ကျွန်တော်ချစ်သောသူငယ်ချင်းများအတွက်
...: ပညာရေး၊စီးပွားရေး၊ ဘာသာရေး၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ နည်းပညာ၊ အိုင်တီ၊ ကူးယူရန်ဆော့ဖ်ဝဲလ်များနဲ့ အခြားနေရာများကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ် :...

... BE PEACEFUL AND HAPPY ALL THE MOMENTS, ALL MY FRIENDS ...

May 31, 2007

3D Desktop! TouchScreen and XGL on Linux

3D Desktop! TouchScreen and XGL on Linux (part 1)

3D Desktop! TouchScreen and XGL on Linux (part 2)

May 30, 2007

အင်တာနက်ကနေ Share လုပ်ကြမယ်

အင်တာနက်ကနေ ဖိုင်တွေ Share လုပ်ကြဖို့အတွက်
နောက်ထပ်တွေ့တာလေးတွေပါခင်ဗျာ အားလုံး Free ပေးထားပါတယ် . .
Register လုပ်ပြီးသုံးရင်ပိုကောင်းတဲ့ဆိုက်တွေလည်းရှိပါတယ် . .
လူကြိုက်အများဆုံး အဆင့်အလိုက် ဖော်ပြထားပေးပါတယ် . .
တစ်ကြိမ်မှာ အများဆုံး upload လုပ်နိုင်တဲ့ ပမာဏလေးတွေကိုဘေးမှာရေးပေးထားပါတယ် . .
ကောင်းကောင်းကြီး အသုံးချ နိုင်ကြပါစေဗျာ . .
Unregister user upload size (MB) - Register user upload size (MB) - -Space allow

  1. http://www.filenanny.com/ 10 - unlimited - 500
  2. http://www.quicksharing.com/ 500 - 500 - unlimited
  3. http://dl4.ohshare.com/ 80 - 80 - unlimited
  4. http://www.bestsharing.com/ 125 - 125 - unlimited
  5. http://www.freefileupload.net/ 50 - 50 - unlimited
  6. http://www.netfilego.com/ 100 - 100 - ?
  7. http://www.filewind.com/ 500 - 500 - unlimited
  8. http://fileave.com/ 50- good for multimedia
  9. http://www.mediafire.com/ 100 - 100 - 5GB
  10. http://www.filecrunch.com/ 250 -good for multimedia
  11. http://www.upload2.net/ No limits on file number, file size, filenames and extensions -host 1 year, can use DLMs
  12. http://www.freefilehosting.org/ 50- unlimited BW
  13. http://www.hotlinkfiles.com/ 5 - 50 - good for multimedia hot links
  14. http://www.gigafiles.co.uk/ 20 - 20 - 5GB

ဒါတွေထဲမှာ 80 MB အောက်ဆိုရင်တော့ http://dl4.ohshare.com/ ကတော်တော်လေး အဆင်ပြေတာတွေ့ရပါတယ် ၊
မြန်လည်းမြန်ပါတယ် ။
ရက် 30 အတွင်း ဒေါင်းလုပ်မလုပ်ရင်တော့ ဖျက်ပါတယ်

နောက်ထပ်လည်းအများကြီး (18 Sites) ကျန်သေးတယ်ဗျာ . . . ဒီကနေသွားလို့ရပါတယ် . .
ရှင်းလင်းချက်မူရင်းတွေကို သေသေချာချာဖတ်ချင်ရင်ဖတ်လို့ရအောင်ပါ တခြားကောင်းတာလေးတွေရှိရင်လည်း ပြောကြပါဗျို့ . .`

နောက်ထပ် site အသစ်တစ်ခုကတော့ http://www.massmirror.com/ တဲ့ခင်ဗျ...
အဲဒီနေရာကနေ 1 GB အထိ တစ်ခါတည်း upload လို့ရပါတယ်..
ပြီးသွားတဲ့အခါမှာ Your Secret Delete Link: ဆိုတာရယ် - Share link တစ်ခုရယ်

  1. 4filehosting.com
  2. badongo.com
  3. depositfiles.com
  4. megaupload.com
  5. rapidshare.com
  6. sendspace.com
  7. zshare.net

အဲဒီနေရာတွေက Download link 7 ခုရယ် ပြန်ပေးတာတွေ့ရတယ် -
ပျော်ပျော်ကြီး Share လုပ်လို့ရတာပေါ့နော်... အားလုံးပဲ ပျော်ရွှင်ကြပါစေ....

May 29, 2007

အပန်းဖြေအနားယူရအောင် (VCD)

အပန်းဖြေအနားယူလို့ရအောင် VCD လေးတွေပါ...နားထောင်ကြည့်ကြပါဦး



May 28, 2007

အင်တာနက်တစ္ဆေများ

ဒီနေ့ ၀င်နေကြအတိုင်း Mysteryzillion ကိုဝင်သွားတော့ Admin ကိုစေတန်ရဲ့ ကြေညာချက်ကို ဖတ်လိုက်ရပါတယ်...
အဓိကပြဿနာက ဖိုရမ်တွေထဲကို ၀င်ပြီး ညစ်ညမ်းရုပ်ပုံတွေတင်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ရုတ်ရက်ကြည့်ရင်တော့ ပုံတင်တာလောက်ပဲလို့ ထင်ရပေမယ့် ယောင်ပြီးအဲဒီပုံတွေကို click သွားလုပ်မိတဲ့အခါမှာ ကိုယ့်ရဲ့ web browser ကိုသူတို့ ရဲ့ အခြားနေရာတစ်ခုကို လမ်းကြောင်းလွှဲ ( redirect ) ပြီးခေါ်သွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ web site ကိုရောက်သွားမိပြီဆိုတာနဲ့ ကိုယ့် ကွန်ပျုတာရဲ့ အင်တာနက်လိပ်စာ (IP address) ကစပြီးတော့ အထဲမှာသုံးထားတဲ့ အသေးစိတ်အကြောင်းအရာတွေကို နှိုက်ထုတ် ခိုးယူနိုင်တဲ့ script တွေကိုပြန်ထဲ့ပေးလိုက်နိုင်တာကြောင့် အရမ်းအန္တရာယ်များပါတယ်... အကောင်းဆုံးကတော့ အဲဒီဟာမျိုးတွေတွေ့ရင် ချက်ချင်း သက်ဆိုင်ရာ အက်ဒမင်တွေ ၊ တာဝန်ရှိသူတွေကို အကြောင်းကြားတာပါပဲ....

ကိုစေတန်ရဲ့ သတိပေးချက်ကို အောက်မှာ ကူးပြီးဖော်ပြထားပါတယ်...

