ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jul 11, 2010

Latest Updates About This Blog

Dear All My Friends,

I'm writing blog posts at mmshare.org, a community website powered by various technical authors. I keep this blog as it. You can read preview of my latest new blog posts from mmshare.org as shown below.
Or you can read the latest articles by RSS or by Your Email.
Thank you for visiting to me.




EBook Search Engine

This ebook search engine can help you to search ebooks over 111 eBook Web Sites around the Internet.
Loading


Jan 1, 2010

ကိုသိမ်း အတွက် စာစီစာရိုက်အခြေခံ အချက်အလက်များ

31 Dec 09, 06:47
ko thein: စာစီစာရိုက်အခြေခံ အချက်အလက်လေးတွေကို လိုချင်ပါတယ် ခင်ဗျာ ပို့ပေးပါလား
ko thein: ရှင်းလင်းပြီး လွယ်ကူတာကို တင်ပေးပါ

ကိုသိမ်း ကျွန်တော့်ဆီမှာတော့ မြန်မာလိုရေးထားတာ မရှိဘူးဗျာ
အင်္ဂလိပ်လို အင်တာနက်မှာ ရှာတွေ့တာလေးကို ပေးလိုက်ပါတယ်...
ကိုသိမ်း လိုချင်တဲ့ အခြေခံကျပြီး လွယ်ကူ ရှင်းလင်းတဲ့ အနေအထားမျိုးတော့ ရမှာပါ..
Microsoft Word version မတူသော်လည်း အခြေခံတွေကတော့ အတူတူပါပဲခင်ဗျာ

အခုပေးထားတဲ့ ဖိုင်က သြစတေးလျနိုင်ငံ University of Tasmania တက္ကသိုလ်မှာ
ကျောင်းသားတွေအတွက် ပြင်ဆင်ပေးထားတဲ့ အခြေခံသင်ခန်းစာတွေပါပဲ...
ဒါကို ဖတ်ကြည့် လိုက်လုပ်ကြည့်ရင် ကိုသိမ်းလည်း နိုင်ငံတကာ အဆင့်မှီ စာစီစာရိုက်နည်းတစ်ခုကို လေ့လာပြီးသား ရမှာပါ

မြန်မာလို မဟုတ်လို့ စိတ်မပျက်ပါနဲ့... Internet နဲ့ IT ကို လေ့လာရတာ အင်္ဂလိပ်လိုလေ့လာနိုင်လေ ပိုမြန်လေပဲဗျ

အဆင်ပြေပါစေခင်ဗျာ

စာစီစာရိုက်နည်း အခြေခံ ရယူရန်

Jul 7, 2009

“အရှင် ကောဝိဒ” ၏ မွေးနေ့ပွဲ


စစ်ကိုင်းတောင်တွင် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် အခမဲ့ ကွန်ပျူတာ သင်တန်းများကို ဦးဆောင်ဖွင့်လှစ် သင်ကြားပေးနေသည့် “အရှင် ကောဝိဒ” ၏ မွေးနေ့ပွဲကို “၉-၇-၂၀၀၉” တွင် “စစ်ကိုင်း” မြို့၌ ကျင်းပမည် ဖြစ်ပါသည်။
မွေးနေ့တွင် စစ်ကိုင်းတောင်တွင် ဆွမ်းခံကြွသော သံဃာတော် အပါး ၂၀၀ အား ဆွမ်းဆက်ကပ်လှူဒါန်းမည် Multiply မှ ဦးပဇင်း၏ ဒါယကာ၊ ဒါယိကာမများနှင့်လည်း တွေ့ဆုံပွဲတစ်ခု ပြုလုပ်လိုပါသဖြင့် မည်သူမဆို လာရောက်နိုင်ကြောင်း - ကိုလည်း အရှင်ကောဝိဒမှ ဖိတ်ကြားထားပါသည်။
ဦးပဇင်း၏ ကွန်ပျူတာပညာဒါန သင်တန်းများသည် - ဦးပဇင်း၏ အားသွန်ခွန်စိုက် ဦးစီးဆောင်ရွက်မှု၊ ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ ပညာဒါန ပြုသူများ၏ ၀ိုင်းဝန်းကြိုးပန်းမှုဖြင့် ယခုအခါ အမှတ်စဉ် (၃) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ရည်ညွှန်း
http://kovida.multiply.com/journal/item/103

May 3, 2009

မေတ္တာ

၂၀၀၉ ခုနှစ် မေလ ၂ ရက်နေ့ - စနေနေ့ - ညနေ ၆ - ၃၀ နာရီ အချိန်၊ စင်္ကာပူနိုင်ငံ - တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆရာတော် “ဓမ္မဒူတ အရှင်ဆေကိန္ဒ” ဟောကြားခဲ့တဲ့ တရားတော်ကို မှတ်သားမိသမျှ ပြန်လည် ဝေမျှပေးလိုက်ပါတယ်...

လူတိုင်း အမှန်တရားလက်ကိုင်ထားတယ်လို့ ပြောကြတယ်.. ဒါပေမယ့် လူကြားထဲ အမှန်အတိုင်း သွားပြောရင် အဆင်မပြေ ဖြစ်ကြတာ များတယ်... အိမ်မှာ - ကိုယ်က မှန်အောင်နေတယ်၊ တစ်အိမ်လုံးနဲ့ အဆင်မပြေ ဖြစ်ကြတယ်.. ကဲ.. လိုက်ဆိုကြ
“ကိုယ်ကမှန်တယ် ၊ ဒါပေမယ့် အားလုံးနဲ့ အဆင်မပြေဘူး၊ မနေတတ်သေးလို့နဲ့ တူပါတယ်”
“Right for one self, but not OK with all. Look like don't know how to live!”

သူ အဆင်မပြေဘူး... ကိုယ် အဆင်ပြေနေတယ်...
ဒီအချိန်မှာ ကိုယ့်ဆီမှာ သနားကြင်နာတဲ့ စိတ်ကလေး ရှိနေဖို့ လိုတယ်
“ကိုယ့်ကံနဲ့ ကိုယ်လာတာ” ဆိုတဲ့ စကားကို အဆင်ပြေနေတဲ့သူက အဆင်မပြေဖြစ်နေတဲ့သူကို ပြောလိုက်တဲ့ အခါ - မှန်တော့ မှန်တယ်၊ ဒါပေမယ့် ကြားရတဲ့သူ အတွက် အဆင်မပြေနိုင်ဘူး၊ ခံရခက်တယ်
“ဗြဟ္မာ့ဝိဟာရ တရားလေးပါး” နဲ့ နေနိုင်မှ အားလုံးနဲ့ အဆင်ပြေမယ်... ဗြဟ္မာ့ဝိဟာရ တရားလေးပါးဆိုတာ “မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ” တရားတွေကို ခေါ်တာ...
မေတ္တာထားပါ... သနားရမယ့်သူကို သနားပါ... သူများကြီးပွားချမ်းသာနေတာကို မုဒိတာပွားပါ... ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုပါ...

ကိုယ်က လူတစ်ယောက်ကို မေတ္တာထားလို့လည်း မရဘူး၊ သနားလို့လည်း မရဘူး၊ မုဒိတာပွားလို့လည်း မရဘူး ဆိုရင်တော့... ဘယ်လိုမှ လုပ်လို့ မရဘူးဆိုရင်တော့ ဥပေက္ခာပြုလိုက်ပါ...
“ဈာန်ငါးပါး” မှာ ဥပေက္ခာက “ပဉ္စမဈာန်” ကို ရောက်တယ်...
“အိမ်ပူတယ”် ဆိုတာ “အိမ်ကလူတွေ၊ အိမ်မှာနေတဲ့သူတွေ ပူလို့ အိမ်ပူတာ” ...
“ကမ္ဘာကြီးပူတယ်” ဆိုတာ “ကမ္ဘာကြီးမှာနေတဲ့သူတွေ ပူလို့”
လူတွေ ကိုယ်မှန်တယ်ထင်ပြီး ထင်တာလုပ်လေလေ ပိုပူလာလေလေပဲ... “မှန်အောင်နေပါ... ဗြဟ္မာ့ဝိဟာရ တရားနဲ့ နေပါ”

“မေတ္တာထားတယ်” ဆိုတာ “လောဘ မဖြစ်အောင် နေတာ”
“ကရုဏာ ထားတယ်” ဆိုတာ “ဒေါသ မဖြစ်အောင် နေတာ”
“မုဒိတာ ပွားတယ်” ဆိုတာ “လောဘ၊ဒေါသ မဖြစ်အောင် နေတာ”
“ဥပေက္ခာ ထားတယ်” ဆိုတာ “မောဟ မဖြစ်အောင် နေတာ”

မေတ္တာစိတ်ကို “လက်တစ်ဖျစ်တီး” လောက်၊ “တစ်စက္ကန့်” လောက် ထားကြည့်ပါ။ ဒီလို မေတ္တာနဲ့ နေတာကို “ဈာန်တရားနဲ့နေတယ်၊ ဈာန်ဝင်စားနေတယ်” လို့ခေါ်တယ်... လက်တစ်ဖျစ်လောက် မေတ္တာစိတ်ထားတာနဲ့ လက်တစ်ဖျစ်စာ သမာဓိ၊ လက်တစ်ဖျစ်စာ ဈာန် ( “စတုတ္ထဈာန်”) ရတယ်.. “သီလ၊ သမာဓိ၊ ပညာ” သိက္ခာသုံးမျိုးလုံး ကျင့်ပြီးသား ဖြစ်သွားတယ်...

“မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ”
“မတည့်တဲ့သူ၊ မုန်းတဲ့သူ အကြောင်း မစဉ်းစားနဲ့၊ ချစ်တဲ့သူ အကြောင်းလည်း မစဉ်းစားနဲ့”
မုန်းတဲ့သူ အကြောင်း စဉ်းစားရင် “ဒေါသ” ဖြစ်မယ်... ဒေါသဖြစ်ရင် ဈာန်လျောမယ် ...
ချစ်တဲ့သူ အကြောင်း စဉ်းစားရင် “တဏှာ” ဖြစ်မယ်... တဏှာဖြစ်ရင် ဈာန်လျောမယ် ...
တဏှာနဲ့လည်း မချစ်နဲ့၊ ဒေါသနဲ့လည်း မမုန်းနဲ့၊ ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့ ...

လူတွေ မေတ္တာ နေ့တိုင်းပို့နေကြတယ်... တကယ်မေတ္တာ ရှိလို့လား၊ အကျင့်ပါနေလို့ ပို့ကြတာလား
မေတ္တာဆိုတာ ကိုယ့်မှာ ရှိနေဖို့၊ သူများကို ပေးဝေဖို့ လိုတယ်... လက်တစ်ဖျစ်စာကနေ ရအောင်လုပ်ကြပါ...
(ဒီနေရာမှာ ဆရာတော်က မေတ္တာပွားထားတဲ့ သံဃာတော်တွေကို လှူဒါန်းရတာ အလှူရှင်ရော၊ သံဃာတော်တွေပါ နှစ်ဘက်လုံး အကျိုးများတဲ့ အကြောင်း ဟောပါသေးတယ်... အသေးစိတ်မှတ်ဖို့ ခက်သွားလို့၊ ရေးရင်မှားသွားမှာ စိုးရိမ်တဲ့ အတွက် ချန်ထားခဲ့ပါတယ်)...

ကမ္ဘာကြီးပူနွေးလာတာ လူတွေရဲ့ “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့် ဖြစ်တာ.. တချို့က သစ်ပင်တွေ ခုတ်လို့ လို့ပြောကြတယ်... တကယ်ကတော့ “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့်... လူတွေ သစ်ပင်ခုတ်တယ်၊ ခုတ်တဲ့သူတွေက အခုတ်ခိုင်းတဲ့သူတွေရှိလို့ ခုတ်တယ်၊ အခုတ်ခိုင်းတဲ့ သူတွေက သူတို့ကိုယ်တွင်းက “လောဘ၊ ဒေါသ၊ မောဟ” တွေကြောင့် အခုတ်ခိုင်းတာ...

