ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

Jun 29, 2007

XSS သို့မဟုတ် Cross-Site Scripting - အသုံးအနှုံးများ


အသုံးအနှုံးများ
အစောပိုင်းကာလတွေတုန်းကတော့
CSS လို့အတိုကောက် ပြောရင် Cross-Side Scripting ရဲ့ အားနည်းချက်တွေကို ပြောတယ်ဆိုတာ
နားလည်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆက်လက်ထွက်ပေါ်လာတဲ့ -

  • Cascading-Style Sheets - အင်တာနက်စာမျက်နှာတွေ ရေးသားတဲ့အခါ အဆင်အပြင် ပိုပြီးကြည့်ကောင်းအောင် အသုံးပြုရတဲ့ ဘာသာစကားတစ်မျိုး နဲ့
  • Content Scrambling System - စီးပွားဖြစ်ထုတ်လုပ်တဲ့ ဒီဗွီဒီတွေမှာအထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကို အခြားသူတွေ အလွယ်တကူ ကြည့်လို့မရအောင် ဖန်တီး(Encrypt) လုပ်ထား၊ ရောမွှေထားတဲ့နည်းစနစ်
တွေရဲ့ အတိုကောက် စာလုံးတွေနဲ့ မှားယွင်းစရာ ဖြစ်လာပါတယ် ...

Steve Champeon

XSS ဆိုတဲ့ အတိုကောက်စကားလုံးကို ပထမဆုံးစပြီးသုံးခဲ့တဲ့ သူကတော့ Steve Champeon ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ webmonkey.com ဆိုတဲ့ အင်တာနက်စာမျက်နှာတွေ ရေးသားတည်ဆောက်တဲ့ နည်းလမ်းတွေအကြောင်း အစကနေ အဆုံးအထိ အမျိုးမျိုးရှင်းပြထားတဲ့ Online Tutorial ၀က်ဘ်ဆိုဒ်မှာ "XSS, Trust, and Barney" ဆိုတဲ့ ခေါင်းစဉ်နဲ့ Cross-Side Scripting အကြောင်းကို XSS ဆိုတဲ့ အခေါ်အဝေါ်နဲ့ စတင်ရေးသားခဲ့တာပါ။ နောက်ပိုင်းမှာ လုံခြုံရေးနည်းပညာ အသိုင်းအ၀ိုင်းတစ်ခုလုံးက ဒီအပြောင်းအလဲကို အလျင်အမြန်ပဲ လက်ခံအသုံးပြုခဲ့ကြပါတယ်။

အခုအချိန်မှာဆိုရင် Cross-Side Scripting ကို CSS ရယ်လို့ အလွန်အသုံးနည်းသွားပါပြီ။
သုံးထားခဲ့ပြီးသား အင်တာနက်စာမျက်နှာအချို့မှာပဲ ကျန်နေပါတော့တယ် ...

(နောက်လာမယ့် အကြောင်းအရာတွေက ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေရှိနေလို့ အချိန်ပေး လေ့လာ ဘာသာပြန်နေရတဲ့ အတွက် ဒီနေရာမှာပဲ ခဏလေး ရပ်ထားပါ့မယ် ... နောက်နေ့ မှာ XSS ရဲ့ပျော့ကွက်တွေကို အသုံးချပြီး တိုက်ခိုက်ခံရနိုင်တဲ့နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးပါ့မယ် ...)

  • webmonkey.com ဆိုတဲ့ ဆိုဒ်လေးကိုလည်း သွားလေ့လာကြည့်ကြဖို့ web development အကြောင်းလေ့လာချင်တဲသူတွေကို တိုက်တွန်းချင်ပါတယ် ...
ဆက်လက်ဖော်ပြပါမည် ....


Jun 26, 2007

XSS သို့မဟုတ် Cross-Site Scripting - မူလနေရာတူညီခြင်း


မူလနေရာတူညီခြင်း

အဓိကအားဖြင့်တော့ အင်တာနက်ကြည့်ဆောဖ့်ဝဲတွေဟာ လက်ရှိနေရာ(စာမျက်နှာ)ကနေ အပြင်ဘက်တစ်နေရာကို ခုန်ကူးရတဲ့ အခါမှာ လုံခြုံမှုရရှိစေဖို့အတွက် Same origin policy ဆိုတဲ့နည်းလမ်းတစ်ခုကို အသုံးပြုကြပါတယ်။ JavaScript မှာအသုံးများပါတယ်။ ဒီနည်းလမ်းကို သုံးလိုက်တဲ့ အတွက်တစ်နေရာကနေ နောက်တစ်နေရာကို သွားရတော့မယ်ဆိုရင် စိတ်ချလက်ချ သွားလို့ရပါတယ်။

ဒီနည်းလမ်းလေးရဲ့ အလုပ်လုပ်ပုံလေးကို အောက်မှာ ဇယားလေးနဲ့ ရှင်းပြထားပါတယ်။
တစ်နေရာကနေ နောက်တစ်နေရာပြောင်းအကူးအပြောင်းမှာ
Domain တွေအချင်းချင်း Prorocol တွေအချင်းချင်း တူနေမှ အပြောင်းအလဲကို ဆက်လုပ်နိုင်အောင် လုပ်ပေးတဲ့နည်းဖြစ်ပါတယ် …
ဒီနည်းကြောင့် ကောက်ကျစ်စဉ်းလဲတဲ့ ၀က်ဘ်ဆိုက်တစ်ခုဟာ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ ဖွင့်ထားတဲ့ အခြား window တစ်ခုအတွင်းမှာ ရှိနေတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို JavaScript အသုံးပြုပြီး မခိုးယူနိုင်မှာ ဖြစ်ပါတယ် …. (ကွန်ပျုတာထဲက အချက်အလက်တွေကို ပြောတာမဟုတ် …)

Origin ဆိုတဲ့ အသုံးအနှုံးက မူလစာမျက်နှာ နဲ့ နောက်ထပ်သွားရမယ့် စာမျက်နှာတွေကြားမှာ
အသုံးပြုထားတဲ့ domain name, protocol နဲ့ port တွေ တူနေရမယ်လို့ ဆိုလိုပါတယ်။ အင်တာနက် စာမျက်နှာတွေကြားမှာ အဲဒီအချက် သုံးချက်တူညီမှုရှိနေတာကို မူလနေရာတူညီခြင်း Same Origin လို့ဆိုလိုပါတယ်။ ဒီလိုတူနေမှ စာမျက်နှာတစ်ခုကနေ နောက်တစ်ခုပြောင်းရတဲ့အခါ ပါသွားမယ့် အချက်အလက်အချို့ အတွက် စိတ်ချရတဲ့ သဘောပါ။

အထက်က ဇယားလေးကို သေသေချာချာ လေ့လာလိုက်ရင်
..www.example.com/dir/page.html.. ဆိုတဲ့နေရာကနေ တခြားနေရာတွေကို သွားပြထားတာ ဖြစ်ပါတယ် -

  • အပေါ်ဘက်နှစ်ခုကတော့ Same Origin ဖြစ်ပြီးလို့ဆက်သွားလို့ရပြီး
  • အောက်ဘက်ကလေးခုမှာ protocol မတူတာ၊
  • host (domain) အမည်မတူတာ၊
  • port မတူတာ တွေကြောင့် အကူးအပြောင်း မလုပ်ပေးတာ မြင်ရမှာ ဖြစ်ပါတယ် …

ဒီသဘောလေးက ပြင်ပလောကမှာလည်း အတူတူပါပဲ။ တစ်နယ်တည်းသားအချင်း၊ တစ်တန်းတည်းသား အချင်းချင်း၊ တစ်အိမ်တည်းသားချင်း၊ တစ်ကျောင်းတည်းထွက်ချင်း အစ ရှိတဲ့ မူလနေရာ (Same Origin) တူတဲ့သူ အချင်းချင်း စိတ်ချလက်ချ ပေါင်းလို့ရတဲ့ သဘောအတိုင်းပါပဲ ….
(ချွင်းချက်လေးတွေ ရှိနိုင်တာကို ခဏဖယ်ပြီး စဉ်းစားတာပါ…)

Netscape ကသူ့ရဲ့ JavaScript မှာ အဲဒီနည်းလမ်းလေးကို စတင်လိုက်တဲ့အချိန်ကစပြီးတော့
အင်တာနက်အသုံးပြုသူတွေကို ကောက်ကျစ်စဉ်းလဲတဲ့ website တွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်အောင် အင်တာနက်ကြည့် ဆော့ဖ်ဝဲ အမျိုးမျိုးနဲ့ အင်တာနက်အသုံးပြုသူတွေအတွက်ရေးပေးရတဲ့ (client-side scripting) ပရိုဂရမ် ဘာသာစကားအမျိုးမျိုးမှာ အလားတူနည်းလမ်း တွေကို သုံးပြီး အကာအကွယ်ပေးလာ ကြပါတယ်။

