ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Mar 15, 2009

eBooksFarm.blogspot.com

မြန်မာပြည်က ချစ်တဲ့ သူငယ်ချင်းမိတ်ဆွေ၊ ညီအကို မောင်နှမတွေအတွက် ပညာရေး၊ စီးပွားရေး၊ အိုင်တီနဲ့ နည်းပညာ - စတာတွေနဲ့ ဆိုင်တဲ့ စာအုပ်တွေချည်းပဲ အင်တာနက်ကနေ ရှာဖွေစုဆောင်းထားတဲ့ ဘလော့ခ် အသစ်တစ်ခုကို သီးသန့် ဖန်တီးလိုက်ပါတယ်
ဒေါင်းလုဒ် လင့်ခ်တွေက mihd.net, ifile.it နဲ့ vista-server တွေမှာ တင်ထားတဲ့ စာအုပ်တွေချည်းပဲ ဖြစ်ပါတယ်... Rapidshare, MegaUpload စတဲ့ နေရာတွေကို ကျွန်တော် မကြိုက်သလို ကျန်တဲ့ သူတွေ၊ အထူးသဖြင့် မြန်မာ ညီအကို မောင်နှမတွေက ပိုပြီး
ကြိုက်မှာ မဟုတ်ပါဘူး...
ဘလော့ခ် နာမည်ကို eBooksFarm လို့ ပေးထားပါတယ်... "အီလက်ထရောနစ် စာအုပ်တွေ ရှင်သန်ဖွံ့ထွားရာ လယ်ကွင်း/နေရာ" လို့ ရည်ရွယ် အမည်ပေးထားတာ ဖြစ်ပါတယ်...
အတတ်နိုင်ဆုံး စာအုပ်ကောင်းတွေကို ရွေးချယ်စုစည်းပေးထားတဲ့ အတွက် အားလုံးအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်....
စာအုပ်တွေကို အုပ်စုဖွဲ့ရာမှာ သက်ဆိုင်ရာ အုပ်စု အလိုက် အသုံးတည့်တာတွေချည်းပဲ Catalog ပုံစံနဲ့ တစ်စုချင်းစီ တင်ထားပါတယ် ...
ဥပမာ - Web Designer, Developer eBooks Collections
မျိုးတူရာ စာအုပ်တွေကိုလည်း ဘေးမှာရှိတဲ့ Tag ကနေ တစ်ဆင့် ပြန်ရှာကြည့်နိုင်ပါတယ်...
ဥပမာ - CSS, mihd.net, ifile.it, စသည်
နောက်တစ်ခုက ကျွန်တော် လိုချင်နေတဲ့ စာအုပ်တွေကိုလည်း The Books I'm Searching... အောက်မှာ ထည့်ထားပါတယ်... ရှိတဲ့သူတွေအနေနဲ့ ပြန်လည် ဝေမျှသွားနိုင်စေဖို့ ဖြစ်ပါတယ်...

သွားကြည့်ကြပါဦး http://ebooksfarm.blogspot.com/

ညီအကို မောင်နှမများ အားလုံး ပညာ၊ ဗဟုသုတအပေါင်းနဲ့ ပြည့်ဝ အောင်မြင်ကြပါစေ...