မေတ္တာစိတ်ဆိုတာ ပင်ကိုယ်ဓါတ်ခံကောင်းရင် ဖြစ်လွယ်တယ်၊ မုန်းစရာ ချစ်စရာ အာရုံတွေကို ရှောင်ပြီး အာရုံပြု၊ ဥပမာ - မိဘကျေးဇူးကို အာရုံပြု၊ ကိုယ့်အကြောင်းကိုယ် စဉ်းစားရင်လည်း အဆင်ပြေတယ်... မေတ္တာစိတ် ဖြစ်လွယ်တယ်၊။ သူများအကြောင်းတွေ စဉ်းစားရင် ချစ်တဲ့၊ မုန်းတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်...
ကိုယ်နဲ့ မတည့်တဲ့သူအကြောင်းဆိုရင် မစဉ်းစားဘဲနဲ့ ပေါ်နေတတ်တယ်... မတည့်တဲ့သူ အကြောင်းကို စဉ်းစား၊ ပေါ်လာတဲ့ သူ့မျက်နှာကို မြင်ပြီး ကိုယ်တစ်ယောက်ထဲ ရန်ဖြစ်နေတာ... ကိုယ့်လောက် ရူးတဲ့သူ မရှိတော့ဘူး၊ ကိုယ့်စိတ်တွေပဲ ပူလောင်လာမယ်.. သူကတော့ သိမှာတောင် မဟုတ်ဘူး...

အိပ်ခါနီး ချက်ချင်း အိပ်မပျော်သေးခင် - ကိုယ်မေတ္တာပို့နိုင်သူ၊ ကိုယ်မေတ္တာပို့ရမယ့်သူတွေကို - မေတ္တာပို့ပါ... မနက် အိပ်ယာက နိုးတာနဲ့ နိုးနိုးချင်း မေတ္တာပွားပါ...
ဘယ်သူ့အပေါ်မှ မမုန်းဘဲနေနိုင်တဲ့ အစွမ်း၊ စိတ် ရှိနိုင်/ထားနိုင်ရမယ်
လူတွေက အချိုးမကျတဲ့သူ၊ ကိုယ်စိတ်တိုင်းမကျတဲ့သူကို မြင်လေ မေတ္တာစိတ် ပျောက်လေလေ ဖြစ်တတ်ကြတယ်...

အမှန်တရားကိုလည်း ကြိုက်ပါ၊ နေတတ်အောင်လည်း နေပါ...
ကိုယ့်စိတ်တိုင်းကျ၊ အချိုးကျတဲ့သူဆိုတာ မရှိနိုင်ဘူး... ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျကြရဲ့လား... ကိုယ်ပြင်ပေးလိုက်လို့၊ ကိုယ်ပြောလိုက်လို့ အချိုးကျသွားတယ်ဆိုတဲ့သူ ဘယ်နှစ်ယောက် ရှိခဲ့ဘူးလဲ... ကိုယ့်မှာ မေတ္တာတကယ်ရှိလာရင် မျက်စိထဲမှာ အားလုံး အချိုးကျလာမယ်...

မေတ္တာစိတ်လေးထားတာသည် - သီးခံခြင်း အကျင့်ကို ကျင့်ရာရောက်တယ်၊ အားလုံး အကျိုးများတယ်၊ သီလ၊ သမာဓိ၊ ပညာ ထူထောင်ပြီး ဖြစ်တယ် -
ကိုယ် မေတ္တာပို့ချင်တဲ့သူကို အာရုံစိုက်ပြီးပို့၊ ပြီးရင် လူ၊ သတ္တ၀ါ တွေကို မေတ္တာပို့ ၊ မိဘ၊ ကျေးဇူးရှင် ဆရာသမားတွေကို စူးစိုက် အားထဲ့ပြီး မေတ္တာပို့လိုက်တာနဲ့ အာရုံထဲမှာ သူတို့ပုံတွေ ပေါ်လာမယ်...
အားစိုက်ထုတ်တာလေးရှိတယ်... ရည်မှန်းတဲ့ ဓါတ်ကလေးပါတယ်... “သြဒိသ” - ရည်စူးပြီးပို့တဲ့ မေတ္တာ...
စိတ်ကို မှန်လို ကြည်အောင်နေ... မေတ္တာစိတ်လေးနဲ့နေ... "အနောဒိသ" - မရည်စူးပဲ ပို့တဲ့ မေတ္တာ...
သြဒိသ မေတ္တာမှာ စူးစိုက်တဲ့ “ဈာန်” သဘောပါတယ် - ဈာန်က အားးစိုက်ရတယ်... “သမထ”
အနောဒိသ မေတ္တာမှာ “ဥာဏ်” သဘောပါတယ် - ဥာဏ်က အားစိုက်ဖို့ မလိုဘူး ... “၀ိပဿနာ”
တခါတလေ ကိုယ်က ဘုရားရှိခိုးပြီးလို့ စိတ်ကလေးကြည်နေတဲ့ အချိန်မှာ - မေတ္တာပွားနေတဲ့ အချိန်မှာ စိတ်ထဲမှာ - ဖျတ်ကနဲ၊ ဖျတ်ကနဲ ပေါ်လာတဲ့ သူတွေ ကြုံဖူးလိမ့်မယ်... အဲဒါ ကိုယ့်မေတ္တာကို ခံယူမယ့်သူတွေ ပေါ်လာတာ... “အနောဒိသ” မေတ္တာ၊ အဲဒီအချိန်မှာ သူတို့ကို မေတ္တာပို့ပေး... အဲဒီအချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်မနေဘူး၊ ပေါ်လာတဲ့ အာရုံတွေမမြဲတာ၊ လူတွေ ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်၊ နောက်တစ်ယောက်ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်၊ ဒါ “မမြဲတဲ့ သဘော” ကို နှလုံးသွင်းဖို့။ မေတ္တာပို့နေရင်း ကိုယ့်စိတ်မှာ၊ ကိုယ်မှာ “ပီတိ” တွေ “ဖြစ်လာမယ်” ၊ အဲဒီ ပီတိတွေ “ပျက်သွားမယ်” .. ဒါဟာ ပီတိကြောင့် ဖြစ်လာတဲ့ “ဖြစ်/ပျက်” သဘောတွေကို သိလာတာ... “၀ိပဿနာ”...
အဲဒီအချိန်မှာ “စိတ်မဆိုးအောင်၊ ဒေါသမထွက်အောင် သတိထား” “စိတ်ဆိုး ဒေါသထွက်ရင် ကိုယ်ရနေတဲ့ ငြိမ်းချမ်းမှုလေး ဆုံးရှုံးသွားမယ်...”

မေတ္တာထားတတ် ပွားတတ်ရင် “ဈာန်လည်းရမယ်၊ ဥာဏ်လည်းရမယ်” ၊ လက်တစ်ဖျစ်စာ မေတ္တာပွားတဲ့အခါမှာတောင် ဒီလောက် အကျိုးများရင်၊ “လက်တစ်ဖျစ်စာပေါင်းများစွာ” (ကြိမ်ဖန်များစွာ) ကျင့်လာတဲ့သူတစ်ယောက်အတွက် ဘာမှ ပြောစရာကို မလိုတော့ဘူး...
“မေတ္တာ” ကို “ရှိအောင်လည်း နေပါ” “သူများတွေကိုလည်း ပေးပါ၊ ပို့ပါ၊ ပွားပါ”

တရားပွဲကို ကျွန်တော်ရောက်တဲ့ အချိန်မှာ အနည်းငယ်နောက်ကျသွားတဲ့ အတွက် ခေါင်းစဉ်ကို မသိလိုက်ဘူး.. ဘေးကလူကိုလည်း မမေးမိဘူးခင်ဗျ... ဒါနဲ့ မေတ္တာ အကြောင်းဟောထားတာဖြစ်လို့ “မေတ္တာ” လို့ အမည်တပ်ထားတာပါ...
တရားတော်ကို နာယူမှတ်သားရတာ အရမ်းကောင်းလွန်းပါတယ်.. လိုက်နာကျင့်သုံးဖို့ မခက်သလို လိုက်နာကျင့်သုံးနိုင်ရင် အလွန်ပဲ အကျိုးများမှာ ပါပဲ
တရားလာမနာဖြစ်တဲ့ သူတွေ အတွက် ဆရာတော်ဟောသွားတဲ့ အတိုင်း လိုက်မှတ်ထားတာလေးတွေကို မှတ်လို့ ရသလောက် ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်... အတတ်နိုင်ဆုံး အမှန်အတိုင်း ဖြစ်အောင် ကြိုးစားလိုက်မှတ်ထားပေမယ့် ကျွန်တော် လိုက်မှတ်တဲ့ နေရာမှာ ပြန်ရေးတဲ့ အခါမှာ အမှားပါနိုင်တဲ့ အတွက် အသုံးဝင်တဲ့ အချက်လေးတွေယူပြီး မှားနေရင်လည်း ပြင်ပေးသွားကြပါ.. အသံဖမ်းဖို့ အဆင်မပြေတဲ့ အတွက် အသံဖိုင်ကိုတော့ ဝေမျှနိုင်ခြင်း မရှိပါဘူး... ဒါပေမယ့် အသံဖမ်းထားတဲ့သူတွေ ရှိတဲ့အတွက် အင်တာနက်ပေါ်ကို တစ်ချိန်မှာ ရောက်လာမှာပါ... အသံဖိုင်ရှိတဲ့သူတွေ ပြန်လည်ဝေမျှသွားကြပါ...
ညီအကို မောင်နှမများအားလုံး “မေတ္တာထားနိုင်၊ မေတ္တာပွားနိုင်” တဲ့သူတွေ အမြန်ဆုံး ဖြစ်နိုင်ကြပါစေ....

Apr 28, 2009

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ သတင်းလေးကို လက်ဆင့်ကမ်းဝေမျှပေးလိုက်ပါတယ်...
တရားပွဲမလာနိုင်သူများအတွက်လည်း ဒီနေရာမှာ လာဖတ်နိုင်အောင် ကြိုးစားပြီး ပြန်လည် ဝေမျှပေးထားပါ့မယ် ...

  • နေ့ရက် - မေလ ၂ ရက်နေ့ - စနေနေ့
  • နာရီ - ညနေ ၆ - ၃၀ နာရီ
  • နေရာ - တိုပါးယိုး မြန်မာ ဘုန်းတော်ကြီးကျောင်း
  • မြေပုံ - ကြည့်ရှုရန်


View Larger Map

Apr 13, 2009

"ရောဂါကုစား စိတ်စွမ်းအား" တရားတော်

2009-04-11 ရက်နေ့ စင်္ကာပူနိုင်ငံ "တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်း" တွင် "ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာ" - "သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်" တို့၏ ပါမောက္ခချုပ် - ဟောကြားတော်မူသော "ရောဂါကုစား စိတ်စွမ်းအား" တရားတော်ကို ရပ်ဝေးရပ်နီးမှ ညီအကို မောင်နှမများ၊ တရားပွဲကို ရောက်မလာနိုင်ခဲ့ကြတဲ့ ညီအကို မောင်နှမများနဲ့ တရားတော်များကို နာယူလိုတဲ့ ဆန္ဒရှိတဲ့သူများ အားလုံးတို့အတွက် "နှစ်သစ်ကူးလက်ဆောင်မွန်" အဖြစ် မျှဝေ ပေးလိုက်ပါတယ်။



ခန္ဓာရလာတာနဲ့ ရောဂါ/ဝေဒနာ/ဒုက္ခ ရလာတာပဲ။ မြတ်စွာဘုရားက ခန္ဓာရတယ်ဆိုတာ ရောဂါရလာတာပဲလို့ ဟောကြားတော်မူခဲ့တယ်။
ဘ၀ကို အမှန်အတိုင်း မမြင်ရင် - ဘ၀ကိုတွယ်တာတယ်၊ ကောင်းတယ်ထင်လို့ ရချင်တယ်။ ခန္ဓာရဲ့သဘာဝကို အမှန်အတိုင်း သိသွားရင် ဒုက္ခတွေ၊ ရောဂါတွေ ရလာတတယ် - ဆိုတာ သိလာမယ်။
ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာ၊ အဆင်မပြေတာမှန်သမျှကို "ရောဂ" လို့ခေါ်တယ်။ "လျောင်း၊ ထိုင်၊ ရပ်၊ သွား" ဆိုတဲ့ အနေအထိုင်လေးမျိုးကို အဆင်ပြေသလို ပြောင်းနေလို့ မသိသာသော်လည်း၊ ပုံစံတစ်မျိုးတည်းကို အကြာကြီးနေကြည့်ရင် သိသာလာလိမ့်မယ်။

