ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Showing posts with label Hacking via Google. Show all posts
Showing posts with label Hacking via Google. Show all posts

Aug 26, 2007

ကျွန်တော်သိသမျှGoogle - Googling into Rapidshare Folders


Rapidshare ဟာ အသုံးပြုသူတွေအတွက် သူတို့ တင်ထားတဲ့ ဖိုင်တွေကို သိမ်းဆည်းဖို့ နေရာတွေ သတ်မှတ် ပေးထားတာ ရှိပါတယ် ... အဲဒီအတွက် Rapidshare မှာရှိတဲ့ Folder တွေရဲ့ တည်ဆာက်ပုံကို နည်းနည်း လေ့လာ နိုင်တာနဲ့ ကိုယ်လိုချင်တဲ့ အချက်အလက်တေ၊ွ ဖိုင်တွေ ၊ ရုပ်ပုံတွေ၊ ဆော့ဖ်ဝဲတွေ ကို Rapidshare ကနေ အလွယ်တကူ ဆွဲချလို့ရသွားမှာပါ ...
Rapidshare ရဲ့ ဖိုင်တည်ဆောက်ပုံမှာ-
-Users ဆိုတဲ့ စကားလုံး အမြဲတမ်းပါဝင်ပါတယ် ....
-အဲဒီနောက်ကမှ User ရဲ့ ကုဒ် အမှတ်အသား ပါရှိပါတယ် ...
ဥပမာ - rapidshare.com/users/ABCdEF
ထုံးစံအတိုင်း Google ကနေ Rapidshare မှာဘာတွေရှိနေသလဲ ရှာကြည့်တဲ့အခါ
အရင်ကလို မရှာတော့ဘဲနဲ့ ပိုမိုတိကျအောင် ကိုယ်ရှာတဲ့ အရာတွေအပြင် ဆက်စပ်နေတဲ့ အခြားအရာတွေလည်းရရှိအောင် Folder တွေထဲအထိ လိုက်ရှာကြည့်တာ ဖြစ်ပါတယ် ...

ဥပမာ အနေနဲ့ Windows XP ဆိုတဲ့ စာသားပါတဲ့ နေရာတွေကို ရှာကြည့်မယ်ဆိုရင် -
Google မှာ အခုလိုရှာကြည့်လိုက်တော့ ...
"Windows XP" site:rapidshare.com/users/
Windows XP ဆိုတဲ့ စကားလုံးတွေပါနေတဲ့ Rapidshare Folder တွေ (၄၅) ခု ထွက်ပေါ်လာတာ မြင်ရပါတယ် .. (အခြေအနေအရ အရေအတွက် ပြောင်းနေ နိုင်ပါတယ်)
ပုံမှန်အတိုင်းရိုးရိုးရှာမယ်ဆိုရင်တော့ ...
"windows xp" site:rapidshare.com
အဖြေဟာ (၅၂) ခု ထွက်လာပါတယ် ...
(အခြေအနေအရ အရေအတွက် ပြောင်းနေ နိုင်ပါတယ်)
အခုဆိုရင် Google ကနေ နမူနာ အဖြစ်ဖော်ပြထားတဲ့ အဖြေလေးတွေကို လိုက်ဖတ်ရင်း သိချင်တဲ့အကြောင်းအရာ သို့မဟုတ် Folder ကို သွားလို့ရပါပြီ ....