ယေဘုယျအားဖြင့်တော့ Cross-site Scripting ဆိုတာဟာ အင်တာနက် စာမျက်နှာတွေရဲ့ ပျော့ကွက်တွေ၊ အားနည်းချက်တွေကို မသမာသူတွေက ရှာဖွေပြီး သူတို့ လိုချင်တဲ့ နေရာ၊ လမ်းကြောင်းပေါ်ကို ရောက်အောင် ဆွဲခေါ်သွားတဲ့ နည်းလမ်းတွေပါပဲ ….
မသမာသူတစ်ဦးဟာ အခြားသော အင်တာနက်နေရာ (Domain) များမှာ တည်ရှိအသုံးပြုနေတဲ့ စာမျက်နှာများအတွင်းကို ကောက်ကျစ်ဆိုးရွားတဲ့ သင်္ကေတတွေ (scripts) ကို နည်းအမျိုးမျိုးနဲ့ ရှာဖွေထည့်သွင်းပြီး ၊ စာမျက်နှာတစ်ခုအတွင်းမှာပါတဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေ၊ session cookie နဲ့ အခြားသော အကြောင်းအရာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိ အသုံးပြုသွားနိုင်တယ် ဆိုတာလေးကို သေသေချာချာလေး နားလည်ထားဖို့ အရေးကြီးပါတယ် …

အခုလို သိထားမယ်ဆိုရင်-

  • လင့်ခ် တွေ့တိုင်း ကလစ်လုပ်တာမျိုး၊
  • ပုံ လှလှလေး (လှလှလေး :P) တွေ့လို့ ကလစ်လုပ်တာမျိုး ၊
  • စိတ်ဝင်းစားလောက်စရာ စာကြောင်းလေးတွေ့လို့ ကလစ်လုပ်တာမျိုးတွေကို လုပ်မိတော့မယ်ဆိုရင် အနည်းနဲ့ အများ သတိထားနေမိတော့မှာ သေချာပါတယ် …..

အောက်က ဗီဒီယိုလေးကို ပြန်ကြည့်လိုက်ပါဦးလား ...
ပိုပြီး သဘောပေါက်သွားတာပေါ့ ….



ဆက်လက်ဖော်ပြပါမည် ....


Jun 25, 2007

XSS သို့မဟုတ် Cross-Site Scripting - နောက်ခံသမိုင်းကြောင်း


Cross site scripiting ကို အတိုကောက် CSS လို့ပဲ ခေါ်တာပါပဲ။
ဒါပေမယ့် အခုတော့ မသုံးတော့ပါဘူး။

Netscape ဆော့ဖ်ဝဲ ကုမ္မဏီဟာ Java Script ဘာသာစကားကို ပထမဆုံးမိတ်ဆက်လိုက်တဲ့ အချိန်က web server တစ်ခုကနေ အင်တာနက်ကြည့် ဆော့ဖ်ဝဲ တွေဆီကို အလုပ်လုပ်နိုင်တဲ့ သင်္ကေတ (executable code) တွေပို့လွှတ်နိုင်တဲ့အတွက် လုံခြုံရေးဆိုင်ရာ စွန့်စားမှုတစ်ရပ် ဆိုတာကို သိခဲ့ကြ ပါတယ်။

ဒါနဲ့ ပါတ်သက်တဲ့ အဓိက သော့ချက်ပြဿနာတစ်ရပ်ကတော့ user တွေက တပြိုင်တည်းမှာ browser ၀င်းဒိုးတွေ အများကြီးကို ဖွင့်တဲ့အချိန်ပါဘဲ။ အချို့ အခြေအနေတွေမှာ စာမျက်နှာ တစ်ခုမှာပါနေတဲ့ Script တွေကအခြားစာမျက်နှာတစ်ခု သို့မဟုတ် အခြားစာမျက်နှာထဲက အရာဝတ္ထု တစ်ခုခုဆီကို လှမ်းပြီး ဆက်သွယ်တာကို အခြေအနေအရ ကိုယ်ကိုယ်တိုင်က ခွင့်ပြုပေးရတာမျိုး ရှိတတ်ပါတယ်။

အထူးသဖြင့် မလွှဲမရှောင်သာခွင့်ပြုနေရတာတွေ ကတော့ -

  • email တွေထဲမှာပါလာတဲ့ လိပ်စာတွေ
  • တခြားပြင်ပ စာမျက်နှာတစ်ခုကို လှမ်းဖွင့်ရမယ့် link (external link) တွေ
  • ကလစ်လုပ်ပြီးကြည့်မှ မြင်ရမယ့် ရုပ်ပုံတွေ
  • ဒေါင်းလုဒ် ချမှရမယ့် ဖိုင်တွေ - ဖြစ်ပါတယ်


ဒါပေမယ့် ဒီလို လုပ်တဲ့အခါမျိုးမှာ အထူးသတိထားဖို့ လိုအပ်ပါတယ်။
ကောက်ကျစ်စဉ်းလဲတဲ့ ၀က်ဘ်ဆိုက် တစ်ခုခုက ကိုယ့်ဆီကနေ သူတို့လိုချင်တဲ့ အချက်အလက်တွေကို ဒီနည်းနဲ့ ဆွဲယူသွားနိုင်လို့ ပဲဖြစ်ပါတယ်။ ဘယ်လို လုပ်သွားတာလဲ နည်းနည်းလေ့လာ ကြည့်ကြ ပါစို့လား ။

ကျွန်တော်တို့တတွေ လင့်ခ်တစ်ခုခုကို (ဥပမာ - www.examplewebsite.com) ကလစ် လုပ်လိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အင်တာနက်ကြည့်တဲ့ ဆော့ဖ်ဝဲက အဲဒီလိပ်စာအတိုင်း လိုက်သွားပြီးတော့ အဲဒီလင့်ခ်နဲ့ဆိုင်တဲ့ စာမျက်နှာ၊ ရုပ်ပုံ အစရှိတဲ့ အရာတစ်ခုခု (သို့မဟုတ်) အများကို ဖွင့်ခွင့်ပေးဖို့ Servrer ကနေတောင်းဆိုတဲ့အလုပ် ကိုလုပ်ပါတယ်။

အဲဒီအခါမှာပဲ အဲဒီ Server နဲ့ ကျွန်တော်တို့ကွန်ပျုတာ အဆက်အသွယ်ရနေပြီ ဖြစ်ပါတယ်။ ကိုယ်ကတော့ လင့်ခ်လေးတစ်ခုကို ကလစ်လုပ်လိုက်တာပါဘဲ .... ဒါပေမယ့် နောက်ကွယ်က ကိုယ်မမြင်ရတဲ့နေရာမှာ အပြောင်းအလဲတွေ အများကြီးဖြစ်သွားပါတယ်။ အရမ်းသတိထားရမယ့် အလုပ်တစ်ခုပါ။
အဲဒီအချိန်မှာပဲ Server ကပေးပို့လိုက်တဲ့ အရာတွေက ကိုယ့်ရဲ့ အင်တာနက်ကြည့် ဆော့ဖ်ဝဲပေါ်မှာ အလုပ်လုပ်နေပြီဖြစ်ပါတယ် ...
ပိုပြီးရှင်းရှင်းလင်းလင်း မြင်ချင်တယ်ဆိုရင်တော့ အင်တာနက်လိပ်စာတစ်ခုကို ဖွင့်နေတုန်းမှာ ကိုယ့်ရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲရဲ့ Status bar ကို စောင့်ကြည့်နေလိုက်ပါ …
  • connecting to www.servername.com ….
  • waiting for www.servername.com ....
  • transferring dada from www.servername.com ….
  • opening page www.servername.com ….
  • Sendig request to www.servername.com ……
  • receiving items from www.servernames.com ….
အစရှိတဲ့ ဖော်ပြချက်မျိုးတွေ တစ်ခုပြီးတစ်ခု မြင်ရမှာဖြစ်ပါတယ် ...

တကယ်လို့ ဒုက္ခပေးမယ့် အရာတွေ ကိုယ့်ကွန်ပျုတာထဲက အချက်အလက်တွေ နှိုက်ထုတ် ခိုးယူတော့မယ့် အရာတွေပါလာပြီဆိုရင်လည်း အလုပ်စနေပြီ ဖြစ်ပါတယ် ….
ကိုယ့်ဘက်က တောင်းဆိုလိုက်ပြီဆိုကတဲက Server မှာ ဘယ်နေရာကတောင်းဆိုနေတာလဲ၊ ဘာဆော့ဖ်ဝဲ သုံးထားလဲ အစရှိတဲ့ ကျွန်တော်တို့ရဲ့ အချက်အလက်တစ်ချို့ ပါသွားပြီဖြစ်ပါတယ်

ဒီအကြောင်းအရာလေးနဲ့ ဆင်တူဖြစ်ရပ်လေးကို Symantec ကနေအခုလို ဗီဒီယိုလေးနဲ့ ရှင်းပြထားတာ ရှိပါတယ်။ လေ့လာကြည့်ကြပါ ခင်ဗျာ ….



