟာရှိ အမြဲနေ ကလေးများ နှစ်စဉ် တိုးတက်များပြား လာသည်နှင့်အမျှ ကလေးများအတွက် လက်ရှိ အိပ်ဆောင်များဖြင့် လုံလောက်မှု မရှိပါသဖြင့် အလျား (၅၀)ပေ၊ အနံ (၃၈)ပေရှိ သုံးထပ်အိပ်ဆောင်တစ်ဆောင် ကို စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် (၂၀၀၄)ခုနှစ်မှ စတင် ဆောက်လုပ်လျက်ရှိရာ အဆိုပါအိပ်ဆောင် ပြီးစီးနိုင်ရေး အတွက် အလှူရှင်များ လိုအပ်လျက်ရှိပါသည်။
  • ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသားများ တိုးတက် များပြားလာသည်နှင့်အမျှ အဆိုပါ ကလေးများ၏ အထက်တန်းအဆင့် ပညာများ ပိုမို ထူးချွန် အောင်မြင်နိုင်ရေး အတွက် နီးစပ်ရာ အထက်တန်း ကျောင်းတွင် ပညာ ဆက်လက်သင်ကြား စေသည့်အပြင် ကျောင်းချိန်ပြင်ပ တွင်လည်း ကျွမ်းကျင်သောဆရာများ ငှားရမ်းလျက် ဂေဟာအတွင်း၌ အနီးကပ်ကြီးကြပ် သင်ကြား ပို့ချ ပေးလျက် ရှိပါသည်။
  • ဂေဟာရှိ ကလေး(၁၈၀)ကျော်တို့အတွက်
    • နေ့စဉ်နံနက်စာ၊ ညစာများ။
    • အထက်တန်း/ အလယ်တန်း/ မူလတန်း ကျောင်းသား တစ်ဦးချင်းစီ အတွက် လစဉ် ပညာသင် စရိတ်များ။
    • အ၀တ်အထည်၊ အိပ်ရာအသုံးအဆောင်များ။
    • စာရေးကိရိယာများ/ ပညာသင်ကြားရေး အထောက်အကူပြု ပစ္စည်းများ။
    • လစဉ် ပညာဝန်ထမ်းလစာများ။ ဆေးဝါးများ၊ ကျန်းမာရေး စားရိတ်များ၊ ကျန်းမာရေး အသိပညာပေး အထောက်အကူပြု ပစ္စည်းများ။
    • ဆောက်လုပ်လျက်ရှိသော သုံးထပ် ကျောင်းဆောင် ပြီးစီးနိုင်ရေး အတွက် လိုအပ်သော အလှူငွေများကို မိမိတို့တတ်အားသမျှ နည်းများမဆို လှူဒါန်း နိုင်ပါသည်။

ဆက်သွယ် လှူဒါန်းနိုင်ရန် လိပ်စာ

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊
သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်၊ (၁၄/၂) ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၁) ၅၆၃၃၅၁

မြင်ကွင်းအချို့

Donation: Volunteer

Donation: Volunteer

(၂၀၀၄)ခုနှစ်မှ စတင်ဆောက်လုပ်နေသော
အလျား (၅၀)ပေ၊ အနံ (၃၈)ပေရှိ
စေတနာ ရှင်များ လိုအပ်နေသည့် ဆောက်လက်စ သုံးထပ်အိပ်ဆောင်


Donation: Volunteer

ကျွန်တော်တို့ တတွေ အသက် ရှင်သန်နေကြတာ ဘယ်အတွက်လဲ …
ပိုက်ဆံတွေ ရှာနေကြတာ ဘာလုပ်ဖို့လည်း …
ကောင်းကောင်းနေ ကောင်းကောင်းစား နိုင်ဖို့ အတွက်လောက် ဆိုရင်တော့ ၀မ်းနည်းဖွယ်ရာပါပဲ …
သေရင် ကိုယ့်နောက်လိုက်မလာ နိုင်တဲ့ ပိုက်ဆံကို ရှာလို့ရလာတဲ့ အခါ …
သေရင် ကိုယ့်နောက် လိုက်လာမယ့် ကောင်းမှု ကုသိုလ်တွေ အတွက် အသုံးချနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်... …


What is the meaning or our living?
Why do we search Money, Money, Money?
Search the Money to eat well, to wear well and to live well?
If so, nothing will follow these money after we died. Believe it.
Donation or Helping our Money to Poors or other Requirements as much as we can is the best way to use our Money.
I hope you all will use all of your Money in Right Places, on Right Time.
Best Wishes …