အကျိုးများ-
Rapidshare Folder တွေထဲကို ၀င်ရှာနိုင်မယ်ဆိုရင်
၁) တခြားသူတွေ စုဆောင်းသိမ်းဆည်းထားတဲ့ ဆော့ဖ်ဝဲတွေ၊ စာအုပ်တွေနဲ့ သီချင်း၊ ရုပ်ရှင် စတာတွေကို အလွယ်တကူ ရရှိနိုင်ပါတယ် ...
၂) မိမိလိုချင်တဲ့ ဆော့ဖ်ဝဲ၊ စာအုပ်တွေကို စုစုစည်းစည်း တွေ့နိုင်ပါတယ် ...
၃) အဲဒီစာအုပ်တွေနဲ့ ဆက်စပ်နေတဲ့
အခြား အဖိုးတန်၊ ဆော့ဖ်ဝဲတွေ စာအုပ်တွေကိုလည်း ရရှိနိုင်ပါတယ် ...
၎) Folder အများစုက အများအတွက် ကြည့်လို့ရအောင်
Share လုပ်ထားတဲ့ နေရာတွေ ဖြစ်တဲ့ အတွက် အဆင်ပြေပါတယ် ...
၅) တခါတရံမှာ နောက်ဆုံးထုတ် ဆော့ဖ်ဝဲတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေ ပါ ရတတ်ပါတယ် ...
Rapidshare ရဲ့ ဒေါင်းလုဒ်ကန့်သတ်ချက်ကို
web-based cgi-proxy
တွေနဲ့ ကျော်နိုင်ဖို့ အတွက်
ရေးပေးထားတာရှိပါတယ် ... ဒီနေရာကနေ သွားလို့ရပါတယ်...
(web-based cgi-proxy တွေကို Google ကနေ ရှာဖွေ အသုံးပြုတဲ့ နည်းဟာ နည်းနည်းလက်ဝင်ပေမယ့် တကယ်အလုပ် ဖြစ်ပါတယ် ... တကယ် အလုပ်လုပ်နေတဲ့ cgi-proxy တွေကို ရှာပေးတဲ့ အတွက် ဖြစ်ပါတယ်.. proxy ရှာပေးတဲ့ ၀က်ဘ်ဆိုဒ်တွေရှိနေပေမယ့် အများစုက cgi နဲ့ php ရောထည့်ပေးထားတာ များပါတယ်.. PHP proxy တွေနဲ့တော့ Rapidshare ကနေဒေါင်းလုဒ်ချလို့ မရပါဘူး ... ဘာကြောင့်လည်း မသိသေးပါ.. လေ့လာရဦးမှာပါ ...)
ပိုကောင်းတဲ့ အကြံဥာဏ်များလည်း ဖိတ်ခေါ်ပါတယ် ....
သူငယ်ချင်း ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ ...

Aug 10, 2007

ဂျပန်ကာတွန်းရုပ်လေးများ - Anime in Photobucket


Photobucket ဆိုတာ အင်တာနက်ထဲမှာ အတော်လေးလူသုံးများတဲ့
ပုံတွေ ၊ ရုပ်ရှင်တွေ သိမ်းဆည်းပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အဲဒီက နေရာမှာ ပုံတွေသိမ်းချင်တယ်ဆိုရင် မှတ်ပုံတင် ပြီးမှ ၀င်ကြည့်လို့ရတာပါ ....
အဲဒီမှာ Anime လို့ခေါ်တဲ့ ဂျပန် ကာတွန်းရုပ်လေးတွေ အများကြီး ရှိပါတယ် ...