ဆက်လက်ဖော်ပြပါမည် ....

Jun 24, 2007

XSS သို့မဟုတ် Cross-Site Scripting


ဒီရက်ပိုင်းတွေမှာ ကျွန်တော် XSS သို့မဟုတ် Cross-Site Scripting ဆိုတာလေးကို
လေ့လာနေမိပါတယ်။ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့
အကြောင်းအရာ တစ်ခုလည်းဖြစ်ပါတယ်။
ဒါဟာ -

  • ကွန်ပျုတာသုံးနေတဲ့ သူတွေရဲ့ မသိနားမလည်မှု၊ ဗဟုသုတ နည်းပါးမှုတွေကို
  • အခွင့်အရေးတစ်ခုလို အသုံးချတတ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ Web User တွေက
  • တခြားသော မသိနားမလည်သူတွေကြည့်ရှုမည့် Web စာမျက်နှာများ အတွင်းမှာ
  • သူ့တို့အတွက် အလုပ်လုပ်ပေးမယ့် သင်္ကေတ Code တွေကို တိတ်တဆိတ်ထည့်သွင်းပေး လိုက်နိုင်တဲ့ Web Application တွေမှာ တွေ့ရတတ်တဲ့
  • ကွန်ပျုတာတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။
အဲဒီ သင်္ကေတတွေထဲကအချို့ကို ဥပမာအနေနဲ့ ဖော်ပြရရင် -
  • HTML သင်္ကေတတွေနဲ့
  • Client-side script တွေ ပါဝင်ပါတယ် ။
Client-side script ဆိုတာကတော့ -
  • web page တွေကို ကြည့်ရှုမယ့် user တွေရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲ - Browser ပေါ်မှာ အလုပ်လုပ်အောင် ဖန်တီးရေးသားထားသော၊
  • user တွေရဲ့ ဆောင်ရွက်ချက်တွေ၊ နေရာဒေသတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ အပေါ်မူတည်ပြီး web page ထဲက အကြောင်းအရာများကို အလိုက်သင့် ပြောင်းလဲ နေအောင် ဖန်တီးရေးသားထားသော
  • အင်တာနက် စာမျက်နှာများအတွင်းက ကွန်ပျုတာ ပရိုဂရမ် အတန်းအစား တစ်ခုဖြစ်ပါတယ် ...
  • အများအားဖြင့် HTML, Java Script (client-side Java Script), Images, ActiveX, Java ဘာသာစကားမျိုးတွေ နဲ့ အခြားသော အင်တာနက်နည်းပညာတွေကို သုံးပြီး ရေးလေ့ရှိကြပါတယ် ...
ဒီလိုတိုက်ခိုက်မှုတွေမှာ ဘာတွေပါဝင်လဲဆိုတော့ -
  • Phishing - လို့ခေါ်တဲ့ user name တွေ , password တွေနဲ့ credit card ဆိုင်ရာ အသေးစိတ်အချက်အလက်များ စတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို တိတ်တဆိတ် နှိုက်ထုတ်ယူဆောင်ခြင်း
  • Browser exploit - လို့ခေါ်တဲ့ အင်တာနက်ကြည့် Browser ရဲ့ ဆော့ဖ်ဝဲ ဆိုင်ရာ အားနည်းချက်တစ်ခုခုကို အသုံးချပြီး - Browser ဆော့ဖ်ဝဲကို ရပ်တန့်ပစ်လိုက်ခြင်း၊ user ကွန်ပျုတာထဲက ဖိုင်တွေကို ဖတ်ရှု ရေးသားခြင်း၊ ဗိုင်းရပ်စ်များထည့်သွင်းခြင်း နဲ့ ထောက်လှမ်းရေးဆော့ဖ်ဝဲ ( spyware ) များ ထည့်သွင်းလိုက်ခြင်း
အစရှိတဲ့ အရာတွေပါဝင်ပါတယ် ...

ဆက်လက်ဖော်ပြပါမည် ....

Jun 21, 2007

Creating Free Online Player


ရောင်းရင်းတွေ
ညီအကို မောင်နှမတွေအတွက် အရသာ အသစ်လေးတစ်ခုပါ

သီချင်းနားထောင်လို့လဲရ ကြိုက်တာကိုလည်း Download လုပ်လို့ရတဲ့ နည်းလေး
ဒါပေမယ့် IDM အစရှိတဲ့ ဆော့ဖ်ဝဲတွေ ကို တော့
ဒီလင့်ခ်တွေကနေ Auto Download မလုပ်အောင် ပိတ်ထားဖို့ လိုမယ်
အဲဒါမှ Online Player ကနေ သီချင်းတွေ နားထောင်လို့ ရမှာပါ ..

IC Live 1 - Online Player

IC live 2 - Online Player
အဓိက ရည်ရွယ်ချက်ကတော့ Box ကအလကား ပေးထားတဲ့ 1 GB ကို
ဒီလိုလည်း အသုံးချလို့ရတဲ့ အကြောင်း message လေးပေးချင်တာပါ ...

ကျွန်တော် ဒီနည်းလေးသုံးနေတာအတော်ကြာပါပြီ ...
ဒါပေမယ့် အကြောင်းမတိုက်ဆိုင်လို့ နည်းလမ်း မပြောမိတာပါ ...
အခုတော့ အကြောင်းတိုက်ဆိုင်သွားလို့ လုပ်ပေးလိုက်ပါပြီ....

ရောင်းရင်းတို့ရေ စမ်းကြည့်ကြပါဦး
ကြိုက်ရင် www.box.net မှာ free account တစ်ခု အမြန်သာ ပြေးယူကြပေတော့ ဗျို့
သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေဗျာ

Jun 19, 2007

အမ်အိုင်တီရဲ့ အပွင့်သင်ခန်းစာ - MIT's OpenCourseWare


ညီအကိုမောင်နှမများကို MIT's OpenCourseWare များအကြောင်း မိတ်ဆက်ပေးချင်ပါတယ် . .
MIT ( Massachusetts Institute of Technology ) ကဖွင့်ပေးထားတဲ့ On Line Learning Centre ဖြစ်ပါတယ် . .
သိကြပြီးသား သူများအတွက်တော့ အပိုဖြစ်ချင်ဖြစ်နေမှာပါ. . ဒါပေမယ့် အများစုကတော့ သိမယ်မထင်ပါဘူး . .
အဲဒီ Site ရဲ့ ပင်မစာမျက်နှာမှာ - အခုလိုဖော်ပြထားပါတယ် ...

Welcome to MIT's OpenCourseWare:
a free and open educational resource (OER) for educators,students, and self-learners round the world.

MIT OCW:

  • Is a publication of MIT course materials
  • Does not require any registration
  • Is not a degree-granting or certificate-granting activity
  • Does not provide access to MIT faculty
Learn more about MIT OCW... အဲဒီ Link ကိုသွားကြည့်ရင် အခုလိုတွေ့ရဦးမှာပါ . .

MIT OCW is a large-scale, Web-based electronic publishing initiative funded jointly by the William and Flora Hewlett Foundation, the Andrew W. Mellon Foundation , MIT, and generous support of the Ab Initio software company.

သူတို့ရဲ့ရည်ရွယ်ချက်လေးကို အခုလိုဖော်ပြထားပါတယ် -

  • Provide free, searchable access to MIT's course materials for educators, students, and self-learners around the world.
  • Extend the reach and impact of MIT OCW and the "opencourseware" concept.
MIT OCW would not be possible without the support and generosity ofthe MIT faculty who choose to share their research, pedagogy, andknowledge to benefit others. We expect MIT OCW to reach a steady -though never static - state by 2008. Between now and then,
we willpublish the materials from virtually all of MIT's undergraduate andgraduate courses.

We will be continually evaluating the Access, Use, and Impact of MIT OCW. With 1,550 courses published as of November 1, 2006, we are still in a learning stage of this MIT initiative and we will benefit enormously from your feedback, as we strive to make MIT OCW as rich and useful as possible for our users.

သူတို့ရဲ့ ရည်ရွှယ်ချက်က အရမ်းကောင်းပါတယ် . .
အခကြေးငွေလည်းမပေးရပါဘူး . .

တင်ထားပေးတဲ့ ဘာသာရပ်ပေါင်း ၁၅၀၀ ကျော် ထဲက
ကိုယ်စိတ်ဝင်စားရာ နှစ်သက်ရာဘာသာရပ်ကို အကန့်အသတ်မရှိ Download လုပ်ပြီးလေ့လာလို့လည်းရတယ် . .