Alert!!! Read It


အခု ကျွန်တော်တို့ MZ Forum မှာ
Sex အပိုင်းနဲ့ တင်တာတွေ တွေ့ရပါတယ်..
အဲလို တင်ထားတဲ့ post တွေကို မဖတ်ပါနဲ့...
Admin ဆီသို့ သတင်းပို့ပါ..
သူတို့ အထဲတွင်ပါဝင် တဲ့ link များကို လုံးဝ မနှိပ်မိပါစေနဲက..
အဲဒီ link များ ဟာ trojan များ ထည့်သွင်းထားပါတယ်..
မိမိစက်သို့ အမြဲထောက်လှမ်းပြီး data မျာိးကု ကူးယူသွားပါမယ်..
နောက်ပြီး မိမိသွားသမျှ forum များကိုလည်း လိုက်ပြီး ထိုကဲ့သို့ post များတင်ပါလိမ့်မယ်..

စုံစမ်းစစ်ဆေးကြည့်ချက်အရ...

ထိုpost များ ဘယ်လိုရောက်လာသလဲဆို...
glite forum ကနေ တဆင့် သတို့ တွေ နောက်ယောင်ခံလိုက်လာတာပါ...
universe ရေ.. မင်းကို အပြစ်ပြောတာ မဟုတ်ဘူးနော်..
မင်းစက်ထဲမှာ သူတို့ရဲ့ trojan ၀င်နေပြီကွ..
ရှင်းလိုက်ပါ... အမြန်ရှင်းလိုက်ပါ..

ဆက်လက်စုံစမ်းမှုအရ..

ပထမအကြိမ်
user name တစ်ခုနဲ့ ဒီကောင်တွေထဲက တစ်ကောင် ၀င်ပါတယ်...
ပြီးတော့ post တင်ပါတယ်..
ကျွန်တော်တို့ MZ Forum အဖွဲ့သားတွေက တွေ့တာနဲ့ ဖျက်လိုက်နိုင်ပါတယ်..
နောက်ပြီး username ကို delete လုပ်လိုက်ပါတယ်..

နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ပြန်ပါတယ်..
ဒီတစ်ခါတော့ post ကို ဖျက်ပြီး user name ကို ban လိုက်ပါတယ်...
ပြီးတော့ သူတို့ ဆီ email ပေးပို့ခဲ့ပါတယ်..
ဒါပေမယ့် email ဟာ... အတုအယောင်ဖြစ်နေပါတယ်..

နောက်တစ်ကြိမ် ban ခံထိတဲ့ ကောင်ထပ်ဝင်လာပါတယ်..
မကြာခင်မှ ထွက်ပြီး နောက်ထပ် user name နဲ့ဝင်လာပါတယ်...

အလားတူ post များကို တင်ခဲ့ပါတယ်..
ချက်ချင်း ဖျက်ပြီး ban လိုက်ပါတယ်..

သူတို့ IP နဲ့ trace လိုက်ကြည့်လိုက်ရတော့...
တစ်ယောက်က chicago , Batavia , USA ကနေ အသုံးပြုတာပါ...
ဝင်လို့မရတာနဲ့....
အချိန်အနည်းငယ်အတွင်းမှာ နောက်ထပ် user name နဲ့ post တင်ပါတယ်...
အဲဒီ user naem က တော့ Gegorgia, Tampa City , USA က ဖြစ်ပါတယ်..
မိနစ်အနည်းငယ်အတွင်းမှာ မြို့ပြောင်းဖို့က မလွယ်လောက်ပါဘူး..
အဖွဲ့လိုက် လှုပ်ရှားမှုပါ...
ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဖျက်လိုက် ဘန်းလိုက်နဲ့ ချီတက်ရဖို့ ရှိပါတယ်..
ဒါမှ မဟုတ် site address ပြောင်းဖို့သာရှိပါတယ်..
site address ပြောင်းရင် user များ အခက်အခဲဖြစ်မည်ဆိုးသောကြောင့် မပြောင်းလဲသာပါ...

ထို့ကြောင့် ထိုကဲ့သို့သော forum နှင့် မသက်ဆိုင်သော post များကို လုံးဝ ၀င်ရောက်ကြည့်ရှု့ခြင်း မလုပ်ပဲ..
admin , moderator များကိုသာ အမြန်ဆုံးတိုင်ကြားပေးပါရန် ကြေငြာအပ်ပါသည်...

Computer များရဲ့ဂယ်ပေါက်များ(၁)


ဒီနေ့တော့ port နံပါတ် ၀ ကနေ ၈၀ အထိ အကြောင်းကို ဖော်ပြသွားမှာပါ..
ဒီ port တွေကို Common ports တွေလို့လဲ ခေါ်ပါသေးတယ်။ အသေးစိတ်ကိုတော့ အောက်မှာမြင်ရမှာပါ...

Port

Description

status

0/TCP,UDP

Reserved; do not use (but is a permissible source port value if the sending process does not expect messages in response)

Official

1/TCP,UDP

TCPMUX (TCP port service multiplexer)

Official

5/TCP,UDP

RJE (Remote Job Entry)

Official

7/TCP,UDP

ECHO protocol

Official

9/TCP,UDP

DISCARD protocol

Official

11/TCP,UDP

SYSTAT protocol


13/TCP,UDP

DAYTIME protocol

Official

17/TCP,UDP

QOTD (Quote of the Day) protocol

Official

18/TCP,UDP

Message Send Protocol

Official

19/TCP,UDP

CHARGEN (Character Generator) protocol

Official

20/TCP

FTP - data port

Official

21/TCP

FTP - control (command) port

Official

22/TCP,UDP

SSH (Secure Shell) - used for secure logins, file transfers (scp, sftp) and port forwarding

Official

23/TCP,UDP

Telnet protocol - unencrypted text communications

Official

25/TCP,UDP

SMTP - used for e-mail routing between mailservers E-mails

Official

26/TCP,UDP

RSFTP - A simple FTP-like protocol

Unofficial

35/TCP,UDP

QMS Magicolor 2 printer

Unofficial

37/TCP,UDP

TIME protocol

Official

38/TCP,UDP

Route Access Protocol

Official

39/TCP,UDP

Resource Location Protocol

Official

41/TCP,UDP

Graphics

Official

42/TCP,UDP

Host Name Server

Official

43/TCP

WHOIS protocol

Official

49/TCP,UDP

TACACS Login Host protocol

Official

53/TCP,UDP

DNS (Domain Name System)

Official

57/TCP

MTP, Mail Transfer Protocol


67/UDP

BOOTP (BootStrap Protocol) server; also used by DHCP (Dynamic Host Configuration Protocol)

Official

68/UDP

BOOTP client; also used by DHCP

Official

69/UDP

TFTP (Trivial File Transfer Protocol)

Official

70/TCP

Gopher protocol

Official

79/TCP

Finger protocol

Official

80/TCP

HTTP (HyperText Transfer Protocol) - used for transferring web pages

Official

May 27, 2007

Computer များရဲ့ဂယ်ပေါက်များ


ကျွန်တော်တို့Computer တွေမှာ ကျွန်တော်တို့မသိသေးတဲ့ ဂယ်ပေါက်တွေအများကြီးရှိနေပါတယ်.. အဲဒီနေရာတွေကနေ အကောင်တွေ (Virus, Trojan & Worm) တွေ ၀င်ဝင်ကိုက်တာပေါ့ ခင်ဗျာ...
အဲဒီဟာလေး တွေကို Port တွေလို့ ခေါ်ပါတယ်...