လူတွေမှာ ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း (ဂ) မျိုးရှိတယ် -

  1. သည်းခြေ (အစာချေဖို့ လိုအပ်တဲ့ အစာချေရည်များ)
  2. သလိပ် (ခန္ဓာကိုယ်က အနံ့ဆိုးတွေ လည်ချောင်းကနေ အပြင်ပြန်ထွက်မလာအောင် တားဆီးပေးထားတာ၊ ဥပမာပြောရရင် Toliet ထဲမှာ ရေခံထားတဲ့အတွက် အိမ်သာတွင်းထဲက အနံ့ဆိုးတွေ အပြင်ပြန်မတက်လာ နိုင်သလိုမျိုး)
  3. လေ (လေ ၆ မျိုးရှိတယ်၊ ရှုနေတဲ့လေ၊ သွေးထဲကလေ၊ အူထဲကလေ၊ အစာအိမ်ထဲကလေ၊ အကြောထဲကလေ၊ -- (ကျန်တဲ့တစ်မျိုးကို မှတ်ဖို့ မမှီလိုက်ပါ)) ဒီလေ ဖောက်ပြန်လာရင်လည်း ရောဂါဖြစ်တယ်
  4. အထက်မှာ ဖော်ပြထားတဲ့ သည်းခြေ၊ သလိပ်၊ လေ သုံးမျိုးရောပြီး ဖြစ်စေ၊ နှစ်မျိုး ရောပြီးဖြစ်စေ ဖောက်ပြန်လာတဲ့ အခါ။
  5. ဥတု - ဖောက်ပြန်၊ အပူအအေး လွန်ကဲတဲ့ အခါ
  6. အနေအထိုင်/အစားအသောက် - မဆင်ခြင်တဲ့ အခါ
  7. မိမိကြောင့်ဖြစ်စေ၊ တခြားသူကြောင့်ဖြစ်စေ ထိခိုက်နာကျင် တဲ့အခါ
  8. ကံအကျိုးပေးကြောင့် ဖြစ်တဲ့ ရောဂါ

ဖြစ်လာတဲ့ ရောဂါရဲ့ အကြောင်းရင်းကို မူတည်ပြီး ကံ၊ဥတု - စသည်တို့ကို ပြင်ပေးရင် ရောဂါသက်သာရာ ရနိုင်တယ်။
ရောဂါတွေ အားလုံးမှာ စိတ်ကြောင့်ဖြစ်တဲ့ရောဂါတွေက အများဆုံး ဖြစ်တယ်။ တွေးပြီးပူတဲ့ အပူတွေက လေ/သည်းခြေကို ပြောင်းလဲစေတယ်၊ အေးချမ်းနေတဲ့ နှလုံးသားကို ပူလောင်စေတယ်။
ကိုယ်ရောဂါ၊ စိတ်ရောဂါ နှစ်မျိုးမှာ ဘုရား၊ ရဟန္တာတွေတောင် ကိုယ်ရောဂါနဲ့ မကင်းနိုင်ကြဘူး။ ဘုရား၊ ရဟန္တာတွေမှာ စိတ်ရောဂါမရဘူး။
လူတွေမှာ စိတ်ကြောင့်ရောဂါဖြစ်လာပြီဆိုရင် စိတ်နဲ့ပြန်ကုမှ အဆင်ပြေမယ်။ စိတ်ရောဂါ တစ်ကယ်ပျောက်ဖို့ ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာကျင့်သုံးမှ ရမယ်။

ရုပ်ခန္ဓာကိုယ်ရလာတာနဲ့ ကျန်းမာတယ်လို့ ပြောလို့ မရတော့ဘူး၊ အမြဲတမ်းရောဂါဖြစ်နေတယ်။ ဒါသဘာဝပဲ။ ကိုယ်မကျန်းမာသော်လည်း စိတ်ကျန်းမာနေအောင် ကြိုးစားနေထိုင်မယ်၊ စိတ်မှာ အနာတရ မရအောင်၊ စိတ်ရောဂါ မရအောင် နေထိုင်နိုင်ဖို့ ပိုအရေးကြီးတယ် လို့ ဘုရားကဟောခဲ့တယ်။
Meditation ဆိုတာ စိတ်ရောဂါ မရအောင် ကျင့်တာပဲ။

အတော်အသင့်ကျန်းမာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရုပ်ခန္ဓာမှာဖြစ်လာတဲ့ တော်တန်ရုံရောဂါတွေကို သက်သာစေနိုင်တယ်။ ရောဂါတစ်ခုဖြစ်လာတယ်ဆိုတာနဲ့ စိတ်ကိုကူးစက်သွား တတ်တယ်။ ဒီလို ရုပ်ခန္ဓာရောဂါရလာတဲ့အခါ စိတ်ကိုမကူးစက်အောင်၊ စိတ်မှာ ရောဂါမရအောင် ကုစားတဲ့နည်းဟာ Meditation ပဲ။
စိတ်မှာ ရောဂါကို ကောင်းအောင်ကုစားနိုင်တဲ့ စွမ်းအားတွေ အများကြီးရှိတယ်။ အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ ဗုဒ္ဓရဲ့ဗောဇ္ဈင်သုတ် တရားတော်ကို နာကြားရတဲ့ အခါမှာ ပီတိသဗ္မောဇ္ဈင်ကို ခံစားရပြီး ဖြစ်လာတဲ့ ပီတိစိတ်က ရောဂါကို ကျန်းမာစေတတ်တဲ့ ရုပ်တွေကို ထုတ်ပေးတဲ့ အတွက် ပြန်လည်ကျန်းမာလာတာပဲ။
စိတ်အသစ်ဖြစ်တိုင်း ကိုယ်မှာ ရုပ်အသစ်တွေကို ဖြစ်စေတယ်၊ ဒေါသစိတ်ဖြစ်ရင် ဒေါသရုပ်တွေဖြစ်လာတယ်၊ အဲဒီဒေါသရုပ်တွေကြောင့် "မျက်နှာနီလာတာ၊ အသက်ရှုမြန်လာတာ၊ အသံကျယ်လာတာ" တွေဖြစ်လာတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်။
စိတ်အေးချမ်းလာရင်လည်း ဒီလိုပဲ၊ နှလုံးသားလေးက ငြိမ်သက်၊ အေးချမ်းလို့ နေတယ်။ ဒါကို “၀ိပဿနာ အကျင့်” နဲ့ ရရှိနိုင်တယ်။

စိတ်စွမ်းအားတွေ ရှိဖို့ အရေးကြီးတယ်။ စိတ်စွမ်းအားတွေ တက်လာတာနဲ့အမျှ ကျန်းမာစေတတ်တဲ့ ရုပ်တွေတိုးပွားလာတယ်။
ဗောဇ္ဈင် ဆိုတာ "ဗောဓိအင်္ဂ" ဆိုတဲ့ စကားကနေလာတယ်။ “အသိဥာဏ်ရဲ့ စွမ်းအင်တွေ” လို့ အဓိပ္ပါယ်ရတယ်။ ဒါတွေကို မြင့်မားအောင်လုပ်လိုက်တာနဲ့ ကျန်းမာစေတဲ့ ဆဲလ်တွေ တိုးပွားလာတယ်။
“ပဋာစာရီ” ဟာ သောကကြောင့် အရူးဘ၀ ရောခဲ့ရတယ်။ “လင်မြွေကိုက်၊ ကလေးတစ်ယောက်ကို စွန်ချီ၊ ကလေးတစ်ယောက်က ရေမျော၊ မိဘနှစ်ပါးနဲ့ မောင်ငယ်က အိမ်ပြိုလို့ သေဆုံး” တဲ့ အဖြစ်အပျက်တွေကို ရက်ပိုင်းအတွင်း မချိမဆန့်ကြုံတွေ့လိုက်ရတဲ့ “ပဋာစာရီ” ကြုံတွေ့လိုက်ရတဲ့ အပူမီးက ကြီးမားလွန်းတဲ့ အတွက် အရူးဘ၀ ရောက်ခဲ့ရရှာတယ်။
မြတ်ဗုဒ္ဓနဲ့ တွေ့တဲ့ အချိန်မှာ ကိုယ်မှာ အ၀တ်မရှိတာတောင် မသိလောက်အောင် ရူးနေရှာပြီ။ မြတ်ဗုဒ္ဓက ပဋာစာရီကို “သတ္တ၀ါတစ်ခု၊ ဘ၀တစ်ခု အဆုံးသတ်ဖို့ သေရတဲ့ အချိန်မှာ အဲဒီသူသေတာကို ကျန်နေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကယ်တင်နိုင်ဖို့ မရှိဘူး၊ ဒီသဘောကို နားလည်ပါ၊ ဖြစ်ခဲ့တာတွေကို စဉ်းစားမနေပါနဲ့တော့၊ ဘ၀ရဲ့ သဘာဝအမှန်ကို နားလည်ပါ” စသည်ဖြင့် တရားဟောတော်မူတယ်။
မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြားလိုက်ရချိန်မှာပဲ ပဋာစာရီဟာ အသိပြန်ဝင်လာတယ်။ စိတ်ကြောင့်ရူးတယ် စိတ်နဲ့ပဲ ပြန်ကောင်းလာတယ်။

အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ “သီလ - ကိုယ်ကျင့်တရား” ကို အားကိုးပါ။ ကိုယ်ကျင့်တရားကောင်းအောင်လုပ်ပြီး “နိဗ္ဗာန်” ကို တက်လှမ်းပါ။
လူတွေဟာ ဒုက္ခရောက်လာတဲ့ အခါမှာ စဉ်းစားဥာဏ်မရှိတော့ဘူး။ လောကကြီးဟာ ဒုက္ခအစုအဝေးကြီးပါပဲ။ ဘ၀ဆိုတာ ဒီလိုပဲ ဒုက္ခတွေချည်းပဲဖြစ်တဲ့ အတွက် ဒီသဘာဝကို စိတ်ပျက်၊ ကြောက်ရွံ့စရာ မလိုဘူး။ ကိုယ်ကျင့်တရား မကောင်းတဲ့သူ မကောင်းတာတွေ လုပ်နေတဲ့သူဟာ တခြားဘယ်သူမှ မသိဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုတော့ အသိဆုံးပါပဲ။
လူတွေ သေကြတဲ့အခါ -
- တချို့က ပြုံးပြီးသေကြတယ် ...
- တချို့က အော်ဟစ်ပြီး သေတယ် ...
- တချို့က ရုန်းကန်ပြီး သေတယ် ...
- တချို့က ဝေဒနာကို ပြင်းပြင်းထန်ထန် နာကျင်ခံစားရပြီး သေတယ် ...
ဘ၀ တစ်လျောက်လုံး ကိုယ်ကျင့်သုံးလာခဲ့တဲ့ ကိုယ်ကျင့်တရားက သေခါနီး အချိန်မှာ ပြန်ပေါ်လာတယ်။

ကိုယ်ကျင့်သီလ ကောင်းလာတဲ့ အခါမှာ ဒေါသမဖြစ်အောင် နေနိုင်လာတယ်။ ဒေါသဖြစ်/ စိတ်ဆိုးလာပြီ ဆိုရင်လည်း ချက်ချင်းသိပြီး ဖယ်ရှားနိုင်လာတယ်။
ထို့အတူပဲ ကိုယ်ကျင့်သီလကောင်းလာတဲ့သူဟာ ကောင်းတဲ့စိတ်ဖြစ်အောင်လည်း အမြဲလုပ်နေတယ်။ ဖြစ်လာတဲ့ ကောင်းတဲ့စိတ်ကိုလည်း တိုးပွားအောင် အမြဲတမ်း ကြိုးစားနေထိုင်တယ်။
ဒီလိုနေမှ ဘ၀ကောင်းလာမယ်၊ စိတ်စွမ်းအားတွေ ကောင်းလာမယ်။ ဒါကို Right Effort “မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု” လို့ခေါ်တယ်။ “မှန်ကန်တဲ့ သတိ” Right Mindfulness အမြဲရှိပြီး ကိုယ်နဲ့ မကွာ ထိန်းသိမ်းထားနိုင်ရမယ်။
(နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့) ကောင်းတဲ့ အာရုံ တစ်ခုခုမှာ စိတ်လေးက ငြိမ်သက်အောင် နေနိုင်တဲ့ အခါမှာ Right Concentration “မှန်ကန်တဲ့ စူးစိုက်မှု” ဖြစ်ပေါ်လာတယ်။ စိတ်ရောဂါကင်းလာတာနဲ့ အမျှ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပူပန်မှုဆိုတာလည်း မရှိတော့ဘူး။

လူတွေက ကိုယ်ရောဂါကိုပဲ အဓိက ကုစားနေကြတယ် ...
လောဘ၊ ဒေါသ၊ မောဟ တွေက နှလုံးသားကို ပူလောင်ချင်တိုင်း ပူလောင်နေစေတာကို မသိကြဘူး၊ ကုလည်း မကုစားကြဘူး ...
မဂ္ဂင်ရှစ်ပါး စိတ်စွမ်းအားကို မြှင့်တင်မှ စိတ်အေးချမ်းမှာ၊ နှလုံးသားမှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အတွက် “၀ိပဿနာ အကျင့်” မဂ္ဂင်ရှစ်ပါးကို ထူထောင်ပြီး ဘ၀သံသရာမှ လွတ်မြောက်အောင်၊ စိတ်မှာ ခွန်အားတွေရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်သွားနိုင်ကြပါစေ ...