စမ်းသပ်လေ့လာကြည့်ကြဖို့ . .ပညာရှာမှီးဖို့ စိတ်ပါဝင်စားသေးသူများ အားလုံးကို တိုက်တွန်းပါရစေဗျာ . .
နောက်ထပ်လည်း ဒီဝက်ဘ်ဆိုက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီနေရာကနေဆက်တင်ပေးသွားပါမယ် ....

ညီအကိုမောင်နှမများအားလုံး ပညာဗဟုသုတအပေါင်းနဲ့ ပြည့်ဝ အသုံးချနိုင်ကြပါစေဗျာ ...

REF-
- http://ocw.mit.edu/OcwWeb/index.htm
- http://ocw.mit.edu/OcwWeb/Global/AboutOCW/about-ocw.htm
- http://ocw.mit.edu/OcwWeb/Global/all-courses.htm

Jun 15, 2007

ကျွန်တော်မြင်တဲ့ ဘဝ


အင်း ...
ဘ၀ဆိုတာနေတတ်မှအဆင်ပြေတာမျိုးပါ ...

  1. ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစားမယ် ...
  2. ကြိုးစားနေပါရဲ့နဲ့ အဆင်မပြေတာတွေရှိလာရင်လည်း သည်းခံနိုင်တဲ့စိတ်လေးမွေးမယ် ...
  3. ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ လူအများအကျိုးအတွက် ဆိုတဲ့စိတ်မျိုးထားနိုင်မယ် ...
  4. ဘာသာတရားအပေါ်မှာ လေးနက်ယုံကြည်မှုရှိပြီး အဆုံးအမတွေအတိုင်း လိုက်နာ နေထိုင်နိုင်အောင် ကြိုးစားမယ် ...
  5. ကိုယ်ချင်းစာစိတ်လေးနဲ့ အားလုံးအပေါ် ဆက်ဆံနိုင်မယ်ဆိုရင်တော့ ...
ဘ၀မှာ ငွေကြေးဥစ္စာ မကြွယ်ဝရင်တောင်မှ နေပျော်၊ သေပျော်တဲ့ ဘ၀လေးတစ်ခုတော့ ဖြစ်မှာပါ ...
ရောင်းရင်းတို့ရော ဘယ်လိုမြင်လဲ အဲဒီ ဘ၀ ဆိုတာကြီးကို ....

ကျွန်တော်သိသမျှ Google - Google ကပေးတဲ့ Online မှတ်စုစာအုပ်


ကျွန်တော်တို့ရဲ့မိတ်ဆွေကြီး Google ကအလကားပေးထားတဲ့ နောက်ထပ် ၀န်ဆောင်မှု တစ်ခုကတော့ Notebook (Google notebook) ဖြစ်ပါတယ်။

ကျွန်တော်တို့ တတွေ အွန်လိုင်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားရင်း စုဆောင်းထားတဲ့ သတင်းအချက်အလက် အပိုင်းအစလေးတွေကို စုစုစည်းစည်း သိမ်းဆည်းပေးထားနိုင်တဲ့ အွန်လိုင်းမှတ်စုစာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲမှာ စာမျက်နှာတစ်ခုအနေနဲ့ ကိရိယာ (Tool) တစ်ခုအနေနဲ့ ထားရှိနိုင်တဲ့ ဒီမှတ်စုလေးဟာ၊ အင်တာနက်သုံးနေတဲ့ သူတစ်ယောက်အနေနဲ့

  • အွန်လိုင်းပေါ်က စာတွေ၊ ပုံတွေကိုထည့်သွင်းမှတ်သားထား နိုင်၊ မိမိရဲ့ကိုယ်ပိုင်မှတ်စုတွေရေးထည့်နိုင်တဲ့ အပြင်
  • အခြားသူတွေကိုလည်း တစ်ပြိုင်နက်တည်း ဝေမျှအသုံးပြု (Share) နိုင်သလို
  • အဲဒီလူတွေရဲ့ မှတ်စုတွေကိုလည်း လက်ခံပေးတဲ့ပူးပေါင်းလုပ်ဆောင်မှုမျိုး (Collaborate) ပြုလုပ်နိုင်ပါတယ်။
  • ခရီးသွားမယ့်အစီအစဉ်ရှိနေရင်၊ တခြားသူတွေနဲ့ Project အတူလုပ်ကြဖို့ အချက်အလက်တွေ စုဆောင်းကြမယ်ဆိုရင် အတော်လေး အသုံးဝင်တာတွေ့ရမှာပါ။
ဒါလေးကို အသုံးပြုချင်တယ်ဆိုရင်တော့ …
  1. www.google.com/notebook မှာ ကိုယ့်ရဲ့ user name , password နဲ့ Sign in ရပါမယ်။
  2. ပြီးတဲ့အခါ ကိုယ့်မှာရှိတဲ့ အင်တာနက်ကြည့်ဆော့ဖ်ဝဲ (Browser) အတွက်လိုအပ်တဲ့ extension ကို ဒေါင်းလုတ် လုပ်ရပါမယ်။
  3. Browser ကို restart လုပ်ခိုင်းတဲ့အခါ လုပ်လိုက်ပါ။ ပြီးတာနဲ့ Browser ရဲ့ ညာဘက်ထောင့် အခြေမှာ အိုင်ကွန် (icon) လေးတစ်ခု ပေါ်လာမှာပါ။
  4. အဲဒါလေးကို click လိုက်တာနဲ့ Google notebook အသေးလေးတစ်ခု ပေါ်လာပြီး ကိုယ်သိမ်းချင်တဲ့ အရာမှန်သမျှ စသိမ်းလို့ရပါပြီ။
ဒါလေးကို သူများတွေနဲ့မျှသုံးချင်တယ်ဆိုရင်တော့ …
  1. ညာဘက်ထောင့် အပေါ်မှာရှိတဲ့ Sharing options ကို ကလစ်လုပ်ပါ။
  2. invite collaborators - ကိုယ့်မှတ်စုထဲက အကြောင်းအရာတွေကို တခြားသူတွေကလည်း ပြင်ဆင်ထည့်သွင်းစေလိုတဲ့အခါ ခေါ်ချင်တဲ့ သူကို ဖိတ်ခေါ်နိုင်တဲ့ နေရာပါ။
  3. Create a public webpage - ကိုယ့်မှတ်စုထဲက အကြောင်းအရာတွေကို တခြားသူတွေကလည်း မြင်တွေ့စေလိုတဲ့အခါ၊ Google search မှာ ပါစေလိုတဲ့ခါ သုံးပါတယ်။
ဒါလေးကို ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ …
  • Firefox မှာဆိုရင် -
    1. Tools -> Extensions (Add-ons firefox 2.0+) ကို ကလစ်လုပ်ပါ။
    2. ပေါ်လာတဲ့ စာရင်းထဲက Google Notebook ကို ရွေးပါ။
    3. Uninstall ကို ကလစ်လုပ်ပါ။
    4. Browser ကို restart လုပ်ပါ။
  • Internet Explorer မှာဆိုရင် -
    1. (IE)Control Panel ကိုဖွင့်ပါ။ ( အက်ဒမင်အခွင့်အရေးရှိသူ ဖြစ်ရပါမည်။)
    2. Add or Remove Programs ကို ကလစ်လုပ်ပါ။
    3. ပေါ်လာသော စာရင်းမှ Google Notebook ကို ရွေးချယ်ပြီး Remove ကို ကလစ်လုပ်ပါ။
    4. Browser ကို restart လုပ်ပါ။
ညီအကို မောင်နှမတွေရောင်းရင်းတွေ စမ်းသုံးကြည့်ကြပါစို့လား။
အဝေးမှာ ရောက်နေတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ Sharing လုပ်နည်းနောက်တစ်နည်းပေါ့ …

REF -
http://www.google.com/notebook
http://www.google.com/googlenotebook/faq.html

Jun 14, 2007

စိတ်ညစ်နေလား


စိတ်ညစ်စရာဆိုတာ ကိုယ်က စိတ်ညစ်စရာလို့ လက်ခံလိုက်တဲ့ အခါမှ စိတ်ညစ်စရာ ဖြစ်လာတာမျိုးပါ။
အရာရာတိုင်းမှာ အကြောင်းနဲ့ အကျိုးဆက်စပ်မှုတွေရှိစမြဲမို့ ကိုယ့်စိတ်မှာ ညစ်လာတယ်ထင်မိတာနဲ့ စိတ်လေးကို နည်းနည်းငြိမ်အောင်သတိထားလိုက်ရင်း ( လေကို အားရပါးရ ၀ အောင် တစ်ချက်လောက်ရှုပြီး ) ဘာကြောင့် ကိုယ့်စိတ် ဒီလို ပြောင်းလဲသွားရတာလဲ (ညစ်သွားရတာလဲ) ဆိုတာ ပြန်တွေး အဖြေရှာလိုက်တာ အကောင်းဆုံးပါပဲ...

