အင်္ဂလိပ်-မြန်မာ အဘိဓါန်တော့ တင်ပေးထားမိပြီး
လွဲနိုင်တာလေးတွေ ပြောဖို့ ကျန်သွားတဲ့ အတွက် အစအဆုံး ပြန်ရှင်းပြပေး လိုက်ပါတယ် …
မြန်မာစာ အဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်ပါ..
ဝယ်သုံးရန် လွယ်သူများ ၀ယ်သုံးကြပါ.. :) :P
ဝယ်သုံးရန် မလွယ်သူများကတော့ အောက်မှာပေးထားတဲ့ အမ်အိုင်အိပ်ခ်ျဒီလင့်ခ် ကနေ ယူနိုင်ပါတယ်..
Download Details, emdictionary.zip, 112.44 MB
ရယူရန်- http://mihd.net/i9lnvj
အသုံးပြုနည်း -
- ဒေါင်းလုဒ်မှ ရလာသော emdictionary.zip ဖိုင်ကို Folder အသစ်တစ်ခု အတွင်း ဖြေချပါ။ အချိန် အနည်းငယ် ကြာပါမည်။
- ပြီးဆုံးသွားပါက စုစုပေါင်း ၃၁၆ မီဂါဘိုက် (၃၃၂ ၂၉၂ ၀၈၄ ဘိုက်) ရှိသော၊ စုစုပေါင်းFolder ၅၇ File ၄၂၄၆၄ ဖိုင်ရရှိလာပါမည်။
- မိမိကွန်ပျုတာတွင် Quick Time Player မရှိပါက QUICKTIM Folder အတွင်းမှ INSTALLQ ကို အသုံးပြုပြီး Quick Time Player 3.0 ကို မိမိ ကွန်ပျုတာ အတွင်း Install လုပ်ပါ။
- အဘိဓါန်ကို အသုံးပြုနိုင်ရန် အတွက် ပါရှိသော ENG_MYAN ကို Click တစ်ချက်နှိပ်ပါ။ အရေးကြီးသည်မှာ တစ်ချက်သာ နှိပ်ရန် ဖြစ်ပါသည်။ အကယ်၍ မသေချာပါကENG_MYAN ကို Right Click -> Open ဖြင့် ဖွင့်နိုင်ပါသည်။ တစ်ချက်ထက် ပိုနှိပ်မိသွားပါက Error တက်လာမည် ဖြစ်ပါသည်။ ထိုသို့ Error တက်လာပါက CTRL+ALT+DELETE ဖြင့် Task Manager ကိုခေါ်ယူကာ Applications အောက်မှ ENG_MYAN များကို End Task လုပ်ပေးမှ ရပါမည်။ ထို့ကြောင့် တစ်ချက်တည်းသာ နှိပ်ရန် အထူး အရေးကြီး ပါသည်။
- (အမှားအယွင်း မရှိပါက) အချိန် အနည်းငယ်မျှ စောင့်ဆိုင်း သည့်အခါ အင်္ဂလိပ်-မြန်မာ အဘိဓါန် ပေါ်လာပြီး စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
- အဘိဓါန်တွင် စကားလုံးများ ရှာဖွေသည့်အခါ ကြိယာများ အတွက် V1 (ဥပမာ - GO, COME, SELL စသည်) ကိုသာ ရိုက်သွင်းရှာဖွေ နိုင်ပါသည်။GOES, CAME, SOLD စသည်ဖြင့် ရှာဖွေမရနိုင်ပါ။
- နာမ် များအတွက် အနည်းကိန်း (ဥပမာ - CAT, DOG စသည်) ကိုသာ ထည့်သွင်း ရှာဖွေရပါမည်။
- ရှည်လျားသော စာလုံးများ ရှာဖွေလိုပါက ရှေ့ပိုင်း ၃/၄ လုံးခန့်ကိုသာ (ဥပမာ - UMBRELLA အတွက် UMBR)ထည့်သွင်းရှာဖွေလျှင်လည်း ရပါသည်။
အလွန်မြန်သော MiHD မှ ပထမဆုံး ဒေါင်းလုဒ် ရာတွင် အဆင်မပြေ ဖြစ်ခဲ့ပါက ဒေါင်းလုဒ်နည်းကို ဖတ်နိုင်ရန်
ညီအကို မောင်နှမများ အားလုံး ပညာဗဟုသုတ အပေါင်းနဲ့ ပြည့်ဝ ပျော်ရွှင် အဆင်ပြေနိုင်ကြပါစေ …