-- ဆရာတော် ဟောကြားသွားတဲ့ တရားတော်ကို ရသလောက် မှတ်စုလိုက်ရေးပြီး နှစ်သစ်ကူးလက်ဆောင်မွန် အဖြစ် “ဓမ္မဒါန” ဖြန့်ဖြူး ဝေမျှလိုက်တာ ဖြစ်ပါတယ်။
-- တစ်ခုခု အမှားအယွင်းပါခဲ့တယ်ဆိုရင် ကျွန်တော့်ရဲ့ ချွတ်ယွင်းချက်သာ ဖြစ်ပါတယ် ...
-- အမှားအယွင်းတွေရှိနေရင်လည်း ပြင်ဆင်တည့်မတ်ပေးဖို့ တတ်သိနားလည်သူများကို ဖိတ်မန္တက ပြုပါတယ် ...
-- အသံဖမ်းဖို့ အဆင်မပြေတဲ့ အတွက် အသံကိုတော့ ပြန်လည်ဝေမျှနိုင်ခြင်း မရှိပါဘူး ...
-- ညီအကို မောင်နှမများ အနေနဲ့ ဖတ်ရှုပြီးတဲ့အခါ ကိုယ့်အတွက်၊ ဘ၀အတွက် အဆင်ပြေတာ၊ အသုံးဝင်တာလေးတစ်ခုခုကို ရသွားတယ်ဆိုရင်ပဲ ၀မ်းသာအားရ ဖြစ်မိမှာပါ ....
-- နှစ်သစ်မှာ ညီအကို၊ မောင်နှမများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်ဝကြပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ...

Apr 5, 2009

KompoZer 0.8a2 Released Today

KompoZer (http://sourceforge.net/projects/kompozer/) version 0.8a2 is released today.
I think it is completely portable. After I downloaded the KompoZer zip file from sourceforge.net and extracted. I can use directly. No need to install (also no installer inside the downloaded zip file.) Thanks to KompoZer Developer team.
The UI is not too different than previous Version 0.7.10. Now I'm testing and I can feel it is more lighter to use.
I love OpenSource. So I will share my experiences upon the handy OpenSource tools as much as I can to all my lovely friends.

Download Link:
tar.gz http://nchc.dl.sourceforge.net/sourceforge/kompozer/kompozer-0.8a2-gcc4-i686.tar.gz 11.13 MB
zip http://nchc.dl.sourceforge.net/sourceforge/kompozer/KompoZer-0.8a2-win32.zip

Tools used for this post,
Editor Notepad++ portable Version 5.1.1 ANSI
http://notepad-plus.sourceforge.net/uk/site.htm
Spell Check and Dictionary Lingoes Translator 2 (Version 2.5.3 Beta Portable Edition)
http://www.lingoes.net

More about KompoZer on the Internet
01 About KompoZer 0.8a1 http://kazhack.org/?post/2009/02/10/KompoZer-0.8a1

Mar 19, 2009

Copy Cat? or Link Back?

The main purpose of creating MMITDICTIONARY is to share the Very Basic IT Knowledge to Beginners in Myanmar Language with Clearly and Easy to Understand Format. So I used a lot of my private time, days and nights for all these posts. Now I cannot update the blog over one year, as I have not enough time to write for that. Though I still have to share many Basic and Detail IT Knowledge, I can't post because of time.
How do you feel when you arrive an Internet site, where is all of your blog posts are copied and pasted without any Credits or Link Back to your original blog or forum post?
This is just a usual case on Internet. Actually I don't want to post about this case. But when I see someone is totally copy & paste, this post(http://sticker1st.co.cc/?p=57#more-57) and that post (http://sticker1st.co.cc/?p=59#more-59) those are everything from a blog posts http://mmitdictionary.blogspot.com (or may be a forum post of www.myanmarfamily.org) without any credit to original blog or link back, I just keep the screen shoot and record as a History of MMITDICTIONARY on the WWW.

Actually all the blog posts from MMITDICTIONARY are the results from -

  1. learning various books,
  2. various websites and
  3. experiences as a computer user and computer trainer.
In other words, all the posts are not easy jobs, all are outcomes of hard learning about GUI, user experiences and readings books, many days and nights.
Moreover all the posts have clearly credits to original sources.
I never used any blog posts without link back or credits to Original Creator.
How do you feel when you arrive an Internet site, where is all of your blog posts are copied and pasted without any Credits or Link Back to your original blog or forum post?

Mar 15, 2009

eBooksFarm.blogspot.com

မြန်မာပြည်က ချစ်တဲ့ သူငယ်ချင်းမိတ်ဆွေ၊ ညီအကို မောင်နှမတွေအတွက် ပညာရေး၊ စီးပွားရေး၊ အိုင်တီနဲ့ နည်းပညာ - စတာတွေနဲ့ ဆိုင်တဲ့ စာအုပ်တွေချည်းပဲ အင်တာနက်ကနေ ရှာဖွေစုဆောင်းထားတဲ့ ဘလော့ခ် အသစ်တစ်ခုကို သီးသန့် ဖန်တီးလိုက်ပါတယ်
ဒေါင်းလုဒ် လင့်ခ်တွေက mihd.net, ifile.it နဲ့ vista-server တွေမှာ တင်ထားတဲ့ စာအုပ်တွေချည်းပဲ ဖြစ်ပါတယ်... Rapidshare, MegaUpload စတဲ့ နေရာတွေကို ကျွန်တော် မကြိုက်သလို ကျန်တဲ့ သူတွေ၊ အထူးသဖြင့် မြန်မာ ညီအကို မောင်နှမတွေက ပိုပြီး
ကြိုက်မှာ မဟုတ်ပါဘူး...
ဘလော့ခ် နာမည်ကို eBooksFarm လို့ ပေးထားပါတယ်... "အီလက်ထရောနစ် စာအုပ်တွေ ရှင်သန်ဖွံ့ထွားရာ လယ်ကွင်း/နေရာ" လို့ ရည်ရွယ် အမည်ပေးထားတာ ဖြစ်ပါတယ်...
အတတ်နိုင်ဆုံး စာအုပ်ကောင်းတွေကို ရွေးချယ်စုစည်းပေးထားတဲ့ အတွက် အားလုံးအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်....
စာအုပ်တွေကို အုပ်စုဖွဲ့ရာမှာ သက်ဆိုင်ရာ အုပ်စု အလိုက် အသုံးတည့်တာတွေချည်းပဲ Catalog ပုံစံနဲ့ တစ်စုချင်းစီ တင်ထားပါတယ် ...
ဥပမာ - Web Designer, Developer eBooks Collections
မျိုးတူရာ စာအုပ်တွေကိုလည်း ဘေးမှာရှိတဲ့ Tag ကနေ တစ်ဆင့် ပြန်ရှာကြည့်နိုင်ပါတယ်...
ဥပမာ - CSS, mihd.net, ifile.it, စသည်
နောက်တစ်ခုက ကျွန်တော် လိုချင်နေတဲ့ စာအုပ်တွေကိုလည်း The Books I'm Searching... အောက်မှာ ထည့်ထားပါတယ်... ရှိတဲ့သူတွေအနေနဲ့ ပြန်လည် ဝေမျှသွားနိုင်စေဖို့ ဖြစ်ပါတယ်...

သွားကြည့်ကြပါဦး http://ebooksfarm.blogspot.com/

ညီအကို မောင်နှမများ အားလုံး ပညာ၊ ဗဟုသုတအပေါင်းနဲ့ ပြည့်ဝ အောင်မြင်ကြပါစေ...

Jan 20, 2009

Free Computer School At Sagaing Hill (Myanmar)

In Myanmar, Sagaing Hill is one of a famous place because of beautiful mountains and a lot of pagodas. Also there are many Monasteries around the mountains.
Pagodas in Sagaing Hill
Among the monasteries, there is a Free Computer Training School at a monastery, founded by the monks, volunteers and donors. The computer training school is not too large enough and the number of Computers is just only 6 PCs. But there are over 50 applicants for the first training class. Now the school has many requirements...

  1. Computers
  2. Generator for Electricity
  3. To finalize the Building
The name of the Free Computer Training School is EVERYONE. The name is very meaningful and reflected with the aim of the school.
The school is warmly welcome to every donation. I grab all the information from this original post...
A View of Sagaing Hill

Reources;
News:http://kovida.multiply.com/journal/item/38
Images:http://www.dhammaweb.net/

Nov 28, 2008

Killing and Removing Brastk.exe Malware

"Brastk.exe" (this link will open Google search with brastk.exe keyword) is a malware program and it stay in the following directories, and many paths of the registry.
C:Windows\
C:Windows\System32\
When a PC is infected with this malware,
- it appear in system tray with red icon with X,
- frequently display of a message, that The system is infected with a virus ... .
- if we click that message, then it tries to install "XP Antispyware 2009" (also a fake antispyware).
So it is very annoyed to infected PC and user.
To remove this malware from the infected pc, I used the following tools and techniques.

Tools

  1. TCPView (this link to SysInternal and will open in new window) to check all the open ports.
  2. Revo Uninstaller (this link to Revo Uninstaller Download page and will open in new window) to check and remove all "Auto Run" files and other unnecessary files.
  3. Hijackthis (this is direct download link to HijackThis and will open in new window) to check the contents of key areas of the Registry and hard drive--areas that are used by both legitimate programmers and hijackers.
  4. Malwarebytes' Anti-Malware program (this link to MBAM Download page and will open in new window) to check all malware finally.

Techniques

  1. Disable network connection.
  2. Run the Registry and look for the “brastk.exe”, all its paths and keys, and delete all.
  3. Find and delete the “brastk.exe” under C:\Windows\directory
  4. Used the tool “TCPView” to check all the open ports of infected PC. This “Brastk.exe” used, UDP port 1025. Then selected the process of “brastk.exe”, and use “End Process…” command from Process menu of the TCPView. This “brastk.exe” program run away at once from system tray.
After Killing the “brastk.exe” with TCPView,
  1. Delete the “brastk.exe” under C:\Windows\system32\ directory.
  2. Clean all temp files from %tmp%, %temp% and %prefetch%.
  3. Run Revo Uninstaller to check all start up files and unwanted files.
  4. Run Hijackthis and check all key areas of the Registry and hard drive again.
  5. Use Malwarebytes' Anti-Malware program to recheck all the rest of malware threats.
  6. Finally, Restart the infected PC and check again.
Now everything will be OK on the infected PC.
Any new ways and comments for this solutions are welcome.