တစ်ခါတစ်လေမှာ ဘာမှမဟုတ်တာလေးတွေနဲ့လည်း စိတ်ညစ်နေမိတတ်တာမျိုး သတိထားမိလိမ့်မယ်.

  • ညစ်နေတဲ့စိတ်
  • တစ်ခုခုကို ကြောက်နေတဲ့စိတ်
  • ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတဲ့စိတ် (တွေဝေငေးမောနေတာမျိုး)
  • အလကားနေရင်း စိတ်တွေလေးလံ ထိုင်းမှိုင်းနေတာမျိုး
အဲဒီလို စိတ်မျိုးတွေ ပေါ်လာပြီဆိုရင်တော့ အမြန်ဆုံး ပယ်ဖျောက်နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲ ...
ရီစရာ ဟာသလေးတွေ၊ အဖြစ်အပျက်လေးတွေ နဲ့ အားပါးတရ ရီမောလိုက်တာနဲ့ တော်တန်ရုံ စိတ်ညစ်စရာတွေ ပြေပျောက်သွားတတ်ပါတယ်...
(ရီမောခြင်းဟာ တင်းမာနေတဲ့ အာရုံကြောတွေနဲ့ စိတ်ဖိစီးမှုအချို့ ကို အတန်အသင့် ပြေလျော့ စေပါတယ်)
လေကောင်းလေသန့်၀၀လေးရှုရှိုက်ပေးတာလည်း တစ်မျိုးကောင်းပါတယ် ....

ကျွန်တော်ကတော့ စိတ်ညစ်စရာတွေကြုံလာပြီဆိုတာနဲ့
  • အကြောင်းရင်းကို အမြန်ရှာလိုက်တာပါပဲ...
  • ချက်ချင်းဖြေရှင်းလို့ရတာမျိုးဆို ချက်ချင်းရှင်းထုတ်လိုက်တယ် ...
  • ရှင်းလို့မရသေးတာမျိုးတွေအတွက် ဖြေရှင်းနည်းတွေ စဉ်းစားတယ် ...
  • နောက်ဆုံး ဘာမှလုပ်လို့ မရတော့ဘူးဆိုရင်တော့ ဘုရားဂုဏ်တော်ကိုးပါး ထဲက တစ်မျိုးမျိုးကို အနက်အဓိပ္ပါယ် အတိုင်း (မြန်မာလို) အာရုံပြုပြီး စိတ်ကို အေးချမ်းအောင် ကြိုးစားလိုက်ရင်း အိပ်ပစ်လိုက်တာပဲ ...
ကဲ ရောင်းရင်းတို့ရော စိတ်ညစ်လာရင် ဘာတွေလုပ်တတ်ကြသလဲ ...

ကျွန်တော်သိသမျှ Google - Google မှာဘယ်လိုရှာကြမလဲ


ကျွန်တော်တို့တတွေ တခုခု လိုချင်တာ သိချင်တာ ရှိရင် အင်တာနက်ရှာဖွေရေး အင်ဂျင် Google မှာ သိချင်တဲ့ အကြောင်းအရာလေး စာသားလေးကို ရိုက်ထဲ့ပြီး ရှာလိုက်တာများပါတယ်..အဲဒီတော့ Google ကလည်း မလိုတာတွေရော လိုတာတွေရော ရှာပေးတော့တာပါပဲ ...

တကယ်တမ်းကျတော့ အင်တာနက်သုံးနေရတဲ့ အချိန်တွေဟာ အလွန်ပဲတန်ဘိုးရှိလှပါတယ်...
ကိုယ်လိုချင်တာလေးတစ်ခုရဖို့ အများကြီးမူးနောက်နေအောင် လိုက်ရှာနေရတယ်ဆိုတာ အချိန်တွေရော လုပ်အားတွေရော အင်တာနက် Bandwidth တွေရော အစစ အရာရာ နှမြောစရာတွေချည်းပါပဲ ....
အထူးသဖြင့် ကျွန်တော်တို့လို အင်တာနက်အသုံးပြုခ ဈေးကြီးနေသေးတဲ့ နေရာတွေအတွက်ဆိုရင် ပိုပြီး နှမြောစရာပါ...

အဲဒါကြောင့် Google ကိုသုံပြီးလိုချင်တာတွေ အမြန်ရှာနိုင်တဲ့ နည်းလေးတွေ ဝေမျှပေးလိုက်ပါတယ်...

  • ရှာဖွေလိုသော အကြောင်းအရာများကို အုပ်စုဖွဲ့ပါ။ ဥပမာ - ကွန်ပျုတာနှင့် သက်ဆိုင်သော အလုပ်အကိုင်များ ရှာလိုပါက ယခုကဲ့သို့ " computer jobs " ဟု မျက်တောင်ကွင်း အဖွင့်အပိတ်အတွင်း ထည့်သွင်းပြီးရိုက်ထည့်ကာ ရှာနိုင်သည် - (လက်တွေ့ရှာပြထားပါသည်)
    • Results 1 - 10 of about 377,000,000 for computer jobs. (0.22 seconds)
    • Results 1 - 10 of about 777,000 for " computer jobs ". (0.22 seconds)
  • မိမိရှာတွေ့သောအဖြေများတွင် မလိုချင်သော သော့ချက်စကားလုံးများ (Keywords)များ ပါဝင်နေပါက “ အနှုတ် ” လက္ခဏာ ကို သုံးပြီးလျော့ချ ဖယ်ရှားနိုင်သည် - ဥပမာ -
  • Google သည် ကိန်းဂဏန်းအစဉ်များကိုလည်း ရှာဖွေပေးနိုင်သည် - ဥပမာ -
    • Results 1 - 10 of about 37,100 for " computer jobs " 2005 ... 2008. (0.16 seconds)
    • Results 1 - 10 of about 19,100 for " computer jobs " - web designer 2005 ...2008. (0.16 seconds)
  • အောက်ပါ အော်ပရေတာ စာလုံးများကိုလည်း အသုံးပြုနိုင်သည် -
    • cache: ဥပမာ- cache:www.google.com web
    • link: ဥပမာ - link:www.google.com
    • related: ဥပမာ - related:www.google.com
    • info: ဥပမာ - info:www.google.com
    • define: ဥပမာ - define:networking
    • stocks: ဥပမာ - stocks: intc yhoo (ticker symbol ကိုသုံးရသည်)
    • site: ဥပမာ - help site:www.google.com
    • allintitle: ဥပမာ - allintitle: google search
    • intitle: ဥပမာ - intitle:google search
    • allinurl: ဥပမာ - allinurl: google search
    • inurl: ဥပမာ - inurl:google search
    • သတိပြုရန်မှာ: ” နှင့် အခြားစာလုံးများကြားတွင် နေရာလွတ် Space မရှိစေရန်ဖြစ်သည်
  • Google features page တွင် ပေးထားသော ဥပမာများကို လေ့လာအသုံးပြုနိုင်သည်-
  • နမူနာဖော်ပြထားသော စာကြောင်းများ -
    • intitle:index.of + mp3 -asp -html -htm -php -pls -txt
    • intitle:index.of + mp3 "" -asp -html -htm -php -pls -txt
    • inurl:"ViewerFrame?Mode="
REF
- http://www.google.com/help/operators.html
- http://www.google.com/help/features.html

ညီအကို မောင်နှမများအားလုံး ပညာဗဟုသုတအပေါင်းနဲ့ ပြည့်ဝ အသုံးချနိုင်ကြပါစေဗျာ...

Jun 13, 2007

ကျွန်တော်သိသမျှ Google - Google Pack


ကျွန်တော်သိသမျှ Google ရဲ့ ကနေရနိုင်တဲ့ ၀န်ဆောင်မှုတွေနဲ့ အသုံးချဆောဖ့်ဝဲတွေ အကြောင်းကို ဖောက်သည်ချ ဝေမျှပေးလိုက်ပါတယ် ...

ပတမဦးဆုံးနဲ့ လူတိုင်းသိနေတဲ့ Google ရဲ့ ၀န်ဆောင်မှုကတော့ အင်တာနက်သုံးတဲ့သူ အတော်များများရဲ့ အင်တာနက်ကြည့် ဆောဖ့်ဝဲ ( Web Browser ) တွေမှာ မူလစာမျက်နှာ ( Home page ) အဖြစ်ထားကြတဲ့ ရှာဖွေရေးအင်ဂျင် ( Search Engine ) www.google.com ပါ...