အဲဒီ အရုပ်လေးတွေက အတော်လေး ချစ်စရာ ကောင်းသလို
ဖိုရမ်နဲ့ Social Website အတော်များများမှာလည်း Avator တွေအနေနဲ့၊
Profile နောက်ခံ လေးတွေအနေနဲ့ သုံးလေ့ရှိကြပါတယ် ...
အဲဒီအရုပ်လေးတွေကို Google ကနေ အခုလို အလွယ် ရှာကြည့်လို့ရပါတယ် ...
intitle:anime site:photobucket.com
Results 1 - 49 of 49 from photobucket.com for intitle:anime. (0.54 seconds)
ဒါလေးတွေကတော့ Google ကရှာပေးတဲ့ အဖြေ ၄၉ ခုအနက်က ပထမဆုံး ၄ ခု ပါ ..
ဒီ ၄ ခုနဲ့တင် အတော်လေး လုံလောက်နေပါပြီ စမ်းကြည့်ပါဦး ....
photobucket.com/images/anime/
smg.photobucket.com/albums/0603/anime/
s45.photobucket.com/albums/f57/Anime-piper/anime/anime%20girls/
photobucket.com/albums/b397/XOXOYou_And_I_CollideXOXO/Anime%20Girls/
ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် သိမ်းထားချင်ရင်လည်း လွယ်ပါတယ် ..
ပုံတိုင်းရဲ့ အောက်မှာ HTML tag ဆိုတာပါ ပါတယ် အဲဒီအထဲက အခုလို အနီရောင်နဲ့ ပြထားတာတွေက ပုံတိုင်းမှာ ပါတာ တွေ့ရမှာပါ ... အဲဒီဟာတွေကို ဖျက်ထုတ်လိုက်ရင် အဲဒီပုံအတွက် တိုက်ရိုက် လင့်ခ်ရပါပြီ ...

< href="http://photobucket.com" target="_blank"> -http://img.photobucket.com/albums/0603/anime/girl.jpg" border="0" alt="Photo Sharing and Video Hosting at Photobucket" >< /a >

ဖျက်ထုတ်အပြီး ကျန်ခဲ့တဲ့ တိုက်ရိုက်လင့်ခ် က အခုလို ဖြစ်သွားမှာပါ -
-http://img.photobucket.com/albums/0603/anime/girl.jpg
နမူနာပုံလေးပါ


အဲဒီ လင့်ခ် လေးကို
အင်တာနက် ကြည့်တဲ့ ဆော့ဖ်ဝဲမှာ ထည့်လိုက်ရင်
ပုံကို အမြန်ဆုံး တွေ့ရမှာ ဖြစ်ပါတယ် ...
မူရင်းဝက်ဘ်ဆိုဒ် ဖြစ်တဲ့ Photobucket မှာ
ကြည့်ရတာထက် အဆများ စွာပိုမြန်ပါတယ် ...
မလိုအပ်တဲ့ အခြား အဆင် အပြင်တွေ မပါတော့
တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ...
သိမ်းချင်တယ်ဆိုရင်လည်း ပုံပေါ်မှာ
Right click -> Save Image As နဲ့
သိမ်းထားနိုင်ပါပြီ ....
သူငယ်ချင်းများ အားလုံး ပျော်ရွှင်ကြပါစေ ...
တစ်ခုခုပြောချင်တယ်ဆိုရင်တော့ ...

Aug 6, 2007

ကျွန်တော် သိသမျှ Google - Hacking RapidShare via Google


အင်တာနက်ထဲက နာမည်ကျော် ဖိုင်သိမ်းဆည်းရေး ၀က်ဘ်ဆိုက်ဒ် တစ်ခုဖြစ်တဲ့ RapidShare ဟာ 140 Gbps အမြန်နှုန်းအင်တာနက် အဆက်အသွယ်ရှိပြီး သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏ 3.5 PB ( “ ပီတာဘိုက် ” ) ရှိပါတယ်... ၀ယ်သုံးတဲ့ သူတွေအတွက် ပေးထားတဲ့ ၀န်ဆောင်မှု တွေကလည်း အများကြီးပါပဲ ...