Aug 1, 2008

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ မှ တရားတော်အနှစ်ချုပ်


တရားပွဲကို ကိုယ်တိုင်မလာနိုင်တဲ့ ညီအကို မောင်နှမများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်...
ဆရာတော် ဟောသွားတာကတော့ ....
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ရွတ်ရင် လောကီလောကုတ် နှစ်ဖြာလုံးမှာ အကျိုးများတဲ့ အကြောင်း ....
ပြီးတော့ ဘယ်သူနဲ့ဖြစ်ဖြစ် လူ၊ လုပ်ရပ်နဲ့ စိတ်ဓါတ် သုံးခုမှာ လူကို မကြည့်ဘဲ လုပ်ရပ် အကောင်းအဆိုး၊ စိတ်ဓါတ် အကောင်းအဆိုး ကို သေသေ ချာချာ စိစစ်လေ့လာဖို့ ....
လိမ္မာ ကြဖို့ ...
ပြီးတော့ ...
အချိန်ရတိုင်း ကုသိုလ်နဲ့ ပညာ ရအောင် စုဆောင်းဖို့၊
ငါးပါးသီလ လုံအောင် နေလို့ရတဲ့ အတွက် လုံအောင်နေကြဖို့
ဟောကြားပါတယ် ...
တတ်နိုင်စွမ်းသမျှ လိုက်နာကျင့်သုံးနိုင်ကြပါစေကြောင်း မျှဝေ ဆုတောင်းလိုက်ရပါတယ်...

Jul 10, 2008

ဓမ္မဒူတ အရှင်ဆေကိန္ဒ တရားပွဲ

စင်္ကာပူနိုင်ငံရောက်
မြန်မာ ညီအကို မောင်နှမ၊ သူငယ်ချင်း၊ မိသားစုများ အတွက်....
ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်ဘုရား

၏ တရားပွဲသို့ ...
ကြွရောက် တရားတော်နာယူနိုင်ကြပါရန် ...
နိဗ္ဗာန် အကျိုးမျှော်ကိုးကာ နှိုးဆော်လိုက်ရပါသည်...
  • အချိန် .... ၁၂-ဇူလိုင်-၂၀၀၈ (စနေနေ့) ညနေ ၇ နာရီ
  • နေရာ .... မြန်မာဘုန်းတော်ကြီးကျောင်း ၊ တိုင်ဂျင်းလမ်း၊ တိုပါးယိုး (Topayoh MRT) အနီး

Mar 27, 2008

72 Security Tips for Daily Computing Life (1)

ကွန်ပျုတာ လုံခြုံရေး ရတက်အေးစရာ နည်းလမ်း ၇၂ သွယ် - အပိုင်း (၁)

ကျွန်တော်တို့ သည် ကွန်ပျုတာကို ယခုမှ စတင် အသုံးပြုတတ်ကာစ သူတစ်ဦး ဖြစ်စေ၊ ကာလရှည်ကြာစွာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်နေသူ တစ်ဦး ဖြစ်စေ ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် ကွန်ပျုတာနှင့် အင်တာနက်ကို အသုံးပြုကြသည့် အခါတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ရန်မှာ အထူးအရေးကြီးပေသည်။

ယခုခေတ်၊ ယခုအခါကဲ့သို့ နေရာတကာတွင် ဗိုင်းရပ်စ်(Virus)၊ ထရိုဂျန်(Trojan) စသည့် ကွန်ပျုတာများနှင့် ကွန်ပျုတာ အသုံးပြုသူများကို အချိန်မရွေး၊ နေရာမရွေး စိတ်အနှောင့်အယှက် ပေးနိုင်သော၊ ဒုက္ခပေးနိုင်သော ဘေးရန် များလွန်းသည့် အခြေအနေတွင် ကွန်ပျုတာကို စိတ်အေးလက်အေး အသုံးပြုနိုင်ရန်မှာ - အင်တာနက် ချိတ်ဆက်မှုကို ရပ်တန့်ထားကာ၊ မည်သည့် ဆော့ဖ်ဝဲ ပရိုဂရမ်၊ မည်သည့် မှတ်ဥာဏ်ပစ္စည်း (Memory Device)ကိုမျှ ကွန်ပျုတာအတွင်း တပ်ဆင်အသုံးပြုမှု မပြုဘဲနေခြင်းများ - ကသာ အကောင်းဆုံး ဖြစ်တော့မည်ဟု ထင်မှတ်ရသည့် အခြေအနေ ဖြစ်လာသည်။

ထိုကဲ့သို့နေလျှင်လည်း ရကောင်း ရနိုင်ဖွယ်ရာ ရှိပါသည်။ သို့သော် အင်တာနက်ကိုလည်း အသုံးမပျက် အသုံးပြုရင်း၊ နှစ်သက် သဘောကျသည့် ဆော့ဖ်ဝဲ ပရိုရမ် အသစ်အဆန်းများ ကိုလည်း ကွန်ပျုတာအတွင်း တပ်ဆင်စမ်းသပ် အသုံးပြုရင်း၊ ဘေးကင်းရန်ကင်းလည်း နေထိုင်နိုင်သည့် နည်းလမ်းများ ရှိမည်ဆိုပါက - ထိုနည်းလမ်းများကို အသုံးပြုခြင်းက ပိုကောင်းမည် မဟုတ်ပါလား။

ကျွန်တော်တို့ အနေဖြင့် -

  1. အကာအကွယ်ပေးသည့် ဆော့ဖ်ဝဲများကိုလည်း ကွန်ပျုတာတွင် ထည့်သွင်းတပ်ဆင် ထားမည်။
  2. ကွန်ပျုတာ အသုံးပြုသည့်အခါ လိုက်နာရမည့် ဆောင်ရန်၊ရှောင်ရန် အလေ့အကျင့်ကောင်းများ ကိုလည်း လေ့လာ မှတ်သားထားမည်။
  3. အရေးအကြီးဆုံး အချက်တစ်ခု အနေဖြင့် အခြေအနေတစ်ရပ်ကို ကောင်းမွန်စွာ သုံးသပ် ဆုံးဖြတ်တတ်သော အလေ့အကျင့်ကောင်းလည်း ရှိနေမည် ဆိုလျှင်
ကျွန်တော်တို့၏ "ကွန်ပျုတာ အသုံးပြုမှု နေ့စဉ်ဘ၀" (Daily Computing Life) မှာ ပိုမို နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်လာပေမည်။

ကျွန်တော်တို့၏ နေ့တဓူဝ ကွန်ပျုတာနှင့်အင်တာနက် အသုံးပြုမှုများတွင် စိတ်ချလက်ချ ဘေးရန်ကင်းရှင်းစွာ နေထိုင် အသုံးပြုနိုင်သော အခြေအနေကို ရရှိနေစေရန်အတွက် မဖြစ်မနေ ဆောင်ရွက်ထားရမည့် အနည်းဆုံး လုပ်ဆောင်ဖွယ်ရာများနှင့် ပိုမို ပြည့်စုံသည့် လုပ်ဆောင်ဖွယ်ရာများကို အောက်တွင် စုစည်း ဖော်ပြထားပါသည်။

အနည်းဆုံးလိုအပ်ချက်များ

(၁) ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတပ်ဆင်ရန်လိုအပ်သည်။ ထိုမျှမက ဗိုင်းရပ်စ်အမျိုးအစားသစ်များမှာ နေ့စဉ် ထွက်ပေါ်နေသည့် အတွက် တပ်ဆင်ထားသည့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲမှာလည်း ၎င်းဗိုင်းရပ်စ်များကို အချိန်နှင့်အမျှ အစဉ်အမြဲ သိနေစေရန် (Update) လုပ်ထားရမည်။ ကွန်ပျူတာကို ပုံမှန်စစ်ဆေးခြင်း၊ ခရီးဆောင်မှတ်Óဏ်ပစ္စည်း (Memory Stick, Pen Drive စသည်) များ တပ်ဆင်သည့်အခါတိုင်းတွင် ဗိုင်းရပ်စ်စစ်ဆေးပြီးမှ အသုံးပြုခြင်းများ ဆောင်ရွက်ဖို့ လိုအပ်သည်။ အင်တာနက်မှ ဖြတ်သန်းရောက်ရှိလာ သော စာ (email) များ၊ စာတို (message) များ၊ အင်တာနက်လိပ်စာ (link) များကို စနစ်တကျ စစ်ဆေးပြီးမှ ဖတ်ရှုဖို့လိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းများ မရှိလျှင်တော့ ကျွန်တော်တို့၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်ရောက် အနှောင့်အယှက်ပေးမည်မှာ သေချာပေါက်ပင် ဖြစ်သည်။

(၂) စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲ (Antispyware) ကို အမြဲ Update လုပ်ပါ။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများသည် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများတွင် ပါဝင်ပြီးသား ဖြစ်လေ့ရှိသည်။ ၄င်းကို အမြဲတမ်း Update လုပ်ထားဖို့လိုသည်။ ၄င်းဆော့ဖ်ဝဲဖြင့် မကြာခဏဆိုသလို ကွန်ပျူတာကို စစ်ဆေးပေးရမည်။ စပိုင်ကာကွယ်ရေးဆော့ဖ်ဝဲများကို နှစ်မျိုးသုံးမျိုးခန့်အထိ ထည့်သွင်းထားနိုင်သည်။ ဥပမာ Windows Vista တွင် စပိုင်ကာကွယ်ရေးအတွက် (Windows Defender) ပါရှိလာပြီးဖြစ်သော်လည်း - Spy Sweeper, Spybot စသည့် အခြားဆော့ဖ်ဝဲများကိုလည်း ထည့်သွင်းထားနိုင်သည်။ အရေးကြီးသည်မှာ ထည့်သွင်းထားသည့် အကာအကွယ်ဆော့ဖ်ဝဲများကို အမြဲတမ်း Update ဖြစ်နေအောင် ပြုလုပ်ထားရန်ပင် ဖြစ်သည်။

(၃) Firewall များဖြင့် ကွန်ပျူတာကို အကာအကွယ်ပေးထားပါ။ ကျွန်တော်တို့၏ ကွန်ပျူတာအတွင်းသို့ ၀င်ရောက်လာသော အချက်အလက်များ (Inbound Data) ၊ ကွန်ပျူတာအတွင်းမှ ပြန်လည်ပေးပို့လိုက်သော အချက်အလက်များ (Outbound Data) သွားလာစီးဆင်းရာ လမ်းကြောင်းအနေအထား (Traffic) များကို Bidirectional Firewall များက စောင့်ကြည့် စစ်ဆေးပေးလေ့ ရှိကြသည်။ ပန်းသီးကွန်ပျူတာများရှိ Mac OS နှင့် Windows Vista တို့တွင်ပါရှိသော Firewall များမှာ Bidirectional အမျိုးအစားများ ဖြစ်ကြသည်။ အကယ်၍ Windows XP နှင့် အခြားသော ၀င်းဒိုးစနစ်ဟောင်းများကို သုံးနေဆဲဖြစ်ပါက ZoneAlarm ကဲ့သို့သော Firewall များကို ထည့်သွင်းတပ်ဆင်ထားရန် လိုအပ်ပေသည်။

(၄) Firewall များနှင့်ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများကို တစ်ခုထက်ပို၍ ထည့်သွင်းထားခြင်းမျိုး မပြုလုပ်ပါနှင့်။ အပြင်လောကတွင် မီးခံသေတ္တာနှစ်ထပ်ဖြင့် အဖိုးတန်ပစ္စည်းများ ထည့်သွင်း ထားရှိခြင်းသည် ပိုမိုစိတ်ချရသည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ကွန်ပျူတာစနစ်တစ်ခုအတွင်း Firewall ဆော့ဖ်ဝဲနှစ်မျိုးကို တပ်ဆင်အသုံးပြုပါက အကာအကွယ်နှစ်ဆ တိုးမလာတော့ဘဲ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် အနှောင့်အယှက် ပေးကာ စိတ်ညစ်စရာ နှစ်ဆတိုးလာနိုင်မည် ဖြစ်သည်။ ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ ကိုလည်း နှစ်မျိုးမသုံးပါနှင့်။ တစ်မျိုးတည်း ကိုသာ တပ်ဆင်ပါ။ (စပိုင်ကာကွယ်ရေး ဆော့ဖ်ဝဲများကိုတော့ တစ်ခုမက တပ်ဆင် အသုံးပြုနိုင်ပါသည်)။