အခုဆက်ပြီး ဖောက်သည်ချမှာကတော့ Google Pack ဆိုတဲ့ ဆောဖ့်ဝဲ အစုအဝေးလေးပါ ...
အဲဒီမှာ-

  • Google ကထုတ်တဲ့ ဆောဖ့်ဝဲ ၇ မျိုး
  • သီးခြားထည့်သွင်းထားတဲ့ ဆောဖ့်ဝဲ ၇ မျိုး

စုစုပေါင်း ၁၄ မျိုး ပါဝင်ပါတယ်။

ဒီဆော့ဖ်ဝဲ Pack လေးထဲမှာ ကျွန်တော်တို့ ကွန်ပျုတာတွေအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ အသုံးဝင်တဲ့ ဆော့ဖ်ဝဲ တွေပါဝင် ပါတယ်။ Download ပြုလုပ်ဖို့ လိုတဲ့ဆော့ဖ်ဝဲ ကိုပဲ ရွေးပြီး စက်ထဲကို Install လုပ်ဖို့ အလွန်လွယ်ပါတယ်။ Update အတွက်လည်း အထဲမှာပါတဲ့ ဆော့ဖ်ဝဲ တွေက လုပ်ဆောင်ပေးမှာမို့ အဆင်ပြေပါတယ်။ အဆင်အပြေဆုံးကတော့ အလကားပေးထားတာမို့ Copyright ကိစ္စတွေ ရှင်းတာပါပဲ။

Google ကထုတ်တဲ့ ဆောဖ့်ဝဲ ၇ မျိုး

  1. Google earth - ကမ္ဘာကြီးကို သုံးဘက်မြင် (3D) ကြည့်နိုင်သည်။ အာကာသမှသည် လမ်းမပေါ် အထိ ချဲ့ကြည့်၊ အနီးကပ်ဆွဲကြည့်ခြင်းများ ပြုနိုင်သည်။ မြေပုံများ၊ ယာဉ်မောင်းလမ်းညွှန်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ စသည်တို့ကို ရှာဖွေကြည့်ရှုနိုင်သည်။
  2. Picasa - ရုပ်ပုံဆိုင်ရာ လုပ်ငန်းများအတွက် ဖြစ်သည်။ ကွန်ပျုတာ အတွင်းရှိ ဓါတ်ပုံများကို စက္ကန့် ပိုင်းအတွင်း ရှာဖွေခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်း နှင့် ဝေမျှခြင်းများ ဆောင်ရွက် ပေးနိုင်သည်။ ပုံများအတွင်းရှိ Red eyes များကို အလွယ်တကူ ဖယ်ထုတ်ပေးနိုင်ပြီး အမှားအယွင်းများကို ပြင်ဆင်ပေးနိုင်သည်။
  3. Photo Screensaver - ကွန်ပျုတာအတွင်းမှ ပုံများနှင့် photo sharing ၀က်ဘ်ဆိုက်များမှ ရုပ်ပုံများကို ဖော်ပြပေးနိုင်သည်။ ရုပ်ရှင်ဆန်သော ဆလိုက်ရှိုးများ ကြည့်နိုင်သည်။
  4. Video player - ဗီဒီယိုများ ကြည့်ရှုနိုင်သည်။
  5. Desktop - မိမိတို့၏ အီးမေးလ်များ၊ ဖိုင်များ၊ ကြည့်ခဲ့သော ၀က်ဘ်စာမျက်နှာများ အစရှိသည်တို့ကို အားလုံး ရှာဖွေပေးနိုင်သည်။ မိမိတကိုယ်ရေ အသုံးပြုနေသော အချက်အလက်များ အားလုံးကို Desktop ပေါ်တွင် တစ်နေရာတည်း စုစည်းပေးထားနိုင်သည်။
  6. Toolbar for IE - IE( Internet Explorer) အသုံးပြုသူများအတွက် ဖြစ်သည်။ မည်သည့် ၀က်ဘ် စာမျက်နှာကိုမဆို ရှာပေးနိုင်ပြီး Form များတွင် အလိုအလျောက် ဖြည့်ပေးခြင်းများ လုပ်ပေးနိုင်သည်။
  7. Talk - အားလုံးသိပြီးသား ဖြစ်သည့် အတိုင်း မိမိတို့၏ ရောင်းရင်းများဆီသို့ အဆက်အသွယ်ပြုလုပ်ခြင်း၊ အသံဖြင့် စကားပြောခြင်း၊ ဖိုင်များ အပြန်အလှန်ပေးပို့ လက်ခံခြင်း များ ဆောင်ရွက်နိုင်သည်။

သီးခြားထည့်သွင်းထားတဲ့ ဆောဖ့်ဝဲ ၇ မျိုး

  1. Mozilla Firefox with Google Toolbar - မိုဇီလာ ကော်ပိုရေးရှင်း မှထုတ်လုပ်သော အင်တာနက် ကြည့်နိုင်သည့် ဆောဖ့်ဝဲဖြစ်သည်။ အင်တာနက်ကို လျင်မြန်စွာ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည်။ Tabbed browsing နည်းပညာကို အသုံးပြုထားသဖြင့် Browser Window တစ်ခုအတွင်း ၀က်ဘ် စာမျက်နှာများစွာကို ထည့်သွင်းကြည့်ရှုနိုင်စေသည်။
  2. Norton Security Scan - Symantec ကုမ္ပဏီမှ ထည့်ထားသော လုံခြုံရေး ဆော့ဖ်ဝဲ ဖြစ်သည်။ Virus နှင့် Internet worn များကို ရှာဖွေ ဖျက်ဆီးပေးသည်။ အခမဲ့ update ပြုလုပ်ခြင်း အချိန်သတ်မှတ်ပေးပြီး Scan ပြုခြင်းများ ဆောင်ရွှက်ပေးနိုင်သည်။
  3. Adobe Reader - PDF ဖိုင်များကို ကြည့်ရှုခြင်း၊ ရှာဖွေခြင်းများ လုပ်ဆောင် ပေးနိုင် င်ပေးသည်။ on-line ပေါ်တွင် အစည်းအဝေးများ၊ real-time meeting များအတွက် လိုအပ်သော စာရွက်စာတမ်းများကို လုံခြုံ စိတ်ချစွာ အသုံးပြုနိုင်စေသည်။
  4. Spyware Doctor - PC tools များမှ ပေးထားသော ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ Spyware, Adware, Trojan နှင့် Keylogger များကို စစ်ဆေး ဖယ်ရှားပေးသည်။ အလိုအလျောက် update လုပ်ပေးပြီး ကွန်ပျုတာကို အချိန်မှန် စစ်ဆေးပေးနိုင်သည်။
  5. RealPlayer - ခေတ်စားနေသော မီဒီယာ format အမျိုးမျိုးကို ဖွင့်ပေးနိုင်ပြီး သီချင်းနှင့် ဗီဒီယိုများကို စုစည်းပေးနိုင်သည်။ သီချင်းများကို iPod စသည့် အိပ်ဆောင် သီချင်းဖွင့်စက်များသို့ ကူးပြောင်းပေးနိုင်သည်။
  6. Skype - Skype အသုံးပြုသူအချင်းချင်း အသံ နှင့် ဗီဒီယို အသုံးပြုဆက်သွယ်မှုများ ပြုလုပ်နိုင်သည်။ ကြိုးဖုန်း နှင့် မိုဘိုင်းဖုန်းများသို့ အလွန်ချိုသာသော ဈေးနှုန်းဖြင့် ခေါ်ဆို ဆက်သွယ်နိုင်သည်။
  7. GalleryPlayer HD Images - အရည်အသွေးမြင့် အနုပညာဖန်တီးမှုများ နှင့် ဓါတ်ပုံဆိုင်ရာ ဆောင်ရွက်မှုများအတွက် ဖြစ်သည်။

System Requirements

ဒီဆော့ဖ်ဝဲတွေကို အသုံးပြုနိုင်ဖို့ အတွက် Windows XP / Vista တွေမှာ အက်ဒမင် အခွင့်အရေးနဲံ အသုံးပြု နိုင်ရမယ်။ Firefox 1.0 နဲ့ အထက် IE 6.0 နဲ့ အထက် ဖြစ်ရပါမယ်။

Google ကပေးနေတဲ့ အခမဲ့ ၀န်ဆောင်မှုတွေက အများကြီးပါ။(နောက်မှ ဆက်ရေးသွားမှာပါ)

အဲဒီဟာလေးတွေကို ထိထိ ရောက်ရောက် အသုံးပြုနိုင်ရင် အချိန်ကုန် လူပန်းသက်သာပြီး အင်တာနက်ထဲမှာ လိုချင်တာ လုပ်ချင်တာတစ်ခုကို အမြန်ဆုံးရနိုင် အသုံးချနိုင်မှာ အသေအချာပါပဲ...

ညီအစ်ကို မောင်နှများအားလုံး လိုရာဆန္ဓများ ပြည့်ဝ ပျော်ရွှင်နိုင်ကြပါစေဗျာ...