  • အပိုင်း ၃ ပိုင်းခွဲထားပါတယ်
  • Well known ports, Register ports, Dynamic or Private ports တို့ဖြစ်
  • Well known = port 0 to 1023
  • Registered = port 1024 to 49151
  • Dynamic and/or Private = ports 49152 to 65535
Well Known Port Numbers
Well knowns port များမှာ IANA ( Internet Assign Numbers Authority ) ကသတ်မှတ်ပေးထားသော port များဖြစ်သည်။ OS တွင်အသုံးပြုမည့် Program များ၊ user များ အသုံးပြုမည့် Program များတွင် အများဆုံး အသုံးပြုသည်။

TCP ( Transmission Control Protocol ) တွင်သုံးထားသော ports များမှာ အချိန်ကြာမြင့်စွာ ဆက်သွယ် ဆောင်ရွက်ရသည့် အလုပ်များအတွက် ဖြစ်သည်။
အတိအကျ မသိနိုင်သော ခေါ်ဆိုဆက်သွယ်မှုများအတွက် အလုပ်လုပ်ပေးနိုင်ရန် Service contact port တစ်ခုကို သတ်မှတ်ပေးရသည်။ Contact port ကိုပင် Well Known Port များဟု ခေါ်ကြသည်။
အောက်ပါစာရင်းတွင် Server မှ၎င်း၏ contact port များအဖြစ် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသောport များကို တွေ့ရမည်-

အလုပ်များတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် TCP port များကို UDP တွင်လည်းအတူတူပင်သုံးသည်
IANA မှ စီမံသတ်မှတ်ပေးထားသော Assign ports များမှာ 0 မှ 1023 အထိဖြစ်သည် -

May 26, 2007

ကျွန်တော်နှင့် အီလက်ထရောနစ်


အမှန်အတိုင်းပြောရရင်တော့ ကျနော် အီလက်ထရောနစ်နဲ့ ကျောင်းပြီးခဲ့တာပါ..
မရှက်တန်း ၀န်ခံရမယ်ဆိုရင်တော့ ဘာမှသိပ်မသိ၊ မတတ်ခဲ့ပါဘူး.. အဲဒီအချိန်က Computer ကိုဘဲ အသည်းအသန်လုပ်နေခဲ့ပြီး.. မေဂျာဘာသာမှာတော့ စာမေးပွဲအောင်ရုံလောက်ပဲ လုပ်ခဲ့ပါတယ်..

ကျောင်းတုံးကမကြေညက်ခဲ့သော မေဂျာဘာသာတွေကို ပြန်လေ့လာမယ်လို့ စဉ်းစားတဲ့အချိန်မှာတော့ တော်တော်များများကို မေ့သွားပါပြီ၊ အဲဒါနဲ့ပဲ ထုံးစံအတိုင်း အင်တာနက်ထဲမွှေမိပါတယ်။

ဘာသွားတွေ့လည်းဆိုတော့ မက်ဆာချုးဆက်နည်းပညာတက္ကသိုလ်ရဲ့ OpenCourseWare site ဖြစ်တဲ့ http://ocw.mit.edu/index.html ကိုသွားတွေ့ပါတယ်။ အဲဒီမှာက သူတို့ဆီမှာသင်တဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို free လေ့လာသင်ယူခွင့် သင်ခန်းစာတွေကို Download ခွင့်ပေးထားပါတယ်။ ( ဒီဆိုက်အကြောင်းကို သီးခြားရေးပါဦးမယ်.)

အခုတော့ကျနော်ကျောင်းပြန်တက်ပါတော့မယ်၊ အင်တာနက်ကျောင်းထဲက MIT-OCWစာသင်ခန်းထဲမှာပါ .. ပြန်လေ့လာတဲ့ သင်ခန်းစာတွေကီုဖိုရမ်မှာရော၊ ဘလော့မှာပါတင်သွားမယ် လို့စဉ်းစားထားပါတယ်..

May 24, 2007

How to get money via Internet


အင်တာနက်သုံးရင်း ငွေရှာချင်တယ်ဗျာ . .
ဘယ်လိုလုပ်ရမလဲ . . နည်းလေးများသိရင်ပေးကြပါဗျာ . .
မြန်မာပြည်မှာ အင်တာနက်သုံးရင်း ငွေရှာလို့ရနေပြီလား . .
ရရင် ကျွန်တော်လည်း အဲဒီလိုအလုပ်မျိုးလေး လိုချင်တယ်ဗျို့ . .

May 22, 2007

ဝင်းအင်းဝ မှ ဇော်ဂျီသို့ အကူးအပြောင်း


နောက်ဆုံးတော့ ကျွန်တော်လည်း ရှေးကနောင်တော် အစ်မတော်တွေရဲ့ လမ်းစဉ်အတိုင်း
ဝင်းအင်းဝ ကနေပြီး ဇော်ဂျီစာလုံးကို အပြောင်းအလဲ လုပ်လိုက်ပါတယ် . .
ဒီမှာ အလွန်ထင်ရှားတဲ့ရလာဒ်ကတော့ အမြင်မှာ တခြားသူတွေနဲ့ ဆင်တူ တသားတည်းဖြစ်သွားခြင်းပါဘဲ . .

ပြီးတော့ Blogger ရဲ့ Built in Text Editor ကိုသုံးပြီး တစ်ခါတည်း စာရိုက်လို့ရလာတယ် .
အခုလို အင်္ဂလိပ်စာနဲ့ မြန်မာစာတွေ တွဲရိုက်ရတာ အရမ်းအဆင်ပြေလာပါတယ်
(စာရိုက်မြန်အောင်လေ့ကျင့်ဖို့ပဲ လုပ်ရတော့မယ်)

အရင်ကဆို HTML နဲ့တွဲနေရတာ တော်တော်လေးခေါင်းစားပါတယ် ...
Hyperlink တစ်ခုထည့်ရတော့မယ် ၊ ဒါမှမဟုတ်...တစ်နေရာရာမှာ တစ်ခုခုပြင်ရတော့မယ်ဆိုရင် . . ခေါင်းစားတော့တာပဲ..
ရှေ့က ညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ် ... အားလုံးဟာ...သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေပါပဲခင်ဗျာ...