(၅) ကွန်ပျူတာ စနစ်များ၏ "နောက်ဆုံး အခြေအနေနှင့် ကိုက်ညီစေရန် အချိန်နှင့်တပြေးညီ အလိုအလျောက် ဖြည့်ဆည်းမှု" (Automatic Updates) စနစ်များကို ခွင့်ပြုထားပါ။ ကွန်ပျူတာစနစ်များကို အဓိကထုတ်လုပ်သည့် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Microsoft နှင့် Apple တို့သည် ၄င်းတို့ ရှာဖွေတွေ့ရှိသမျှ "စနစ်၏ လုံခြုံရေးဆိုင်ရာ လစ်ဟာချက်များ" (Security Holes) ကို ပုံမှန်ဖြည့်ဆည်းပေးနေလေ့ ရှိကြသည့် အတွက် Windows နှင့် Mac OS တို့၏ အခါအားလျော်စွာ (လိုအပ်သလို) Update ပြုလုပ်ခြင်းများကို တားဆီးမထားပါနှင့်။ Auto Update ပြုလုပ်ပါစေ။

(၆) EXE ဖိုင်များကို အလွယ်တကူ လက်မခံပါနှင့်။ . exe,.com, .bat နှင့် .scr တို့ဖြင့် အဆုံးသတ်လေ့ ရှိသော၊ လုပ်ငန်း တစ်စုံတစ်ရာကို ဆောင်ရွက်ပေးနိုင်သည့် (Executable) ဖိုင်များကို အင်တာနက်မှ ဒေါင်းလုဒ်ရယူကာ အသုံးပြုရသည့် ကိစ္စမှာ ရှောင်လွှဲရန် ခက်ခဲပေသည်။ သို့သော်လည်း မသိဘူး၊ မမြင်ဘူးသူများထံမှဖြစ်စေ၊ Forward ပြုလုပ်လိုက်သော အီးမေးလ်များမှ ဖြစ်စေ ရောက်ရှိလာသည့် Executable ဖိုင်များကိုတော့ သတိထားရန် လိုသည်။ အလားတူပင် .doc နှင့် .xls စသည့် Microsoft Word နှင့် Excel ဖိုင်များသည်လည်း Macro ဗိုင်းရပ်စ်များကို သယ်ဆောင်လာနိုင်သည့် အတွက် သတိပြုစစ်ဆေးရန် လိုအပ်သည်။

(၇) မိမိဆက်သွယ်နေသည့် လမ်းကြောင်းကို တိကျစွာ သတ်မှတ်ထားရှိပါ။ အကယ်၍ သင်သည် Broadband အမျိုးအစား အင်တာနက် ဆက်သွယ်မှုကို ရရှိ အသုံးပြုနေသူ ဖြစ်သော်လည်း Router တပ်ဆင်ထားခြင်း မရှိပါက Router တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။ ကြိုးရှိ Router ဖြစ်စေ၊ ကြိုးမဲ့ Router ဖြစ်စေ အသုံးပြုနိုင်သည်။

(၈) Hardware Firewall ကို အကာအကွယ် ယူထားပါ။ သင်၏ Router သည် "ကွန်ရက်လိပ်စာ ဘာသာပြန်ဆို ပြောင်းလဲမှု" NAT (Network Address Translation) ကို အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ ကွန်ပျူတာမှ ပွင့်နေသော Port များကို ရှာဖွေကာ အန္တရာယ်ပေးလာမည့်၊ အင်တာနက်မှ မသမာသူများ၏ ဘေးရန်ကို ကာကွယ်မှု ရရှိစေမည်။ ၄င်း Firewall သည် ဆက်သွယ်ရေး လမ်းကြောင်းများကို ကောင်းမွန်စွာရရှိစေရန် အထောက်အကူ ပြုနိုင်သော SPT (Stateful Packet Inspection) ကိုလည်း အထောက်အပံ့ ပေးနိုင်ရမည်။ ထို့ကြောင့် သင်၏ Hardware Firewall မှ အဆိုပါ အင်္ဂါရပ်များကို ဖွင့်ထားပါ။

ဆက်လက်ဖော်ပြပါမည်... >>> Malware / Antivirus
Ref: PC Magazine ,Feb 08

Related Blog Posts:
ကျွန်တော်တို့ရဲ့ စကားဝှက် (၁) - Our Password (1)
ကျွန်တော်တို့ရဲ့ စကားဝှက် (၂) - Our Password (2)

Jan 23, 2008

Portable Applications

အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများ
မည်သည့် အိပ်ဆောင် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်း (Portable Memory Devices) အတွင်းသို့မဆို သယ်ဆောင် သွားနိုင်ပြီး၊ မည်သည့် ကွန်ပျုတာတွင်မဆို ၄င်းကွန်ပျုတာအတွင်းသို့ Installation ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်သော အသုံးချ ဆော့ဖ်ဝဲများ အားလုံးကို အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများဟု ခေါ်နိုင်သည်။ အသုံးပြုသူ အနေဖြင့် ဆောင်ရွက်လိုက်သမျှ လုပ်ငန်းများ အားလုံးကို အဆိုပါ ဆော့ဖ်ဝဲများ၏ တည်နေရာတွင် တစ်ခါတည်း မှတ်သား ပေးထားနိုင်သည်။

ဤအဓိပ္ပါယ်မှာ ဤဆော့ဖ်ဝဲများကို ကွန်ပျုတာ မောင်းနှင်လည်ပတ်မှု စနစ် (Operating System) အမျိုးမျိုး၊ မတူညီသော ပလက်ဖောင်း အမျိုးမျိုးနှင့် မတူညီသော အမာထည် (Hardware) အမျိုးမျိုးတွင် အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အိပ်ဆောင် ခရီးဆောင် ဆော့ဖ်ဝဲများသည် ကွန်ပျုတာဆော့ဖ်ဝဲများနှင့် ၄င်းတို့၏ အပြင်အဆင် (Configuration) များကို တစ်နေရာတည်းတွင် အသုံးပြုနိုင်၊ မှတ်သားထားနိုင် စေရန် ဆောင်ရွက်ပေးထားသည့် ဆော့ဖ်ဝဲ ပရိုဂရမ်များ ဖြစ်ကြသည်။

ခရီးဆောင် အိပ်ဆောင် မှတ်ဥာဏ် ပစ္စည်းများ (Portable Memory Devices) ဟု ဆိုရာတွင် အလွယ်တကူ ရွှေ့ပြောင်း သယ်ယူ သွားနိုင်သည့် စီဒီရွမ် (CD-ROM)၊ USB ဖြင့်တွဲဖက် အသုံးပြုနိုင်သော Drive များ (USB flash drive) flash card သို့မဟုတ် Floppy disk စသည့် ကိရိယာများ ပါဝင်သည်။ ထို့ကြောင့် မည်သည့်နေရာ သို့မဆို သယ်ယူသွားနိုင်ပြီး မည်သည့် ကွန်ပျူတာ တွင်မဆို အသုံးပြုနိုင်သည်။

Properties of a Portable Application
ဆော့ဖ်ဝဲ ပရိုဂရမ် တစ်ခုကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် အဆိုပါဆော့ဖ်ဝဲသည် -

  1. မည်သည့် ကွန်ပျုတာတွင်မဆို အသုံးမပြုမီ အချိန်တွင် အသုံးပြုနိုင်ရန်အတွက် တပ်ဆင် ထည့်သွင်းရခြင်း (Installation) မျိုး ဆောင်ရွက်ရန် မလိုအပ်ခြင်း။ ဆော့ဖ်ဝဲကို အသုံးပြုမည့် ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ အလွယ်တကူ ပြန်ဖွ (Unzip) လိုက်ရန်သာ လိုအပ်ခြင်း။ အကယ်၍ ပထမဆုံး အကြိမ်တွင် တပ်ဆင် ထည့်သွင်းရပြီး၊ နောက်မှ လိုအပ်သော ဖိုင်များကို ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းအတွင်းသို့ ကူးယူ ရွှေ့ပြောင်း ထည့်သွင်း အသုံးပြုရပါက ထိုဆော့ဖ်ဝဲမျိုးကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မခေါ်နိုင်ပေ။

  2. အပြင်အဆင်များကို ဆော့ဖ်ဝဲနှင့်အတူ သိမ်းဆည်းထားနိုင်ရမည်။ အတူ သယ်ဆောင်သွားနိုင်ရမည်။ တနည်းအားဖြင့် USB Drive ကဲ့သို့သော ခရီးဆောင် မှတ်ဥာဏ် ပစ္စည်းများတွင် ရေးသွင်း မှတ်သားထားနိုင်ရမည်။ အကယ်၍ အပြင်အဆင်များကို မှတ်သားနိုင်ရန် အတွက် ကွန်ပျုတာ၏ မှတ်တမ်းစနစ် (Registry) ကို အသုံးပြုရမည် ဆိုပါက အဆိုပါ ဆော့ဖ်ဝဲ ပရိုဂရမ်ကို အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည်ဟု မဆိုနိုင်ပေ။ ၄င်းဆော့ဖ်ဝဲကို အသုံးပြုမည့် မည်သည့် ကွန်ပျုတာတွင် မဆို ထပ်မံ တပ်ဆင် ထည့်သွင်းပေးရန် လိုအပ်မည် ဖြစ်သည်။

  3. အသုံးပြုခဲ့သည့် မည်သည့် ကွန်ပျုတာတွင် မဆို မည်သည့် ခြေရာလက်ရာ အစအနမျိုးမဆို ကျန်ရစ်ခဲ့ခြင်းမျိုး မရှိစေရ။ ဥပမာ - ယာယီ မှတ်သား အသုံးပြုသော ဖိုင်များ နှင့် Registry အပြင်အဆင်များ အားလုံးသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို ပိတ်လိုက်၊ အဆုံးသတ်လိုက် သည်နှင့်တပြိုင်နက်တည်း အသုံးပြုနေသော ကွန်ပျုတာမှ ဖယ်ရှားလိုက်ပြီး ဖြစ်နေရမည်။ အသုံးပြုသူမှ ဖန်တီးလိုက်သော ဖိုင်များသည် ဆော့ဖ်ဝဲ ပရိုဂရမ်ကို သိုမှီး သိမ်းဆည်းထားသော ခရီးဆောင် မှတ်ဥာဏ်ပစ္စည်း အတွင်း တစ်ခါတည်း သိမ်းဆည်းလိုက်ပြီး ဖြစ်နေရမည်။

Included Applications
ပါရှိသော အသုံးချ ဆော့ဖ်ဝဲများ

ခရီဆောင် ဆော့ဖ်ဝဲများတွင် Standard Edition၊ Lite Edition နှင့် Base Edition ဟူ၍ အမျိုးအစား သုံးမျိုး ရှိသည်။
  1. Standard Edition တွင် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲ ClamWin၊ အင်တာနက်ကြည့် ဆော့ဖ်ဝဲ Mozilla Firefox၊ အမြန်စာတိုပို့ ဆော့ဖ်ဝဲ Gaim၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် OpenOffice.org၊ ဆော့ကစားရန် Sudoku၊ အချိန်ဇယား ရေးဆွဲရန်နှင့် ပြက္ခဒိန်အတွက် Mozilla Sunbird နှင့် အီးမေးလ် အတွက် Mozilla Thunderbird တို့ ပါရှိသည်။ ဤ Standard Edition ကို ခရီးဆောင် မှတ်ဥာဏ်တစ်ခု အတွင်း Install ပြုလုပ်လိုက်ပါက 300 MB မျှအထိ နေရာယူ သဖြင့် 512 MB အနည်းဆုံး ရှိသော ခရီးဆောင်မှတ်ဥာဏ်များဖြင့်သာ ကောင်းစွာ အလုပ်လုပ်နိုင်သည်။

  2. Lite Edition တွင် OpenOffice.org တစ်ခုလုံး အစား၊ စာစီစာရိုက် ပြုလုပ်နိုင်ရန် အတွက် AbiWord တစ်ခုတည်းသာ ပါရှိလာသည်။ ထို့ကြောင့် 256MB မျှအထိ ရှိသော ခရီးဆောင်မှတ်ဥာဏ်များတွင် ကောင်းစွာ အလုပ်လုပ်နိုင်သည်။