ဝယ်မသုံးတဲ့သူတွေလည်း အခမဲ့ လည်းဒေါင်းလုဒ် လုပ်နိုင်ပါသေးတယ် ဒါပေမယ့် ကန့်သတ်ချက်တွေနဲ့ ဖြစ်ပါတယ် ... အခမဲ့ ဆိုရင် IP လိပ်စာတစ်ခု အတွက် သတ်မှတ်ထားတဲ့ ပမာဏ တစ်ခုအထိဘဲ ဒေါင်းလုဒ် လုပ်လို့ ရပါတယ် ... သတ်မှတ်ပမာဏ (Free Download Limit ) ကျော်လွန်သွားတာနဲ့ သူတို့ပြောတဲ့ အချိန်တစ်ခု ကြာအောင် ထပ်စောင့်ရပြန်ပါတယ် .... အဓိကအချက်ကတော့ ကျွန်တော်တို့လို Proxy အောက်မှာနေရတဲ့သူတွေအတွက်တော့ RapidShare ကနေ တစ်ခုခု ဒေါင်းလုဒ်ယူဖို့ဆိုတာ အတော်လေး မလွယ်တဲ့ အလုပ်တစ်ခုပါ အခြားတစ်ယောက်က ဒေါင်းလုဒ်နေတဲ့ အချိန်မှာလည်း ကိုယ်က စောင့်နေရပြန်ပါသေးတယ် ....

ဒီလောက်ခက်နေရတာတောင်မှ ဘာဖြစ်လို့ သုံးချင်နေရသေးတာလည်းဆိုပြီး မေးလာ စရာရှိပါတယ် ... အကြောင်းကတော့ RapidShare ထဲမှာ ဖိုင်အမျိုးအစားပေါင်းစုံ နောက်ဆုံးပေါ် ဆော့ဖ်ဝဲပေါင်းစုံကို တင်ထား၊ ဝေမျှထားကြလို့ပါပဲ ...
အခုတော့ ကျွန်တော်တို့ မိတ်ဆွေ Google အကူအညီနဲ့ RapidShare ကို လှည့်စားနိုင်ပါပြီ ... ;;)

RapidShare မှာ ကျွန်တော်တို့လိုချင်တဲ့ ဆော့ဖ်ဝဲ၊ အီးဘွတ်ခ်၊ သီချင်း အစရှိတဲ့ အရာတစ်ခုခုကို လိုချင်ရင် Google ကို အသုံးချပြီး အခုလိုလုပ်သွားလို့ ရပါတယ် ...

  1. +inurl:KEYWORD site:rapidshare.com FILETYPE တို့ဖြင့် လိုချင်သည့် ဖိုင် ရှိမရှိ နှင့် ဖိုင်၏တည်နေရာကို ရှာဖွေခြင်း
  2. လိုအပ်ချက်နှင့် ကိုက်ညီသော Download Link များကို စုဆောင်းမှတ်သားခြင်း
  3. +inurl:nph-proxy.cgi ဖြင့် Web-Based Proxy များကို ရှာဖွေခြင်း။
  4. www.~~~~.../~~~/~/cgi-proxy/ , www.~~~~.../~~~/~/nph.cgi-proxy/ စသည့် Web-based Proxy များကို စုဆောင်းမှတ်သားခြင်း
  5. မိမိ၏ အင်တာနက်ကြည့် ဆော့ဖ်ဝဲမှတဆင့် Web-based Proxy တစ်ခုအတွင်းသို့ ၀င်ရောက်ခြင်း
  6. Web-based proxy မှပေးသော လိပ်စာရိုက်ထဲ့ရမည့်နေရာတွင် အဆင့်(၂)မှ စုဆောင်းထားခဲ့သော Download Link များအနက်မှ တစ်ခုကို ထည့်သွင်းခြင်း
  7. RapidShare မှ Free User အတွက် ပေးသော Download Link အဆင်သင့်ရှိပါက Download လုပ်ခြင်း
  8. မရှိပါက အဆင့် (၅) သို့ပြန်သွားပြီး (အဆင့် (၄) တွင် စုဆောင်းထားခဲ့သော Web-based Proxy များအနက်မှ ) Proxy အသစ်တစ်ခုကို ပြန်လည်ထည့်သွင်းကာ ဒေါင်းလုဒ်လင့်ခ် ပြန်လည်ထည့်သွင်းခြင်း
  9. Download ခွင့်ပြုသည့် အခါ Save As ဖြင့် သိမ်းဆည်းခြင်း။
  10. အဆင့် (၈) (၉) အတိုင်း မိမိအလိုရှိသမျှ အကြိမ်ကြိမ် ပြန်လည် ဆောင်ရွက်ခြင်း ...