REF - http://pack.google.com/intl/en/pack_installer_new.html?ciNum=11

Jun 10, 2007

အနမ်းတစ်ပွင့်ရဲ့ အသုံးဝင်မှုလေးတစ်ခု


အပေါ်က ခေါင်းစဉ်ကို ဖတ်ပြီး တောင်တောင်အီအီ မတွေးကြပါနဲ့ ခင်ဗျာ။
Youtube Video တွေကို Download အလွယ်လုပ်တဲ့နည်း လေးပါ။

ကျွန်တော်တို့တတွေ ကွန်ပျုတာပရိုဂရမ်တွေ ဖန်တီးတဲ့ အခါမှာဖြစ်စေ၊ အများသုံးပစ္စည်းတွေ ဖန်တီးကြတဲ့အခါမှာဖြစ်စေ မဖြစ်မနေ အတတ်နိုင်ဆုံး လိုက်နာကြတဲ့ နည်းဥပဒေသ တစ်ခုရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် KISS ( Keep It Sweet & Simple ) လို့ ခေါ်ပါတယ်။ သဘောကတော့ အသုံးပြုရတာလည်းကောင်းမွန်အောင်၊ ရိုးစင်းလွယ်ကူမှုလည်း ရှိနေအောင် သေသေချာချာ ဖန်တီး ထားရမယ် လို့ဆိုလိုတာပါ။

အခု Youtube Video တွေကို Download လုပ်ပေးနိုင်တဲ့ နည်းလေးကလည်း ဒီဥပဒေသကို ကောင်းကောင်းလိုက်နာထားတဲ့ နည်းလေးဖြစ်ပါတယ်။ ဒီလို ကျွန်တော်တို့ရဲ့ ကွန်ပျုတာထဲကို သိမ်းထားနိုင်ဖို့ အတွက် ဘာဆော့ဖ်ဝဲ၊ ဘာပရိုဂရမ်ကိုမှ Install လုပ်စရာမလိုအပ်သလို၊ ဘယ် Web site ကိုမှလည်း bookmark လုပ်ထားစရာ မလိုပါဘူး။

အနမ်း (KISS)
ဆိုတဲ့ စကားလုံးလေးကို မှတ်ထားလိုက်ရုံပါပဲ။

ကဲ အနမ်း (KISS)လေးကိုဘယ်လို သုံးမလဲကြည့်ကြရအောင်။
youtube web site ကနေ ဗီဒီယိုတစ်ခုကိုကြည့်နေရင်း သဘောကျလို့ ကိုယ့်စက်ထဲမှာ သိမ်းထားချင်တယ်ဆိုရင်တော့
  1. ကိုယ်သုံးနေတဲ့ Web browser ရဲ့ Address bar ထဲက အဲဒီ ဗီဒီယိုဖိုင်ရဲ့ လိပ်စာ (URL) ရှေ့မှာ kiss ဆိုတဲ့ စာလုံးလေးပေါင်းထဲ့ပြီး
  2. ကီးဘုတ်က Enter ခလုတ်လေးကို နှိပ်လိုက်ရုံပဲ ဖြစ်ပါတယ်။
အဲဒီအခါမှာ ဗီဒီယိုဖိုင်ကို ကိုယ့်ကွန်ပျုတာထဲမှာ FLV (Flash Video) ဖိုင်တစ်ခုအဖြစ်နဲ့ သိမ်းထားနိုင်တော့ မှာဖြစ်ပါတယ်
ဥပမာ- http://www.youtube.com/watch?v=tRTk0RPXtW4 ဆိုတဲ့ ဗီဒီယိုလေးကို လိုချင်တယ်ဆိုရင်
http://www.kissyoutube.com/watch?v=tRTk0RPXtW4 လို့ kiss စာလုံးလေးကို www. နဲ့ youtube.com ကြားထဲမှာ ပေါင်းထည့်ပေးလိုက်တာပါဘဲ။
အဲဒီအခါမှာ လိပ်စာအသစ်က Download လုပ်ပေးမယ့် နေရာကို ရောက်သွားမှာပါ။ အဲဒီနေရာမှာ -

Download Now (remember to save as *.flv)
Send this video to your friends
Download link of this video (post to forum, blog, IM etc.)
ဆိုတဲ့ အမိန့်ပေးချက်တွေကိုသုံးပြီး ဆက်လုပ်သွားရုံပါပဲ။

အောက်မှာ မူရင်း Video ကိုလည်းကြည့်လို့ ရပါတယ်...
ညီအကို မောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ...

REF - www.kissyoutube.com

Jun 6, 2007

ပိုလီမာ အလင်းဖိုင်ဘာ

ဆီးမင်းကုမ္ပဏီက သုတေသနပညာရှင်တွေဟာ ပိုလီမာ အလင်းဖိုင်ဘာ (Polymer optical fibre – POF) ကနေတဆင့် တစ်စက္ကန့်မှာ အချက်အလက်ပေါင်း 1 Gb (1073,741,824) ပမာဏကို ထုတ်လွှင့် ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ စက်ရုံတွေမှာရှိတဲ့ အလိုအလျောက်လုပ်ဆောင်မှုစနစ်တွေ၊ အလွယ်တကူတည်ဆောက် နိုင်တဲ့ အိမ်သုံး ပီစီ ကွန်ရက်တွေနဲ့ အဆင့်မြင့် တီဗီတွေ အပြင် မော်တော်ကားတွင်းက ကွန်ရက်တွေ အတွက် အခွင့်အလမ်း အသစ်တစ်ရပ် ပေါ်ထွက်လာခြင်းပါပဲ။

ပိုလီမာ အလင်းဖိုင်ဘာ (Polymer optical fibre – POF) ကို အသုံးပြုမယ့်သူကိုတိုင် တပ်ဆင်အသုံးပြုနိုင်တယ် လို့ ပရောဂျက်မန်နေဂျာ Sebastian Randel ကပြောပါတယ်။ ဖန်သားကနေပြုလုပ်ထားတဲ့ အလင်းဖန်မျှင် (Opitcal fibre) လိုမဟုတ်ဘဲ၊ ပျော့ပျောင်းပြီး အလွယ်တကူဖြတ်တောက်နိုင် Connector တွေမှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Randel ရဲ့ အဆိုအရ ဒီကေဘယ်လ်ဟာ 1 မီလီမီတာအထူ ရှိပြီး အလွယ်တကူမပြတ်တောက်နိုင်ပါဘူး။ ဖြတ်ချင်ရင်တော့ ဘလိတ်ဒါးနဲ့လည်းဖြတ်လို့ ရတယ်လို့ သိရပါတယ်။ ဒီကေဘယ်လ်ရဲ့ Transmission loss (ထုတ်လွှင့်နေစဉ် ဆုံးရှုံးသွားတဲ့အချက်အလက်ပမာဏ) ဟာ အလင်းဖန်မျှင်မှာထက် များနေသေးတဲ့အတွက် လောလောဆယ် မှာတော့ Fast Ethernet 100 Mbps အမြန်နှုန်းမှာပဲ ကောင်းကောင်းသုံးလို့ ရပါသေးတယ်။

နှိုင်းယှဉ်ချက်များအရ ဖန်မျှင်ကြိုးဟာ အချက်အလက်အများအပြားကို အလွန်မြန်တဲ့နှုန်းနဲ့ သယ်ဆေင်နိုင်တယ်။ အပေါ်မှာ အကာအကွယ်တွေအုပ်ထားတဲ့အတွက် ပိုထူပါတယ်။ တကယ်လို့ အများကြီးကွေးလိုက်မယ်ဆိုရင် ပြတ်တောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ဖြတ်တောက်ခြင်း၊ connector များမှာ ချိတ်ဆက်ခြင်းများ လုပ်ဆောင်နိုင်ဖို့ အတွက် စိန်နဲ့ပြုလုပ်ထားတဲ့ ဖြတ်စက်တွေ လိုပါတယ်။

POF ကတော့က ဈေးချိုတယ်။ အကြမ်းလဲခံတဲ့အတွက် အိမ်သုံးနဲ့ မော်တော်ယာဉ်အတွင်းမှာသုံးတဲ့ ကွန်ရက်ဆက်သွယ်မှု (Automotive Networking) မှာအသုံးတွင်ကျယ်လာနိုင်ပါတယ်။


ဆီးမင်းကုမ္ပဏီက သုတေသနပညာရှင်တွေဟာ 100 မီတာအရှည်ရှိတဲ့ စမ်းသပ်ကွန်ရက်မှာ 1008Mbit/s အမြန်နှုံးနဲ့ တီဗွီထုတ်လွှင့်ခဲ့တာ အမှားအယွင်းမရှိ အောင်မြင်ခဲ့ပါတယ်။



ဈေးသက်သာပြီး၊ အကြမ်းခံတဲ့ POF cable တွေ ကို စက်ရုံတွေ၊ မီးရထားတွေနဲ့ မော်တော်ကားအတွင်းပိုင်း ကွန်ရက်တွေမှာလည်း တွင်တွင်ကျယ်ကျယ်သုံးလာနိုင်မှာဖြစ်ပါတယ်…။

ရည်ညွှန်း-
http://www.techworld.com/networking/...gtype=samechan

ညီအကိုမောင်နှမများအားလုံး ပညာဗဟုသုတနဲ့ ပြည့်ဝ၊ အသုံးချနိုင်ကြပါစေဗျာ...