သီလသည် လူသားတိုင်း၏ ဘ၀တန်ဘိုး


သီလသမာဓိပညာ
သီလသည်နတ်ပြည်တက်ရန်စောင်းတန်းလှေကား
သီလသည်ဘ၀ အထက်တန်းသို့တက်လှမ်းနိုင်သည့်လှေကား
သီလသည် ကိုယ်နှုတ်အမူအရာတို့ကို ထိန်းသိမ်းစောင့်ရှောက်သည့် စည်းကမ်းတစ်မျိုး
ကိုယ်အမူအရာကိုထိန်းခြင်းများ
(က) အသက်သတ်ခြင်းမှရှောင်ကျဉ်ခြင်း
( ခ) ကာမဂုဏ်အမှားအယွင်းကျင့်ခြင်းမှရှောင်ကျဉ်ခြင်း
( ဂ) အမှားပြောဆိုခြင်းမှရှောင်ကျဉ်ခြင်း
ကောင်းသောစကားကိုဆိုခြင်းသည် မင်္ဂလာ
ကောင်းသောစကား၏ အင်္ဂါရပ်များ

  • အမှန်ပြောတာတစ်ခုတည်းနဲ့ လုံလောက်ပါသလား
  • ခိုက်ရန်ဖြစ်ပွား ရန်များစေတတ်သော စကားမျိုးပြောခြင်းမှရှောင်ကျဉ်ခြင်း
  • နှုတ်စောင့်စည်းရမည့် စည်းကမ်းကို လိုက်နာခြင်း
  • ချစ်ခင်ညီိညွှတ်မှုကို တိုးတက်စေမည့် စကားမျိုးကိုသာပြောဆိုခြင်း
  • ယဉ်ကျေးသိမ်မွေ့သောစကားမျိုးကိုသာ ပြောဆိုခြင်း
  • အချိန်အခါကိုကြည့်ပြီးပြောခြင်း၊ အရှိအတိုင်းပြောခြင်း၊
  • အကျိုးရှိမရှိကြည့်ပြီးပြောခြင်း၊ တရားအားလျော်စွာပြောခြင်း၊
  • စည်းကမ်းတကျ ပြောခြင်း၊ နားထောင်လိုက်ရသူများအဖို့ မှတ်သားရလောက်သည့် စကားမျိုးပြောခြင်း၊
  • ကျမ်းဂန်အကိုးအကားနှင့်အညီ ပြောခြင်း၊ အပိုင်းအခြား အကန့်အသတ်ဖြင့်ပြောခြင်း၊ မိမိ၏ပြောစကားကြောင့် နားထောင်သူအတွက် လွဲမှားစွာ အသိမှားအမှတ်မှားခြင်းများ မဖြစ်စေလိုသော စေတနာဖြင့် ပြောဆိုခြင်း. .
လောကအတွက် အမှားအယွင်းများမဖြစ်အောင် နှုတ်စောင့်စည်းပြီး စကားပြောခြင်းသည် အကောင်းဆုံးဖြစ်သည်... လောကတွင်ဆိုက်သော ဘေးကြီးငါးပါး ..
  • အသတ်ခံရသောဘေး၊
  • ခိုးဆိုးလုယက်တိုက်ခိုက်ခံရသောဘေး၊
  • ကာမဂုဏ်အမှုများတွင် မှားယွင်းဖောက်ပြန်စွာပြုကျင့်ကြသောဘေး၊
  • အလိမ်ခံရသောဘေး၊
  • မူးယစ်သဖြင့် မူးယစ်သူ၏ ပတ်ဝန်းကျင်မှသူများ ဆင်းရဲရသောဘေး . .
ဘေးကြီးငါးပါးကို ဘယ်လိုကာကွယ်ကြမလဲ . .
သီလကို ထိန်းသိမ်းခြင်းအားဖြင့် လောကကြီးအတွက် ဘေးကြီးငါးပါးကင်းသွားမည် . .
သီလနှစ်မျိုး -
  • ကိုယ်တိုင် အပါယ်လေးပါးကျမှာကြောက်သဖြင့် ဆောက်တည်သောသီလ . .
  • လောကတွင် ဆိုက်ရောက်နေသောဘေးကြီးများ ကာကွယ်ရန်အတွက် ကိုယ်တိုင်ဆောက်တည်သော သီလ . . လောကကိုငဲ့ကွက်သောသီလက တန်ဘိုးမြင့်သည်… မေတ္တာပါဝင်သည်…
ငါအကျင့်ပျက်ခြင်းကြောင့် သူတပါးတို့ ဘေးဒုက္ခမရောက်အောင် ငါ့ကိုယ်ငါထိန်းမည်…
ဆက်ရန် ကျန်ရှိပါသေးသည်...
တရားတော်နာယူရန် အချိန် မရသေးသောကြောင့် ဖြစ်ပါသည် ...