ဒီမှာ အဓိက ကျတဲ့ အချက်က RapidShare က ကျွန်တော်တို့ကို မသိအောင် ... သူ့ဘက်ကနေ မြင်နေရတဲ့ Proxy ကို လှည့်စား လိုက်တာပဲ ဖြစ်ပါတယ် (အဆင့် - ၅) ... တစ်ဆင့်ခြင်း အသေးစိတ်ကို သိချင်သေးတယ် ဆိုရင်တော့ အောက်မှာ ဆက်ပြီး ဆွေးနွေးထားပါတယ် ... အကြံကောင်းဥာဏ်ကောင်းလေးများ ရှိခဲ့ရင်လည်း ရေးပေးခဲ့ကြပါ ....

1. မိမိလိုချင်တဲ့ဖိုင်တစ်ခု RapidShare မှာ ရှိမရှိ သိချင်ရင်-
(ဥပမာ - စာအုပ်ခေါင်းစဉ်မှာ network နဲ့ security ပါတာမျိုး/ PDF,CHM,DOC ဖိုင်တွေအနေနဲ့ rapidshare.com မှာ ရှိမရှိ သိချင်ရှာချင်ရင် -)
+inurl:network security site:rapidshare.com (pdf|chm|doc) ကို Google ရဲ့ Search မှာ ထည့်ရှာပေးလိုက်ရပါမယ် -
သတိထားရမှာက +inurl: နဲ့ network တို့ကြားမှာ နေရာလွတ်မရှိစေဖို့ ပါပဲ ... ထို့အတူပဲ site: နဲ့ rapidshare.com တို့ကြားမှာလည်း နေရာလွတ်မရှိရပါဘူး
ကိုယ်ရှာချင်တဲ့ စကားလုံးတွေ/ နေရာတွေကို အခုလို သေသေချာချာ ကပ်ရထားမှာ ဖြစ်ပါတယ် ...
ကျွန်တော်ရှာတာ အခုလို အဖြေထွက်လာပါတယ် -
Results 1 - 6 of 6 from rapidshare.com for +inurl:network security (pdf|chm|doc). (0.24 seconds)
ပေါ်လာတဲ့ အဖြေတွေထဲမှာ
- ကျွန်တော်တို့ရှာနေတဲ့ စကားလုံးတွေကို အနက်ရောင်နဲ့ ရေးပြထားတာ တွေ့ရမှာပါ
- စာလုံးအကြီးနဲ့ မျဉ်းတားပေးထားတဲ့ နေရာကို နှိပ်လိုက်မယ်ဆိုရင် အဲဒီနေရာတွေကို ရောက်သွားမှာ ဖြစ်ပါတယ် -
- အောက်ဘက်က အစိမ်းရောင်စာသားတွေကတော့ Rapid Share ဆီက User Folder တွေဖြစ်ပါတယ် အဲဒါလေးတွေကို ကူးထားလိုက် ရမှာ ဖြစ်ပါတယ် .
- ဥပမာ - rapidshare.com/users/SE6SA9 ,