  3. အကယ်၍ မိမိအတွက် လိုအပ်သော ဆော့ဖ်ဝဲကိုသာ အတိအကျရွေးချယ် အသုံးပြုလိုပါ Base Edition ကို အသုံးပြုနိုင်သည်။ ၄င်းတွင် PortableApps Menu, PortableApps Backup utility နှင့် လိုအပ်သော Folder များ၊ အိုင်ကွန်များနှင့် Autorun ဖိုင်တစ်ခုသာ ပါရှိမည် ဖြစ်သည်။ အရွယ်အစားမှာ 1MB ထက်ပင် လျော့နည်းသောကြောင့် ပမာဏ နည်းပါးသော ခရီးဆောင်မှတ်ဥာဏ် ပစ္စည်းများ အတွက် အလွန်ကောင်းသည့် ရွေးချယ်မှု ဖြစ်သည်။

Ref:
http://portableapps.com/suite
http://en.wikipedia.org/wiki/Portable_application

Dec 16, 2007

Some Googling Tips


There are many ways to use Google's features.
The more we know how to query Google's Internet Database,
the better we get required information in short time.
As a daily Google user, I'm finding how to use this giant search engine effectively.
Also collect some working query strings and keywords.
So I would like to share what I found and want to get what others found about Google.

eBooks Search

I use this keywords to search direct links and page of the ebooks.
"book title/ name/ subject"+download site
eg.
  1. "Rolls Royce - The Jet Engine . 5th Edition"+mihd.net/*
  2. "Designing Large-Scale Web"+rapidshare.com/*
  3. "Operational Amplifier" + mihd.net/*
  4. "Building the Perfect PC "+mihd.net/*
(I'm MiHD crazy, as I cannot use rapidshare just like other free users. If you want to know how to bypass Rapidshare Download limit, by using free internet resources, read this blog post. You will feel free ,as no need to install any program to bypass Rapidshare by the power of free CGI-Proxies on the net. This is little information How to Create Your Free Proxy-List The only one need is patience. :) Patience will pass all the difficulties, isn't it?)
However we can substitue any other file hosting sites, like filefactory.com/*, divshare.com/*, mediafire.com/* and so on.
We can use this method to search any others what we wanted, warez, musics, videos and so on. I feel it is so simple but effective for me.

for eBooks directory search

-inurl:html -inurl:htm -inurl:asp -inurl:cfm -inurl:shtml intitle:"index.of"+"parent directory"+"Cisco|CCNA"+pdf|chm
More compact way is,
-inurl:(html|htm|asp|cfm|shtml) intitle:"index.of"+"parent directory" +"Cisco|CCNA"+pdf|chm

-inurl:(html|htm|asp|cfm|shtml) intitle:"index.of"+"parent directory"+"Cisco|CCNA"+pdf|chm+2007
Here, we can use only one intitle:"index.of" or "parent directory".
2007 is also optional. I use this to find directories that updated in 2007.

Some Keywords to substitute at "Cisco|CCNA"
A+, ACCA, aircraft, book, BSD, C, C++, code, CSS, crack, cracking, data, dictionary, database, ebook, engine, essential, encyclopedia, engineer, engineering, google, hack, hankbook, html, hacking, jet, kernal, linux, McGraw Hill, machine, marine, media, mind, mobile, manual, management, missing, MBA, MCSD, MCSE ... , network, networking, OReilly, open, Opensource, Prentice Hall, Peachpit.press, Php, Release, Robot, System, Tesking, Troubleshooting, Training, Utility, visual, visual (c++/basic etc), Wiley, web, workbook and so on …

Some Keywords to substitute at "pdf|chm"
If we want to search audio/video files, change "pdf|chm" to wma, mp3, mpg, mpeg, mid, swf, asf, wmv, ram, wav etc. Also we can use more keywords; cab, exe, zip, rar, 7z etc.

Using Google's Cache

Sometimes, network connection is too slow to access original sites. At that time Google's Caches giving in the search results are the best way to access those sites. We can feel this way is more fast than accessing original site. If the site is required to register to view the contents in normal browsing, Google's Cache will bypass this problem for some sites.

Using Google's Translator

Some of Chinese , Russian and Middle East sites are developed with their native languages and share many valuable resources about Technologies, Medical, Software and other valuable information. As a normal internet or Google user, we cannot access these sites because of their languages. However Google's Translator can be performed as a translator and proxy. By using this Google's Translator service effectively, we can use Internet more widely as well as deeply. For more information about Google's Translator service, you can read here. If you want to test certain site: follow this link. http://translate.google.com/translate?hl=en&sl=zh-CN&u=http://www.cnshare.org/ You will see effectiveness of Google's Translator service easily.

50/100 Results/Page

Normally Google's results give us 10 Results per page. But we can change this using preference and set results from 10, 20, 30, 50 to 100. However the I prefer to use this query &num=100 to get 100 Results/Page by adding at the end of Google's Search Address.

Using the Internet effectively and quickly in a short time, is funny and can save our valuable Time and Money. Hopefully this information will help all my friends and other (beginners) Googlers.

Dec 12, 2007

လိုအပ်ချက်တစ်ခု - A Requirement


မြင်သာမြို့ဦး
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

  • ဘဒ္ဒန္တပညာစာရ (ပဓါနနာယကနှင့် ကျောင်းအုပ်ဆရာတော်)
  • စတင်တည်ထောင်သည့်ပုဂ္ဂိုလ် - ဆရာတော် ဘဒ္ဒန္တကုသလ
  • စတင်တည်ထောင်သည့်ခုနှစ် - ၁၉၉၃ ခုနှစ် ဇွန်လ (၁)ရက်
  • ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၂ ရပ်ကွက်၊ သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်
  • ၁၉၉၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဆရာတော် ဘဒ္ဒန္တကုသလသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတွင် မှတ်ပုံတင်၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖြစ် ဖွင့်လှစ်တည်ထောင်ကာ နယ်စပ်ဒေသနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီး တို့မှ မိဘမဲ့ ဆင်းရဲနွမ်းပါးသော ကလေးသူငယ် (၂၅)ယောက် တို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို တာဝန်ယူကာ ပြုစု စောင့်ရှောက် ခဲ့ပါသည်။
  • ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူပြီးနောက် လက်ရှိဆရာတော် ဘဒ္ဒန္တပညာစာရမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်ခဲ့ပြီး ၁၉၉၅-၁၉၉၆ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အလယ်တန်းအဆင့်သို့ တိုးမြှင့်သင်ကြားနိုင်ခဲ့ပါသည်။
  • (၂၀၀၅) ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တပညာစာရသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနတွင် မှတ်ပုံတင်လျက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအဖြစ်သို့ ပူးတွဲတိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။

ရည်ရွယ်ချက်များ

  1. မိဘမဲ့၊ ဆင်းရဲချို့တဲ့သော ကလေးများကို နွေးထွေးလုံခြုံစွာ ကျွေးမွေး စောင့်ရှောက်ပေးရန်။
  2. ကလေး သူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လေ့ကျင့် ပြုစုပျိုးထောင် ပေးရန်။
  3. ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစဉ်လာများကို သိရှိ နားလည်တတ်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း တတ်စေရန်။
  4. ပညာတတ်လူငယ်များအဖြစ် မိမိအကျိုး၊ အများအကျိုးကို ထမ်းဆောင်နိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်၊လူရွယ်များအဖြစ် ပေါ်ပေါက်လာစေရန်။
  5. အသက်အရွယ် အလိုက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ စောင့်ထိန်း တတ်စေရန်။
  6. ဘ၀တစ်သက်တာသိမှတ်ဖွယ်ရာများကို သင်ကြား လေ့ကျင့်စေခြင်းဖြင့် ကလေးများ မိမိကိုယ်ကို မိမိ ရပ်တည်နိုင်စေရန်။

လူမျိုးဘာသာမရွေး အသက်(၅)နှစ်အထက် ယောက်ျားကလေးများကို အောက်ပါအတိုင်း လက်ခံပါသည်။
  1. မိဘနှစ်ပါးမရှိသောကလေးများ၊
  2. မိဘာတစ်ဦးဦးမရှိသောကလေးများ၊
  3. ခိုကိုးရာမဲ့၊ ဆင်းရဲချို့တဲ့သောကလေးများ၊
  4. အကြောင်းအမျိုးမျိုးကြောင့် မိဘ(သို့မဟုတ်) အုပ်ထိန်းသူများနှင့် အတူမနေနိုင်သောကလေးများ၊
  5. မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ တိုင်းရင်းသား ကလေးများ။
ဂေဟာတွင် လက်ခံထားသည့် ကလေး အရေအတွက်မှာ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် (၁၈၀)ဦး ရှိပါသည်။

သင်ကြားရေး အစီအစဉ်

မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကလေးငယ်များကို
ဂေဟာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးပြီး၊
အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ကလေးသူငယ်များကို
သက်ဆိုင်ရာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များသို့ တက်ရောက်စေ၍
ပညာ ဆက်လက်သင်ကြား စေပါသည်။

ကျွေးမွေးရေး အစီအစဉ်

ကလေးများ၏ စားသောက်ရေးအတွက်...
  • သံဃာတော်များနှင့် သာမဏေများသည် မြို့နယ်များအတွင်း အလှည့်ကျ ဆွမ်းခံကြွလျက်လည်းကောင်း၊
  • ဂေဟာရန်ပုံငွေနှင့် စေတနာရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း
ကျွေးမွေးပြုစု စောင့်ရှောက် လျက်ရှိပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု

ကလေးများ ကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်း ဆရာဝန် (၂)ဦးနှင့် တိုင်းရင်းသမားတော် (၁)ဦးတို့က အလှည့်ကျ စောင့်ရှောက်ပေးလျက်ရှိပြီး၊ ပြင်ပစေတနာရှင် သူနာပြုများ မှလည်း ကလေးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးတို့ကို ပြုစု စောင့်ရှောက်ပေးလျက် ရှိသည့်အပြင် အရေးပေါ်လိုအပ်လာပါကလည်း ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူစေပါသည်။

ဖွံ့ဖြိုးရေး အစီအစဉ်

ကလေးများ အသိဉာဏ်ဖွံ့ဖြိုးစေရန်နှင့် စာပေဗဟုသုတ ရရှိစေရန်အတွက် စာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် အထွေထွေ အသိပညာများ တိုးပွားစေရန် အတွက် ပြင်ပမှ ပညာရှင်များကို ဖိတ်ခေါ်၍ အသိပညာပေး ဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ပြုလုပ် ပေးပါသည်။ စေတနာရှင်များ၏ ပံ့ပိုးမှုဖြင့် လေ့လာရေးခရီး ထွက်စေပါသည်။ ကလေးများကိုယ်လက်ကြံ့ခိုင်စေရန်နှင့် ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေရန် စေတနာ့ဝန်ထမ်း နည်းပြဆရာ(၁)ဦးနှင့် ဆရာမ(၁)ဦးတို့မှ ကျန်းမာရေးပညာပေး လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ထို့ပြင် ကျောင်းပိတ်ရက်နှင့် အားလပ်ချိန်များတွင်လည်း ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် အားကစားနည်းမျိုးစုံ တို့ကို ကစားစေပါသည်။
နွေရာသီ ကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၊ အခြေခံသမထ ၀ိပဿနာ သင်တန်းများနှင့် အခြေခံ အင်္ဂလိပ်စကားပြော သင်တန်းများ၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပို့ချပေးပါသည်။ ကလေးများ ကျန်းမာ ပျော်ရွှင်စေရန် အတွက် ကျောင်းပိတ်ရက်များတွင် ဗီဒီယိုပြသပေးပြီး အခါအားလျော်စွာ ရာသီအလိုက်ပျော်ပွဲရွှင်ပွဲများ ကိုလည်း ကျင်းပပေးပါသည်။