May 17, 2007

ဗုဒ္ဓ၀ါဒအခြေခံတရားတော်


ကောက်နှုတ်ချက်များ

သီတဂူဆရာတော် အရှင်ဦးဥာဏိဿရဟောကြားထားသော ဗုဒ္ဓ၀ါဒခြေခံတရားတော်ပါ အကြောင်းအရာများဖြစ်ပါသည်-
  • အကောင်းဆုံးအချိန်
  • အတိတ်၊ အနာဂါတ်နှင့် ယခုအချိန်
  • The teachings of the Buddha
  • မြတ်ဗုဒ္ဓ၏သင်ကြားချက်များ
  • မျက်မှောက်ဘ၀ချမ်းသာစွာနေနည်းနှင့် ဘ၀အနှစ်ထုတ်ယူနည်း
  • သတ္ထာဒေ၀မနုဿာနံ
  • လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ
  • ဖန်ဆင်းရှင် ကယ်တင်ရှင်မဟုတ်
  • ဆရာများကသင်ပေးသော ပညာနှစ်မျိုး
  • အသိပညာ (သို့မဟုတ်) ဘ၀ချမ်းသာစွာနေနည်းလမ်းညွှန်
  • အတတ်ပညာ (သို့မဟုတ်) ဘ၀အာမခံချက်
  • ဗုဒ္ဓ၀ါဒအနှစ်ချုပ် (သို့မဟုတ်) သီလ၊ သမာဓိ၊ ပညာ
  • သီလ(Morality, Character)
  • Character ပင်ကိုအားဖြင့်ပါလာသော ကိုယ်ကျင့်တရား
  • Morality တမင်တကာကျင့်သုံးယူရသော ကိုယ်ကျင့်တရား
  • ကိုယ်ကျင့်တရားသည် ဗုဒ္ဓဘာသာ၏အခြေခံအဆင့်
  • ကိုယ်ကျင့်တရားသည် ကိုယ်နှင့်နှုတ်ကိုစောင့်ထိန်းခြင်း
  • မကောင်းသောစိတ်ထားကို သမာဓိ၊ ပညာတို့ဖြင့်ထိန်းချုပ်ရမည်
  • ပညာ (Insight Knowledge)
  • ကိုယ်ကျင့်တရားဆိုသည်မှာ စွမ်းအား
  • ကိုယ်တိုင်ကျင့်သုံးထားသော ကိုယ်ကျင့်တရားကို ကိုးကွယ်ခြင်း
  • ကိုယ်ကျင့်တရားကောင်းနေသမျှ အရင်းအနှီးရှိသည်
မိမိ၏ကိုယ်နှင့်နှုတ်မှ-
  • စကားဆိုးများ၊
  • တိုင်းပြည်နှင့်လူမျိုးဆင်းရစေမည့်၊ သူတပါးကို နှိပ်စက်ညှဉ်းပမ်းမည့်စကားဆိုးများ
  • အလုပ်များ မလုပ်မိ မပြောမိစေရန် ထိန်းချုပ်ခြင်း
  • ကိုယ်နှင့်နှုတ်ကို စောင့်ရှောက်ထိန်းချုပ်နိုင်လျှင် သီလရှိသည်
  • ဗုဒ္ဓ၀ါဒ ထွန်းကားသောနယ်ပယ်တွင်မွေးသောသူများဖြစ်သောကြောင့် ဗုဒ္ဓ၀ါဒ ကိုသိရမည်
ကိုယ့်ကိုယ်ကို အားကိုးသောဝါဒ
ကိုယ်ကျင့်တရားဖြင့်သာ ဘ၀၏အခက်အခဲများကိုကျော်ဖြတ်နိုင်မည်

တရားတော်ကိုအွန်လိုင်းပေါ်မှာနားထောင်ချင်ရင် window.open('http://www.box.net/static/flash/box_explorer.swf?widgetHash=sed8z8bnzj&v=1'>ဒီနေရာမှာ နားထောင်လို့ရပါတယ်
ပေါ်လာတဲ့ စာမျက်နှာပေါ်က Play ကို Click လုပ်ရင်တရားနာလို့ရပါပြီ . .
ကွန်ပျုတာထဲကို တစ်ခါတည်း ကူးထည့်မယ်ဆိုရင်တော့ Download ကို Click လုပ်ရမှာပါခင်ဗျာ . .

အားလုံးလိုချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

May 15, 2007

ဗုဒ္ဓါနုဿတိဘာဝနာ


ဘုရားရှင်၏ ဂုဏ်တော်တို့သည် စင်စစ်အားဖြင့် အဆုံးအစမရှိ ကြီးကျယ်များပြားကုန်၏။
ဗုဒ္ဓ၀ိသယာ အစိန္တေယျာဟု ဆိုသည်မဟုတ်ပါလား။
အစိန္တေယျအရာကို ရတော်မူသော ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်လည်း
အစိန္တေယျပင် ဖြစ်ရပေမည်။ အစိန္တေယျဖြစ်သည်ဆိုလျှင် အနန္တလည်း ဖြစ်ပေသည်။
ထို့ကြောင့် အဋ္ဌကထာတို့၌ ဘုရားတစ်ဆူသည် အခြားစကားကို မဆိုဘဲ
ဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးတို့ကို မိန့်ကြားလျက်သာ နေပါသော်လည်း
ကမ္ဘာတစ်ခုသာလျှင် ကုန်ဆုံးသွားရာ၏။ ဂုဏ်ကျေးဇူးတို့ကား မကုန်နိုင်ဟု ဆိုကြခြင်းဖြစ်သည်။

ထိုသို့ အဆုံးအစမရှိ ကြီးကျယ်များပြားသော ဘုရားရှင်၏
ဂုဏ်ကျေးဇူးတို့ကို အောက်မေ့လျက် အထပ်ထပ်ပွားများခြင်း၊ ကြည်ညိုခြင်းသည်
ဘာဝနာကမ္မဋ္ဌာန်းတစ်မျိုးပင် ဖြစ်ပေသည်။
ယင်းကို ဗုဒ္ဓါနုဿတိ ဘာဝနာဟု ခေါ်ဆိုပေသည်။
(ဗုဒ္ဓ + အနုဿတိ) ဂုဏ်တော်ကိုးပါးကို ခြုံငုံ၍သော်လည်းကောင်း၊
တစ်ခုချင်းသော်လည်းကောင်း ဆင်ခြင်အောက်မေ့လျက်
ဝမ်းမြောက်ကြည်ညိုမှုကို ဖြစ်စေခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာပင် ဖြစ်သည်။
ဘုရားနှင့်စပ်သမျှ ၀မ်းမြောက်ကြည်ညိုမှု၊ တည်ကြည်ငြိမ်သက်မှု
စသည်တို့ကိုလည်း ဗုဒ္ဓါနုဿတိသို့ သွင်းယူနိုင်ပါသည်။

ဗုဒ္ဓါနုဿတိနှင့် စပ်လျဉ်း၍ နက်နဲသိမ်မွေ့သည့် သဘောတရားဖြစ်သော
ဘုရားဂုဏ်တော် ကျေးဇူးတော်တို့သည် ပုံသဏ္ဍာန်ပညတ် မထင်ကောင်းသော အရာဖြစ်သောကြောင့် အခြားကမ္မဋ္ဌာန်းမှာကဲ့သို့ နိမိတ်ပုံအာရုံ ထင်ခြင်းစသည်တို့ မရှိနိုင်။
စင်စစ် နက်နဲကြီးကျယ်သော ဘုရားဂုဏ်တော်ကို အာရုံပြုလျက်
ဈာန်သို့မရောက်၊ ဥပစာရမျှနီးနီး အားကောင်းသော သမာဓိသို့ ရောက်နိုင်၏။
သို့ရာတွင် အနုတ္တရပုညခေတ္တ ဆိုသည့်အတိုင်း
အတုမရှိသော လယ်ယာမြေကောင်းသဖွယ်ဖြစ်သည့် မြတ်စွာဘုရား၌ အာရုံကိုချထားရသော ကုသိုလ်စေတနာသည်ကား အတိုင်းမသိ များမြတ်ပြန့်ပြောသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။
ထို့ကြောင့် ပဒုမုတ္တရာဘုရားရှင်က နန္ဒရသေ့ကို မိန့်တော်မူရာတွင် နန္ဒ.. သင်သည် ဘာဝနာတကာတို့ထက် မြတ်သော ဗုဒ္ဓါနုဿတိဘာဝနာကို စီးဖြန်းပွားများလော့ ဟု ညွှန်ကြားခဲ့ခြင်း ဖြစ်လေသည်။ (သုဘူတိမထေရအကြောင်း-ရှု)

