ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Dec 4, 2007

အင်္ဂလိပ်-မြန်မာ အဘိဓါန်နှင့် အသုံးပြုနည်း


အင်္ဂလိပ်-မြန်မာ အဘိဓါန်တော့ တင်ပေးထားမိပြီး
လွဲနိုင်တာလေးတွေ ပြောဖို့ ကျန်သွားတဲ့ အတွက် အစအဆုံး ပြန်ရှင်းပြပေး လိုက်ပါတယ် …
မြန်မာစာ အဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ပါ..
ဝယ်သုံးရန် လွယ်သူများ ၀ယ်သုံးကြပါ.. :) :P
ဝယ်သုံးရန် မလွယ်သူများကတော့ အောက်မှာပေးထားတဲ့ အမ်အိုင်အိပ်ခ်ျဒီလင့်ခ် ကနေ ယူနိုင်ပါတယ်..
Download Details, emdictionary.zip, 112.44 MB
ရယူရန်- http://mihd.net/i9lnvj

အသုံးပြုနည်း -

  1. ဒေါင်းလုဒ်မှ ရလာသော emdictionary.zip ဖိုင်ကို Folder အသစ်တစ်ခု အတွင်း ဖြေချပါ။ အချိန် အနည်းငယ် ကြာပါမည်။
  2. ပြီးဆုံးသွားပါက စုစုပေါင်း ၃၁၆ မီဂါဘိုက် (၃၃၂ ၂၉၂ ၀၈၄ ဘိုက်) ရှိသော၊ စုစုပေါင်းFolder ၅၇ File ၄၂၄၆၄ ဖိုင်ရရှိလာပါမည်။
  3. မိမိကွန်ပျုတာတွင် Quick Time Player မရှိပါက QUICKTIM Folder အတွင်းမှ INSTALLQ ကို အသုံးပြုပြီး Quick Time Player 3.0 ကို မိမိ ကွန်ပျုတာ အတွင်း Install လုပ်ပါ။
  4. အဘိဓါန်ကို အသုံးပြုနိုင်ရန် အတွက် ပါရှိသော ENG_MYAN ကို Click တစ်ချက်နှိပ်ပါ။ အရေးကြီးသည်မှာ တစ်ချက်သာ နှိပ်ရန် ဖြစ်ပါသည်။ အကယ်၍ မသေချာပါကENG_MYAN ကို Right Click -> Open ဖြင့် ဖွင့်နိုင်ပါသည်။ တစ်ချက်ထက် ပိုနှိပ်မိသွားပါက Error တက်လာမည် ဖြစ်ပါသည်။ ထိုသို့ Error တက်လာပါက CTRL+ALT+DELETE ဖြင့် Task Manager ကိုခေါ်ယူကာ Applications အောက်မှ ENG_MYAN များကို End Task လုပ်ပေးမှ ရပါမည်။ ထို့ကြောင့် တစ်ချက်တည်းသာ နှိပ်ရန် အထူး အရေးကြီး ပါသည်။
  5. (အမှားအယွင်း မရှိပါက) အချိန် အနည်းငယ်မျှ စောင့်ဆိုင်း သည့်အခါ အင်္ဂလိပ်-မြန်မာ အဘိဓါန် ပေါ်လာပြီး စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
  6. အဘိဓါန်တွင် စကားလုံးများ ရှာဖွေသည့်အခါ ကြိယာများ အတွက် V1 (ဥပမာ - GO, COME, SELL စသည်) ကိုသာ ရိုက်သွင်းရှာဖွေ နိုင်ပါသည်။GOES, CAME, SOLD စသည်ဖြင့် ရှာဖွေမရနိုင်ပါ။
  7. နာမ် များအတွက် အနည်းကိန်း (ဥပမာ - CAT, DOG စသည်) ကိုသာ ထည့်သွင်း ရှာဖွေရပါမည်။
  8. ရှည်လျားသော စာလုံးများ ရှာဖွေလိုပါက ရှေ့ပိုင်း ၃/၄ လုံးခန့်ကိုသာ (ဥပမာ - UMBRELLA အတွက် UMBR)ထည့်သွင်းရှာဖွေလျှင်လည်း ရပါသည်။

အလွန်မြန်သော MiHD မှ ပထမဆုံး ဒေါင်းလုဒ် ရာတွင် အဆင်မပြေ ဖြစ်ခဲ့ပါက ဒေါင်းလုဒ်နည်းကို ဖတ်နိုင်ရန်

ညီအကို မောင်နှမများ အားလုံး ပညာဗဟုသုတ အပေါင်းနဲ့ ပြည့်ဝ ပျော်ရွှင် အဆင်ပြေနိုင်ကြပါစေ …