Jun 4, 2007

မသေခင်ဘာလုပ်ကြမလဲ

ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်လေးကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့တရားတစ်ပုဒ်ဖြစ်တဲ့ မသေခင်ဘာလုပ်ကြမလဲ ဆိုတဲ့ တရားစာအုပ်လေးပါ။ အထဲက အကြောင်းအရာလေးအချို့ကို ကောက်နှုတ် ဖော်ပြေးလိုက်ပါတယ်။

  • သေခြင်းတရားသည် အချိန်နေရာမရွေး အရွယ်သုံးပါးမရွေး ဖြစ်ပေါ်တတ်သည်
  • တစ်နေ့ သေရမည်ဟု အမြဲ ဆင်ခြင်ထားသောသူသည် -
    • လောကဓံကို ခံနိုင်ရည်ရှိသည်
    • ဘ၀မှာလိုအင်ဆန္ဒတွေ မများဖို့အတွက်လည်း အထောက်အကူ ပြုသည်
    • တိုတောင်းသော ဘ၀လေးတွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်သည်
  • အချိန်မရွေး သေသွားနိုင်သည်ဟု အမြဲ ဆင်ခြင်ထားသောသူသည် -
    • မိမိ၏နှလုံးသားတွင် စိတ်ဆိုးစိတ်ယုတ်များ လက်ခံမထားတော့
    • ( ကိလေသာ = စိတ်ကို ပူလောင်ညစ်နွမ်းစေတတ်သော စိတ်ဆိုးစိတ်ယုတ်များ )
    • အံသြဖွယ်ကောင်းသော စိတ်စွမ်းရည်များ၊ စိတ်တန်ခိုးများ ရလာမည်
    • ထိုစိတ်စွမ်းရည်များဖြင့် စိတ်ဆိုးစိတ်ယုတ်များကို ကောင်းစွာမောင်းထုတ် နိုင်လာမည်
    • မိမိစိတ်တွင် ၀ိပဿနာစိတ်ကလေး အဆက်မပြတ်ဖြစ်အောင် အားထုတ်ဖြစ်သည်
  • စိတ်ကောင်း နှလုံးကောင်းရှိဖို့ နှင့် ၀ိပဿနာစိတ်ကလေး အဆက်မပြတ် ဖြစ်နေဖို့ အတွက်
    အချိန်မရွေးသေသွားနိုင်သည် သို့မဟုတ် ခဏနေလျှင် သေသွားနိုင်သည်
    ဟု ဆင်ခြင်ကြရမည်
  • မသိခြင်း ငါးပါးနှင့် အသက်ရှင်နေရသော ဘဝ
    • သေမည့် အသက်အရွယ် မသိခြင်း
    • သေမည့် အနာရောဂါ မသိခြင်း
    • သေရမည့် ကာလ အချိန်ကို မသိခြင်း
    • သေပြီးနောက် မိမိအလောင်းပစ်ချခံရမည့် နေရာကို မသိခြင်း
    • သေပြီးနောက် ဖြစ်ရမည့် ဘ၀ကို မသိခြင်း
  • မသိခြင်း ငါးပါးကိုသာ လူသားအားလုံး သတိရမည်ဆိုလျင် တကိုယ်ကောင်းဆန်မှု၊ ကိလေသာသောင်းကျန်းမှုများ ကင်းသွားမည်

စိတ်ဝင်စားလို့ ဆက်ဖတ်ချင်ရင်တော့ ဒီမှာ ကလစ်လုပ်ပါနော်
ဆရာတော်ရဲ့ Web Site (ရွှေပါရမီ) ကို သွားချင်တယ်ဆိုရင်တော့ အပေါ်မှာ ရှိပါတယ်

သူငယ်ချင်းများအားလုံး မသေခင်မှာ မိမိအတွက် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်သွားနိုင်ကြပါစေ...

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၁) - ရွှေလင်းယုန်ဆရာတော်

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၂) - ရွှေလင်းယုန်ဆရာတော်

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၃) - ရွှေလင်းယုန်ဆရာတော်

Jun 3, 2007

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၄) - ရွှေလင်းယုန်ဆရာတော်

ပရိတ်ကြီး (၁၁) သုတ် အပိုင်း (၅) - ရွှေလင်းယုန်ဆရာတော်

အိမ်လွမ်းသူ

အိမ်လွမ်းသူ

Jun 2, 2007

Google Developer Day - Beijing

ကျွန်တော်တို့အတွက် အလုပ်တွေအများကြီးလုပ်ပေးနေတဲ့ Google ဟာ သူရဲ့ Developer day အဖြစ် ပြီးခဲ့တဲ့ မေ ၃၁ ကကျင်းပခဲ့ပါတယ်..

Mountain View, California; São Paulo, Brasil;London, United Kingdom;Paris, France;Madrid, España;Hamburg, Deutschland;Москва, Россия;日本 - 東京Sydney, Australia; 北京,中国 တွေမှာပါ...

အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့မှာရှိနေတဲ့ Developer တွေကိုစုစည်းပြီး Google ရဲ့ နောက်ဆုံးတီထွင်ဖန်တီးမှုတွေကို တင်ပြခဲ့တာပါ ...
.ဒါကတော့ ဘေကျင်းမှာလုပ်ခဲ့တဲ့ ပွဲဖြစ်ပါတယ်... တရုတ်နိုင်ငံက Developer 600 ကျော် တက်ရောက်ခဲ့ကြပါတယ်...


မြင့်မြတ်သူတို့စံအိမ်

ဒီနေ့ဖတ်ဖြစ်တဲ့ ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားတဲ့ မြင့်မြတ်သူတို့စံအိမ် တရားတော် စာအုပ်လေးထဲက မြင့်မြတ်သူတို့စံအိမ် မှာရှိတဲ့ အရည်အသွေး ၁၄ မျိုး အကျဉ်းချုပ်ကို ဖော်ပြပေးလိုက်ပါတယ်...

(၁) အစောင့်အရှောက်ကောင်း ရှိခြင်း
(၂) မှီခိုအားထားရာနဲ့ပြည့်စုံခြင်း
(၃) ကြွေးကင်းခြင်း
(၄) ရောဂါကင်းခြင်း
(၅) အချုပ်အနှောင်ကင်းခြင်း
(၆) သူတပါးရဲ့အခိုင်းအစေဘ၀မှ လွတ်မြောက်ခြင်း
(ရ) လမ်းဖြောင့်လမ်းမှန်ခြင်း
(၈) ပတ်ဝန်းကျင်နဲ့ အဆင်ပြေခြင်း
(၉) အမှားအယွင်း ကင်းစင်ခြင်း
(၁၀)ရှာမှီးမှုကင်းစင်ခြင်း
(၁၁)စိတ်ကြည်လင်ခြင်း
(၁၂)၀င်လေထွက်လေငြိမ်းခြင်း
(၁၃)စိတ်လွတ်လပ်ခြင်း
(၁၄)ဥာဏ်လွတ်လပ်ခြင်း

သတိ အစောင့်အရှောက်ကောင်း ရှိခြင်းဆိုတဲ့ အရည်အသွေးကတော့ အဓိကပဲလို့ စွဲစွဲမြဲမြဲမှတ်ထားလိုက်ပါ။
မိမိစိတ်မှာ သတိအစောင့်အရှောက် အမြဲတမ်းချထားလိုက်ပါ
မိမိစိတ်မှာ မြင်စိတ်၊ ကြားစိတ်၊ စားစိတ်၊ နံစိတ်၊ ထိစိတ်၊ သိစိတ်၊ ဘာစိတ်ပဲဖြစ်ဖြစ် ဖြစ်တဲ့စိတ်တိုင်းမှာ သတိအစောင့်အရှောက် အမြဲတမ်းချထားနိုင်ပြီဆိုရင်
မိမိတို့ရဲ့ စိတ်တည်းဟူသောအိမ်ဟာ မြင့်မြတ်သူတို့ရဲ့စံအိမ် ဖြစ်ပါပြီ
အပ္ပမာဒေန သမ္ပာဒေထ
အပ္ပမာဒေန - မမေ့မလျော့ မပေါ့မဆ ပြင်းပြထက်သန် မှန်ကန်သောသတိတရားဖြင့်
သမ္ပာဒေထ - သီလ၊ သမာဓိ၊ ပညာတည်းဟုဆိုအပ်သော သိက္ခာသုံးပါးတို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း ။ ။