----------------------

သူငယ်ချင်းတို့ရေ . . .
ဂုဏ်တော် (၉) ပါး ကိုပူဇော်နေကြဆိုရင် . . .
ဒီအတိုင်းလေးလည်း ပူဇော်ကြည့်စေချင်တယ် . . .
၁+၈ = တနင်္ဂနွေနေ့
၂+ရ = တနင်္လာနေ့ + စနေနေ့
၃+၆ = အင်္ဂါနေ့ + သောကြာနေ့
၎+၅ = ဗုဒ္ဓဟူးနံနက် + ကြာသပတေးနေ့
၉ = ဗုဒ္ဓဟူးညနေ ( ဘဂ၀ါ ဂုဏ်တော် ) . . .
. . .
ကျွန်တော်ကတော့ ဒီအတိုင်းလေးကို မြန်မာ အနက် နဲ့ ပူဇော်ပါတယ် . . .
ဘာအကျိုးမှ မမျှော်မှန်းဘဲ . . . စမ်းကြည့်ကြစေချင်ပါတယ် . . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

မှတ်ချက် -
  • ဗုဒ္ဓါနုဿတိဘာဝနာ အကြောင်းဖော်ပြချက်မှာ မြန်မာသူငယ်ချင်းများ မှ
  • ကိုကယ်လ်မွန် ၏ ဖော်ပြချက်များကို ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် . .
  • ဆက်စပ်ဖတ်ရှုနိုင်ရန် ဘုရားဂုဏ်တော် (၉) ပါး..
  • တရားတော်ကိုအွန်လိုင်းပေါ်မှာနားထောင်ချင်ရင် ဒီနေရာမှာ နားထောင်လို့ရပါတယ်..
  • ပေါ်လာတဲ့ စာမျက်နှာပေါ်က Play ကို Click လုပ်ရင်တရားနာလို့ရပါပြီ . .
  • ကွန်ပျုတာထဲကို တစ်ခါတည်း ကူးထည့်မယ်ဆိုရင်တော့ Download ကို Click လုပ်ရမှာပါခင်ဗျာ . အားလုံးလိုချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .
သူငယ်ချင်းများအားလုံးနှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

May 12, 2007

ဗုဒ္ဓဘာသာအခြေခံတရားတော်


ကောက်နှုတ်ချက်များ
သီတဂူဆရာတော် အရှင်ဦးဥာဏိဿရဟောကြားထားသော ဗုဒ္ဓဘာသာအခြေခံတရားတော်ပါ အကြောင်းအရာများ ဖြစ်ပါသည်-
  • ကိုးကွယ်မှုအခြေခံသဘော
  • သစ္စာတရားကိုဖော်ပြပေးရာ
  • ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်း နှင့် ဆုတောင်းခြင်း
  • သစ္စာတရားဘယ်မှာရှိသလဲ
  • လွတ်မြောက်ခြင်း၏လမ်းစ
  • ဓမ္မသို့မဟုတ် သစ္စာတရားကိုရှာသောနည်း
  • လွတ်မြောက်ခြင်း
  • ကိုးကွယ်မှု၏အခြေခံ
  • ႈာေါငညေမပ ြၽနူငါငသည
  • ကိုးကွယ်မှုပေါင်းမြောက်များစွာ၏ အခြေခံ
မွန်မြတ်သော ကိုးကွယ်ခြင်း နှင့် မမွန်မြတ်သော ကိုးကွယ်ခြင်း
  • သစ္စာကိုမြင်နိုင်သော ကိုးကွယ်မှု
  • သီလ - ကိုယ်နှင့်နှုတ်ကို ထိန်းသော စည်းကမ်း
  • သမာဓိ - စိတ်ထိန်းသော စည်းကမ်း
  • ပညာ – စိတ်ထဲမှာစွဲနေသောအညစ်အကြေးများကို နှိုက်ထုတ်ပစ်သောနည်းလမ်း
ပါရမီ သို့မဟုတ် “လူမြတ်တို့အကျင့် ”
သစ္စာတရားကိုမြင်နိုင်သော အကျိုးရခြင်း၏ အကြောင်း
ဗုဒ္ဓေါ
  • သရဏ ဆိုသည်မှာ ဖယ်ရှားပေးနိုင်ခြင်း၊ ပယ်ဖျောက်ခြင်း
  • ကြောက်လန့်ခြင်း၊ ထိတ်လန့်ခြင်း၊ကိုယ်စိတ်ဆင်းရဲခြင်း၊ မကောင်းသောဘ၀၊
  • မကောင်းသောအဖြစ်၊ ကိုယ်နှုတ်စိတ်ညစ်ညူးမှုများကို ဖယ်ရှားပေးသောအရာများ
ဘယ်အရာအပေါ် ယုံကြည်မလဲ ဘာကိုအာရုံပြုကြမလဲ
မြတ်ဗုဒ္ဓ၏ဆောင်ရွက်ချက် . .
  • သတ္တ၀ါများအကျိုးမဲ့ဖြစ်စေမည့်ကိစ္စကိုတားပေးခြင်း
  • အကျိုးစီးပွားဖြစ်မည့်ကိစ္စကိုလမ်းညွှန်ချက်ပေးခြင်း
  • သစ္စာတရားကိုသိမှကိုယ်၊ နှုတ်၊ စိတ်သန့်ရှင်းမည်
  • မကောင်းတာတွေကိုဖယ်ရှားပေးသောစေတနာ
  • သံဃာတော်များ၏ကျေးဇူး
  • အဆုံးအမအတိုင်းကိုယ်တိုင်ကျင့်နိုင်မှ အကျိုးများမည်
  • သရဏဂုံဆိုသည်မှာ
  • ဖြောင့်မှန်သောအယူဆိုသည်မှာ
  • ဘယ်မှာရှိသလဲ
အားကိုးခံထိုက်သောသူ
  • အကျိုးယုတ်မည့်ကိစ္စကိုတားပေးပြီး၊ အကျိုးရှိမည့်ကိစ္စကို ပြတ်ပြတ်သားသားညွှန်ကြားပေးသူ


တရားတော်နာယူနိုင်ရန်နေရာ
အားလုံးလိုချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .
သူငယ်ချင်းများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှ ထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

May 11, 2007

နာကြားခဲ့သောတရားတော်များ


သူငယ်ချင်းတွေကို ဘာတွေပေးရမလဲ သေသေချာချာစဉ်းစားတဲ့အခါမှာ
နာကြားခဲ့ဖူးသော ၊ နာကြားနေဆဲဖြစ်သော တရားတော်တွေကို
ပြန်ပြီးဖောက်သည်ချဖို့ အရင်တွေးမိပါတယ် . .