2.ကူးထားတဲ့ - www.rapidshare.com/users/CP2X8H, rapidshare.com/users/SE6SA9 စတာ တွေကို အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Address bar ထဲ တစ်ခုချင်းစီ ထည်.ကြည့်ပါ, firefox နဲ့ဆို Tab တစ်ခုချင်းစီထဲမှာ ဖွင့်ကြည့်သွားလို့ရတယ်လေ ... အခုဆိုရင် ကျွန်တော်တို့ဟာ Rapidshre.com ရဲ့ User Folder တွေကို ၀င်ကြည့်နေပါပြီ ... အထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာ၊ ခေါင်းစဉ်ကို Right click - Copy Link Location(firefox), Copy Shortcut (IE) နဲ့ ကူးထားရပါမယ်
ဥပမာ - www.rapidshare.com/users/CP2X8H ထဲက “Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR” ဆိုတာကို တွေ့ရပါမယ် ..
အဲဒါလေးကို Right click လုပ်ပြီး ပေါ်လာတဲ့ shortcut menu ထဲက " Copy Link Location " ကို နှိပ်ပြီး အဲဒီဖိုင်အတွက် Download link ကို ကူးလိုက်ပါ ... ပြီးတာနဲ့ notepad ပရိုဂရမ်လေးဖွင့်ပြီး Paste လုပ် သိမ်းထားလိုက်ပါ ... ဆက်ကြည့်သွားရင်းနဲ့ နောက်ထပ် လိုချင်စရာတွေ ပေါ်လာမှာပါပဲ ... အခုလိုပဲ ကူး/သိမ်း သွားလို့ ရပါတယ် ..
ဥပမာ - -http://rapidshare.com/files/14484043/Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR

3. အခု Web-based Proxy တွေရဲ့ လိပ်စာတွေ ရှာပါမယ် -
ဒီစာကြောင်းလေးကို Google မှာ ထည့်ရှာပေးရမှာ ဖြစ်ပါတယ် ...
+inurl:nph-proxy.cgi နေရာလွတ်တွေ မကျန်စေဖို့ သတိထားပါ
Google ကပြန်ပေးလာတဲ့ အဖြေတွေထဲက www.----.--/---/nph-proxy.cgi/ သို့မဟုတ် www.----.--/---/cgi-proxy အဲဒီလို အစိမ်းရောင် စာလုံးလေးတွေကို ရသလောက် ကူးပြီး သိမ်းထားလိုက်ပါ များလေ Rapidshare ကို လှည့်စားနိုင်လေပါဘဲ ... :P
ဥပမာ -
www.proxygalaxy.com/nph-proxy.cgi
, www.boyscorp.com/prx/nph-proxy.cgi/ , www.freeproxy.ru/en/free_proxy/cgi-proxy.htm,


4.ရလာတဲ့ Web-proxy တွေထဲက တစ်ခုကို ကူးပြီး အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Address bar မှာ ရိုက်ထဲ့လိုက်ပါပြီ -
ဥပမာ - www.proxygalaxy.com/nph-proxy.cgi , ဒီအခါမှာ ဆော့ဖ်ဝဲက -http://www.proxygalaxy.com/nph-proxy.cgi ဆိုပြီးပြောင်းပေးသွားပါလိမ့်မယ် အောက်ဘက်မှာလည်း URL ဆိုပြီး စာလုံးကြီးနဲ့ နေရာတစ်ခု ပေးထားတာ တွေ့ရပါမယ် ... အဲဒီအထဲကို အဆင့် - ၂ မှာ ရှာပြီး သိမ်းထားတဲ့ လိပ်စာတစ်ခု ထည့်ပေးလိုက်ပါပြီ ...
ဥပမာ - URL -http://rapidshare.com/files/14484043/Cisco.Press.Network.Security.Architectures.Apr.2004.INTERNAL.chm.RAR ထဲ့လိုက်ပါတယ်
ပြီးတာနဲ့ Enter နှိပ်လိုက်ရင် rapidshare ထဲကို ရောက်သွားမှာပါ
ကျန်တာတွေကတော့ rapidshare မှာ free download လုပ်နေကြ အတိုင်းပါဘဲ ...

အပေါ်က အဆင့်တွေမှာရေးပြထားခဲ့ သလိုပဲ free limit တွေကျော်သွားတိုင်း web-proxy လေးတွေ ပြောင်းပြောင်း သွားမယ်ဆိုရင် rapidshare လည်း မခံနိုင်ပါဘူး .. :D

စမ်းကြည့်လိုက်ကြပါဦး အဆင်မပြေရင် CBOX ကနေ အော်ခဲ့ကြပါ အကျိုးအကြောင်း အဆိုးအကောင်းလေးတွေ ရေးပေးသွားစေချင်ပါတယ် proxy ပြောင်းနည်းကတော့ အရှင် ဖြစ်အောင် လုပ်ထားတာပါ တစ်ခုတည်းဆိုလည်း မလွယ်ဘူးလေ
ဒီထက် ပိုကောင်းတဲ့ အကြံဥာဏ်များလည်း ဖိတ်ခေါ်ပါတယ် ....
သူငယ်ချင်း ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ ...