အလှူငွေ လက်ခံ/အသုံးပြုမှု

  • စေတနာရှင်များ၏ လှူဒါန်းငွေများနှင့် အ၀တ်အထည်များ၊ ပရိဘောဂ ပစ္စည်းများ စသည်တို့ကို ကလေးများ အတွက် လိုအပ်သည့် နေရာများတွင် အသုံးပြု ပါသည်။ ဂေဟာရှိကလေး (၁၈၀)ကျော်တို့၏ တာဝန်ကြီးမားလှသော စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများ အခက်အခဲ မရှိစေရန်နှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရန် အလှူရှင်များ အနေဖြင့် ကလေးများ အတွက် အစားအသောက်၊ အ၀တ်အထည်၊ ဆေးဝါးများနှင့် ပညာရေးစရိတ်များ ကိုလည်း လှူဒါန်း နိုင်ကြပါသည်။
  • ဂေဟာရှိ အမြဲနေ ကလေးများ နှစ်စဉ် တိုးတက်များပြား လာသည်နှင့်အမျှ ကလေးများအတွက် လက်ရှိ အိပ်ဆောင်များဖြင့် လုံလောက်မှု မရှိပါသဖြင့် အလျား (၅၀)ပေ၊ အနံ (၃၈)ပေရှိ သုံးထပ်အိပ်ဆောင်တစ်ဆောင် ကို စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် (၂၀၀၄)ခုနှစ်မှ စတင် ဆောက်လုပ်လျက်ရှိရာ အဆိုပါအိပ်ဆောင် ပြီးစီးနိုင်ရေး အတွက် အလှူရှင်များ လိုအပ်လျက်ရှိပါသည်။
  • ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသားများ တိုးတက် များပြားလာသည်နှင့်အမျှ အဆိုပါ ကလေးများ၏ အထက်တန်းအဆင့် ပညာများ ပိုမို ထူးချွန် အောင်မြင်နိုင်ရေး အတွက် နီးစပ်ရာ အထက်တန်း ကျောင်းတွင် ပညာ ဆက်လက်သင်ကြား စေသည့်အပြင် ကျောင်းချိန်ပြင်ပ တွင်လည်း ကျွမ်းကျင်သောဆရာများ ငှားရမ်းလျက် ဂေဟာအတွင်း၌ အနီးကပ်ကြီးကြပ် သင်ကြား ပို့ချ ပေးလျက် ရှိပါသည်။
  • ဂေဟာရှိ ကလေး(၁၈၀)ကျော်တို့အတွက်
    • နေ့စဉ်နံနက်စာ၊ ညစာများ။
    • အထက်တန်း/ အလယ်တန်း/ မူလတန်း ကျောင်းသား တစ်ဦးချင်းစီ အတွက် လစဉ် ပညာသင် စရိတ်များ။
    • အ၀တ်အထည်၊ အိပ်ရာအသုံးအဆောင်များ။
    • စာရေးကိရိယာများ/ ပညာသင်ကြားရေး အထောက်အကူပြု ပစ္စည်းများ။
    • လစဉ် ပညာဝန်ထမ်းလစာများ။ ဆေးဝါးများ၊ ကျန်းမာရေး စားရိတ်များ၊ ကျန်းမာရေး အသိပညာပေး အထောက်အကူပြု ပစ္စည်းများ။
    • ဆောက်လုပ်လျက်ရှိသော သုံးထပ် ကျောင်းဆောင် ပြီးစီးနိုင်ရေး အတွက် လိုအပ်သော အလှူငွေများကို မိမိတို့တတ်အားသမျှ နည်းများမဆို လှူဒါန်း နိုင်ပါသည်။

ဆက်သွယ် လှူဒါန်းနိုင်ရန် လိပ်စာ

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊
သစ္စာလမ်းနှင့် ဖိုးခေါင်လမ်းထောင့်၊ (၁၄/၂) ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၁) ၅၆၃၃၅၁

မြင်ကွင်းအချို့

Donation: Volunteer

Donation: Volunteer

(၂၀၀၄)ခုနှစ်မှ စတင်ဆောက်လုပ်နေသော
အလျား (၅၀)ပေ၊ အနံ (၃၈)ပေရှိ
စေတနာ ရှင်များ လိုအပ်နေသည့် ဆောက်လက်စ သုံးထပ်အိပ်ဆောင်


Donation: Volunteer

ကျွန်တော်တို့ တတွေ အသက် ရှင်သန်နေကြတာ ဘယ်အတွက်လဲ …
ပိုက်ဆံတွေ ရှာနေကြတာ ဘာလုပ်ဖို့လည်း …
ကောင်းကောင်းနေ ကောင်းကောင်းစား နိုင်ဖို့ အတွက်လောက် ဆိုရင်တော့ ၀မ်းနည်းဖွယ်ရာပါပဲ …
သေရင် ကိုယ့်နောက်လိုက်မလာ နိုင်တဲ့ ပိုက်ဆံကို ရှာလို့ရလာတဲ့ အခါ …
သေရင် ကိုယ့်နောက် လိုက်လာမယ့် ကောင်းမှု ကုသိုလ်တွေ အတွက် အသုံးချနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်... …


What is the meaning or our living?
Why do we search Money, Money, Money?
Search the Money to eat well, to wear well and to live well?
If so, nothing will follow these money after we died. Believe it.
Donation or Helping our Money to Poors or other Requirements as much as we can is the best way to use our Money.
I hope you all will use all of your Money in Right Places, on Right Time.
Best Wishes …

Dec 10, 2007

ရှေ့ခရီး Forward


လက်ရှိအလုပ်မှာ အခြေအနေအရ ရောက်နေပေမယ့် …
လုပ်ချင်တာနဲ့ လုပ်နေရတာဝါသနာပါတာနဲ့ သင်ခဲ့ရတာ နှစ်မျိုးလုံး ပြိုင်တူလွဲနေတယ် :D
အခု ၂၈ နှစ် ပြည့်တော့မယ် တကယ်လုပ်ချင်တာက IT လေ့ကျင့်ရေးစခန်း -

  • သင်တန်းမှ ထွက်ခွာချိန်တွင် သင်ခဲ့ရသမျှ နည်း/များမဆိုကို တကယ်တတ်သိ နားလည်စေမည့်...
  • ကွန်ပျုတာရှိသည့် နေရာတိုင်းတွင် ကွန်ပျုတာပညာများ သင်ကြားပေးနိုင်သူ မရှိသည့်အတွက် ကိုယ်တိုင် ရှေ့ဆက် စနစ်တကျ လေ့လာဆည်းပူး နိုင်မည့် အခြေခံလျှို့ဝှက်ချက်များ ကိုပါ သိရှိသွားအောင် ဆရာစားမချန် လေ့ကျင့်ပေးမည့် …
  • ငွေကြေး မတတ်နိုင်သော်လည်း အရည်အချင်း အမှန်တကယ်ရှိသူ များကို အခမဲ့ ပညာဒါနပေးဝေသွားမည့်...
  • ………
  • ………
  • (ရည်မှန်းချက် အချို့ ချပြတာပါ)
IT လေ့ကျင့်ရေးစခန်း တစ်ခုကို နောင်တစ်ချိန်မှာ လုပ်သွားချင်တာ…
တစ်ယောက်ထဲ မနိုင်သေးတဲ့ အတွက် လောလောဆယ် ကိုးထပ်ကြီး ဘုရား၊ ၀ံသမေဒနီ ဘုန်းကြီးကျောင်းက တနင်္ဂနွေနေ့ ပညာဒါန သင်တန်းတွေမှာ နိုင်တဲ့ ဘက်က ကူညီနေတယ်…

တကယ် လုပ်တော့မယ်ဆိုရင် လက်ရှိ အလုပ်က ထွက်ရမယ် …
အခြေအနေအရ မထွက်နိုင်သေးဘူး (နီးတော့ နီးနေပြီ အတော်စိတ်ကုန်နေလို့ :) )
ပြီးတော့ နေရာ ပစ္စည်းနဲ့ အခြား အခြေခံ အထောက်အကူတွေ အတွက် ပိုက်ဆံ မလုံလောက်သေးဘူး …
(သင်တန်းက စီးပွားရေး အရ ရှုံးနိုင်တဲ့ အတွက် :P) ရှာဖွေ စုဆောင်းရဦးမယ် …

လူအား အနေနဲ့ Volunteer ကူညီမယ့် သူနှစ်ယောက် လောလောဆယ် ရထားတယ်
တစ်ယောက်က မြန်မာမှာ၊ နောက်တစ်ယောက်က လောလောဆယ် အင်္ဂလန်မှာ …

ဘယ်အချိန်သေမလဲ မသိတဲ့ အတွက် အချိန်က များများမကျန်တော့ဘူး …
သေရင် ကိုယ့်နောက် မပါနိုင်တာတွေ မလုပ်ချင်တော့ဘူး ဖြစ်နေတယ် …

နောင်လာမယ့် ညီ/ညီမငယ်တွေကို ၈/၉/၁၀ တန်းလောက်က စပြီး ဘ၀မှာ ကိုယ်စိတ်ဝင်စားတဲ့အရာကို ကိုယ်တကယ် သိရှိ ရွေးချယ် လျှောက်လှမ်း နိုင်တဲ့ အစွမ်းအစတွေ ထွက်လာအောင် တတ်နိုင်တဲ့ ဘက်ကနေ နှိုးဆွပေးချင်တယ်…
(၁၀ တန်းဖြေပြီးမှ ဆိုရင် နောက်ကျသွားပြီလို့ ကျွန်တော်ထင်တယ်) …

ကြုံကြိုက်လို့ ပြောလိုက်မိတာပါ …
တစ်နေ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်နေပါတယ် …
တတ်နိုင်သလောက်နဲ့လည်း အနှေးနဲ့ အမြန် စလုပ်သွားဖို့ ရည်ရွယ်ထားပါတယ် …
ရည်ရွယ်ချက် တူညီတဲ့ Volunteer, Contributor ညီအကို မောင်နှမများကိုလည်း ကြိုဆိုပါတယ် …

Dec 6, 2007

PDF File Download & MiHD.net

MiHD ကနေ PDF ဖိုင်တွေကို ဒေါင်းလုဒ်ချတဲ့ အခါမှာ အဆင်မသင့်ခဲ့ရင် အင်တာနက် ကြည့်ဆော့ဖ်ဝဲက PDF ဖိုင်ကို သူ့ထဲမှာ ဖွင့်ပေးဖို့ ကြိုးစားတတ်တာမို့ ရပ်သလို ဖြစ်သွားတတ်ပါတယ်... အထူးသဖြင့် အင်တာနက် အမြန်နှုန်း အရမ်း နှေးတဲ့ နေရာတွေမှာ ပိုသိသာပါတယ်..
စိုးရိမ်စရာ မရှိပေမယ့် ... မသိတဲ့ သူတွေ အတွက်တော့ ကွန်ပျုတာများ တစ်ခုခု ဖြစ်သွားပြီလို့ ထင်ရတတ်ပါတယ်...
ဒီလို မဖြစ်အောင် အောက်မှာ ရှင်းပြထားတဲ့ ပုံလေးကို ကြည့်လိုက်ရင် နောက်များဆို အဆင်ပြေသွားမှာပါ...

MiHD and PDF Download

ဆက်စပ်ဖတ်ရှုနိုင်ရန် (Related Posts) -

  1. How to Download From MiHD
  2. Google, MiHD.net & Blogspot

အင်တာနက်ကို အမြန်ဆုံးနဲ့ အကျိုးအများဆုံး အသုံးချနိုင်ကြပါစေဗျာ...

Dec 4, 2007

CBox-Just a simple trick


If we visit some of our friends' blogs, we can read their idea, writings and other sharing subjects. Sometimes we comment to some of their valuable posts. It is just a simple case and we can easily do with blogger's build in comment or other templates assigned by the blog owners.
Sometimes we want to greet our friends or to inform something, then we can use cbox, setting up in the blogs. Most of the cboxs in blogs are narrow and cannot access sometimes, if it is not well customized or something wrong. At that time the following trick can help us to access cbox freely.

  1. Right click on the refresh of the cbox.
  2. In the appeared shortcut menu choose
    • Copy Shortcut (Internet Exporer) or
    • Copy Link Location (Firefox).
  3. Open New Tab or New Browser Window and Paste the shortcut (link) in the Address bar.
  4. Then press Enter key.
  5. Now, it is feel free to write cbox message easily for our friends.
Another way is,
  1. Right click on the refresh of the cbox.
  2. Then choose Open in New Window (Internet Explorer) or Open Link in New Tab (Firefox).
Hopefully this will help you all a little.