တနေ့ထက်တနေ့ ပူလောင်မှုတွေများသထက်များလာတဲ့ အခုလိုအချိန်မှာ
အားလုံးဟာ တရားတော်တွေကို နာကြားဖို့ အချိန်မပေးနိုင်ကြတော့သလို . . ဖြစ်လာတာတွေ့ရတာကြောင့်
တရားတော်တွေ အထဲမှာ ဟောကြားထားတဲ့ မှတ်သားဖွယ်ရာ သိမှတ်စရာလေးတွေ၊
သိချင်ပြီးတရားတော်ကို နာယူချင်တဲ့စိတ်ပေါ်လာနိုင်တဲ့ အချက်လေးတွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ် . .

တရားတော်များရဲ့ အညွှန်းလေးတွေအောက်မှာ
ကူးယူနာကြားနိုင်မယ့် “ လင့်ခ် ”လေးတွေနဲ့
ကျွန်တော်ရယူခဲ့တဲ့ နေရာလေးတွေကို ဖော်ပြပေးထားပါတယ် . .
တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှု တစ်စုံတရာပါနေခဲ့တာ တွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .

ချစ်သူငယ်ချင်းများအားလုံး တရားဓမ္မမှာ မွေ့လျော်၊ ပျော်ပိုက်နိုင်ကြပါစေဗျာ. . .

May 9, 2007

စုဆောင်းထားတာလေးတွေ


ကျွန်တော်စုဆောင်းထားတာလေးတွေပါ . .
တရားတော်တွေ၊ မှတ်စုလေးတွေနဲ့ ဟိုနေရာဒီနေရာတွေကရလာတဲ့ သီချင်းလေးတွေကို
အကြိုက်ချင်းတူတဲ့ သူငယ်ချင်းတွေပါ မျှဝေခံစားလို့ရအောင်လုပ်ပေးထားတာပါ . .

တရားတော်တွေမှာတော့ သီတဂူဆရာတော်ဘုရားရဲ့ တရားတွေများပါတယ် . .
Dhammadownload.com ကနေ ကူးထားတာပါ.
အဲဒီကိုသွားချင်ရင်တော့ ဒီနေရာ ကနေသွားလို့ရပါတယ် . .

စာအုပ်တွေကတော့ သိပ်မရှိသေးပါဘူး၊
မှတ်စုတွေကတော့ web site တွေကနေတူရာလေးတွေစုပြီး pdf ပြန်လုပ်ထားတာပါ . .
သီချင်းတွေကတော့အစုံပါဘဲ၊ ကြိုက်လို့ကတော့ ကူးသွားလိုက်ပါ . .

အင်း . . copyright တွေကိုတော့ ကြောက်တယ်ဗျာ . .
နောက်ပိုင်းဆိုရင် ဒီလိုမှပေးလို့ ရပါတော့မလားမသိဘူးဗျာ . .
လောလောဆယ်တော့ file တွေကို အမြဲ update လုပ်နေမှာပါ
အဆင်မပြေတာရှိရင်လည်း အောက်မှာပြောခဲ့ပါနော် . .

သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေဗျာ . . .

May 8, 2007

မြတ်စွာဘုရား၏ဂုဏ်တော် (၉) ပါး အနက်အဓိပ္ပါယ်


၁။ အရဟံ
ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
ဆိုဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဒီအချက်တွေက မူရင်းအဓိပ္ပါယ်တွေပေါ့ . . .
ဒီအဓိပ္ပါယ်တွေကို အခုလို ပေါင်းစပ်ကြည့်တဲ့အခါ ပိုပြီး လေးနက်၊ ကြည်ညိုဖွယ်ရာ၊ လိုက်နာ ကျင့်သုံးဖွယ်ရာ ဖြစ်လာတာ တွေ့ရပါမယ်။

၁+၈
ကိလေသာ မှန်သမျှ ကင်းစင်သော ၊ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော ၊သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂+၇
သိစရာတရားအလုံးစုံကို ဆရာမရှိကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၃+၆
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသောကြောင့် ဆိုဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမနိုင်တော်မူသော မြတ်စွာဘုရား။
၎+၅
လောကသုံးပါးကို သိမြင်တော်မူသောကြောင့် ကောင်းသောစကားကို ဆိုတော်မူသော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွလှမ်းတော်မူသော မြတ်စွာဘုရား။

ဒီဂုဏ်တော်တွေ နဲ့ ပေါင်းစပ်အနက်တွေကို စိတ်ထဲကဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ ရွတ်ဖတ်ရင်း
ဘုရားရှင်အပေါ် ကြည်ညိုစိတ်တွေ ပိုပြီးလေးလေးနက်နက် ဖြစ်ပေါ် လာလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့

  • သစ္စာလေးပါးကို သိချင်လာတာ
  • ဆိတ်ကွယ်ရာအရပ်မှာ မကောင်းမှု မပြုမိအောင်နေတာ
  • ပညာရပ်တွေလေ့လာရတဲ့အခါ လွယ်ကူလာတာ
  • အခြားသူတွေရဲ့ အားထားလေးစားစရာ ဖြစ်လာတာ
  • အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံကောင်းမွန်အောင် နေထိုင်ကျင့်သုံးချင်စိတ် အမြဲဖြစ်ပေါ်နေတာ
  • ကောင်းသောစကားကိုပဲ အမြဲပြောမိလာပြီး၊
  • မကောင်းသောစကားကို ကြားရသောဆင်းရဲမှုက လွတ်လာတာ
စတဲ့ မြောက်မြားလှစွာသော ကောင်းကျိုးတွေကိုလည်း
မတောင်းဘဲ အလိုလိုရလာ၊ ရောက်လာတာ တွေ့ရမယ်။
ဂုဏ်တော်တွေ အမြဲပွားနေတာကြောင့်
ပွားနေရင်းရုတ်တရက်သေရင်တောင် ငရဲ မရောက်နိုင်ဘူး။
သံသရာမှာ မကောင်းတဲ့ ဘုံ ဘ၀တွေ မရောက်နိုင်ဘဲ ၊
အဆုံးမှာ နိဗ္ဗာန်သို့ရောက်နိုင်တာ စတဲ့ ကောင်းကျိုးတွေလည်း ရလာမယ် ။

(တကယ်တော့ဒီထက်မကများပြားလှတဲ့ အကျိုးတွေရရှိမှာပါ. . နောက်ထပ်ပြောချင်တာလေးတစ်ခုကဘုရားရှင်ရဲ့ဂုဏ်တော် တွေဟာကျွန်တော်တို့ မှန်းဆမရနိုင်အောင်များပြားလှသလို ကျေးဇူးလည်းကြီးမားလွန်းလှတဲ့အတွက် မိမိတို့သံသရာအကျိုးကိုမျှော်ပြီးအထူးအာရုံပြုကြစေချင်ပါတယ် . .)