Aug 1, 2007

ကျွန်တော် သိသမျှ Google - File Hosting Site များသို့ အတွင်းကျကျ ၀င်ကြည့်ခြင်း


အင်တာနက်ထဲက
တစ်ချို့နေရာတွေမှာ ပိုက်ဆံပေးပြီး ၀ယ်နေရတဲ့ အရာတွေကို
တချို့နေရာတွေမှာ ပေးစရာမလိုဘဲ နည်းနည်းအားစိုက်လိုက်တာနဲ့ ရနိုင်တဲ့နေရာတွေ ရှိနေပါတယ် :P
အချိန်နည်းနည်းပေးနိုင်မယ်...
ရှာဖွေနည်းလေးတွေလည်း သိမယ်ဆိုရင် အတော်များများကို ၀ယ်စရာမလိုဘဲ ရနိုင်ပါတယ် ... အတော်များများနော် အားလုံးတော့ မဟုတ်ပါဘူး ...
အဲဒီလိုလုပ်ဖို့ ကျွန်တော်ကတော့ Google ကိုပဲ သုံးပြီး ရှာပါတယ် ....
အခုလို ပုံသေနည်းလေးအနေနဲ့ လုပ်ထားပြီး ရှာတာပါ ... (အပြည့်အစုံသိချင်ရင်တော့ Google Help မှာ ဖတ်နိုင်ပါတယ်)

inurl:KEYWORD site:FILEHOSTING SITE TYPE
ဒီနေရာမှာ-
  • inurl: ဆိုတာက “ အင်တာနက် လိပ်စာ တစ်ခုခု အတွင်းက ” - လို့ ပြောချင်တာပါ ..
  • site: ကတော့ အထက်က အင်တာနက်လိပ်စာတွေ ရည်ညွှန်းထားတဲ့ စကားလုံးပါ ..
  • +/- လိုအပ်သလို ရှေ့က ထည့်ပြီးဖြစ်စေ မထည့်ဘဲဖြစ်စေ ရှာနိုင်ပါတယ် +inurl:, -inurl:, inurl: စသည်ဖြင့်ပေါ့ ...
  • KEYWORD = ရှာလိုသောအရာ(အမည် တပိုင်းတစ) - Adobe, Macromedia, Flash, Windows, net, network, "Ma Ma", love, .. စသည် .. စသည် ...
  • FILEHOSTING SITE = အင်တာနက်ရှိ ဖိုင်များသိမ်းပေးသောနေရာများ - RapidShare.com, mediafire.com, sendspace.com, esnips.com, imeem.com, multiply.com, zorpia.com, ... စသည် (ကျွန်တော် သိသလောက် နေရာလေးတွေပါ ... )
  • TYPE = အမျိုးအစား - pdf, txt, ppt, pps, doc, mp3, wmv, wav, rtf, xls, swf စသည့် Google မှ တရားဝင်ကြေညာထားသော အမျိုးအစားများ၊ chm, zip, rar, dat, vob, mov, mpg, avi စသည့် အခြား အမျိုးအစားများ ဖြစ်ပါတယ် ...
အခု အောက်မှာ နမူနာ စာကြောင်းလေးတွေ ပုံလေးတွေနဲ့ ရှာပြထားပါတယ် ...
ရောင်းရင်းတို့လည်း အခုဖတ်နေရင်း လက်တွေ့ ရှာကြည့်ကြပါ ... လွယ်ပါတယ် ပျော်ဖို့လည်းကောင်းပါတယ် ...