တကယ်လို့များ ကျွန်တော့်ရဲ့ ဖော်ပြချက်တွေထဲမှာ . . မှားယွင်းမှုတစ်စုံတရာပါနေခဲ့တာတွေ့ရင်လည်း ပြောပြပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ် . .

သူငယ်ချင်းများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းရွှင်လန်းပြီး
အမျိုးဘာသာ၊ သာသနာအကျိုးကို တတ်အားသမျှ ထမ်းဆောင်ကြသူများ ဖြစ်နိုင်ကြပါစေ။

May 7, 2007

Self Studying


Self-study လုပ်ရတာ စိတ်ပါဝင်စားတဲ့ သူငယ်ချင်းတွေကို
web site ကောင်းကောင်းလေးတစ်ခု ဝေမျှပေးချင်ပါတယ် . . .

အစားကောင်းစားရရင် ချစ်တဲ့သူတွေကို သတိရတယ်
ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ . . အခုလို site ကောင်းလေးတွေ့လာရတော့
သူငယ်ချင်းတွေကို မေ့ထားလို့ကို မရပါဘူး . . အထူးသဖြင့်တော့
  • Training centre တွေကို အားထားနေကြရတဲ့ သူငယ်ချင်းတွေ ၊
  • လေ့လာချင်တဲ့စိတ်ရှိနေပေမယ့် ဘယ်နေရာကစပြီးလေ့လာရမယ်ဆိုတာကို မသိသေးတဲ့ သူငယ်ချင်းတွေကို ပိုပြီးတော့ Share လုပ်ချင်ပါတယ် . .
တကယ်တော self-study လုပ်ရတာဟာ စ ဖို့ပဲခက်တာပါ . .
တဖြေးဖြေး အရှိန်ရသွားပြီဆိုရင် ပျော်စရာကောင်းလာတာတွေ့ရမှာ အမှန်ပါပဲ . .
English-Myanmar Dictionary စီဒီ တစ်ချပ်နဲ့
Computer dictionary (CD / ebook ) တစ်ခုတော့ မရှိမဖြစ်ဆောင်ထားရပါမယ် . .
ဒီနေရာမှာ ကျွန်တော့် ဆရာ (ပါမောက္ခချုပ်) ပြောဖူးတဲ့ စကားတစ်ခွန်းကို လက်ဆင့်ကမ်းချင်ပါသေးတယ် . .
ဘာသာရပ်တစ်ခုကိုလေ့လာရင်အချိန်တစ်ခုကြာလာတဲ့အခါ
အဲဒီဘာသာရပ်ကိုရော English စာကိုပါ ကျွမ်းကျင် လာမယ် . . . တဲ့ . .
ဒီ Site လေးမှာလေ့လာလို့ရတဲ့ Software တွေကို
  • သက်ဆိုင်ရာအုပ်စုဝင်အလိုက်၊
  • အမျိုးအစားအလိုက်၊
  • ပါဝင်တဲ့ Tutorial အရေအတွက်အလိုက် အောက်မှာဖော်ပြထားပါတယ် . ..
2D Graphics

* Fireworks (129) * Flash (1657) * Gimp (14) * Illustrator (98) * Paint Shop Pro (40)
* Photoshop (6254)

3D Graphics

* 3DS MAX (560) * AutoCAD (24) * Blender 3d (19) * Bryce 3d (16) * Cinema 4D (113)
* Lightwave 3D (19) * Maya (145)

Web Design & Development

* Adobe Flex (2) * ASP (466) * ASP.NET (220) * ColdFusion (36) * CSS (167) * Dreamweaver (05)
* HTML (163) * Java (219) * Javascript (204) * MM Fusion (4) * MS FrontPage (18) * Perl and CGI (65) * PHP (951) * Python (27) * Ruby on Rails (51) * Web Design (115) * XML (80)

Business Applications

* Excel (116) * MS PowerPoint (52) * MS Word (61) * QuarkXPress (8)

Business Development

* Accounting (3)
* eCommerce (8)
* Legal (3)
* Marketing (28)

Databases

* DB Design (1) * DB2 (0) * MS Access (15) * MsSQL (12 )
* MySQL (70) * Oracle (46) * SQL Basics (29) * Sybase (4)

Desktop Programming

* C and Cpp (145) * Delphi (7)
* Visual Basic (157) * Visual C ( 8 )ေ

Operating Systems

* Linux (98)
* Windows (1)

Video Editing

* Final Cut Studio (7)
* Premiere (73)

Miscellaneous

* P2P Filesharing (7)
* Web Hosting (56

Web site လိပ္စာက http://www.tutorialized.com ပါ

English-Myanmar Dictionary ကို မြန်မာစာအဖွဲ့က ထုတ်ဝေထားတာရှိပါတယ်
ဝယ်ဖို့အခက်အခဲရှိနိုင်တဲ့ အဝေးရောက်သူငယ်ချင်းတွေအတွက် . .ဒီမှာ Download လုပ်နိုင်ပါတယ် . . .
( ၀ယ်လို့ရရင်တော့ ၀ယ်သုံးကြပါ ဈေးမကြီးပါဘူး )

Computer-dictionary (ebook) ကိုတော့ ဒီမှာယူပါ . .
(Microsoft Computer-dictionary - version 4 ပါဒီထက့် update ဖြစ်တာ ရှိရင်လည်း ပေးကြပါဦး )

သူငယ်ချင်းများအားလုံး ပညာဗဟုသုတ တိုးတက်ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ . .

May 6, 2007

Intro


တကယ်တော့ ဒီ Blog လေးဟာ မြန်မာသူငယ်ချင်းများ Website ထဲမှာ ရေးထားတဲ့ Posts တွေထဲကနေပြန်ယူပြီး စတင် အကောင်အထည်ဖော်ထားတာပါ . . .
ကျွန်တော် တကယ်လုပ်ချင်တာက IT Training School ပါ၊ ကိုယ်ပိုင်မလုပ်နိုင်သေးတော့ ပညာဒါနကျောင်းတစ်ကျောင်းမှာ ကူညီပေးနေပါတယ်. . ဒီနေရာလေးဟာလည်း အားလုံးအတွက် လိုအပ်မယ်လို့ မျှော်လင့်ရတဲ့ Internet ပေါ်မှာရော ၊
အပြင်မှာပါရနိုင်တဲ့ အရင်းအမြစ် ( Resources ) တွေကို ဝေမျှပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် . . .
လူလာဖြစ်ရတဲ့ အချိန်တိုလေး အတွင်းမှာ မြန်မာ ညီအကို မောင်နှမတွေအားလုံးကို ခင်မင်ရင်းနှီးချင်ပါတယ်ဗျာ . .