ကဲ ယခု KEYWORD=Adobe FILEHOSTING SITE = mediafire.com TYPE=zip ဆိုပြီးရေးပြထားတဲ့ စာကြောင်းကို Google မှာ ကူးထည့်ပြီး ရှာကြည့်ကြပါစို့ .....
အပေါင်း အနှုတ် သင်္ကေတ တွေကိုလည်း ထည့်ပြထားပါတယ် အဖြေတွေ မတူတာ တွေ့မှာပါ ...
ကျွန်တော် ရှာလို့တွေ့တာတွေကို Google ကဖော်ပြပေးတဲ့အတိုင်း ပြပေးထားပါတယ် ...
-inurl:Adobe site:mediafire.com zip
Results 1 - 100 of about 15,000 from mediafire.com for -inurl:Adobe zip. (0.26 seconds)
inurl:Adobe site:mediafire.com zip
Your search - inurl:Adobe site:mediafire.com zip - did not match any documents.
+inurl:Adobe site:mediafire.com zip
Results 1 - 1 of 1 from mediafire.com for +inurl:Adobe zip. (0.08 seconds)

ဆက်လက်ပြီး အခြားသော KEYWORD , FILE HOSTING SITE နဲ့ TYPE တွေ အမျိုးမျိုးပြောင်းပြီး အောက်မှာ ရှာပြထားပါသေးတယ် .... စမ်းကြည့် ကြပါဦး ....
  • +inurl:2007 site:imeem.com wmv
  • Results 1 - 100 of about 648 from imeem.com for +inurl:2007 wmv. (0.42 seconds)
  • +inurl:2007 site:imeem.com mp3
  • Results 1 - 100 of about 3,300,000 from imeem.com for +inurl:2007 mp3. (0.42 seconds)
  • +inurl:mp3 site:mediafire.com zip
  • 25 results
  • +inurl:love site:mediafire.com zip
  • 23 results
  • +inurl:book site:mediafire.com zip
  • 5 results
  • +inurl:ebook site:mediafire.com zip
  • 3 results
  • +inurl:pdf site:mediafire.com zip 3
  • Results 1 - 100 of about 1,870 from mediafire.com for +inurl:pdf pdf. (0.29 seconds)
  • +inurl:ebook site:mediafire.com pdf 7 Results
  • 1 - 7 of 7 from mediafire.com for +inurl:ebook pdf. (0.17 seconds)
  • +inurl:2007 site:mediafire.com pdf
  • 1880 Results 1 - 100 of about 1,880 from mediafire.com for +inurl:2007 pdf. (0.26 seconds)
  • +inurl:2006 site:mediafire.com chm 3 Results
  • 1 - 3 of 3 from mediafire.com for +inurl:2006 chm. (0.10 seconds)
  • +inurl:"Ye Lay" site:multiply.com mp3
  • Results 1 - 3 of 3 from multiply.com for +inurl:"Ye Lay" mp3. (0.22 seconds)
  • +inurl:"Moe Hay Ko" site:multiply.com jpg
  • +inurl:"Moe Hay Ko" jpg
  • +inurl:network site:esnips.com (pdf|zip|chm)
  • Results 1 - 100 of about 332 from esnips.com for +inurl:network (pdf|zip|chm). (0.31 seconds)
inurl: site: နဲ့ +/- တွေကို စိတ်ကြိုက် ပေါင်းစပ်ပြီး ရှာဖွေကြည့်လို့ ရပါတယ် ....
ပျော်စရာကောင်းတဲ့ အဖြေတွေ ထွက်လာမှာပါ ....

နောက်ထပ် ဆက်ပြီးဝေမျှချင်တာတွေ အများကြီးကျန်နေပါသေးတယ် ....
REF-
-http://www.google.com/help/operators.html
-http://www.google.com/help/features.html
-http://sharingtofrds.blogspot.com/2007/06/google-google.html - blog post